အချိန်ကြာကြာသစ်လွင်နေစေဖို့ ဒါလေးတွေကို သတိပြုစို့

အချိန်ကြာကြာသစ်လွင်နေစေဖို့ ဒါလေးတွေကို သတိပြုစို့ - Property Knowledge in Myanmar from iMyanmarHouse.com
19 Aug 2023 3:20 pm တွင် တင်ခဲ့သည်
493 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

ကျွန်တော်တို့ကြိုက်လို့ ဝယ်ထားသည့် အဝတ်အစားများ အချိန်ကြာလာသည်နှင့်အမျှ သစ်လွင်မှုလျော့နည်းပြီး အရောင်များမှိန် မှိန်လာသဖြင့် မဝတ်ဖြစ်ဘဲ သိမ်းထားရင်းနှင့် ပိုဟောင်းလာသည့် အဖြစ်ရောက်တတ်သည်။

တမြတ်တနိုးဖြစ်၍ ဝယ်ထားသည့် အဝတ်အစားလေးများ အရောင်မလွင့်ဘဲ ကြာရှည်သစ်လွင်နေစေဖို့ လုပ်နိုင်သည့်နည်းလမ်းကောင်းလေးများကို ရှာဖွေ့ကြည့်မိရာ တွေ့ရှိတာလေး လက်တို့ပေးပါရစေ။

တစ်ခါတစ်ရံ ကျွန်တော်တို့အနေနှင့် အဝတ်လျှော်သည့်အခါ အတိုင်းအဆမရှိ ထည့်မိတတ်သည် ဆပ်ပြာမှုန့်နှင့်ဆပ်ပြာဆီတို့ဖြစ်သည်။ ထိုအချက်သည် မိမိတို့အဝတ်အစားများကို ကြာရှည်သစ်လွင်နေခြင်းမှ လျော့နည်းလာသည့် အကြောင်းတွင် အချက်တစ်ချက်ဖြစ်ကြောင်း ဆိုသည်တော့သိရပါလိမ့်မည်။

ချွေးလောက်သာပေသော အဝတ်အစားလေးများကို ဆပ်ပြာရည်ကျဲကျဲလေးဖြင့် ခဏတစ်ဖြုတ်ရေစိမ်ပြီး လျှော်ဖွပ်လိုက်ပါ။ ဆပ်ပြာဖြင့် ကြာရှည်စွာစိမ်ထားပြီးမှလျှော်ဖွပ်ပါက သစ်လွင်တောက်ပမှုကို လျော့နည်းစေပါလိမ့်မည်။

နိုင်ငံခြားမှတင်သွင်းလာသော အဝတ်အထည်တို့တွင် လမ်းညွှန် တံဆိပ်လေးများ အဝတ်အစား၏ အတွင်ပိုင်းတွင်ပါလာပါလိမ့်မည်။ အဝတ်လျှော်နည်းလေးများပါ ပါသည်။ ရေညှစ်ရာတွင် ဘယ်လိုရေညှစ်ရမည်ဆိုသည့် အမှတ်အသားလေးများ၊မလိုအပ်ဘဲ အဝတ်အစား များကို ရေစင်အောင် တရားလွန် ညှစ်သည့်အခါ ကျယ်သွားခြင်း၊ချည်ယိုင်သွားခြင်း၊ကြေသွားခြင်းများဖြစ်တတ်သည်။ အချို့သော အဝတ် အစားများမှာ ရေပင်မညှစ်ခိုင်းဘဲ ခါပြီးမှလှန်းခိုင်းသည်။ဒါကြောင့်မို့ မိမိဝတ်ဆင်မည့် အဝတ်အစားများ အချိန်ခဏအတွင်း ချို့ယွင်ခြင်း မဖြစ်စေဖို့ အဝတ်အစားအတွင်းပိုင်းက လမ်းညွှန်လေးများကို ဂရုပြုလုပ်ဆောင်ဖို့လည်း တိုက်တွန်းပါရစေ။

 

 

တစ်ခါတစ်ရံ ပေရေမှုကို ပျောက်စေချင်စိတ်ကြောင့် ကွန်တော်တို့အနေဖြင့် အဝတ်အစားများကို ရေနွေးပူပူ ဆပ်ပြာများများဖြင့်ပင် စိမ်ပြီးမလည်းကောင်း၊ မီးဖိုတွင် ပြုတ်လျှော်မိသည့်အခါများလည်းရှိတတ်သည်။ထိုအခြေအနေသည် အဝတ်အစားများကို မြန်မြန်ပင် အရောင်လွင်ပါးစေသည်ကို သတိချပ်သင့်ပေသည်။ ထိုအပြင် အချို့သော အဝတ်အစားများကို မီးပူတိုက်ပြီးပြန့်အောင်လုပ်မရသည့် အနေအထားသို့ရောက်သွားစေလေသည်။ ထို့ကြောင့် ရေအေးဖြင့် လျှော်ဖွပ်ခြင်းပြုလုပ်ပါ။

သတိမေ့လျော့ပြီး အဝတ်အစားများကို အရောင်နု၊ အရောင်ရင့် ရောထွေးလျှော်ဖွပ်မိသည့် အခြေအနေမျိုး လူအတော်များများ ကြုံဖူး ကြပါလိမ့်မည်။ အရောင်မကူးသည့် အဝတ်အစားခြင်းဆိုလျှင် ဘာမှမဖြစ်သော်လည်း၊ အခြားအရောင်ကူစက်မှုကို လက်ခံသောအဝတ် အစားပါလာလျှင် စုတ်တသပ်သပ်နှင့် နှမြောမိမဆုံးဖြစ်ကြရသည်။ အဖြူဆွတ်ဆွတ်ကို အဖြူခြင်းသာလျှော်ပါ။ အဖြူကို အခြားအရောင်များဖြင့် ရောနှောလျှော်ဖွပ်ပါက အနည်းနှင့်အများ ထိခိုက်စေပါသည်။ အရောင်ရင့်ကို အရောင်ရင့်ခြင်း ထားလျှော်ပါ။ အနီနှင့်အပြာရောင်တို့ အခြားအရောင်များကို ကူးစက်စေသဖြင့် သစ်လွင်မှုကို မထိပါးဘဲ ကိုယ်ပိုင်အရောင်လေးများအတိုင်း တောက်ပနေစေဖို့ ဖြစ်နိုင်လျှင် ခွဲခြားပြီး လျှော်ဖွပ်ခြင်းသာ လုပ်ဆောင်ပါ။

 

 

ရိုက်လျှော်လျှော်၊ စက်ဖြင့်လျှော်လျှော် အခြားစွန်းထင်းပေရေခြင်မရှိပါက အလွန်အမင်း လျှော်ဖွပ်ခြင်းမလုပ်တာက အဝတ်အစားများ တာရှည်ခံမှာဖြစ်သလို အရောင်လည်းရေရှည်သစ်လွင်နေစေမှာဖြစ်သည်။

လေဖြင့်သွေ့ခြောက်အောင် လုပ်ခြင်းက အရောင်လွင့်ပါးမှုကို လျော့နည်စေပါလိမ့်မည်။ အပူပေးအခြောက်ခံစက်များက တစ်ခဏအတွင်း ခြောက်နိုင်စေရန်အတွက်ပြုလုပ်ထားရာ ရေရှည်တွင် အဝတ်အစားတို့၏အရောင်အဆင်းကိုပါ လွင့်ပါးစေလေသည်။ နေပူပြင်းပြင်းတွင် ကြာရှည်လှန်းထားခြင်းများကလည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ အချိန်အထိုက်အလျောက်သာ နေပူခံ၍ လေရသောအရိပ် အတွင်း ပြောင်းရွေ့လှန်းခြင်းက အဝတ်အစားများ အရောင်လွင့်ခြင်းမှ သက်သာပါလိမ့်မည်။

 

 

အချို့အဝတ်အစားများကို ချွေးပင်မပေလျှင် မလျှော်ဘဲ လေသလပ်ခံပြီးထားလိုက်ဖို့လိုသည်။ အချို့မှာအထိုင်များသည့်နေရာနှင့် ဘောင်ဘီအောက်အနားတို့ကို လျှော်ဖွပ်ပြီး အကြိမ်ကြိမ်ပြန်လည် ဝတ်ဆင်နိုင်သဖြင့် အရောင်သစ်လွင်ခြင်းကို ထိန်းထားနိုင်ပါလိမ့်မည်။ အရောင်ကျွတ် အရောင်လွင့်နိုင်သည့် အဝတ်အစားများကို ကျောက်ချဉ်(သို့မဟုတ်) ရှာလကာရည်၊ဆားတို့ကို အသုံးပြုလျှော်ဖွပ်ပါက အရောင်ကို တာရှည်စွဲမြဲစေပါကြောင်း နည်းလမ်းကောင်းလေး မျှဝေလိုက်ရ ပါပေသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]


 
















နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service