တစ်ခါတုန်းက အဖြစ်လေးတွေ (၅၀)

တစ်ခါတုန်းက အဖြစ်လေးတွေ (၅၀) - Property Knowledge in Myanmar from iMyanmarHouse.com
3 Aug 2023 2:04 pm တွင် တင်ခဲ့သည်
441 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

 

ဗလာရုပ်ရှင်

ဗလာရုပ်ရှင်ဆိုတာ အခုနောက်ပေါက်ကလေးတွေတော့ ကြည့်ခွင့်မရလောက်တော့ပါဘူး။ ကျွန်တော်တို့ ငယ်ငယ်ကတော့ ကျောင်းဘောလုံးကွင်းတို့မှာနဲ့ မြေနေရာကျယ်ကျယ်ရှိတဲ့နေရာတို့မှာ ပြသလို့ ကြည့်ခွင့်ရခဲ့ဖူးပါတယ်။

ဗလာဆိုလို့ ဘာမှမပါတာကိုပြောတာမဟုတ်ပါဘူး။ အရံအတားမရှိတဲ့ ကွင်းကျယ်ကျယ်ကြီးထဲမှာ အခမဲ့ ပြသတဲ့ ရုပ်ရှင်ကို ဗလာရုပ်ရှင်လို့ခေါ်လိုက်တာပါ။

အထိမ်းအမှတ်နေ့ရက်တွေနဲ့ ကိုယ့်ဒေသရဲ့ ဘာသာရေး အထွတ်အမြတ်ပွဲတွေလုပ်တဲ့ အခါကာလတွေမှာ ဗလာရုပ်ရှင်တွေ ပြသခဲ့ကြတာ ရှိခဲ့ဖူးတယ်။

အဲဒီအချိန်တုန်းက လျှပ်စစ်မီးဆိုတာလည်း မရခဲ့သေးတော့ ဗလာရုပ်ရှင်တွေ ပြရင်မီးစက်နဲ့နိုးပြီး ပြသခဲ့ကြရတာကို တွေ့ရတယ်။ ကူဗိုတာ မီးစက်ကြီးတွေနဲ့ပေါ့။

ရုပ်ရှင်ပြစက်နဲ့ ပိတ်ကားက အကွာအဝေးသတ်မှတ်ချက်ရှိပုံရတော့ စက်ကနေလှမ်းထိုးလို့ ပိတ်ကားပေါ် ပုံရိပ်ထင်နိုင်တဲ့ နေရာအကွာအဝေးမှာ ပိတ်ကားကိုထောင်ထားတော့ ပိတ်ကားက ဘောလုံးကွင်း အလယ်လောက်မှာ ဖြစ်နေရော။ အဲဒီအနေအထားက ပရိသတ်ကို နှစ်ဖက်ခွဲပေးလိုက်သလိုလည်း ဖြစ်နေပြန်တယ်။

ရုပ်ရှင်ကိုအတည့်မှ ကြည့်တတ်တဲ့သူတွေကတော့ ရုပ်ရှင်ပြစက်နဲ့ ပိတ်ကားကြားက နေရာတွေမှာ စောစောလာပြီး ဖျာခင်းလို့နေရာဦးကြတယ်။ နေရာကျယ်ကျယ်မှာ အခမဲ့ ပြတဲ့ပွဲဖြစ်လေတော့ ကျွန်တော်မြို့နဲ့ အလှမ်းမဝေးလှတဲ့ ရွာတွေက လူတွေလည်း လာကြည့်ကြတော့ ပရိသတ်တွေကများလှတာပေါ့။

လူတိုင်း ရုပ်ရှင်ကို အတည့်ကြည့်ချင်ကြပေမယ့် နောက်ကျတဲ့သူတွေကတော့ ပိတ်ကားရဲ့ တစ်ဖက်ခြမ်းကနေ သွားကြည့်ကြပါတယ်။ အဲဒီဘက်က ကြည့်တဲ့သူတွေအတွက်က ပုံမှန်ပြကွက်လေးတွေက ဘာမှမသိသာ ပေမယ့် သေနက်ပစ်ခန်းတွေ၊ ဓားခုတ်ခန်းတွေဆိုရင် မင်းသားဟာ ဘယ်သန်ဖြစ်နေတော့တာဟာ တစ်ဖက်ခြမ်းက ကြည့်ရတဲ့သူတွေအတွက် အတော်ကို အဆင်မပြေပါဘူး။ ဒါပေမယ့် ဘယ်တတ်နိုင်ပါမလဲ။ များပြားလှတဲ့ ပရိသတ်တွေထဲမှာ ရတဲ့နေရာလေးကနေ သည်းခံပြီးကြည့်ကြရတာပေါ့။ တစ်နှစ်မှာ ဒီလိုပွဲလေးတွေက ရှားရှားပါးပါးမဟုတ်လား။ သည်းခံရမှာပေါ့။

ရုပ်ရှင်ပဲကြည့်ကြည့် အခြားပွဲလမ်းသဘင်တွေပဲကြည့်ကြည့် ကျွန်တော်တို့ ပရိသတ်တွေဟာ ပွဲကြည့်ရဖို့ပါပဲ၊ အခြား နေရာဒုက္ခတွေအတွက်ကတော့ စိတ်ထဲမှာ ဘယ်လိုမှ သဘောမထားဘဲ သည်းခံတတ်ကြတယ်။

အဲ..ဒါပေမယ့် ကျွန်တော်တို့ သည်းမခံတတ်တဲ့ ကိစ္စကတော့ ဖလင်မီးလောင်လို့ စက်ရပ်ထားပြီး စောင့်ရတဲ့ ကိစ္စနဲ့ မင်းသားခံရတဲ့ ဇာတ်ကွက်တွေ ကြာနေများနေရင်တော့ ပရိတ်သတ်လက်မခံတာကတော့ ဆိုးဆိုးရွားရွားပါပဲ။

ကျွန်တော်တို့မြို့မှာကလည်း အစိုးရက မီးစက်ကြီးနဲ့ ည ၉နာရီထိပဲ မီးပေးတယ်။ ရတဲ့မီးကလည်း အားသိပ်မပြည့်လှ မီးလုံးတောင် ကောင်းကောင်းမလင်းချင်ပါဘူး။ အဲဒီတုန်းက လျှပ်စစ်နဲ့ ထမင်းချက်ဖို့ဆို ဝေလာဝေး။တွေးတောင် မတွေးမိကြပါဘူး။

အဲဒါကြောင့် ကွင်းပြင်မှာ ဗလာရုပ်ရှင်ပြတဲ့အခါ မီးအားကောင်းကောင်းပေးနိုင်ဖို့ ကူဗိုတာမီးစက်ကို တစ်ပါတည်း ငှားလာကြတယ်။ အဲဒီမီးစက်နဲ့ ပြရတယ်။ မီးစက်ကြောင့်လားတော့မသိပါဘူး၊ ရုပ်ရှင်ပြနေရင်း မီးအားတွေတက်သွားလို့ ထင်ပါရဲ့ ဖလင်ဟာ မီးလောင်သွားပြီး အကွက်ကြီးဖြစ်သွားတာကို ပိတ်ကားပေါ်မှာတွေ့လိုက်ရတယ်။

အဲဒီလိုအခြေအနေဆိုရင် ရုပ်ရှင်ပြနေတာကို ရပ်လိုက်ရပြီး ဖလင်ပြန်ဆက်တယ်ထင်ပါရဲ့ အချိန်အကြာကြီး စောင့်နေကြရပြန်ပါတယ်။

စောင့်နေရတဲ့ အချိန် သိပ်ကြာလွန်းသွားရင်တော့ ပြပါတော့ဗျို့ဆိုတဲ့ အော်သံတွေက ကွင်းပြည့် ထွက်လာပါလိမ့်မယ်။ အဲဒါမှဆက်ပြီးကြာနေသေးတယ်ဆိုရင်တော့ ပိတ်ကားထောင်ထားတဲ့တိုင်မှာ တစ်ပါတည်းချိတ်ထားတဲ့ လောစပီကာကြီးကတော့ ခဲနဲ့ စပြီးအထုခံရတော့တာပါပဲ။

ပရိသတ် နောက်ထပ် သည်းမခံနိုင်တဲ့ ကိစ္စကတော့ ပြည့်သူ့အချစ်တော်မင်းသား အထိုးအကြိတ်နဲ့ အနှိပ်စက်ခံရတဲ့ ဇာတ်ကွက်တွေ ရှည်ကြာနေလွန်းရင်လည်း သည်းမခံတတ်ကြပါဘူး။ အဲဒီအခန်းမျိုး ရောက်လာရင် လော်စပီကာကို ခဲနဲ့ထုရုံတင်မကတော့ဘဲ ပိတ်ကားပါ ဓားနဲ့ထခွဲတဲ့အထိကို ဖြစ်ရပါတယ်။

ကျွန်တော်တို့ ငယ်ငယ်တုန်းက ကြည်ခဲ့ရတဲ့ ဗလာရုပ်ရှင်ပွဲမျိုးတွေကို အခုကလေးတွေ စိတ်ဝင်စားတော့မယ်တောင် မထင်တော့ပါဘူး။

အခုတော့ အိမ်တိုင်းမှာတောင်မဟုတ်တော့ဘူး၊ လူတိုင်းဆီမှာ နိုင်ငံတကာရုပ်ရှင်ကြည့်မလား၊မြန်မာ ဇာတ်ကားတွေကို ကြည့်မလား။ ဖုန်းလေးနဲ့ အချိန်မရွေးကြည့်လို့ ရနေပြီ။ အိပ်ကြည့်ကြည့်၊ ထိုင်ကြည့်ကြည့်၊

တီဗီဆိုတာတောင် သိပ်စိတ်မဝင်စားကြတော့ပါဘူး။ အချိန်တိုင်း ကမ္ဘာကို ကြည့်မြင်ခွင့်ရနေကြပြီလေ။ ဗလာရုပ်ရှင်ဆိုတာ အတိတ်က လွမ်းစရာပုံရိပ်တစ်ခု အဖြစ်သာရှိပါတော့တယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

တစ္ခါတုန္းက အျဖစ္ေလးေတြ (၅၀)

 

ဗလာ႐ုပ္႐ွင္

 

ဗလာ႐ုပ္႐ွင္ဆိုတာ အခုေနာက္ေပါက္ကေလးေတြေတာ့ ၾကည့္ခြင့္မရေလာက္ေတာ့ပါဘူး။ ကြၽန္ေတာ္တို႔ ငယ္ငယ္ကေတာ့ ေက်ာင္းေဘာလုံးကြင္းတို႔မွာနဲ႔ ေျမေနရာက်ယ္က်ယ္႐ွိတဲ့ေနရာတို႔မွာ ျပသလို႔ ၾကည့္ခြင့္ရခဲ့ဖူးပါတယ္။

ဗလာဆိုလို႔ ဘာမွမပါတာကိုေျပာတာမဟုတ္ပါဘူး။ အရံအတားမ႐ွိတဲ့ ကြင္းက်ယ္က်ယ္ႀကီးထဲမွာ အခမဲ့ ျပသတဲ့ ႐ုပ္႐ွင္ကို ဗလာ႐ုပ္႐ွင္လို႔ေခၚလိုက္တာပါ။

အထိမ္းအမွတ္ေန႔ရက္ေတြနဲ႔ ကိုယ့္ေဒသရဲ႕ ဘာသာေရး အထြတ္အျမတ္ပြဲေတြလုပ္တဲ့ အခါကာလေတြမွာ ဗလာ႐ုပ္႐ွင္ေတြ ျပသခဲ့ၾကတာ ႐ွိခဲ့ဖူးတယ္။

အဲဒီအခ်ိန္တုန္းက လွ်ပ္စစ္မီးဆိုတာလည္း မရခဲ့ေသးေတာ့ ဗလာ႐ုပ္႐ွင္ေတြ ျပရင္မီးစက္နဲ႔ႏိုးၿပီး ျပသခဲ့ၾကရတာကို ေတြ႕ရတယ္။ ကူဗိုတာ မီးစက္ႀကီးေတြနဲ႔ေပါ့။

႐ုပ္႐ွင္ျပစက္နဲ႔ ပိတ္ကားက အကြာအေဝးသတ္မွတ္ခ်က္႐ွိပုံရေတာ့ စက္ကေနလွမ္းထိုးလို႔ ပိတ္ကားေပၚ ပုံရိပ္ထင္ႏိုင္တဲ့ ေနရာအကြာအေဝးမွာ ပိတ္ကားကိုေထာင္ထားေတာ့ ပိတ္ကားက ေဘာလုံးကြင္း အလယ္ေလာက္မွာ ျဖစ္ေနေရာ။ အဲဒီအေနအထားက ပရိသတ္ကို ႏွစ္ဖက္ခြဲေပးလိုက္သလိုလည္း ျဖစ္ေနျပန္တယ္။

႐ုပ္႐ွင္ကိုအတည့္မွ ၾကည့္တတ္တဲ့သူေတြကေတာ့ ႐ုပ္႐ွင္ျပစက္နဲ႔ ပိတ္ကားၾကားက ေနရာေတြမွာ ေစာေစာလာၿပီး ဖ်ာခင္းလို႔ေနရာဦးၾကတယ္။ ေနရာက်ယ္က်ယ္မွာ အခမဲ့ ျပတဲ့ပြဲျဖစ္ေလေတာ့ ကြၽန္ေတာ္ၿမိဳ႕နဲ႔ အလွမ္းမေဝးလွတဲ့ ႐ြာေတြက လူေတြလည္း လာၾကည့္ၾကေတာ့ ပရိသတ္ေတြကမ်ားလွတာေပါ့။

လူတိုင္း ႐ုပ္႐ွင္ကို အတည့္ၾကည့္ခ်င္ၾကေပမယ့္ ေနာက္က်တဲ့သူေတြကေတာ့ ပိတ္ကားရဲ႕ တစ္ဖက္ျခမ္းကေန သြားၾကည့္ၾကပါတယ္။ အဲဒီဘက္က ၾကည့္တဲ့သူေတြအတြက္က ပုံမွန္ျပကြက္ေလးေတြက ဘာမွမသိသာ ေပမယ့္ ေသနက္ပစ္ခန္းေတြ၊ ဓားခုတ္ခန္းေတြဆိုရင္ မင္းသားဟာ ဘယ္သန္ျဖစ္ေနေတာ့တာဟာ တစ္ဖက္ျခမ္းက ၾကည့္ရတဲ့သူေတြအတြက္ အေတာ္ကို အဆင္မေျပပါဘူး။ ဒါေပမယ့္ ဘယ္တတ္ႏိုင္ပါမလဲ။ မ်ားျပားလွတဲ့ ပရိသတ္ေတြထဲမွာ ရတဲ့ေနရာေလးကေန သည္းခံၿပီးၾကည့္ၾကရတာေပါ့။ တစ္ႏွစ္မွာ ဒီလိုပြဲေလးေတြက ႐ွား႐ွားပါးပါးမဟုတ္လား။ သည္းခံရမွာေပါ့။

႐ုပ္႐ွင္ပဲၾကည့္ၾကည့္ အျခားပြဲလမ္းသဘင္ေတြပဲၾကည့္ၾကည့္ ကြၽန္ေတာ္တို႔ ပရိသတ္ေတြဟာ ပြဲၾကည့္ရဖို႔ပါပဲ၊ အျခား ေနရာဒုကၡေတြအတြက္ကေတာ့ စိတ္ထဲမွာ ဘယ္လိုမွ သေဘာမထားဘဲ သည္းခံတတ္ၾကတယ္။

အဲ..ဒါေပမယ့္ ကြၽန္ေတာ္တို႔ သည္းမခံတတ္တဲ့ ကိစၥကေတာ့ ဖလင္မီးေလာင္လို႔ စက္ရပ္ထားၿပီး ေစာင့္ရတဲ့ ကိစၥနဲ႔ မင္းသားခံရတဲ့ ဇာတ္ကြက္ေတြ ၾကာေနမ်ားေနရင္ေတာ့ ပရိတ္သတ္လက္မခံတာကေတာ့ ဆိုးဆိုး႐ြား႐ြားပါပဲ။

ကြၽန္ေတာ္တို႔ၿမိဳ႕မွာကလည္း အစိုးရက မီးစက္ႀကီးနဲ႔ ည ၉နာရီထိပဲ မီးေပးတယ္။ ရတဲ့မီးကလည္း အားသိပ္မျပည့္လွ မီးလုံးေတာင္ ေကာင္းေကာင္းမလင္းခ်င္ပါဘူး။ အဲဒီတုန္းက လွ်ပ္စစ္နဲ႔ ထမင္းခ်က္ဖို႔ဆို ေဝလာေဝး။ေတြးေတာင္ မေတြးမိၾကပါဘူး။

အဲဒါေၾကာင့္ ကြင္းျပင္မွာ ဗလာ႐ုပ္႐ွင္ျပတဲ့အခါ မီးအားေကာင္းေကာင္းေပးႏိုင္ဖို႔ ကူဗိုတာမီးစက္ကို တစ္ပါတည္း ငွားလာၾကတယ္။ အဲဒီမီးစက္နဲ႔ ျပရတယ္။ မီးစက္ေၾကာင့္လားေတာ့မသိပါဘူး၊ ႐ုပ္႐ွင္ျပေနရင္း မီးအားေတြတက္သြားလို႔ ထင္ပါရဲ႕ ဖလင္ဟာ မီးေလာင္သြားၿပီး အကြက္ႀကီးျဖစ္သြားတာကို ပိတ္ကားေပၚမွာေတြ႕လိုက္ရတယ္။

အဲဒီလိုအေျခအေနဆိုရင္ ႐ုပ္႐ွင္ျပေနတာကို ရပ္လိုက္ရၿပီး ဖလင္ျပန္ဆက္တယ္ထင္ပါရဲ႕ အခ်ိန္အၾကာႀကီး ေစာင့္ေနၾကရျပန္ပါတယ္။

ေစာင့္ေနရတဲ့ အခ်ိန္ သိပ္ၾကာလြန္းသြားရင္ေတာ့ ျပပါေတာ့ဗ်ိဳ႕ဆိုတဲ့ ေအာ္သံေတြက ကြင္းျပည့္ ထြက္လာပါလိမ့္မယ္။ အဲဒါမွဆက္ၿပီးၾကာေနေသးတယ္ဆိုရင္ေတာ့ ပိတ္ကားေထာင္ထားတဲ့တိုင္မွာ တစ္ပါတည္းခ်ိတ္ထားတဲ့ ေလာစပီကာႀကီးကေတာ့ ခဲနဲ႔ စၿပီးအထုခံရေတာ့တာပါပဲ။

ပရိသတ္ ေနာက္ထပ္ သည္းမခံႏိုင္တဲ့ ကိစၥကေတာ့ ျပည့္သူ႕အခ်စ္ေတာ္မင္းသား အထိုးအႀကိတ္နဲ႔ အႏွိပ္စက္ခံရတဲ့ ဇာတ္ကြက္ေတြ ႐ွည္ၾကာေနလြန္းရင္လည္း သည္းမခံတတ္ၾကပါဘူး။ အဲဒီအခန္းမ်ိဳး ေရာက္လာရင္ ေလာ္စပီကာကို ခဲနဲ႔ထု႐ုံတင္မကေတာ့ဘဲ ပိတ္ကားပါ ဓားနဲ႔ထခြဲတဲ့အထိကို ျဖစ္ရပါတယ္။

ကြၽန္ေတာ္တို႔ ငယ္ငယ္တုန္းက ၾကည္ခဲ့ရတဲ့ ဗလာ႐ုပ္႐ွင္ပြဲမ်ိဳးေတြကို အခုကေလးေတြ စိတ္ဝင္စားေတာ့မယ္ေတာင္ မထင္ေတာ့ပါဘူး။

အခုေတာ့ အိမ္တိုင္းမွာေတာင္မဟုတ္ေတာ့ဘူး၊ လူတိုင္းဆီမွာ ႏိုင္ငံတကာ႐ုပ္႐ွင္ၾကည့္မလား၊ျမန္မာ ဇာတ္ကားေတြကို ၾကည့္မလား။ ဖုန္းေလးနဲ႔ အခ်ိန္မေ႐ြးၾကည့္လို႔ ရေနၿပီ။ အိပ္ၾကည့္ၾကည့္၊ ထိုင္ၾကည့္ၾကည့္၊

တီဗီဆိုတာေတာင္ သိပ္စိတ္မဝင္စားၾကေတာ့ပါဘူး။ အခ်ိန္တိုင္း ကမ႓ာကို ၾကည့္ျမင္ခြင့္ရေနၾကၿပီေလ။ ဗလာ႐ုပ္႐ွင္ဆိုတာ အတိတ္က လြမ္းစရာပုံရိပ္တစ္ခု အျဖစ္သာ႐ွိပါေတာ့တယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service