ကယ်လီဖိုးနီးယားပြည်နယ် လမ်းများပေါ်တွင် မိုးပျံကားများ စမ်းသပ်မောင်းနှင်လျက်ရှိ

ကယ်လီဖိုးနီးယားပြည်နယ် လမ်းများပေါ်တွင် မိုးပျံကားများ စမ်းသပ်မောင်းနှင်လျက်ရှိ - Property Knowledge in Myanmar from iMyanmarHouse.com
20 Jul 2023 10:10 am တွင် တင်ခဲ့သည်
747 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

 

အမေရိကန်ပြည်တွင် ကမ္ဘာ့ပထမဆုံး မိုးပျံကားများကို Preorder ဖြင့် ကုမ္ပဏီတစ်ခုမှ ရောင်းချပေးလျက် ရှိသည့် သတင်းများ ပေါ်ပေါက်လာပြီး မကြာမီတွင်ပင် အခြားကုမ္ပဏီတစ်ခု၏ မိုးပျံကားများလည်း စမ်းသပ်မောင်းနှင်ရန် ခွင့်ပြုချက် ရရှိလာခဲ့ပြန်သည်။

ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် ASKA ကုမ္ပဏီသည် လူ ၄ ဦးလိုက်ပါနိုင်သော မိုးပျံကား စမ်းသပ် မောင်းနှင်ရန်အတွက် ပြည်ထောင်စုလေကြောင်း ကွပ်ကဲရေးဌာန (FAA) ထံမှ စမ်းသပ်မောင်းနှင်ခွင့် လက်မှတ် (Special Airworthiness Certification )ရရှိခဲ့သည်။

အဆိုပါ မိုးပျံကားကို လမ်းပေါ်တွင် မောင်းနှင်နိုင်စွမ်းရှိရန် ဒီဇိုင်းရေးဆွဲထားပြီး မြေပြင်တွင် မောင်းနှင်ချိန် အတွင်း ကြီးမားသော တောင်ပံများနှင့် ပန်ကာများကို ခေါက်သိမ်းကာ အမိုးပေါ်တွင် ထားရှိရန် ဒီဇိုင်း ရေးဆွဲထားခြင်း ဖြစ်သည်။

အဆိုပါ ကုမ္ပဏီက အရွယ်အစားငယ်သေးငယ်သော နမူနာမိုးပျံကားများကို ၂၀၁၈ ခုနှစ်တွင် စတင်စမ်းသပ် ခဲ့ပြီး ယခုအခါ စမ်းသပ်ပျံသန်းမှုများ ပြုလုပ်ရန်အတွက် နမူနာအရွယ်အစားထက် ပိုမိုကြီးမားသော မိုးပျံကား ထုတ်လုပ်စမ်းသပ်ရန် ခွင့်ပြုချက်ရရှိလာခြင်း ဖြစ်သည်။

SUV အရွယ်အစားရှိ မိုးပျံကားကို ယခုနှစ် ဇန်နဝါရီလတွင် လာ့စ်ဗီးဂပ်စ်မြို့တွင် ကျင်းပခဲ့သော Consumer Electronics Show တွင် ပထမဦးဆုံး ပြသခဲ့သည်။

 

ယင်းနောက်ပိုင်း ဆီလီကွန်တောင်ကြားရှိ လမ်းများပေါ်တွင် စမ်းသပ်မောင်းနှင်နေခဲ့ပြီး ယခုအခါ မကြာသေးမီက ရရှိခဲ့သော အမှန်တကယ်စီးနင်းနိုင်သော အရွယ်အစားရှိ မိုးပျံကားကို စမ်းသပ်မောင်းနှင်ခြင်း အချက်အလက်စုဆောင်းခြင်းများ ပြုလုပ်လျက်ရှိသည်။

FAA ထံမှ ခွင့်ပြုချက်လက်မှတ်ရရှိခဲ့ခြင်းနှင့် စပ်လျဉ်းပြီး ASKA ၏ ဥက္ကဌ ၊ ဘဏ္ဍာရေးအရာရှိချုပ် ဖြစ်သူ Maki Kaplinsky က ပြောသည်မှာ “စမ်းသပ်မောင်းနှင်ခွင့် ရရှိလာတဲ့အပေါ် ကျွန်မတို့ အလွန်စိတ်လှုပ်ရှားမိပါတယ်။ ကျွန်မတို့ရဲ့ G-1 အမျိုးအစား မိုးပျံကားအတွက် အချက်အလက်တွေ စုဆောင်းနေပြီး နောက်ထပ်မှတ်တိုင် စိုက်ထူနိုင်ဖို့ ကောင်းမွန်တဲ့ တိုးတက်မှုတွေ ရရှိနေပါတယ်”ဟု ပြောသည်။

အဆိုပါ မိုးပျံကားသည် FAA ထံမှ Type Certification Validation ရရှိရန်အတွက် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ စံနှုန်းများနှင့် လေကြောင်းပျံသန်းမှု စံနှုန်းများ ကိုက်ညီစေရန် ကာလကြာရှည် စမ်းသပ်မှုများ ပြုလုပ်ရဦးမည့်အပြင် ခွင့်ပြုချက် အတည်ပြုခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ ဖြတ်သန်းရဦးမည် ဖြစ်သည်။

အခြားသော eVTOLs နှင့် ကွဲပြားသည့်အချက်မှာ ASKA ၏ နမူနာ မိုးပျံကားတွင် ခေါက်သိမ်းနိုင်သော တောင်ပံများ ပါဝင်ခြင်း ဖြစ်သည်။ ထို့အပြင် အရေးပေါ်အခြေအနေမျိုးတွင် အသုံးပြုရန်အတွက် ပဲ့ထိန်းလေထီးလည်း ပါဝင်သည်။

 

အမြန်နှုန်းအားဖြင့် တစ်နာရီလျှင် ၁၂၅ မိုင် မောင်းနှင်နိုင်ရန် ဒီဇိုင်းရေးဆွဲထားပြီး ပျံသန်းနိုင်မည့် ခရီးမှာ မိုင် ၂၅၀ ဖြစ်သည်။

ထို့အပြင် FAA က သတ်မှတ်ထားသော မိနစ် ၃၀ အရန် Power ပေးရန် သမားရိုးကျ လောင်စာ အင်ဂျင် တစ်ခုလည်း ပါဝင်သည်။

ဒေါင်လိုက်ပျံတက်နိုင်သော ယခုယာဉ်ကို အသုံးပြုမည့်သူတို့သည် လေယာဉ်မှူးလိုင်စင်ရှိရန် လိုအပ်ကြောင်း ၊ လေယာဉ်မှူးအပြင် ခရီးသည် ၃ ဦး လိုက်ပါစီးနှင်းနိုင်ကြောင်း ကုမ္ပဏီက အတည်ပြုသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Meet ASKA: The Flying Car Currently Driving on California Streets (simpleflying)

 

 

 

 

[Zawgyi]

 

ကယ္လီဖိုးနီးယားျပည္နယ္ လမ္းမ်ားေပၚတြင္ မိုးပ်ံကားမ်ား စမ္းသပ္ေမာင္းႏွင္လ်က္ရွိ

 

အေမရိကန္ျပည္တြင္ ကမၻာ့ပထမဆံုး မိုးပ်ံကားမ်ားကို Preorder ျဖင့္ ကုမၸဏီတစ္ခုမွ ေရာင္းခ်ေပးလ်က္ ရွိသည့္ သတင္းမ်ား ေပၚေပါက္လာျပီး မၾကာမီတြင္ပင္ အျခားကုမၸဏီတစ္ခု၏ မိုးပ်ံကားမ်ားလည္း စမ္းသပ္ေမာင္းႏွင္ရန္ ခြင့္ျပဳခ်က္ ရရွိလာခဲ့ျပန္သည္။

ကယ္လီဖိုးနီးယားျပည္နယ္ အေျခစိုက္ ASKA ကုမၸဏီသည္ လူ ၄ ဦးလုိက္ပါႏိုင္ေသာ မိုးပ်ံကား စမ္းသပ္ ေမာင္းႏွင္ရန္အတြက္ ျပည္ေထာင္စုေလေၾကာင္း ကြပ္ကဲေရးဌာန (FAA) ထံမွ စမ္းသပ္ေမာင္းႏွင္ခြင့္ လက္မွတ္ (Special Airworthiness Certification )ရရွိခဲ့သည္။

အဆိုပါ မိုးပ်ံကားကို လမ္းေပၚတြင္ ေမာင္းႏွင္ႏိုင္စြမ္းရွိရန္ ဒီဇိုင္းေရးဆြဲထားျပီး ေျမျပင္တြင္ ေမာင္းႏွင္ခ်ိန္ အတြင္း ၾကီးမားေသာ ေတာင္ပံမ်ားႏွင့္ ပန္ကာမ်ားကို ေခါက္သိမ္းကာ အမိုးေပၚတြင္ ထားရွိရန္ ဒီဇိုင္း ေရးဆြဲထားျခင္း ျဖစ္သည္။

အဆုိပါ ကုမၸဏီက အရြယ္အစားငယ္ေသးငယ္ေသာ နမူနာမိုးပ်ံကားမ်ားကို ၂၀၁၈ ခုႏွစ္တြင္ စတင္စမ္းသပ္ ခဲ့ျပီး ယခုအခါ စမ္းသပ္ပ်ံသန္းမႈမ်ား ျပဳလုပ္ရန္အတြက္ နမူနာအရြယ္အစားထက္ ပိုမိုၾကီးမားေသာ မိုးပ်ံကား ထုတ္လုပ္စမ္းသပ္ရန္ ခြင့္ျပဳခ်က္ရရွိလာျခင္း ျဖစ္သည္။

SUV အရြယ္အစားရွိ မိုးပ်ံကားကို ယခုႏွစ္ ဇန္နဝါရီလတြင္ လာ့စ္ဗီးဂပ္စ္ျမဳိ႕တြင္ က်င္းပခဲ့ေသာ Consumer Electronics Show တြင္ ပထမဦးဆံုး ျပသခဲ့သည္။

ယင္းေနာက္ပိုင္း ဆီလီကြန္ေတာင္ၾကားရွိ လမ္းမ်ားေပၚတြင္ စမ္းသပ္ေမာင္းႏွင္ေနခဲ့ျပီး ယခုအခါ မၾကာေသးမီက ရရွိခဲ့ေသာ အမွန္တကယ္စီးနင္းႏိုင္ေသာ အရြယ္အစားရွိ မိုးပ်ံကားကို စမ္းသပ္ေမာင္းႏွင္ျခင္း အခ်က္အလက္စုေဆာင္းျခင္းမ်ား ျပဳလုပ္လ်က္ရွိသည္။

FAA ထံမွ ခြင့္ျပဳခ်က္လက္မွတ္ရရွိခဲ့ျခင္းႏွင့္ စပ္လ်ဥ္းျပီး ASKA ၏ ဥကၠဌ ၊ ဘ႑ာေရးအရာရွိခ်ဳပ္ ျဖစ္သူ Maki Kaplinsky က ေျပာသည္မွာ “စမ္းသပ္ေမာင္းႏွင္ခြင့္ ရရွိလာတဲ့အေပၚ ကၽြန္မတို႔ အလြန္စိတ္လႈပ္ရွားမိပါတယ္။ ကၽြန္မတို႔ရဲ႕ G-1 အမ်ဳိးအစား မိုးပ်ံကားအတြက္ အခ်က္အလက္ေတြ စုေဆာင္းေနျပီး ေနာက္ထပ္မွတ္တုိင္ စိုက္ထူႏိုင္ဖို႔ ေကာင္းမြန္တဲ့ တုိးတက္မႈေတြ ရရွိေနပါတယ္”ဟု ေျပာသည္။

အဆိုပါ မိုးပ်ံကားသည္ FAA ထံမွ Type Certification Validation ရရွိရန္အတြက္ သဘာဝပတ္ဝန္းက်င္ ဆုိင္ရာ စံႏႈန္းမ်ားႏွင့္ ေလေၾကာင္းပ်ံသန္းမႈ စံႏႈန္းမ်ား ကိုက္ညီေစရန္ ကာလၾကာရွည္ စမ္းသပ္မႈမ်ား ျပဳလုပ္ရဦးမည့္အျပင္ ခြင့္ျပဳခ်က္ အတည္ျပဳျခင္းဆိုင္ရာ လုပ္ငန္းစဥ္မ်ား ျဖတ္သန္းရဦးမည္ ျဖစ္သည္။

အျခားေသာ eVTOLs ႏွင့္ ကြဲျပားသည့္အခ်က္မွာ ASKA ၏ နမူနာ မိုးပ်ံကားတြင္ ေခါက္သိမ္းႏိုင္ေသာ ေတာင္ပံမ်ား ပါဝင္ျခင္း ျဖစ္သည္။ ထုိ႔အျပင္ အေရးေပၚအေျခအေနမ်ဳိးတြင္ အသံုးျပဳရန္အတြက္ ပဲ့ထိန္းေလထီးလည္း ပါဝင္သည္။

အျမန္ႏႈန္းအားျဖင့္ တစ္နာရီလွ်င္ ၁၂၅ မိုင္ ေမာင္းႏွင္ႏိုင္ရန္ ဒီဇိုင္းေရးဆြဲထားျပီး ပ်ံသန္းႏိုင္မည့္ ခရီးမွာ မိုင္ ၂၅၀ ျဖစ္သည္။

ထို႔အျပင္ FAA က သတ္မွတ္ထားေသာ မိနစ္ ၃၀ အရန္ Power ေပးရန္ သမားရိုးက် ေလာင္စာ အင္ဂ်င္ တစ္ခုလည္း ပါဝင္သည္။

ေဒါင္လုိက္ပ်ံတက္ႏိုင္ေသာ ယခုယာဥ္ကုိ အသံုးျပဳမည့္သူတို႔သည္ ေလယာဥ္မွဴးလိုင္စင္ရွိရန္ လိုအပ္ေၾကာင္း ၊ ေလယာဥ္မွဴးအျပင္ ခရီးသည္ ၃ ဦး လုိက္ပါစီးႏွင္းႏိုင္ေၾကာင္း ကုမၸဏီက အတည္ျပဳသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Meet ASKA: The Flying Car Currently Driving on California Streets (simpleflying)

 

 

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service