အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်မှာ ဘာကြောင့် နံပါတ်တူ ကား ၂ စီးရှိတာလဲ

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်မှာ ဘာကြောင့် နံပါတ်တူ ကား ၂ စီးရှိတာလဲ - Property Knowledge in Myanmar from iMyanmarHouse.com
26 Jul 2023 11:20 am တွင် တင်ခဲ့သည်
893 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် ဇူလိုင်လအစောပိုင်းက ဗြိတိန်နိုင်ငံသို့ လာရောက်ခဲ့ရာတွင် သူ၏ ကားတန်းလည်း ပါဝင်ခဲ့ရာ သူ၏ သဘာဝပတ်ဝန်းကျင် မူဝါဒနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။

သို့သော် နိုင်ငံရေးအကြောင်းရပ်များကို ဘေးဖယ်ထားပြီး သူ၏မော်တော်ကားအကြောင်းကိုသာ ပြောလိုပါသည်။

ဂျိုးဘိုင်ဒန်သည် လန်ဒန်မြို့ ၊ ဒေါင်းနင်းလမ်းရှိ ဗြိတိန်ဝန်ကြီးချုပ်ရုံးသို့ ဝန်ကြီးချုပ်ရီရှီဆူးနက်နှင့် ဆွေးနွေးရန် သူ၏ မော်တော်ယာဉ်တန်းနှင့်အတူ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ဒေါင်းနင်းလမ်း အမှတ်(၁၀) အဆောက်အအုံရှေ့တွင် ၈၀၀-၀၀၂ ဟူသော နံပါတ်တစ်မျိုးတည်းဖြင့် မော်တော်ကား ၂ စီးရှိနေသည်ကို တွေ့ခဲ့ကြရသည်။

ဂျိုးဘိုင်ဒန်၏ မော်တော်ယာဉ်တန်းတွင် ဗြိတိန်ဆိုင်ရာ အမေရိကန်သံအမတ်ကြီး Jane Hartley ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နှင့် ဂျိုးဘိုင်ဒန်၏ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် Jake Sullivan တို့လည်း လိုက်ပါလာခဲ့သည်။

ထိုကား ၂ စီးမှာ အမေရိကန်သမ္မတသာ စီးနင်းရသော သံချပ်ကာကား အမျိုးအစားဖြစ်ပြီး တစ်ပုံစံတည်း ဖြစ်ကြသည်။

သမ္မတစီးသောကားကို The Beast ဟုလည်းကောင်း၊ Cadillac One ဟုလည်းကောင်း၊ First Car ဟုလည်းကောင်း အမျိုးမျိုးခေါ်ကြပြီး Code name အနေဖြင့် Stagecoach ဟု ခေါ်သည်။

ကားတစ်စီးကို သမ္မတစီးနင်းပြီး အခြားတစ်စီးကို တည်ကြက်အဖြစ်လည်းကောင်း ၊ စက်ချို့ယွင်းချက်များတွင် အသုံးပြုရန် အရန်ယာဉ်အဖြစ်လည်းကောင်း ထားရှိခြင်း ဖြစ်သည်။

 

 

အဆိုပါ Cadillac ထုတ် Limousine များကို ၈ လက်မ (၂၀၀ မမ) အထူရှိသော ကျည်ကာနံရံများဖြင့် ကာရံထားပြီး အလူမီနီယံ၊ ကြွေ၊ စတီးတို့ဖြင့် ထုတ်လုပ်ထားသည်။

ပြတင်းပေါက်မှန်များမှာ ၅ လက်မ (၁၃၀ မမ) အထူရှိပြီး တံခါးတစ်ပေါက်စီ၏ အလေးချိန်မှာ ဘိုးအင်း ၇၅၇ ဂျက်လေယာဉ်မှတံခါး၏ အလေးချိန်ခန့်ရှိနိုင်သည်။

သမ္မတ၏ ကားသည် ဇီဝဓာတုလက်နက်များဖြင့် တိုက်ခိုက်မှုကို ကာကွယ်နိုင်စွမ်းရှိပြီး  ညကြည့်ကင်မရာများ တပ်ဆင်ထားသည့်အပြင် ကားဘီးပေါက်သွားချိန်တွင်လည်း မောင်းနှင်နိုင်စွမ်းရှိသည်။

ကားပေါ်တွင် သမ္မတဘိုင်ဒန်နှင့် သွေးအုပ်စုတူသော သွေးပုလင်းများ အသင့်ထားရှိသည်။

ထို့အပြင် သူ၏ကားတွင် ဂျိမ်းစ်ဘွန်းဇာတ်ကားများမှ မော်တော်ကားများအတိုင်း Feature များစုံလင်လှကာ smokescreen ၊ မျက်ရည်ယိုဓာတ်ငွေ့ ထုတ်လွှတ်ခြင်းနှင့် ကားအတွင်းသို့ ဝင်ရောက်ရန် ကြိုးစားသူများကို ဓာတ်လိုက်စေနိုင်သည့် တံခါးလက်ကိုင်များအပါအဝင် ဖြစ်သည်။

The Beast သည် ၂၀၁၃ ခုနှစ်အတွင်းက သမ္မတဘားရက်အိုဘားမား၏ အစ္စရေးနိုင်ငံခရီးစဉ်အတွင်း အိုဘားမား၏ ယာဉ်မောင်းက ဒီဇယ်ထည့်ရမည့်အစား ဓာတ်ဆီထည့်လိုက်သောကြောင့် ကားပျက်ခဲ့ဖူးသည်။

ထို့ကြောင့် အိုဘားမားက တဲလ်အဗစ်မြို့ရှိ တည်းခိုရာဟိုတယ်မှ လေဆိပ်သို့ ရဟတ်ယာဉ်ဖြင့် သွားခဲ့ရသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Why Joe Biden has two cars with the same number plate (telegraph)

 

 

 

[Zawgyi]

 

အေမရိကန္သမၼတ ဂ်ဳိးဘိုင္ဒန္မွာ ဘာေၾကာင့္ နံပါတ္တူ ကား ၂ စီးရွိတာလဲ

 

အေမရိကန္သမၼတ ဂ်ဳိးဘိုင္ဒန္သည္ ဇူလိုင္လအေစာပိုင္းက ျဗိတိန္ႏုိင္ငံသို႔ လာေရာက္ခဲ့ရာတြင္ သူ၏ ကားတန္းလည္း ပါဝင္ခဲ့ရာ သူ၏ သဘာဝပတ္ဝန္းက်င္ မူဝါဒႏွင့္ ဆန္႔က်င္ဘက္ျဖစ္ေနသည္။

သုိ႔ေသာ္ ႏိုင္ငံေရးအေၾကာင္းရပ္မ်ားကို ေဘးဖယ္ထားျပီး သူ၏ေမာ္ေတာ္ကားအေၾကာင္းကိုသာ ေျပာလိုပါသည္။

ဂ်ိဳးဘိုင္ဒန္သည္ လန္ဒန္ၿမိဳ႕ ၊ ေဒါင္းနင္းလမ္း႐ွိ ၿဗိတိန္ဝန္ႀကီးခ်ဳပ္႐ုံးသို႔ ဝန္ႀကီးခ်ဳပ္ရီ႐ွီဆူးနက္ႏွင့္ ေဆြးေႏြးရန္ သူ၏ ေမာ္ေတာ္ယာဥ္တန္းႏွင့္အတူ ေရာက္႐ွိလာခဲ့ျခင္း ျဖစ္သည္။

ေဒါင္းနင္းလမ္း အမွတ္(၁၀) အေဆာက္အအံုေရွ႕တြင္ ၈၀၀-၀၀၂ ဟူေသာ နံပါတ္တစ္မ်ဳိးတည္းျဖင့္ ေမာ္ေတာ္ကား ၂ စီးရွိေနသည္ကို ေတြ႔ခဲ့ၾကရသည္။

ဂ်ဳိးဘိုင္ဒန္၏ ေမာ္ေတာ္ယာဥ္တန္းတြင္ ျဗိတိန္ဆုိင္ရာ အေမရိကန္သံအမတ္ၾကီး Jane Hartley ၊ အေမရိကန္ႏိုင္ငံျခားေရးဝန္ၾကီး Antony Blinken ႏွင့္ ဂ်ဳိးဘိုင္ဒန္၏ အမ်ဳိးသားလံုျခံဳေရးအၾကံေပးပုဂၢိဳလ္ Jake Sullivan တို႔လည္း လုိက္ပါလာခဲ့သည္။

ထိုကား ၂ စီးမွာ အေမရိကန္သမၼတသာ စီးနင္းရေသာ သံခ်ပ္ကာကား အမ်ဳိးအစားျဖစ္ျပီး တစ္ပံုစံတည္း ျဖစ္ၾကသည္။

သမၼတစီးေသာကားကို The Beast ဟုလည္းေကာင္း၊ Cadillac One ဟုလည္းေကာင္း၊ First Car ဟုလည္းေကာင္း အမ်ဳိးမ်ဳိးေခၚၾကျပီး Code name အေနျဖင့္ Stagecoach ဟု ေခၚသည္။

ကားတစ္စီးကို သမၼတစီးနင္းျပီး အျခားတစ္စီးကို တည္ၾကက္အျဖစ္လည္းေကာင္း ၊ စက္ခ်ဳိ႕ယြင္းခ်က္မ်ားတြင္ အသံုးျပဳရန္ အရန္ယာဥ္အျဖစ္လည္းေကာင္း ထားရွိျခင္း ျဖစ္သည္။

အဆိုပါ Cadillac ထုတ္ Limousine မ်ားကို ၈ လက္မ (၂၀၀ မမ) အထူရွိေသာ က်ည္ကာနံရံမ်ားျဖင့္ ကာရံထားျပီး အလူမီနီယံ၊ ေၾကြ၊ စတီးတို႔ျဖင့္ ထုတ္လုပ္ထားသည္။

ျပတင္းေပါက္မွန္မ်ားမွာ ၅ လက္မ (၁၃၀ မမ) အထူရွိျပီး တံခါးတစ္ေပါက္စီ၏ အေလးခ်ိန္မွာ ဘိုးအင္း ၇၅၇ ဂ်က္ေလယာဥ္မွတံခါး၏ အေလးခ်ိန္ခန္႔ရွိႏိုင္သည္။

သမၼတ၏ ကားသည္ ဇီဝဓာတုလက္နက္မ်ားျဖင့္ တိုက္ခိုက္မႈကို ကာကြယ္ႏိုင္စြမ္း႐ွိၿပီး  ညၾကည့္ကင္မရာမ်ား တပ္ဆင္ထားသည့္အျပင္ ကားဘီးေပါက္သြားခ်ိန္တြင္လည္း ေမာင္းႏွင္ႏိုင္စြမ္း႐ွိသည္။

ကားေပၚတြင္ သမၼတဘိုင္ဒန္ႏွင့္ ေသြးအုပ္စုတူေသာ ေသြးပုလင္းမ်ား အသင့္ထားရွိသည္။

ထို႔အျပင္ သူ၏ကားတြင္ ဂ်ိမ္းစ္ဘြန္းဇာတ္ကားမ်ားမွ ေမာ္ေတာ္ကားမ်ားအတုိင္း Feature မ်ားစံုလင္လွကာ smokescreen ၊ မ်က္ရည္ယိုဓာတ္ေငြ႔ ထုတ္လႊတ္ျခင္းႏွင့္ ကားအတြင္းသို႔ ဝင္ေရာက္ရန္ ၾကိဳးစားသူမ်ားကို ဓာတ္လုိက္ေစႏိုင္သည့္ တံခါးလက္ကိုင္မ်ားအပါအဝင္ ျဖစ္သည္။

The Beast သည္ ၂၀၁၃ ခုႏွစ္အတြင္းက သမၼတဘားရက္အိုဘားမား၏ အစၥေရးႏိုင္ငံခရီးစဥ္အတြင္း အိုဘားမား၏ ယာဥ္ေမာင္းက ဒီဇယ္ထည့္ရမည့္အစား ဓာတ္ဆီထည့္လိုက္ေသာေၾကာင့္ ကားပ်က္ခဲ့ဖူးသည္။

ထို႔ေၾကာင့္ အိုဘားမားက တဲလ္အဗစ္ျမဳိ႕ရွိ တည္းခိုရာဟိုတယ္မွ ေလဆိပ္သို႔ ရဟတ္ယာဥ္ျဖင့္ သြားခဲ့ရသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Why Joe Biden has two cars with the same number plate (telegraph)

 

 

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service