မဒမ်ကျူရီ၊ သူ၏ X-Ray ကားများနှင့် ပထမကမ္ဘာစစ် စစ်မြေပြင်

မဒမ်ကျူရီ၊ သူ၏ X-Ray ကားများနှင့် ပထမကမ္ဘာစစ် စစ်မြေပြင် - Property Knowledge in Myanmar from iMyanmarHouse.com
21 Aug 2023 1:04 pm တွင် တင်ခဲ့သည်
965 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

 

သိပ္ပံပညာနယ်ပယ်၏ အထင်ရှားဆုံး အမျိုးသမီးမည်သူနည်းဟု မေးလျှင် အဖြေမှာ မဒမ်ကျူရီသာဖြစ်ဖွယ်ရှိသည်။

“မဒမ်ကျူရီ ဘာတွေလုပ်ခဲ့သလဲ” ဟု ဆက်လက်မေးခွန်းထုတ်မည်ဆိုလျှင် ရေဒီယိုသတ္တိကြွမှုဆိုင်ရာနယ်ပယ်ကို ပြသရမည်ဖြစ်ပြီး သူ၏ အထင်ရှားဆုံးရှာဖွေတွေ့ရှိခဲ့မှုမှာ ရေဒီယမ်နှင့် ပိုလိုနီယမ်ဒြပ်စင်များ တွေ့ရှိခဲ့မှု ဖြစ်သည်။

မဒမ်ကျူရီသည် နိုဘယ်ဆုရရှိသည့် ပထမဆုံးအမျိုးသမီးတစ်ဦးဖြစ်သည့်အပြင် ရူပဗေဒနှင့် ဓာတုဗေဒနိုဘယ်ဆုများ ၂ ကြိမ်တိုင် ရရှိခဲ့သူလည်း ဖြစ်သည်။

သို့သော် မဒမ်ကျူရီသည် ပထမကမ္ဘာစစ်ကြီးတွင် စစ်မြေပြင်သူရဲကောင်းတစ်ဦးဖြစ်ခဲ့သည်ကိုမူသိရှိသူ နည်းပါးသည်။

၁၉၁၄ ခုနှစ်တွင် ဂျာမန်တပ်များ ပဲရစ်မြို့သို့ ချီတက်လာနေချိန်တွင် မဒမ်ကျူရီသည် သိပ္ပံသုတေသနများရပ်ဆိုင်းထားလိုက်ပြီး ခဲသတ္တုပုံးတစ်ခုထဲတွင် သူ၏ ရေဒီယမ်များကို သိမ်းဆည်းကာ ပဲရစ်မြို့မှ ၃၇၅ မိုင်အကွာရှိ Bordeaux မြို့သို့ ရထားဖြင့် ပြောင်းရွှေ့ခဲ့သည်။

ယင်းနောက် ဘဏ်တစ်ခု၏ လုံခြုံရေးသေတ္တာ (safety deposit box) တစ်ခုတွင်အပ်နှံသိမ်းဆည်းထားခဲ့သည်။

စစ်ပွဲတွင် ပြင်သစ်အနိုင်ရချိန်တွင် ဘဏ်မှ ပြန်လည်ထုတ်ယူရန် တွေးကာ ပဲရစ်သို့ ပြန်ခဲ့သည်။

စစ်ဘေးမှ ထွက်ပြေးမည်ထက် စစ်ပွဲအတွင်း ပါဝင်ကူညီမှုများ ပြုလုပ်ရန် မဒမ်ကျူရီ ဆုံးဖြတ်ခဲ့သည်။

သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး ကမ္ဘာစစ်ကြီးတွင် မည်သို့ မည်ပုံ ပါဝင်မည်နည်း။

မဒမ်ကျူရီက သူ၏ သိပ္ပံပညာကျွမ်းကျင်မှုကို စစ်ပွဲတွင် အသုံးချရန် ဆုံးဖြတ်ခဲ့သည်။

လက်နက်များ ထုတ်လုပ်ရန်မဟုတ်။ လူတို့၏ အသက်များ ကယ်တင်ရေးဘက်တွင် ဖြစ်သည်။

 

 

(X-ray နှင့် ပထမကမ္ဘာစစ်))

 

 

 

(နှလုံးအတွင်း ကျည်ဝင်နေပုံကို X-Ray တွင် တွ့ရပုံ။ ဓာတ်ပုံ- U.S.Army)

 

X-Ray သည် လျှပ်စစ်သံလိုက်စက်ကွင်း ဓာတ်ရောင်ခြည်ဖြာခြင်းတစ်မျိုးဖြစ်ပြီး ၁၈၉၅ ခုနှစ်တွင် နိုဘယ်ဆုရှင် Wilhelm Roentgen က ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

X-ray ရှာဖွေတွေ့ရှိပြီး မကြာမီတွင်ပင် ဆေးပညာရှင်တို့က လူနာတို့ကို X-ray ရိုက်ကာကျည်ဆန်ကဲ့သို့သော အရာများကို ဖော်ထုတ်ရှာဖွေမှုများ ပြုလုပ်နိုင်လာကြသည်။

သို့သော် ပထမကမ္ဘာစစ်ကြီးစတင်ချိန်ဝန်းကျင်တွင် X-ray စက်များမှာ မြို့ကြီးပြကြီးများရှိဆေးရုံများတွင်သာ ရှိသေးပြီး ဒဏ်ရာရစစ်သည်များကို ကုသပေးနေသည့် ရှေ့တန်းစစ်မျက်နှာများတွင်မရနိုင်ချေ။

ထိုအခြေအနေတွင် မဒမ်ကျူရီက X-ray စက်နှင့် ဓာတ်ပုံအမှောင်ခန်းတို့ပါဝင်သော X-rayမော်တော်ကားကို တီထွင်ရန် ဆုံးဖြတ်ခဲ့သည်။

ထိုကားမျိုးရှိလျှင် စစ်မြေပြင်သို့ မောင်းနှင်သွားကာ X-ray ကို သုံးခြင်းဖြင့်စစ်ဘက်ခွဲစိတ်ဆရာဝန်များအနေဖြင့် ခွဲစိတ်ကုသမှုများပြုလုပ်ရာတွင် များစွာအထောက်အကူပြုမည် ဖြစ်သည်။

ထိုကားမျိုးထုတ်လုပ်ရာတွင် မဒမ်ကျူရီရင်ဆိုင်ရသည့် အဓိကပြဿနာမှာ X-ray ရိုက်ရန် လျှပ်စစ်ဓာတ်အား လိုအပ်မှု ဖြစ်သည်။

မဒမ်ကျူရီက ထိုပြဿနာကို ဖြေရှင်းပုံမှာ မော်တော်ကားတွင် ဓာတ်အားပေးစက်တစ်မျိုးဖြစ်သည့်ဒိုင်နမိုတပ်ဆင်ခဲ့ခြင်း ဖြစ်သည်။

ဓာတ်ဆီသုံး ကားအင်ဂျင်ဖြစ်ရာ လိုအပ်သော လျှပ်စစ်ဓာတ်အားကို ရရှိနိုင်မည် ဖြစ်သည်။

 

 

(ပြင်သစ်စစ်ဘက်တွင် အသုံးပြုခဲ့သော မဒမ်ကျူရီတီထွင်ခဲ့သည့် X-ray ကား။ ဓာတ်ပုံ- BibliothequeNationale de France)

 

 

X-ray ကား ထုတ်လုပ်ရေးစီမံကိန်းအပေါ် ပြင်သစ်စစ်ဘက်က အထောက်အပံ့ပေးရန် နှောင့်နှေးနေရာမဒမ်ကျူရီက ပြင်သစ်အမျိုးသမီး သမဂ္ဂထံ ချဉ်းကပ်ခဲ့သည်။

ထိုပရဟိတအဖွဲ့က မဒမ်ကျူရီအား ပထမဆုံး X-ray ကားထုတ်လုပ်ရန် ငွေကြေးထောက်ပံ့ကူညီခဲ့သည်။

မဒမ်ကျူရီ ထုတ်လုပ်ခဲ့သော ပထမဆုံး X-ray ကားသည် ၁၉၁၄ ခုနှစ်တွင် ဖြစ်ပွားခဲ့သော Marne တိုက်ပွဲတွင်အသုံးပြုခဲ့ပြီး ထိုစစ်ပွဲတွင် မဟာမိတ်တို့က ဂျာမန်တို့အပေါ် အောင်ပွဲခံနိုင်ခဲ့ကာ ပဲရစ်မြို့သို့မဝင်နိုင်ရန် ဟန့်တားနိုင်ခဲ့သည်။

ယင်းသို့သော ဓာတ်မှန်ကားများ များစွာလိုအပ်သေးရာ မဒမ်ကျူရီက ချမ်းသာကြွယ်ဝသောပြင်သစ်အမျိုးသမီးများထံ မော်တော်ယာဉ်များ အလှူခံခဲ့သည်။

မကြာမီတွင် ကားအစင်း ၂၀ ရရှိလာခဲ့ပြီး မဒမ်ကျူရီက ထိုကားများတွင် X-ray စက်များ တပ်ဆင်ခဲ့သည်။

သို့သော် အထူးလေ့ကျင့်ပေးထားသည့် X-ray ရိုက် ပညာရှင်များမရှိလျှင် ကားများမှာအချည်းနှီးသာဖြစ်ရာ မဒမ်ကျူရီက အမျိုးသမီးစေတနာ့ဝန်ထမ်းများကို လေ့ကျင့်သင်ကြားမှုများပြုလုပ်ပေးခဲ့သည်။

မဒမ်ကျူရီသည် ပထမအသုတ်အနေဖြင့် အမျိုးသမီး ၂၀ ဦးကို လေ့ကျင့်သင်ကြားပေးခဲ့သည်။

မဒမ်ကျူရီ၏သမီး အိုင်ရင်းကလည်း မိခင်အားကူညီကာ သင်ကြားမှုများ ပြုလုပ်ပေးခဲ့သည်။

အိုင်ရင်းသည်လည်း နောင်အခါတွင် ဓာတုဗေဒနိုဘယ်ဆုရှင် ဖြစ်လာခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 Ref:  Marie Curie and her X-ray vehicles’ contribution to World War I battlefield medicine ( theconversation)

 

 

[Zawgyi]

 

မဒမ္က်ဴရီ၊ သူ၏ X-Ray ကားမ်ားႏွင့္ ပထမကမ႓ာစစ္ စစ္ေျမျပင္

 

သိပၸံပညာနယ္ပယ္၏ အထင္႐ွားဆုံး အမ်ိဳးသမီးမည္သူနည္းဟု ေမးလွ်င္ အေျဖမွာ မဒမ္က်ဴရီသာ ျဖစ္ဖြယ္႐ွိသည္။

“မဒမ္က်ဴရီ ဘာေတြလုပ္ခဲ့သလဲ” ဟု ဆက္လက္ေမးခြန္းထုတ္မည္ဆိုလွ်င္ ေရဒီယိုသတၱိႂကြမႈဆိုင္ရာ နယ္ပယ္ကို ျပသရမည္ျဖစ္ၿပီး သူ၏ အထင္႐ွားဆုံး႐ွာေဖြေတြ႕႐ွိခဲ့မႈမွာ ေရဒီယမ္ႏွင့္ ပိုလိုနီယမ္ျဒပ္စင္မ်ား ေတြ႕႐ွိခဲ့မႈ ျဖစ္သည္။

မဒမ္က်ဴရီသည္ ႏိုဘယ္ဆုရ႐ွိသည့္ ပထမဆုံးအမ်ိဳးသမီးတစ္ဦးျဖစ္သည့္အျပင္ ႐ူပေဗဒႏွင့္ ဓာတုေဗဒႏိုဘယ္ဆုမ်ား ၂ ႀကိမ္တိုင္ ရ႐ွိခဲ့သူလည္း ျဖစ္သည္။

သို႔ေသာ္ မဒမ္က်ဴရီသည္ ပထမကမ႓ာစစ္ႀကီးတြင္ စစ္ေျမျပင္သူရဲေကာင္းတစ္ဦးျဖစ္ခဲ့သည္ကိုမူ သိ႐ွိသူ နည္းပါးသည္။

၁၉၁၄ ခုႏွစ္တြင္ ဂ်ာမန္တပ္မ်ား ပဲရစ္ၿမိဳ႕သို႔ ခ်ီတက္လာေနခ်ိန္တြင္ မဒမ္က်ဴရီသည္ သိပၸံသုေတသနမ်ား ရပ္ဆိုင္းထားလိုက္ၿပီး ခဲသတၱဳပုံးတစ္ခုထဲတြင္ သူ၏ ေရဒီယမ္မ်ားကို သိမ္းဆည္းကာ ပဲရစ္ၿမိဳ႕မွ ၃၇၅ မိုင္အကြာ႐ွိ Bordeaux ၿမိဳ႕သို႔ ရထားျဖင့္ ေျပာင္းေ႐ႊ႕ခဲ့သည္။

ယင္းေနာက္ ဘဏ္တစ္ခု၏ လုံျခဳံေရးေသတၱာ (safety deposit box) တစ္ခုတြင္အပ္ႏွံသိမ္းဆည္းထား ခဲ့သည္။

စစ္ပြဲတြင္ ျပင္သစ္အႏိုင္ရခ်ိန္တြင္ ဘဏ္မွ ျပန္လည္ထုတ္ယူရန္ ေတြးကာ ပဲရစ္သို႔ ျပန္ခဲ့သည္။

စစ္ေဘးမွ ထြက္ေျပးမည္ထက္ စစ္ပြဲအတြင္း ပါဝင္ကူညီမႈမ်ား ျပဳလုပ္ရန္ မဒမ္က်ဴရီ ဆုံးျဖတ္ခဲ့သည္။

သက္လတ္ပိုင္းအ႐ြယ္ အမ်ိဳးသမီးတစ္ဦး ကမ႓ာစစ္ႀကီးတြင္ မည္သို႔ မည္ပုံ ပါဝင္မည္နည္း။

မဒမ္က်ဴရီက သူ၏ သိပၸံပညာကြၽမ္းက်င္မႈကို စစ္ပြဲတြင္ အသုံးခ်ရန္ ဆုံးျဖတ္ခဲ့သည္။

လက္နက္မ်ား ထုတ္လုပ္ရန္မဟုတ္။ လူတို႔၏ အသက္မ်ား ကယ္တင္ေရးဘက္တြင္ ျဖစ္သည္။

(X-ray ႏွင့္ ပထမကမ႓ာစစ္))

(ႏွလုံးအတြင္း က်ည္ဝင္ေနပုံကို X-Ray တြင္ တြ႕ရပုံ။ ဓာတ္ပုံ- U.S.Army)

X-Ray သည္ လွ်ပ္စစ္သံလိုက္စက္ကြင္း ဓာတ္ေရာင္ျခည္ျဖာျခင္းတစ္မ်ိဳးျဖစ္ၿပီး ၁၈၉၅ ခုႏွစ္တြင္ ႏိုဘယ္ဆု႐ွင္ Wilhelm Roentgen က ႐ွာေဖြေတြ႕႐ွိခဲ့ျခင္း ျဖစ္သည္။

X-ray ႐ွာေဖြေတြ႕႐ွိၿပီး မၾကာမီတြင္ပင္ ေဆးပညာ႐ွင္တို႔က လူနာတို႔ကို X-ray ႐ိုက္ကာက်ည္ဆန္ကဲ့သို႔ေသာ အရာမ်ားကို ေဖာ္ထုတ္႐ွာေဖြမႈမ်ား ျပဳလုပ္ႏိုင္လာၾကသည္။

သို႔ေသာ္ ပထမကမ႓ာစစ္ႀကီးစတင္ခ်ိန္ဝန္းက်င္တြင္ X-ray စက္မ်ားမွာ ၿမိဳ႕ႀကီးျပႀကီးမ်ား႐ွိေဆး႐ုံမ်ားတြင္သာ ႐ွိေသးၿပီး ဒဏ္ရာရစစ္သည္မ်ားကို ကုသေပးေနသည့္ ေ႐ွ႕တန္းစစ္မ်က္ႏွာမ်ားတြင္မရႏိုင္ေခ်။

ထိုအေျခအေနတြင္ မဒမ္က်ဴရီက X-ray စက္ႏွင့္ ဓာတ္ပုံအေမွာင္ခန္းတို႔ပါဝင္ေသာ X-ray ေမာ္ေတာ္ကားကို တီထြင္ရန္ ဆုံးျဖတ္ခဲ့သည္။

ထိုကားမ်ိဳး႐ွိလွ်င္ စစ္ေျမျပင္သို႔ ေမာင္းႏွင္သြားကာ X-ray ကို သုံးျခင္းျဖင့္စစ္ဘက္ခြဲစိတ္ဆရာဝန္မ်ားအေနျဖင့္ ခြဲစိတ္ကုသမႈမ်ားျပဳလုပ္ရာတြင္ မ်ားစြာအေထာက္အကူျပဳမည္ ျဖစ္သည္။

ထိုကားမ်ိဳးထုတ္လုပ္ရာတြင္ မဒမ္က်ဴရီရင္ဆိုင္ရသည့္ အဓိကျပႆနာမွာ X-ray ႐ိုက္ရန္ လွ်ပ္စစ္ဓာတ္အား လိုအပ္မႈ ျဖစ္သည္။

မဒမ္က်ဴရီက ထိုျပႆနာကို ေျဖ႐ွင္းပုံမွာ ေမာ္ေတာ္ကားတြင္ ဓာတ္အားေပးစက္တစ္မ်ိဳးျဖစ္သည့္ ဒိုင္နမိုတပ္ဆင္ခဲ့ျခင္း ျဖစ္သည္။

ဓာတ္ဆီသုံး ကားအင္ဂ်င္ျဖစ္ရာ လိုအပ္ေသာ လွ်ပ္စစ္ဓာတ္အားကို ရ႐ွိႏိုင္မည္ ျဖစ္သည္။

(ျပင္သစ္စစ္ဘက္တြင္ အသုံးျပဳခဲ့ေသာ မဒမ္က်ဴရီတီထြင္ခဲ့သည့္ X-ray ကား။ ဓာတ္ပုံ- Bibliotheque Nationale de France)

X-ray ကား ထုတ္လုပ္ေရးစီမံကိန္းအေပၚ ျပင္သစ္စစ္ဘက္က အေထာက္အပံ့ေပးရန္ ေႏွာင့္ေႏွးေနရာ မဒမ္က်ဴရီက ျပင္သစ္အမ်ိဳးသမီး သမဂၢထံ ခ်ဥ္းကပ္ခဲ့သည္။

ထိုပရဟိတအဖြဲ႕က မဒမ္က်ဴရီအား ပထမဆုံး X-ray ကားထုတ္လုပ္ရန္ ေငြေၾကးေထာက္ပံ့ကူညီခဲ့သည္။

မဒမ္က်ဴရီ ထုတ္လုပ္ခဲ့ေသာ ပထမဆုံး X-ray ကားသည္ ၁၉၁၄ ခုႏွစ္တြင္ ျဖစ္ပြားခဲ့ေသာ Marne တိုက္ပြဲတြင္အသုံးျပဳခဲ့ၿပီး ထိုစစ္ပြဲတြင္ မဟာမိတ္တို႔က ဂ်ာမန္တို႔အေပၚ ေအာင္ပြဲခံႏိုင္ခဲ့ကာ ပဲရစ္ၿမိဳ႕သို႔မဝင္ႏိုင္ရန္ ဟန္႔တားႏိုင္ခဲ့သည္။

ယင္းသို႔ေသာ ဓာတ္မွန္ကားမ်ား မ်ားစြာလိုအပ္ေသးရာ မဒမ္က်ဴရီက ခ်မ္းသာႂကြယ္ဝေသာျပင္သစ္အမ်ိဳးသမီးမ်ားထံ ေမာ္ေတာ္ယာဥ္မ်ား အလႉခံခဲ့သည္။

မၾကာမီတြင္ ကားအစင္း ၂၀ ရ႐ွိလာခဲ့ၿပီး မဒမ္က်ဴရီက ထိုကားမ်ားတြင္ X-ray စက္မ်ား တပ္ဆင္ခဲ့သည္။

သို႔ေသာ္ အထူးေလ့က်င့္ေပးထားသည့္ X-ray ႐ိုက္ ပညာ႐ွင္မ်ားမ႐ွိလွ်င္ ကားမ်ားမွာအခ်ည္းႏွီးသာျဖစ္ရာ မဒမ္က်ဴရီက အမ်ိဳးသမီးေစတနာ့ဝန္ထမ္းမ်ားကို ေလ့က်င့္သင္ၾကားမႈမ်ားျပဳလုပ္ေပးခဲ့သည္။

မဒမ္က်ဴရီသည္ ပထမအသုတ္အေနျဖင့္ အမ်ိဳးသမီး ၂၀ ဦးကို ေလ့က်င့္သင္ၾကားေပးခဲ့သည္။

မဒမ္က်ဴရီ၏သမီး အိုင္ရင္းကလည္း မိခင္အားကူညီကာ သင္ၾကားမႈမ်ား ျပဳလုပ္ေပးခဲ့သည္။

အိုင္ရင္းသည္လည္း ေနာင္အခါတြင္ ဓာတုေဗဒႏိုဘယ္ဆု႐ွင္ ျဖစ္လာခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 Ref:  Marie Curie and her X-ray vehicles’ contribution to World War I battlefield medicine ( theconversation)

 

 

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service