ထူးထူးခြားခြား ကားလောကဖြစ်ရပ်ဆန်းများ (စည်းကမ်းမဲ့ ယာဉ်ရပ်နားသော စင်္ကာပူသမ္မတ၏ နိုင်ငံတော်ကားကို ယာဉ်ထိန်းရဲက သတိပေးသည့်ဖြစ်ရပ်)

ထူးထူးခြားခြား ကားလောကဖြစ်ရပ်ဆန်းများ (စည်းကမ်းမဲ့ ယာဉ်ရပ်နားသော စင်္ကာပူသမ္မတ၏ နိုင်ငံတော်ကားကို ယာဉ်ထိန်းရဲက သတိပေးသည့်ဖြစ်ရပ်) - Property Knowledge in Myanmar from iMyanmarHouse.com
28 Jul 2023 11:37 am တွင် တင်ခဲ့သည်
738 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

 

၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်း စင်္ကာပူသမ္မတ ဟာလီမာ ယာကော့ဘ်၏ ယာဉ်တန်းမှ အထူးနံပါတ်ပြား တပ်ဆင်ထားသော ကား ၁ စီးကို ယာဉ်ထိန်းအရာရှိတစ်ဦးက စစ်ဆေးနေသည့် ဓာတ်ပုံတစ်ပုံမှာ စင်္ကာပူလူမှုကွန်ရက်သုံးစွဲသူများအကြား များစွာ ပျံ့နှံ့ဂယက်ရိုက်ခဲ့ဖူးသည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သော ဓာတ်ပုံအရ ကားနံပါတ်ပြားတွင် SEP1 ဟု ဖော်ပြထားသည်ကို တွေ့ရသည်။

SEP မှာ စင်္ကာပူရွေးကောက်ခံသမ္မတ (Singapore Elected President) ၏ အတိုကောက်စာလုံးဖြစ်သည်။

ဓာတ်ပုံစတင်ဝေမျှခဲ့သူမှာ Richie Tsui အမည်ဖြင့် လူမှုကွန်ရက်သုံးစွဲသူဖြစ်ပြီး SG Road Vigilante အမည်ရှိ ဖေ့စ်ဘုတ်ဂရုတွင် တင်ခဲ့ခြင်းဖြစ်ကာ ထိုစဉ်က အချိန် ၃ နာရီအတွင်း ပြန်လည်ဝေမျှသူ ၂၅၀၀ ခန့်ရှိခဲ့သည်။

အခြားလူမှုကွန်ရက်သုံးစွဲသူတစ်ဦးကလည်း ထိုမြင်ကွင်း၏ မြင်ကွင်းကျယ် ဓာတ်ပုံတစ်ခု ဝေမျှခဲ့သေးသည်။

သမ္မတပင် ဥပဒေ၏ အထက်တွင် မရှိစေရန် ဥပဒေအတိုင်း ဆောင်ရွက်သော ကုန်းလမ်းသယ်ယူပို့ဆောင်မှု အာဏာပိုင်အဖွဲ့ (LTA) မှအရာရှိအား လူမှုကွန်ရက်သုံးစွဲသူတို့က ချီးကျူးခဲ့ကြသည်။

အဆိုပါ ဓာတ်ပုံ ပျံ့နှံ့ပြီးနောက်ပိုင်း (LTA) နှင့် ရဲတပ်ဖွဲ့တို့က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့မှုကို စထရိတ်တိုင်းမ် သတင်းစာက ထိုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင် ဖော်ပြခဲ့သည်။

 

 

 

ဓာတ်ပုံတွင် တွေ့ရသော မော်တော်ကားမှာ သမ္မတ၏ ရဲတပ်ဖွဲ့လုံခြုံရေး ကွပ်ကဲမှုအဖွဲ့ (SecCom) မှ ကား ၁ စီး ဖြစ်သည်။

SecCom သည် သမ္မတနှင့် အခြားအဆင့်မြင့် နိုင်ငံခေါင်းဆောင်များကို လုံခြုံရေးအကာအကွယ်ပေးသည့် အဖွဲ့ဖြစ်သည်။

လူမှုကွန်ရက်သုံးစွဲသူတို့က ခန့်မှန်းသည်မှာ လမ်းစည်းကမ်းချိုးဖောက်မှုအတွက် အဆိုပါကားကို ချလန်လက်မှတ် ထုတ်ပေးခြင်း ခံခဲ့ရသည်ဟု ယူဆခဲ့ကြသည်။

LTA၏ ထုတ်ပြန်ချက်အရမူ အရေးယူသည့် လက်မှတ် ထုတ်ပြန်ခဲ့ခြင်း မရှိကြောင်း ဖော်ပြသည်။

LTA ၏ ထုတ်ပြန်ချက်အရ LTA အရာရှိတစ်ဦးသည် Prinsep လမ်းတစ်လျှောက် ပုံမှန်ကင်းလှည့်နေစဉ် ညနေ ၄:၁၅ မိနစ်တွင် မျဉ်းဝါ ၂ ထပ်ရှိသော နေရာတွင် ကား ၂ စီးရပ်ထားသည်ကို တွေ့ခဲ့သည်ဟု ဆိုသည်။

မျဉ်းပြတ်မရှိသော မျဉ်းဝါ ၂ ထပ်တွင် ကားရပ်နားမှုမှာ ဒဏ်ငွေအနည်းဆုံး ဒေါ်လာ ၇၀ ပေးဆောင်ရနိုင်သည်။

LTA အရာရှိက ကား ၁ စင်းဆီသို့ သွားခဲ့ကာ ကားကို နေရာရွှေ့ပေးရန် ယာဉ်မောင်းအား ပြောခဲ့ကြောင်း ၊ ယာဉ်မောင်းက အရာရှိအား ပြန်လည် ပြောကြားသည်မှာ သမ္မတကြီးအား စောင့်ကြိုခေါ်ယူရန်အတွက် ထိုနေရာတွင် စောင့်ဆိုင်းနေရခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ထိုသို့ ပြောဆိုနေချိန်အတွင်း သမ္မတပြန်လည်ရောက်ရှိလာကာ ဒဏ်ငွေဖြတ်ပိုင်း ထုတ်ပေးခံရခြင်းမရှိဘဲ ကားမောင်းထွက်သွားကြခြင်းဖြစ်ကြောင်း LTA  ကဖော်ပြသည်။

ပူးတွဲ ထုတ်ပြန်ချက်တွင် “လုံခြုံရေးအရ ကားယာဉ်တန်းသည် လမ်းစည်းကမ်းနှင့်အညီ အခမ်းအနားရှိရာ နေရာနှင့် အနီးကပ်ဆုံးတွင် ထားရကြောင်း ၊ အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါက လျှင်မြန်စွာ ရွှေ့ပြောင်း နိုင်ရန် ဖြစ်ကြောင်း” ဖော်ပြသည်။

“ယခုဖြစ်ရပ်တွင်မူ SecCom ၏ မြေပြင်တပ်မှူးက သမ္မတအား စောင့်ဆိုင်းရန် ယာဉ်တန်းကို ထိုနေရာတွင် ရပ်နားရန် ဆုံးဖြတ်ခဲ့ရသည်။ ထိုနေရာတွင် လမ်းဘေးယာဉ်ရပ်နားရန် နေရာ မရှိရာ အရေးပေါ် အခြေအနေဖြစ်ပေါ်လာပါက ယာဉ်တန်းအနေဖြင့် လျှင်မြန်စွာ သွားလာနိုင်ရန် ထိုနေရာတွင် ရပ်နားခဲ့ရခြင်း ဖြစ်သည်။”ဟုလည်းဖော်ပြထားသည်။

ထိုဖြစ်ရပ်နှင့် စပ်လျဉ်းပြီး LTA က SecCom အရာရှိများကို လမ်းစည်းကမ်းလိုက်နာကာ ယာဉ်တန်းရပ်နားရန် သတိပေးခဲ့သည်ဟု ဆိုသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Was the elected President’s car booked for illegal parking? (theindependent)

 

 

 

[Zawgyi]

 

ထူးထူးျခားျခား ကားေလာကျဖစ္ရပ္ဆန္းမ်ား (စည္းကမ္းမဲ့ ယာဥ္ရပ္နားေသာ စကၤာပူသမၼတ၏ ႏိုင္ငံေတာ္ကားကို ယာဥ္ထိန္းရဲက သတိေပးသည့္ျဖစ္ရပ္)

 

၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလအတြင္း စကၤာပူသမၼတ ဟာလီမာ ယာေကာ့ဘ္၏ ယာဥ္တန္းမွ အထူးနံပါတ္ျပား တပ္ဆင္ထားေသာ ကား ၁ စီးကုိ ယာဥ္ထိန္းအရာရွိတစ္ဦးက စစ္ေဆးေနသည့္ ဓာတ္ပံုတစ္ပံုမွာ စကၤာပူလူမႈကြန္ရက္သံုးစြဲသူမ်ားအၾကား မ်ားစြာ ပ်ံ႕ႏွံ႔ဂယက္ရုိက္ခဲ့ဖူးသည္။

လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ႔ခဲ့ေသာ ဓာတ္ပံုအရ ကားနံပါတ္ျပားတြင္ SEP1 ဟု ေဖာ္ျပထားသည္ကို ေတြ႔ရသည္။

SEP မွာ စကၤာပူေရြးေကာက္ခံသမၼတ (Singapore Elected President) ၏ အတုိေကာက္စာလံုးျဖစ္သည္။

ဓာတ္ပံုစတင္ေဝမွ်ခဲ့သူမွာ Richie Tsui အမည္ျဖင့္ လူမႈကြန္ရက္သံုးစြဲသူျဖစ္ျပီး SG Road Vigilante အမည္ရွိ ေဖ့စ္ဘုတ္ဂရုတြင္ တင္ခဲ့ျခင္းျဖစ္ကာ ထိုစဥ္က အခ်ိန္ ၃ နာရီအတြင္း ျပန္လည္ေဝမွ်သူ ၂၅၀၀ ခန္႔ရွိခဲ့သည္။

အျခားလူမႈကြန္ရက္သံုးစြဲသူတစ္ဦးကလည္း ထိုျမင္ကြင္း၏ ျမင္ကြင္းက်ယ္ ဓာတ္ပံုတစ္ခု ေဝမွ်ခဲ့ေသးသည္။

သမၼတပင္ ဥပေဒ၏ အထက္တြင္ မရွိေစရန္ ဥပေဒအတုိင္း ေဆာင္ရြက္ေသာ ကုန္းလမ္းသယ္ယူပို႔ေဆာင္မႈ အာဏာပိုင္အဖြဲ႔ (LTA) မွအရာရွိအား လူမႈကြန္ရက္သံုးစြဲသူတုိ႔က ခ်ီးက်ဴးခဲ့ၾကသည္။

အဆိုပါ ဓာတ္ပံု ပ်ံ႕ႏွံ႔ျပီးေနာက္ပိုင္း (LTA) ႏွင့္ ရဲတပ္ဖြဲ႔တုိ႔က ပူးတြဲေၾကညာခ်က္ ထုတ္ျပန္ခဲ့မႈကို စထရိတ္တုိင္းမ္ သတင္းစာက ထုိႏွစ္ ဒီဇင္ဘာ ၂၂ ရက္တြင္ ေဖာ္ျပခဲ့သည္။

ဓာတ္ပံုတြင္ ေတြ႔ရေသာ ေမာ္ေတာ္ကားမွာ သမၼတ၏ ရဲတပ္ဖြဲ႔လံုျခံဳေရး ကြပ္ကဲမႈအဖြဲ႔ (SecCom) မွ ကား ၁ စီး ျဖစ္သည္။

SecCom သည္ သမၼတႏွင့္ အျခားအဆင့္ျမင့္ ႏိုင္ငံေခါင္းေဆာင္မ်ားကို လံုျခံဳေရးအကာအကြယ္ေပးသည့္ အဖြဲ႔ျဖစ္သည္။

လူမႈကြန္ရက္သံုးစြဲသူတို႔က ခန္႔မွန္းသည္မွာ လမ္းစည္းကမ္းခ်ဳိးေဖာက္မႈအတြက္ အဆိုပါကားကို ခ်လန္လက္မွတ္ ထုတ္ေပးျခင္း ခံခဲ့ရသည္ဟု ယူဆခဲ့ၾကသည္။

LTA၏ ထုတ္ျပန္ခ်က္အရမူ အေရးယူသည့္ လက္မွတ္ ထုတ္ျပန္ခဲ့ျခင္း မရွိေၾကာင္း ေဖာ္ျပသည္။

LTA ၏ ထုတ္ျပန္ခ်က္အရ LTA အရာရွိတစ္ဦးသည္ Prinsep လမ္းတစ္ေလွ်ာက္ ပံုမွန္ကင္းလွည့္ေနစဥ္ ညေန ၄:၁၅ မိနစ္တြင္ မ်ဥ္းဝါ ၂ ထပ္ရွိေသာ ေနရာတြင္ ကား ၂ စီးရပ္ထားသည္ကို ေတြ႔ခဲ့သည္ဟု ဆိုသည္။

မ်ဥ္းျပတ္မရွိေသာ မ်ဥ္းဝါ ၂ ထပ္တြင္ ကားရပ္နားမႈမွာ ဒဏ္ေငြအနည္းဆံုး ေဒၚလာ ၇၀ ေပးေဆာင္ရႏိုင္သည္။

LTA အရာရွိက ကား ၁ စင္းဆီသို႔ သြားခဲ့ကာ ကားကို ေနရာေရႊ႕ေပးရန္ ယာဥ္ေမာင္းအား ေျပာခဲ့ေၾကာင္း ၊ ယာဥ္ေမာင္းက အရာရွိအား ျပန္လည္ ေျပာၾကားသည္မွာ သမၼတၾကီးအား ေစာင့္ၾကိဳေခၚယူရန္အတြက္ ထုိေနရာတြင္ ေစာင့္ဆုိင္းေနရျခင္းျဖစ္ေၾကာင္း ျပန္လည္ေျဖၾကားခဲ့သည္။

ထိုသို႔ ေျပာဆုိေနခ်ိန္အတြင္း သမၼတျပန္လည္ေရာက္ရွိလာကာ ဒဏ္ေငြျဖတ္ပိုင္း ထုတ္ေပးခံရျခင္းမရွိဘဲ ကားေမာင္းထြက္သြားၾကျခင္းျဖစ္ေၾကာင္း LTA ကေဖာ္ျပသည္။

ပူးတြဲ ထုတ္ျပန္ခ်က္တြင္ “လံုျခံဳေရးအရ ကားယာဥ္တန္းသည္ လမ္းစည္းကမ္းႏွင့္အညီ အခမ္းအနားရွိရာ ေနရာႏွင့္ အနီးကပ္ဆံုးတြင္ ထားရေၾကာင္း ၊ အေရးေပၚအေျခအေနျဖစ္ေပၚလာပါက လွ်င္ျမန္စြာ ေရႊ႕ေျပာင္း ႏုိင္ရန္ ျဖစ္ေၾကာင္း” ေဖာ္ျပသည္။

“ယခုျဖစ္ရပ္တြင္မူ SecCom ၏ ေျမျပင္တပ္မွဴးက သမၼတအား ေစာင့္ဆုိင္းရန္ ယာဥ္တန္းကို ထုိေနရာတြင္ ရပ္နားရန္ ဆံုးျဖတ္ခဲ့ရသည္။ ထုိေနရာတြင္ လမ္းေဘးယာဥ္ရပ္နားရန္ ေနရာ မရွိရာ အေရးေပၚ အေျခအေနျဖစ္ေပၚလာပါက ယာဥ္တန္းအေနျဖင့္ လွ်င္ျမန္စြာ သြားလာႏိုင္ရန္ ထိုေနရာတြင္ ရပ္နားခဲ့ရျခင္း ျဖစ္သည္။”ဟုလည္းေဖာ္ျပထားသည္။

ထုိျဖစ္ရပ္ႏွင့္ စပ္လ်ဥ္းျပီး LTA က SecCom အရာရွိမ်ားကို လမ္းစည္းကမ္းလိုက္နာကာ ယာဥ္တန္းရပ္နားရန္ သတိေပးခဲ့သည္ဟု ဆိုသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Was the elected President’s car booked for illegal parking? (theindependent)

 

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service