The Wolf of Wall Street ရုပ်ရှင်ကားတွင် လီယိုနာဒို ဒီကာပရီယို စီးခဲ့သော Lamborghini Countach လေလံတင် ရောင်းချမည်

The Wolf of Wall Street ရုပ်ရှင်ကားတွင် လီယိုနာဒို ဒီကာပရီယို စီးခဲ့သော Lamborghini Countach လေလံတင် ရောင်းချမည် - Property Knowledge in Myanmar from iMyanmarHouse.com
17 Aug 2023 11:24 am တွင် တင်ခဲ့သည်
945 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

 

ဟောလိဝုဒ်ရုပ်ရှင် ဒါရိုက်တာ မာတင် စကော်စီစီ ၂၀၁၃ ခုနှစ်က ရိုက်ကူးခဲ့သော နာမည်ကြီး The Wolf of Wall Street ရုပ်ရှင်ကားတွင် လီယိုနာဒို ဒီကာပရီယို စီးခဲ့သော Lamborghini Countach ကားကို နယူးယောက်မြို့တွင် လေလံတင်ရောင်းချရန် စီစဉ်ထားပြီး ကန်ဒေါ်လာ ၂ သန်းဝန်းကျင် ရရန် မျှော်မှန်းထားသည်။

အဆိုပါကားသည် ၁၉၈၉ ခုနှစ်ထုတ် Lamborghini Countach 25th Anniversary edition ဖြစ်ပြီး အပြင်ဘက်ကို ‘Bianco Polo’ white ဆေးရောင်ဖြင့် တွေ့ရကာ အတွင်းပိုင်းတွင် ‘Bianco Countach’ အဖြူရောင်လည်သာများဖြင့် မွမ်းမံထားသည်။

ဤကားသည် ရုပ်ရှင်များတွင် အသုံးပြုခဲ့သည့် ကားများအနက် အထူးခြားဆုံးကားများတွင် တစ်စီးအပါအဝင် ဖြစ်ရုံမျှမက တူညီသည့် Specification ရှိသောကား အမေရိကန်သို့ ၂၅ စင်းသာ တင်ပို့ခဲ့ခြင်းဖြစ်ရာ ရှားပါးကားများတွင် အပါအဝင် ဖြစ်သည်။

 

 

(ဓာတ်ပုံ – Sotheby’s)

 

အဆိုပါ ရုပ်ရှင်ထဲတွင် လီယိုနာဒို ဒီကာပရီယိုသည် ဂျော်ဒန် ဘဲလ်ဖို့ဒ်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး မူးယစ်ဆေး အလွန်အကျွံသုံးစွဲထားသော ညတစ်ညတွင် သူ၏ Countach ကားဆီသို့ လေးဘက်တွား အရောက်သွားကာ အိမ်အရောက် ကားမောင်းပြန်ခဲ့ပုံကို ရိုက်ကူးပြသထားသည်။

လမ်းတစ်လျှောက် အခြားကားများ၊ ဆိုင်းဘုတ်များ ဝင်တိုက်ခဲ့သည့် သူ၏ Lamborghini မှာ အကောင်းအတိုင်း ရှိပါဦးလားဟု သင်တို့ သိလိုကြမည်ဖြစ်သည်။

စင်စစ်ကား အဆိုပါရုပ်ရှင်ကို ရိုက်ကူးချိန်တွင် Lamborghini ၂ စင်းအသုံးပြုခဲ့ခြင်း ဖြစ်သည်။

အိမ်ပြန်လမ်းတစ်လျှောက် မောင်းနှင်ခဲ့သော Lamborghini မှာမူ ဆိုးရွားစွာ ပျက်စီးသွားခဲ့ပြီး ထိုကားအပြင် အခြား ပုံစံတူ မော်ဒယ်တစ်စီးကို အသုံးပြုခဲ့သည်။

 

(ဓာတ်ပုံ– Sotheby’s)

 

The Wolf of Wall Street ရုပ်ရှင်မှ Lamborghini Countach ကားကို ယခုနှစ် ဒီဇင်ဘာလ ၈ ရက်တွင် နယူးယောက်မြို့၌ RM Sotheby’s လေလံကုမ္ပဏီက လေလံတင်ရောင်းချသွားမည် ဖြစ်သည်။

RM Sotheby’s သည် ပြီးခဲ့သောနှစ်အတွင်း ၁၉၈၄ ခုနှစ်ထုတ် Lamborghini Countach LP5000 S ကို လေလံတင်ခဲ့ရာတွင် ကန်ဒေါ်လာ ၁ ဒသမ ၀၆ သန်း ရရှိခဲ့သည်။

BringATrailer.com တွင် ၁၉၈၉ ခုနှစ်ထုတ် Lamborghini Countach 25th Anniversary မော်ဒယ်တစ်စင်းကို ရောင်းချခဲ့ရာတွင်မူ ကန်ဒေါ်လာ ၆၇၀၀၀၀ သာ ရရှိခဲ့သည်။

သို့သော် လီယိုနာဒို ဒီကာပရီယို ရုပ်ရှင်ထဲတွင် စီးခဲ့သော ယခုကားမှာမူ ကန်ဒေါ်လာ ၁ ဒသမ ၅ သန်းမှ ကန်ဒေါ်လာ ၂ သန်းကြား ရရှိမည်ဟု ခန့်မှန်းထားသည်။

Sotheby’s က ဒီဇင်ဘာလတွင် ပြုလုပ်မည့် Luxury Week အမည်ရှိ ထူးခြားသောကားများ သီးသန့်လေလံပွဲတွင် လီယိုနာဒို ဒီကာပရီယိုစီးခဲ့သော ဤကားလည်း ပါဝင်မည် ဖြစ်သည်။

အခြားလေလံတင်မည့် ကားများကိုမူ လေလံရက် နီးလျှင် ကြေညာမည်ဟု သိရသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: The famous white Lamborghini Countach from Leonardo DiCaprio’s The Wolf of Wall Street is up for auction and is expected to fetch around $2 million (luxurylaunches)

 

 

 

 

[Zawgyi]

The Wolf of Wall Street ရုပ္ရွင္ကားတြင္ လီယိုနာဒို ဒီကာပရီယို စီးခဲ့ေသာ Lamborghini Countach ေလလံတင္ ေရာင္းခ်မည္

 

ေဟာလိဝုဒ္ရုပ္ရွင္ ဒါရိုက္တာ မာတင္ စေကာ္စီစီ ၂၀၁၃ ခုႏွစ္က ရုိက္ကူးခဲ့ေသာ နာမည္ၾကီး The Wolf of Wall Street ရုပ္ရွင္ကားတြင္ လီယိုနာဒို ဒီကာပရီယို စီးခဲ့ေသာ Lamborghini Countach ကားကို နယူးေယာက္ျမဳိ႕တြင္ ေလလံတင္ေရာင္းခ်ရန္ စီစဥ္ထားျပီး ကန္ေဒၚလာ ၂ သန္းဝန္းက်င္ ရရန္ ေမွ်ာ္မွန္းထားသည္။

အဆိုပါကားသည္ ၁၉၈၉ ခုႏွစ္ထုတ္ Lamborghini Countach 25th Anniversary edition ျဖစ္ျပီး အျပင္ဘက္ကို ‘Bianco Polo’ white ေဆးေရာင္ျဖင့္ ေတြ႔ရကာ အတြင္းပိုင္းတြင္ ‘Bianco Countach’ အျဖဴေရာင္လည္သာမ်ားျဖင့္ မြမ္းမံထားသည္။

ဤကားသည္ ရုပ္ရွင္မ်ားတြင္ အသံုးျပဳခဲ့သည့္ ကားမ်ားအနက္ အထူးျခားဆံုးကားမ်ားတြင္ တစ္စီးအပါအဝင္ ျဖစ္ရံုမွ်မက တူညီသည့္ Specification ရွိေသာကား အေမရိကန္သုိ႔ ၂၅ စင္းသာ တင္ပို႔ခဲ့ျခင္းျဖစ္ရာ ရွားပါးကားမ်ားတြင္ အပါအဝင္ ျဖစ္သည္။

(ဓာတ္ပံု – Sotheby’s)

အဆိုပါ ရုပ္ရွင္ထဲတြင္ လီယိုနာဒို ဒီကာပရီယိုသည္ ေဂ်ာ္ဒန္ ဘဲလ္ဖို႔ဒ္အျဖစ္ ပါဝင္သရုပ္ေဆာင္ထားျပီး မူးယစ္ေဆး အလြန္အကၽြံသံုးစြဲထားေသာ ညတစ္ညတြင္ သူ၏ Countach ကားဆီသို႔ ေလးဘက္တြား အေရာက္သြားကာ အိမ္အေရာက္ ကားေမာင္းျပန္ခဲ့ပံုကို ရိုက္ကူးျပသထားသည္။

လမ္းတစ္ေလွ်ာက္ အျခားကားမ်ား၊ ဆိုင္းဘုတ္မ်ား ဝင္တိုက္ခဲ့သည့္ သူ၏ Lamborghini မွာ အေကာင္းအတိုင္း ရွိပါဦးလားဟု သင္တို႔ သိလိုၾကမည္ျဖစ္သည္။

စင္စစ္ကား အဆိုပါရုပ္ရွင္ကို ရိုက္ကူးခ်ိန္တြင္ Lamborghini ၂ စင္းအသံုးျပဳခဲ့ျခင္း ျဖစ္သည္။

အိမ္ျပန္လမ္းတစ္ေလွ်ာက္ ေမာင္းႏွင္ခဲ့ေသာ Lamborghini မွာမူ ဆိုးရြားစြာ ပ်က္စီးသြားခဲ့ျပီး ထိုကားအျပင္ အျခား ပံုစံတူ ေမာ္ဒယ္တစ္စီးကို အသံုးျပဳခဲ့သည္။

(ဓာတ္ပံု– Sotheby’s)

The Wolf of Wall Street ရုပ္ရွင္မွ Lamborghini Countach ကားကို ယခုႏွစ္ ဒီဇင္ဘာလ ၈ ရက္တြင္ နယူးေယာက္ျမိဳ႕၌ RM Sotheby’s ေလလံကုမၸဏီက ေလလံတင္ေရာင္းခ်သြားမည္ ျဖစ္သည္။

RM Sotheby’s သည္ ျပီးခဲ့ေသာႏွစ္အတြင္း ၁၉၈၄ ခုႏွစ္ထုတ္ Lamborghini Countach LP5000 S ကို ေလလံတင္ခဲ့ရာတြင္ ကန္ေဒၚလာ ၁ ဒသမ ၀၆ သန္း ရရွိခဲ့သည္။

BringATrailer.com တြင္ ၁၉၈၉ ခုႏွစ္ထုတ္ Lamborghini Countach 25th Anniversary ေမာ္ဒယ္တစ္စင္းကို ေရာင္းခ်ခဲ့ရာတြင္မူ ကန္ေဒၚလာ ၆၇၀၀၀၀ သာ ရရွိခဲ့သည္။

သို႔ေသာ္ လီယိုနာဒို ဒီကာပရီယို ရုပ္ရွင္ထဲတြင္ စီးခဲ့ေသာ ယခုကားမွာမူ ကန္ေဒၚလာ ၁ ဒသမ ၅ သန္းမွ ကန္ေဒၚလာ ၂ သန္းၾကား ရရွိမည္ဟု ခန္႔မွန္းထားသည္။

Sotheby’s က ဒီဇင္ဘာလတြင္ ျပဳလုပ္မည့္ Luxury Week အမည္ရွိ ထူးျခားေသာကားမ်ား သီးသန္႔ေလလံပြဲတြင္ လီယိုနာဒို ဒီကာပရီယိုစီးခဲ့ေသာ ဤကားလည္း ပါဝင္မည္ ျဖစ္သည္။

အျခားေလလံတင္မည့္ ကားမ်ားကိုမူ ေလလံရက္ နီးလွ်င္ ေၾကညာမည္ဟု သိရသည္။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: The famous white Lamborghini Countach from Leonardo DiCaprio’s The Wolf of Wall Street is up for auction and is expected to fetch around $2 million (luxurylaunches)

 

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service