ကုန်စည်များ လွှဲပြောင်းရောင်းချခြင်းနှင့် စပ်လျဉ်း၍ ရောင်းသူဝယ်သူ သိရှိလိုက်နာထားသင့်သည့် အချက်အလက်များကို ရေးသားဖော်ပြပေးလိုက်တယ်။
ကုန်စည်များ လွှဲပြောင်းရောင်းချခြင်းနှင့် စပ်လျဉ်း၍ ရောင်းသူဝယ်သူ သိရှိလိုက်နာထားသင့်သည့် အချက်အလက်များကို ရေးသားဖော်ပြပေးလိုက်တယ်။ - Property Knowledge in Myanmar from iMyanmarHouse.com
23 Jul 2023 3:25 pm တွင် တင်ခဲ့သည်
536 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
ကုန်စည်ဆိုသည်မှာ ရွှေ့ပြောင်းလွှဲပြောင်းနိုင်သောအရာများကို ဆိုလိုခြင်းဖြစ်ပြီး မြေတွင် ပေါက်ရောက်နေသော သီးနှံများလဲပါဝင်သည်။ကုန်စည်တစ်ခုကို လွှဲပြောင်းရောင်းချရာတွင် ရောင်းချသူမှာ ကုန်စည်များရှိကြောင်းဝန်ခံချက် သဘောသက်ရောက်ပြီးဖြစ်ပါသည်။ကုန်စည်ရောင်းချရန် ပဋိဉာဉ်ပြုလုပ်ပြီး ပါက ရောင်းချသူသည် ကုန်စည် ပိုင်ဆိုင်ခွင့်ကို လွှဲပြောင်းပေးအပ်ရန် တာဝန်ဝတ္တရားလဲ ရှိပါသည်။
ကုန်စည်များအပေါ်တွင်  အနာဂတ် ကုန်စည်၊ သီးခြားကုန်စည်ဟူ၍ ခွဲခြားသတ်မှတ်နိုင်ပြီး အမျိုးအစားတူညီသော ကုန်စည်များရောင်းချပါက သီးခြားကုန်စည်ကို ရောင်းချခြင်းမဟုတ်ပါ။အနာဂတ် ကုန်စည် ဆိုသည်မှာ ရောင်းချခြင်း ပဋိဉာဉ်ပြုလုပ်ပြီးမှ ရောင်းချသူမှ ကုန်စည်အား ထုတ်လုပ်မည်၊ ပြုလုပ်မည်၊ ရရှိမည့်ကုန်ကို ဆိုလိုပါသည်။ထို့ပြင် နမူနာပြသ၍ ရောင်းချသော ကုန်ပစ္စည်းဖြစ်ပါက အမှန်တကယ် ရောင်းချသော ကုန်စည်မှာ နမူနာ နှင့်တူညီသော အရည်အသွေးရှိရန် လိုအပ်ပါသည်။
ပဋိဉာဉ်ပြုလုပ်ပြီးဖြစ်ပါက ပဋိဉာဉ်မဖောက်ဖျက်သူက ပဋိဉာဉ်ကို ငြင်းပယ်ခြင်း (သို့) နစ်နာ ကြေးများ တောင်းဆိုခွင့်ရှိသည်။ ပဋိဉာဉ်အရ ရောင်းချသူမှ ကုန်ပစ္စည်းအား လွှဲပြောင်းပေးအပ်ပြီးချိန်တွင် ဝယ်ယူသူမှ ကုန်ဖိုးငွေအား ပေးချေရန် ငြင်းဆန်ပါက ဝယ်ယူသူအား ပဋိဉာဉ်ကိုဖောက်ဖျက်မှုဖြင့် တရားစွဲဆို နိုင်သည်။ ထို့ပြင် ဝယ်ယူသူမှ ကုန်ပစ္စည်းအား လက်ခံရယူရန် ငြင်းဆန်ပါက ရောင်းချသူက နစ်နာမှုအတွက် တရားစွဲဆို တောင်းယူနိုင်သည်။
ရောင်းချသူမှ ပဋိဉာဉ်ပါသတ်မှတ်ရက်များအတွင်း ကုန်ပစ္စည်းပေးအပ်ရန် ပျက်ကွက်ခြင်းမှာ ရောင်းချသူမှာ စာချုပ်ပါ သတ်မှတ်ချက်ကို ဖောက်ဖျက်ခြင်းဖြစ်သဖြင့် ဝယ်ယူသူမှ အရောင်းအဝယ်ကို ဖျက်သိမ်းကြောင်း နို့တစ်ပေးပို့ကာ ဖျက်သိမ်းနိုင်သည်။ထို့ပြင်သတ်မှတ်ထားသည် ကုန်ပစ္စည်းအတိုင်း အရည် အသွေးမတူညီပါက ဝယ်ယူသူမှ အရောင်းအဝယ်အား ဖျက်သိမ်းနိုင်သည်။
လစဉ်ငွေပေးချေစနစ်ဖြင့် အရောင်းအဝယ်ပြုလုပ်ခြင်းတွင် ဝယ်ယူသူမှာ သတ်မှတ်ရက်အတွင်း ငွေပေးသွင်းရန် နောက်ကျနေပါက ရောင်းချသူမှ နောက်ကျကြေးအနေဖြင့် လျော်ကြေးရထိုက်ခွင့်ရှိသည်။ ပျက်စီးလွယ်သော ကုန်ပစ္စည်းအမျိုးအစားဖြစ်ပါက ရောင်းချသူမှာ ဝယ်ယူသူငွေပေးသွင်းရန် ပျက်ကွက်သည်နှင့်တပြိုင်နက် အခြားသူတစ်ဦးအား လွှဲပြောင်းရောင်းချခွင့်ရှိပါသည်။
အရောင်းအဝယ်ပြုလုပ်ရာတွင် အနာဂတ်ကုန်စည်၊ သီးခြားကုန်စည်များအား အမျိုးအစား၊ အမျိုးအမည် အသေးစိတ်တိတိကျကျဖော်ပြရန်လိုအပ်သည်။ အမျိုးအစား၊အမျိုးအမည် မသိရှိရသေးသော၊ မခွဲခြားနိုင်သေးသော ကုန်ပစ္စည်းများတွင် ရောင်းချရန် ပဋိဉာဉ်သည် ပဋိဉာဉ်ဖြစ်မလာသေးဘဲ ကတိပြုချက်ပင်ဖြစ်သည်။ထို့ကြောင့် ပဋိဉာဉ်တစ်ခု ပြုလုပ်မည်ဆိုပါက ကုန်စည်အမျိုးအစားကို အတိအကျ ဖော်ပြမှသာ ပဋိဉာဉ်အထမြောက်မည်ဖြစ်ပြီး အသေးစိတ်မဖော်ပြပါက နစ်နာသူမှာ ဝယ်ယူသူပင်ဖြစ်ကြောင်း ဖော်ပြ ရေးသားလိုက်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
 [Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
MIngalardon Garden City
Magical World
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service