မန်စီးတီးနည်းပြ ဂွါဒီယိုလာ မျဉ်းဝါ ၂ ထပ်ပေါ် ကားရပ်သောကြောင့် ဒဏ်ငွေဖြတ်ပိုင်း အပေးခံရချိန်တွင် ငိုအားထက် ရယ်အားသန်စေသည့် ဖြစ်ရပ်ပေါ်ပေါက်
မန်စီးတီးနည်းပြ ဂွါဒီယိုလာ မျဉ်းဝါ ၂ ထပ်ပေါ် ကားရပ်သောကြောင့် ဒဏ်ငွေဖြတ်ပိုင်း အပေးခံရချိန်တွင် ငိုအားထက် ရယ်အားသန်စေသည့် ဖြစ်ရပ်ပေါ်ပေါက် - Property Knowledge in Myanmar from iMyanmarHouse.com
24 Aug 2023 11:43 am တွင် တင်ခဲ့သည်
385 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
မန်ချက်စတာစီးတီးအသင်းနည်းပြ ပက်ပ် ဂွါဒီယိုလာသည် မျဉ်းဝါ ၂ ထပ်ပေါ် ကားရပ်နားခဲ့သောကြောင့် ယာဉ်ထိန်းအရာရှိက ဒဏ်ငွေဖြတ်ပိုင်း ထုတ်ပေးချိန်တွင် ရယ်မောဖွယ်ရာ ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့သည်။
စပိန်သားကြီး ဂွါဒီယိုလာသည် မန်ချက်စတာမြို့ရှိ လမ်းငယ်တစ်ခုတွင် မျဉ်းဝါ ၂ ထပ်၌ ရပ်ထားသော ကားဆီသို့ ပြန်လာချိန်တွင် ယာဉ်ထိန်းအရာရှိနှင့် အပြန်အလှန် ပြောဆိုနေသည်ကို အနီးတွင် ရှိသူများ တွေ့မြင်ခဲ့ကြသည်။
(ဂွါဒီယိုလာအား ဒဏ်ငွေ ဖြတ်ပိုင်း အပေးခံရပုံ ဗွီဒီယိုဖိုင်တစ်ခု တနင်္လာနေ့က ထွက်ပေါ်လာခဲ့သည်။ ဓာတ်ပုံ-Twitter)
(ဂွါဒီယိုလာနှင့် ယာဉ်ထိန်းအရာရှိအကြား ရယ်မောဖွယ် ဖြစ်ရပ် ပေါ်ပေါက်ခဲ့သည်။ ဓာတ်ပုံ-Twitter)
ဂွါဒီယိုလာသည် ကားရှိရာသို့ ပြန်လာချိန်တွင် ဒဏ်ငွေလက်မှတ် အပေးခံရပြီးနောက် ယာဉ်ထိန်းအရာရှိက ဓာတ်ပုံရိုက်ခွင့်ပြုရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ဂွါဒီယိုလာက “ဓာတ်ပုံလိုချင်တာလား။ ဓာတ်ပုံရိုက်ချင်ရင် ပိုက်ဆံပေးရမယ်”ဟု ရယ်မောရင်း တုန့်ပြန်ခဲ့သည်။
ထိုအခါ ယာဉ်ထိန်းအရာရှိနှင့် အနီးတွင် ရပ်ကြည့်နေသူတို့ အူတက်မတက် ရယ်မောခဲ့ကြသည်။
ဂွါဒီယိုလာ၏ အဆိုပါဖြစ်ရပ် ပေါ်ပေါက်လာပြီးနောက် မန်စီးတီးအသင်းက ထုတ်ဖော်ကြေညာခဲ့သည်မှာ ဂွါဒီယိုလာသည် ဘာစီလိုနာတွင် အရေးပေါ် ကျောခွဲစိတ်ကုသမှု ခံယူခဲ့ရကြောင်း ထုတ်ပြန်သည်။
ဂွါဒီယိုလာသည် လာမည့် ပွဲစဉ် ၂ ခု လွဲချော်မည်ဖြစ်ရာ တနင်္ဂနွေနေ့တွင် အဝေးကွင်း၌ ကစားမည့် ရှက်ဖီးယူနိုက်တက်နှင့်ပွဲ၊ စက်တင်ဘာ ၂ ရက်တွင် ဖူဟမ်နှင့် အိမ်ကွင်းပွဲတို့ ဖြစ်သည်။
ဂွါဒီယိုလာသည် ပြင်းထန်သည့် ကျောနာကျင်မှု ခံစားနေခဲ့ရကြောင်း ၊ အရေးပေါ်ခွဲစိတ်ကုသရန် ဘာစီလိုနာမြို့ သို့ သွားရောက်ခဲ့ကြောင်း ၊ ဒေါက်တာ Mireia lllueca က ခွဲစိတ်ကုသပေးခဲ့ကြောင်း မန်စီးတီးအသင်းက ထုတ်ပြန်ထားသည်။
“ခွဲစိတ်ကုသမှု အောင်မြင်ပါတယ်။ ဂွါဒီယိုလာဟာ သက်သာနေပါပြီ။ အခု ဘာစီလိုနာမှာ ပြန်ပြီး အားမွေးနေပါတယ်။”ဟု မန်စီးတီးအသင်းက ထုတ်ပြန်သည်။
“သူ..မရှိတဲ့အချိန်မှာ လက်ထောက်မန်နေဂျာ Juanma Lillo က ဂွါဒီယိုလာ ပြန်လာတဲ့အချိန်အထိ နည်းပြ ကြီးကြပ်ပေးသွားပါလိမ့်မယ်။”
“မန်ချက်စတာစီးတီးမှာရှိတဲ့ လူတိုင်းက ဂွါဒီယိုလာ အမြန်သက်သာလာစေဖို့နဲ့ မန်ချက်စတာကို မကြာမီ ပြန်ရောက်လာဖို့ ဆုမွန်ကောင်း တောင်းပါတယ်။”
မန်စီးတီးအသင်းသည် ပြီးခဲ့သော စနေနေ့က နယူးကာဆယ်အသင်းကို ၁-၀ ဖြင့် အနိုင်ရရှိခဲ့သည်။
ထိုပွဲစဉ်၏ တစ်လုံးတည်းသော အနိုင်ဂိုးကို Julian Alvarez က သွင်းယူခဲ့ပြီး မန်စီးတီးတို့ ၃ မှတ် ရရှိသွားခဲ့သည်။
ယခုအခါ မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ် ဇယားတွင် ဂိုးကွာခြားချက်ဖြင့် ဘရိုက်တန်၏ နောက်တွင် ဒုတိယနေရာ၌ ရပ်တည်နေသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Man City manager Pep Guardiola gets a parking ticket then leaves traffic warden in stitches with cheeky response (thesun)
[Zawgyi]
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
THADAR CONDOMINIUM
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service