အင်္ဂလန်ဝန်ကြီးချုပ် ရီရှီဆူးနက်က Volkswagen ကားသာစီးကြောင်း ပြောသော်လည်း ပေါင် ၉၄၀၀၀ တန် Range Rover ကားအပြင် တန်ဖိုးကြီး Lexus နှင့် BMW ကားများလည်း ပိုင်ဆိုင်ထားကြောင်း ပေါ်ပေါက်လာ

အင်္ဂလန်ဝန်ကြီးချုပ် ရီရှီဆူးနက်က Volkswagen ကားသာစီးကြောင်း ပြောသော်လည်း ပေါင် ၉၄၀၀၀ တန် Range Rover ကားအပြင် တန်ဖိုးကြီး Lexus နှင့် BMW ကားများလည်း ပိုင်ဆိုင်ထားကြောင်း ပေါ်ပေါက်လာ - Property Knowledge in Myanmar from iMyanmarHouse.com
24 Jul 2023 11:16 am တွင် တင်ခဲ့သည်
649 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

 

အင်္ဂလန်ဝန်ကြီးချုပ် ရီရှီဆူးနက်က ၎င်းတို့မိသားစုမှာ Volkswagen Golf ကားသာစီးကြောင်း ပြောသော်လည်း ကား ၄ စီး ပေါ်ပေါက်လာခဲ့ရာ ပိုင်ဆိုင်မှုများကို ထုတ်ဖော်ကြေညာခြင်း မရှိကြောင်း စွပ်စွဲခံခဲ့ရသည်။

သတင်းရင်းမြစ်များက The Mirror သတင်းဌာနသို့ ပြောသည်မှာ ရီရှီဆူးနက်သည် စုစုပေါင်း ကား ၄ စီးပိုင်ဆိုင်ထားကြောင်း ၊ ၎င်းပိုင်ဆိုင်ထားသော ကားများအနက် Volkswagen Golf မှာ ဈေးအနည်းဆုံး ဖြစ်ကြောင်း ပြောသည်။

ရီရှီဆူးနက်သည် အဆင့်မြင့် Range Rover ကားအပြင် တန်ဖိုးကြီး Lexus နှင့် BMW ကားများလည်း ပိုင်ဆိုင်ထားကြောင်း ပေါ်ပေါက်လာပြီး အဆိုပါကားများမှာ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတို့ရှိ ရီရှီဆူးနက်ပိုင်ဆိုင်သော စံအိမ်များတွင် ဖြန့်ကျက်ထားရှိသည်။

ရီရှီဆူးနက်နှင့် မိသားစုသည် လန်ဒန်မြို့တစ်ဝန်း သွားလာရာတွင် Volkswagen Golf မော်တော်ကားကို အသုံးပြုသည်ဟု ဆိုသည်။

သတင်းရင်းမြစ်များက ပြောသည်မှာ ရီရှီဆူးနက်သည် အဆင့်မြင့် Range Rover ကားတစ်စီးလည်း ပိုင်ဆိုင်ထားပြီး ထိုကားအသစ်တစ်စီး၏ ဈေးနှုန်းမှာ ပေါင် ၉၄၀၀၀ ခန့်မှ စသည်ဟုဆိုသည်။

 

ရီရှီဆူးနက်က Range Rover ကားကို သူ၏ မြောက်ယော့ခ်ရှိုင်းယား မဲဆန္ဒနယ်ရှိ နေအိမ်တွင် ထားရှိအသုံးပြုသည်ဟု သတင်းရင်းမြစ်တို့က ဆိုသည်။

ထို့အပြင် ရီရှီဆူးနက်သည် အခြား ကား ၂ စီးလည်း ပိုင်ဆိုင်ထားသေးရာ တန်ဖိုးကြီး Lexus တစ်စီးနှင့် BMW ကားတစ်စီးတို့ဖြစ်ပြီး အမေရိကန်ပြည်၊ ဆန်တာမိုနီကာရှိ တန်ဖိုးကြီး စံအိမ်တွင် ထားရှိသည်ဟု သတင်းရင်းမြစ်တို့က ပြောသည်။

Lexus ကား အသစ်တစ်စီး၏ ဈေးနှုန်းမှာ ပေါင် ၅၀၀၀၀ မှ ၈၀၀၀၀ ကြားရှိပြီး BMW မှာ ပေါင် ၃၀၀၀၀ ခန့်မှ စသည်။

 

(ရီရှီဆူးနက်က Volkswagen ကားသာစီးကြောင်း ပြောသော်လည်း တန်ဖိုးကြီး မော်တော်ကား ၄ စင်းပိုင်ဆိုင် ထားကြောင်း ပေါ်ပေါက်လာသည်)

 

(Volkswagen Golf ကားသည် နောက်ဖုံးဖွင့် ဈေးနည်းပါးသော ကားအမျိုးအစားဖြစ်ပြီး လန်ဒန်မြို့တစ်ဝန်းတွင် မကြာခဏတွေ့ရနိုင်သည်။)

 

(ရီရှီဆူးနက်သည် ပုံတွင်ဖော်ပြထားသော Range Rover ကားအပြင် တန်ဖိုးကြီး Lexus နှင့် BMW တို့လည်း ပိုင်ဆိုင်ထားသည်)

 

(ရီရှီဆူးနက်သည် ပြီးခဲ့သောနှစ်အတွင်း လောင်စာဆီကို အကောက်ခွန် ၅ ပဲနိလျှော့ချပေးခဲ့ချိန်အတွင်း Sainbury’s စူပါမာ့ကက်မှ ဝန်ထမ်းတစ်ဦး၏ ပေါင် ၁၂၀၀၀ တန်ကားကို ယူဆောင်ကာ ပေါင် ၃၀ ဖိုး ဆီထည့်ပေးခဲ့ဖူးသည်။)

 

ရီရှီဆူးနက်သည် ပြီးခဲ့သောနှစ်အတွင်း Spring Statement ဟုခေါ်သော နွေဦးဘတ်ဂျက်ကို လွှတ်တော်သို့ တင်သွင်းခဲ့ချိန်တွင် သူ့မိသားစုစီးနင်းသည့်ကားမှာ VW Golf မော်တော်ကားဖြစ်ကြောင်း လွှတ်တော်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဘဏ္ဍာရေးကော်မတီဝင် Siobhan McDonagh က ရီရှီဆူးနက်အား KIA Rio မော်တော်ကားပိုင်ဆိုင်သလားဟု မေးမြန်းရာ ရီရှီဆူးနက်က “ကျွန်တော်တို့မှာ Golf တစ်စီးရှိပါတယ်”ဟု ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်ပါသည်။

 

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: EXCLUSIVE: Millionaire Rishi Sunak actually own s FOUR CARS after claiming family drive a Golf (mirror)

 

 

[Zawgyi]

 

 

အဂၤလန္ဝန္ၾကီးခ်ဳပ္ ရီရွီဆူးနက္က Volkswagen ကားသာစီးေၾကာင္း ေျပာေသာ္လည္း ေပါင္ ၉၄၀၀၀ တန္ Range Rover ကားအျပင္ တန္ဖုိးၾကီး Lexus ႏွင့္ BMW ကားမ်ားလည္း ပိုင္ဆိုင္ထားေၾကာင္း ေပၚေပါက္လာ

 

အဂၤလန္ဝန္ၾကီးခ်ဳပ္ ရီရွီဆူးနက္က ၎တို႔မိသားစုမွာ Volkswagen Golf ကားသာစီးေၾကာင္း ေျပာေသာ္လည္း ကား ၄ စီး ေပၚေပါက္လာခဲ့ရာ ပိုင္ဆုိင္မႈမ်ားကို ထုတ္ေဖာ္ေၾကညာျခင္း မရွိေၾကာင္း စြပ္စြဲခံခဲ့ရသည္။

သတင္းရင္းျမစ္မ်ားက The Mirror သတင္းဌာနသုိ႔ ေျပာသည္မွာ ရီရွီဆူးနက္သည္ စုစုေပါင္း ကား ၄ စီးပိုင္ဆိုင္ထားေၾကာင္း ၊ ၎ပိုင္ဆိုင္ထားေသာ ကားမ်ားအနက္ Volkswagen Golf မွာ ေစ်းအနည္းဆံုး ျဖစ္ေၾကာင္း ေျပာသည္။

ရီရွီဆူးနက္သည္ အဆင့္ျမင့္ Range Rover ကားအျပင္ တန္ဖုိးၾကီး Lexus ႏွင့္ BMW ကားမ်ားလည္း ပိုင္ဆုိင္ထားေၾကာင္း ေပၚေပါက္လာျပီး အဆိုပါကားမ်ားမွာ ျဗိတိန္ႏွင့္ အေမရိကန္ျပည္ေထာင္စုတို႔ရွိ ရီရွီဆူးနက္ပိုင္ဆိုင္ေသာ စံအိမ္မ်ားတြင္ ျဖန္႔က်က္ထားရွိသည္။

ရီရွီဆူးနက္ႏွင့္ မိသားစုသည္ လန္ဒန္ျမိဳ႕တစ္ဝန္း သြားလာရာတြင္ Volkswagen Golf ေမာ္ေတာ္ကားကို အသံုးျပဳသည္ဟု ဆိုသည္။

သတင္းရင္းျမစ္မ်ားက ေျပာသည္မွာ ရီရွီဆူးနက္သည္ အဆင့္ျမင့္ Range Rover ကားတစ္စီးလည္း ပိုင္ဆုိင္ထားျပီး ထုိကားအသစ္တစ္စီး၏ ေစ်းႏႈန္းမွာ ေပါင္ ၉၄၀၀၀ ခန္႔မွ စသည္ဟုဆုိသည္။

ရီရွီဆူးနက္က Range Rover ကားကို သူ၏ ေျမာက္ေယာ့ခ္ရိႈင္းယား မဲဆႏၵနယ္ရွိ ေနအိမ္တြင္ ထားရွိအသံုးျပဳသည္ဟု သတင္းရင္းျမစ္တို႔က ဆိုသည္။

ထို႔အျပင္ ရီရီွဆူးနက္သည္ အျခား ကား ၂ စီးလည္း ပိုင္ဆိုင္ထားေသးရာ တန္ဖိုးၾကီး Lexus တစ္စီးႏွင့္ BMW ကားတစ္စီးတို႔ျဖစ္ျပီး အေမရိကန္ျပည္၊ ဆန္တာမိုနီကာရွိ တန္ဖိုးၾကီး စံအိမ္တြင္ ထားရွိသည္ဟု သတင္းရင္းျမစ္တို႔က ေျပာသည္။

Lexus ကား အသစ္တစ္စီး၏ ေစ်းႏႈန္းမွာ ေပါင္ ၅၀၀၀၀ မွ ၈၀၀၀၀ ၾကားရွိျပီး BMW မွာ ေပါင္ ၃၀၀၀၀ ခန္႔မွ စသည္။

 

(ရီရွီဆူးနက္က Volkswagen ကားသာစီးေၾကာင္း ေျပာေသာ္လည္း တန္ဖိုးၾကီး ေမာ္ေတာ္ကား ၄ စင္းပိုင္ဆိုင္ ထားေၾကာင္း ေပၚေပါက္လာသည္)

(Volkswagen Golf ကားသည္ ေနာက္ဖံုးဖြင့္ ေစ်းနည္းပါးေသာ ကားအမ်ဳိးအစားျဖစ္ျပီး လန္ဒန္ျမိဳ႕တစ္ဝန္းတြင္ မၾကာခဏေတြ႔ရႏိုင္သည္။)

(ရီရွီဆူးနက္သည္ ပံုတြင္ေဖာ္ျပထားေသာ Range Rover ကားအျပင္ တန္ဖိုးၾကီး Lexus ႏွင့္ BMW တို႔လည္း ပိုင္ဆိုင္ထားသည္)

(ရီရွီဆူးနက္သည္ ျပီးခဲ့ေသာႏွစ္အတြင္း ေလာင္စာဆီကို အေကာက္ခြန္ ၅ ပဲနိေလွ်ာ့ခ်ေပးခဲ့ခ်ိန္အတြင္း Sainbury’s စူပါမာ့ကက္မွ ဝန္ထမ္းတစ္ဦး၏ ေပါင္ ၁၂၀၀၀ တန္ကားကို ယူေဆာင္ကာ ေပါင္ ၃၀ ဖိုး ဆီထည့္ေပးခဲ့ဖူးသည္။)

 

ရီရွီဆူးနက္သည္ ျပီးခဲ့ေသာႏွစ္အတြင္း Spring Statement ဟုေခၚေသာ ေႏြဦးဘတ္ဂ်က္ကို လႊတ္ေတာ္သို႔ တင္သြင္းခဲ့ခ်ိန္တြင္ သူ႔မိသားစုစီးနင္းသည့္ကားမွာ VW Golf ေမာ္ေတာ္ကားျဖစ္ေၾကာင္း လႊတ္ေတာ္တြင္ ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

ဘ႑ာေရးေကာ္မတီဝင္ Siobhan McDonagh က ရီရွီဆူးနက္အား KIA Rio ေမာ္ေတာ္ကားပိုင္ဆုိင္သလားဟု ေမးျမန္းရာ ရီရွီဆူးနက္က “ကၽြန္ေတာ္တို႔မွာ Golf တစ္စီးရွိပါတယ္”ဟု ျပန္လည္ေျဖၾကားခဲ့ျခင္း ျဖစ္ပါသည္။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: EXCLUSIVE: Millionaire Rishi Sunak actually own s FOUR CARS after claiming family drive a Golf (mirror)

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service