မြေကွက်ပိုင်ဆိုင်မှုအား ကျမ်းကျိန်လွှာဖြင့် စွန့်လွှတ်ပါက သိရှိထားသင့်တဲ့အချက်အလက်များအား ဗဟုသုတအနေဖြင့် တင်ပြပေးလိုက်ပါတယ်။

မြေကွက်ပိုင်ဆိုင်မှုအား ကျမ်းကျိန်လွှာဖြင့် စွန့်လွှတ်ပါက သိရှိထားသင့်တဲ့အချက်အလက်များအား ဗဟုသုတအနေဖြင့် တင်ပြပေးလိုက်ပါတယ်။ - Property Knowledge in Myanmar from iMyanmarHouse.com
5 Aug 2023 11:04 am တွင် တင်ခဲ့သည်
547 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ကျမ်းကျိန်လွှာမှာ သက်သေခံဥပဒေပုဒ်မ-၃အရ သက်သေခံအထောက်အထားအဖြစ် အကျုံးမဝင် ကြောင်း ပြဌာန်းထားတယ်။ ကျမ်းကျိန်လွှာဖြင့် တင်ပြလာသော စွန့်လွှတ်ခြင်းများတွင် စွန့်လွှတ်ခြင်း မြောက်မမြောက်နှင့် စွန့်လွှတ်ခြင်းပစ္စည်းမှာလဲ အမှန်တကယ် လွှဲပြောင်းခြင်းရှိမရှိ တရားရုံးကသာ အဆုံး အဖြတ်ပေးနိုင်မည်ဖြစ်ပါသည်။

မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းစွန့်လွှတ်ခြင်းသည် စွန့်လွှတ်ခြင်းကို စာဖြင့် ရေးသားပြုလုပ်ရန် မလိုဘဲ နှုတ်ဖြင့်လဲ ပြုလုပ်နိုင်ကြောင်း ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေတွင် ပြဌာန်းထားပါသည်။

ဆရာမှန်နှင့်ဆရာလှနှင့် အခြားသူများအမှုနှင့်‌ဒေါ်ထားပါ-၂(အေအိုင်အာ၁၉၃၅ ရန်ကုန် ၄၄၈။)နှင့် ဒေါ်ထားစိန်ပါ-၃ အမှု(၂၀၀၁ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံး၊စာ ၂၄၄/၁၄၅)တွင်လဲ နုတ်ဖြင့်ပင် လွှဲပြောင်း နိုင်ကြောင်း အတိအလင်းဆုံးဖြတ်ထားသည်။

ထို့ကြောင့် ကျမ်းသစ္စာပြု ကျိန်ဆိုထားခြင်းမှာ စွန့်လွှတ်စာချုပ်ချုပ်ဆိုခြင်း မဟုတ်သည့်အတွက် ယင်းသို့ ထုတ်ဖော်မြွက်ဟခြင်းသည် ၎င်းခံစားခွင့်ရှိသည့်ဝေစုကို နှုတ်ဖြင့်စွန့်လွှတ်ရာပဲရောက်ပါသည်။ စာဖြင့်ရေးသား ပြီးမှ လွှဲပြောင်းနိုင်သည့် ကိစ္စများတွင် စွန့်လွှတ်ခြင်း မပါဝင်သည့်အတွက် စွန့်လွှတ်ခြင်းကို နှုတ်ဖြင့်ပင် ပြုလုပ် နိုင်ကြောင်းလဲ သုံးသပ်ထားသည်ကို တွေ့ရသည်။

သို့သော် ဦးခင်မောင်လတ်ပါ-၄နှင့်ဒေါ်ခင်လှ(ခ)ဒေါ်ခင်လှလှ အမှုတွင် ကျမ်းသစ္စာပြုလွှာသက်သေခံ - ၄ အပေါ် အခြေခံ၍ ဂရန်မြေကို စွန့်လွှတ်သူသည် ၎င်း၏ဝေစုကို နှုတ်ဖြင့် စွန့်လွှတ်ရာရောက်သည်ဟု ကောက်ယူ နိုင်မည်မဟုတ်ကြောင်းလဲ ဆုံးဖြတ်ထားသည်ကို တွေ့ရှိနိုင်သည်။

ကျမ်းကျိန်လွှာတွင် စွန့်လွှတ်သူ ကျမ်းသစ္စာပြုသူမှ ဂရန်မြေနှင့်ပတ်သက်၍ အခွင့်အရေးတစ်စုံတစ်ရာ ရရန်မရှိတော့ပါကြောင်း၊မိမိ၏အခွင့်အရေးများကို နောင်တွင်ပြန်လည်တောင်းခံခြင်း မပြုတော့ပါကြောင်း ဝန်ခံ ကတိပြုချက်ပါရှိသော်လည်း အမှန်တကယ်စွန့်လွှတ်ခြင်းမမြောက်ပါ။

စွန့်လွှတ်ခြင်းစာချုပ်ကို စာချုပ်စာတမ်းများမှတ်ပုံတင်အက်ဥပဒေပုဒ်မ ၁၇ (၁) (ခ) အရ မှတ်ပုံတင်ရန် လိုအပ်ပြီး ထိုသို့မှတ်ပုံတင်ထားသော စွန့်လွှတ်စာချုပ်ကို တင်ပြနိုင်ရမည်။စွန့်လွှတ်မှုသည် အထမမြောက်ပါက ပိုင်ဆိုင်မှုအခွင့်အရေးသည် ရှိမြဲအတိုင်းရှိနေမည်သာဖြစ်၍ လွှဲပြောင်းလိုသူထံ ပြောင်းလဲရောက်ရှိသွားမည် မဟုတ်ကြောင်း ဖော်ပြရေးသားပေးလိုက်ပါသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

 

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

 


 








 




 



 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service