သေမယ်လို့ ဘယ်သိမှာလဲ

သေမယ်လို့ ဘယ်သိမှာလဲ - Property Knowledge in Myanmar from iMyanmarHouse.com
26 Jul 2023 1:10 pm တွင် တင်ခဲ့သည်
506 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

စာရေးဖို့ စဉ်းစားရသည်ကိုက အလုပ်တစ်ခုပါပဲ။ မဖြစ်မနေဆိုတော့လည်း စဉ်းစားရမည်ပေါ့။ ခေါင်းကို စဉ်းစားဖို့ အလုပ်ပေးပြန်တော့လည်း တစ်ခါတစ်ရံ စဉ်းစားရင်းနဲ့က အတွေးတို့ပျောက်နေတတ်သည်။

ခေါင်းပူ သက်သာလိုသက်သာငြား ကော်ဖီတစ်ခွက် သွားဖျော်လိုက်သည်။ကော်ဖီဆိုတာ ရိုးရိုးရေနှင့်ဖျော်လျှင် ပျော်ဝင်မှုနှေးသမျှ ရေနွေးနှင့် ဖျော်လျှင် အပျော်မြန်သည်။ ရေနွေး၏ အပူရှိန်က ကြွေခွက်အပြင်ကပင် ကိုင်ဖို့ မဖြစ်နိုင်အောင် အပူကပြင်းလှသည်။ ရေနွေးအပူရှိန်ကြောင့် ကော်ဖီခွက်ကို ကိုင်းကနေကိုင်လာရသည်။

ပူသေးတော့ ချက်ခြင်းမသောက်နိုင်သေး။ မိမိရှေ့က ကွန်ပျူတာအနီးတွင် ကော်ဖီခွက်ကို ချထားလိုက်သည်။ ဘာမှမကြာလိုက်သည့်အချိန်အတွင်း ကော်ဖီခွက်အခြေဆီ ပုရွက်ဆိတ်လေးတစ်ကောင်စနှစ်ကောင်စ ရောက်လာသည်ကို တွေ့ရသည်။

ဒီကောင်တွေရဲ့ အာရုံခံစွမ်းအင်ကိုတော့ ချီးကျူးမိသည်။ ဘယ်နားက အစာကို ဘယ်လမ်းက လာရမည်ကို ဒီကောင်တွေက ပိုသိသည်။ အနံ့နည်းသည့် အစားအစာဆီကိုတောင်မှ ရောက်အောင်လာနိုင်သည်။ ကော်ဖီဆိုသည်က အချိုပြင်းပြင်း၊ အနံ့ပြင်းပြင်းဖြစ်၍ သူတို့အတွက် ထူးပြီးအာရုံခံစားစရာ မလိုလောက်အောင် ဆွဲဆောင်နေသည်။

ကော်ဖီခွက်တွင် အပူရှိန်ရှိနေသဖြင့် သူတို့တစ်တွေ ကော်ဖီခွက်အတွင်းကိုတော့ ဝင်နိုင်ဦးမည်မထင်ခဲ့သဖြင့် ကွန်ပျူတာမျက်နှာပြင်မှာ ပြန်ပြီးအာရုံစိုက်လိုက်မိသည်။ ကွန်ပျူတာကိုအာရုံစိုက်မိတော့ ကော်ဖီကိုသောက်ဖို့ မေ့သွားပြန်သည်။

မိနစ်၂၀ လောက်ကြာမှ ကော်ဖီသောက်ဖို့ သတိရလို့ ကြည့်လိုက်တော့ ကော်ဖီခွက်ဆီ ပုရွက်ဆိတ်တွေ လမ်းဖြစ်လို့နေသည်ကို တွေ့ရသည်။ ကော်ဖီခွက်တွင် တစ်ကောင်ဆင်း တစ်ကောင်တက် လူးလာခတ်နေကြ သည်။

ကော်ဖီခွက်ထဲမှာတော့ အစာလောဘကြောင့်လား။ ခြေချော်ခြင်းကြောင့်ပေပဲလား။ ယက်ကန်ယက်ကန် ဖြစ်နေသည့် အကောင်တွေက ဖြစ်နေပေပြီ။ တချို့အကောင်တွေက လှုပ်တောင် မလှုပ်တော့။ သေကုန်ကြပေပြီ။

ကော်ဖီခွက်ကို ကျွန်တော်ကိုင်လိုက်သဖြင့် ကော်ဖီအရည်နှင့်ထိစပ်ရာနေရာတွင် အရသာခံနေသည့် ပုရွက်ဆိတ်တို့သည် ဘောင်ဘင်ခတ်ပြီး လှုပ်သွားသည့် ကော်ဖီလှိုင်းတွင် နစ်မြုပ်ကုန်ပြန်သည်။

ခွက်ထဲကျနေသမျှ ပုရွက်ဆိတ်အားလုံးကို ဇွန်းဖျားလေးဖြင့် စိတ်ရှည်ရှည်ထားပြီး ဆယ်လို့ရသမျှ ဆယ်ယူပေးလိုက်သည်။

ရှင်သန်ခွင့်ရနိုင်သေးသည့် အကောင်က ဆက်ပြီး ရှင်သန်ခွင့်ရနိုင်ကြပေဦးမည်။ ရမက်လောဘကြီးကြီးဖြင့် ကော်ဖီအရည်ထဲ အတင်းခုန်ဆင်းကြသည့် အကောင်တွေကတော့ စောစီးစွာ သေဆုံးကုန်ကြပေပြီ။ ကယ်တင်ခွင့် မရနိုင်တော့ပေ။

ကျွန်တော် ကော်ဖီကြိုက်သလို ပုရွက်ဆိတ်လေးတွေလည်း ကော်ဖီကြိုက်ပုံရသည်။ ကျွန်တော် ကော်ဖီသောက်သည့် အခါတိုင်း ပုရွက်ဆိတ်လေးတွေက အနည်းနှင့်အများ သေတတ်ကြသည်။

ကော်ဖီကို အအေးခံထား ချိန်မှာလည်း သေသည်။ ကျွန်တော်သောက်ပြီး၍ အကပ်ကျန်နေသည့် ကော်ဖီရည် နည်းနည်းလေးတွင်လည်း သေနေတတ်သည်။

လောဘကြောင့် သေသည်လား၊ ကော်ဖီကြောင့် သေသည်လား။တရားကိုယ်ကိုယ်တော့ ကျွန်တော်လည်း မကောက်တတ်။ အစာလောဘကြောင့်လည်း သေနိုင်သည်။ သမ္မာအာဇီဝမရှိဘဲ ထုတ်လုပ်ထားသော စားသောက်ကုန်များ ကြောင့်လည်း စားသုံးသူတို့ သေနိုင်သည်။

မသိနားမလည်ခြင်းတွေ များလွန်းသဖြင့်လည်း သေနိုင်သည်။ ကျွန်တော်တို့ ချင့်ချင့်ချိန်ချိန်နှင့် နေတတ်စားတတ်ပါမှ သက်ဆိုးတို့ ရှည်ကြပါလိမ့်မည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

[Zawgyi]

 

ေသမယ္လို႔ ဘယ္သိမွာလဲ

 

စာေရးဖို႔ စဥ္းစားရသည္ကိုက အလုပ္တစ္ခုပါပဲ။ မျဖစ္မေနဆိုေတာ့လည္း စဥ္းစားရမည္ေပါ့။ ေခါင္းကို စဥ္းစားဖို႔ အလုပ္ေပးျပန္ေတာ့လည္း တစ္ခါတစ္ရံ စဥ္းစားရင္းနဲ႔က အေတြးတို႔ေပ်ာက္ေနတတ္သည္။

ေခါင္းပူ သက္သာလိုသက္သာျငား ေကာ္ဖီတစ္ခြက္ သြားေဖ်ာ္လိုက္သည္။ေကာ္ဖီဆိုတာ ႐ိုး႐ိုးေရႏွင့္ေဖ်ာ္လွ်င္ ေပ်ာ္ဝင္မႈေႏွးသမွ် ေရေႏြးႏွင့္ ေဖ်ာ္လွ်င္ အေပ်ာ္ျမန္သည္။ ေရေႏြး၏ အပူ႐ွိန္က ေႂကြခြက္အျပင္ကပင္ ကိုင္ဖို႔ မျဖစ္ႏိုင္ေအာင္ အပူကျပင္းလွသည္။ ေရေႏြးအပူ႐ွိန္ေၾကာင့္ ေကာ္ဖီခြက္ကို ကိုင္းကေနကိုင္လာရသည္။

ပူေသးေတာ့ ခ်က္ျခင္းမေသာက္ႏိုင္ေသး။ မိမိေ႐ွ႕က ကြန္ပ်ဴတာအနီးတြင္ ေကာ္ဖီခြက္ကို ခ်ထားလိုက္သည္။ ဘာမွမၾကာလိုက္သည့္အခ်ိန္အတြင္း ေကာ္ဖီခြက္အေျခဆီ ပု႐ြက္ဆိတ္ေလးတစ္ေကာင္စႏွစ္ေကာင္စ ေရာက္လာသည္ကို ေတြ႕ရသည္။

ဒီေကာင္ေတြရဲ႕ အာ႐ုံခံစြမ္းအင္ကိုေတာ့ ခ်ီးက်ဴးမိသည္။ ဘယ္နားက အစာကို ဘယ္လမ္းက လာရမည္ကို ဒီေကာင္ေတြက ပိုသိသည္။ အနံ႔နည္းသည့္ အစားအစာဆီကိုေတာင္မွ ေရာက္ေအာင္လာႏိုင္သည္။ ေကာ္ဖီဆိုသည္က အခ်ိဳျပင္းျပင္း၊ အနံ႔ျပင္းျပင္းျဖစ္၍ သူတို႔အတြက္ ထူးၿပီးအာ႐ုံခံစားစရာ မလိုေလာက္ေအာင္ ဆြဲေဆာင္ေနသည္။

ေကာ္ဖီခြက္တြင္ အပူ႐ွိန္႐ွိေနသျဖင့္ သူတို႔တစ္ေတြ ေကာ္ဖီခြက္အတြင္းကိုေတာ့ ဝင္ႏိုင္ဦးမည္မထင္ခဲ့သျဖင့္ ကြန္ပ်ဴတာမ်က္ႏွာျပင္မွာ ျပန္ၿပီးအာ႐ုံစိုက္လိုက္မိသည္။ ကြန္ပ်ဴတာကိုအာ႐ုံစိုက္မိေတာ့ ေကာ္ဖီကိုေသာက္ဖို႔ ေမ့သြားျပန္သည္။

မိနစ္၂၀ ေလာက္ၾကာမွ ေကာ္ဖီေသာက္ဖို႔ သတိရလို႔ ၾကည့္လိုက္ေတာ့ ေကာ္ဖီခြက္ဆီ ပု႐ြက္ဆိတ္ေတြ လမ္းျဖစ္လို႔ေနသည္ကို ေတြ႕ရသည္။ ေကာ္ဖီခြက္တြင္ တစ္ေကာင္ဆင္း တစ္ေကာင္တက္ လူးလာခတ္ေနၾက သည္။

ေကာ္ဖီခြက္ထဲမွာေတာ့ အစာေလာဘေၾကာင့္လား။ ေျခေခ်ာ္ျခင္းေၾကာင့္ေပပဲလား။ ယက္ကန္ယက္ကန္ ျဖစ္ေနသည့္ အေကာင္ေတြက ျဖစ္ေနေပၿပီ။ တခ်ိဳ႕အေကာင္ေတြက လႈပ္ေတာင္ မလႈပ္ေတာ့။ ေသကုန္ၾကေပၿပီ။

ေကာ္ဖီခြက္ကို ကြၽန္ေတာ္ကိုင္လိုက္သျဖင့္ ေကာ္ဖီအရည္ႏွင့္ထိစပ္ရာေနရာတြင္ အရသာခံေနသည့္ ပု႐ြက္ဆိတ္တို႔သည္ ေဘာင္ဘင္ခတ္ၿပီး လႈပ္သြားသည့္ ေကာ္ဖီလိႈင္းတြင္ နစ္ျမဳပ္ကုန္ျပန္သည္။

ခြက္ထဲက်ေနသမွ် ပု႐ြက္ဆိတ္အားလုံးကို ဇြန္းဖ်ားေလးျဖင့္ စိတ္႐ွည္႐ွည္ထားၿပီး ဆယ္လို႔ရသမွ် ဆယ္ယူေပးလိုက္သည္။

႐ွင္သန္ခြင့္ရႏိုင္ေသးသည့္ အေကာင္က ဆက္ၿပီး ႐ွင္သန္ခြင့္ရႏိုင္ၾကေပဦးမည္။ ရမက္ေလာဘႀကီးႀကီးျဖင့္ ေကာ္ဖီအရည္ထဲ အတင္းခုန္ဆင္းၾကသည့္ အေကာင္ေတြကေတာ့ ေစာစီးစြာ ေသဆုံးကုန္ၾကေပၿပီ။ ကယ္တင္ခြင့္ မရႏိုင္ေတာ့ေပ။

ကြၽန္ေတာ္ ေကာ္ဖီႀကိဳက္သလို ပု႐ြက္ဆိတ္ေလးေတြလည္း ေကာ္ဖီႀကိဳက္ပုံရသည္။ ကြၽန္ေတာ္ ေကာ္ဖီေသာက္သည့္ အခါတိုင္း ပု႐ြက္ဆိတ္ေလးေတြက အနည္းႏွင့္အမ်ား ေသတတ္ၾကသည္။

ေကာ္ဖီကို အေအးခံထား ခ်ိန္မွာလည္း ေသသည္။ ကြၽန္ေတာ္ေသာက္ၿပီး၍ အကပ္က်န္ေနသည့္ ေကာ္ဖီရည္ နည္းနည္းေလးတြင္လည္း ေသေနတတ္သည္။

ေလာဘေၾကာင့္ ေသသည္လား၊ ေကာ္ဖီေၾကာင့္ ေသသည္လား။တရားကိုယ္ကိုယ္ေတာ့ ကြၽန္ေတာ္လည္း မေကာက္တတ္။ အစာေလာဘေၾကာင့္လည္း ေသႏိုင္သည္။ သမၼာအာဇီဝမ႐ွိဘဲ ထုတ္လုပ္ထားေသာ စားေသာက္ကုန္မ်ား ေၾကာင့္လည္း စားသုံးသူတို႔ ေသႏိုင္သည္။

မသိနားမလည္ျခင္းေတြ မ်ားလြန္းသျဖင့္လည္း ေသႏိုင္သည္။ ကြၽန္ေတာ္တို႔ ခ်င့္ခ်င့္ခ်ိန္ခ်ိန္ႏွင့္ ေနတတ္စားတတ္ပါမွ သက္ဆိုးတို႔ ႐ွည္ၾကပါလိမ့္မည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service