မိုးရာသီမှာ ကျန်းမာဖို့ ဆောင်ရန် ရှောင်ရန်များ
မိုးရာသီမှာ ကျန်းမာဖို့ ဆောင်ရန် ရှောင်ရန်များ - Property Knowledge in Myanmar from iMyanmarHouse.com
15 Jul 2023 11:26 am တွင် တင်ခဲ့သည်
890 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
မိုးတွင်းမှာ ဖျားနာခြင်းမရှိစေဖို့ ဗီတာမင်စီကို များများသောက်ပါ၊ ရေများများသောက်ပြီး ခြေဖဝါးကို အာရုံစိုက်ပါလို့ ဆရာဝန်တွေက ဆိုလေ့ရှိပါတယ်။
ရေဓာတ်ရှိနေပါစေ။
မိုးရွာတဲ့နေ့ရဲ့ အေးမြမှုက လှည့်စားနိုင်ပါတယ်။ မြင့်မားတဲ့ အပူချိန်ထက် မြင့်မားတဲ့ စိုထိုင်းဆအဆင့်က ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက်မှုကို ပိုဖြစ်စေပါသည်။ ဒါကြောင့် ရေငတ်တယ်လို့ ခံစားရတဲ့အထိ မစောင့်ဘဲ ရေကို တစ်နေ့လျှင် အနည်းဆုံး ရှစ်ခွက်သောက်ဖို့ သေချာပါစေ။
ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပါ။
အအေးမိဖျားနာခြင်းမှကင်းဝေးအောင် ကိုယ်ခံအားမြှင့်တင်ဖို့ ဗီတာမင်စီကို မြှင့်တင်ပါ။ သွေးလွန်တုပ်ကွေးနဲ့ ငှက်ဖျားရောဂါကူးစက်နိုင်ခြေကို လျှော့ချဖို့ သင်နေထိုင်ရာနေရာနဲ့ အနီးတစ်ဝိုက်ရှိ ရေမှိုင်းများကို ဖယ်ရှားရှင်းလင်းပါ။ အိပ်စက်ချိန်တိုင်း ခြင်ထောင်ထောင်အိပ်ပါ။
သင့်ခြေထောက်ကို အာရုံစိုက်ပါ။
သင့်ခြေထောက်တွေဟာ မုတ်သုံရာသီမှာ ရွှံ့နွံများ၊ ဗွက်အိုင်များမှ ရောဂါပိုးများကို ဖြစ်စေတဲ့ ညစ်ညမ်းရေများနဲ့ နေ့စဉ် ထိတွေ့နိုင်ပါတယ်။ ဒါကြောင့် မိုးရာသီမှာ ခြေထောက်သန့်ရှင်းရေးကို အာရုံစိုက်ပါ။ မှိုပိုးမွှား ကင်းစင်စေဖို့ သင့်ခြေထောက်နဲ့ ဖိနပ်များကို တတ်နိုင်သမျှ ခြောက်သွေ့အောင်ထားပါ။
ငါးနှင့် ရာသီပေါ်မဟုတ်သော ဟင်းသီးဟင်းရွက်များကို ရှောင်ပါ။
ဟင်းနုနွယ်ရွက်၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီကဲ့သို့သော အရွက်များဖြစ်တဲ့ မုတ်သုံရာသီရဲ့ စိုစွတ်နေတဲ့ မြေကြီးတွင် ရိတ်သိမ်းရတဲ့အခါတွင် သန့်ရှင်းဖို့ ပိုခက်ခဲပါတယ်။ ဒီရာသီဥတုမှာ ပိုပုပ်လွယ်ပါတယ်။ ဒါကြောင့် ကြက်ဟင်းခါးသီး ကဲ့သို့ ရာသီအလိုက် ဟင်းသီးဟင်းရွက်များကို ရွေးချယ်စားသုံးပါ။ မုတ်သုံရာသီဟာ ငါးမျိုးစိတ်များစွာအတွက် သားပေါက်တဲ့ရာသီဖြစ်တာကြောင့် ငါးစားသုံးခြင်းမှ ရှောင်ကြဉ်၍ ငါးမျိုးစိတ်များ ဖြည့်တင်းကြပါစို့။
အဝတ်များအားလုံးကို မီးပူတိုက်ပါ။
စိုစွတ်နေတဲ့အဝတ်တွေကို ခေါက်ပြီး ဗီရိုထဲမှာ ထည့်ထားတဲ့အခါ မှိုတွေပေါက်ဖွားလာနိုင်ပါတယ်။ မှိုတက်ခြင်းမှ ကင်းဝေးစေဖို့ သင့်အဝတ်အထည်များအားလုံးကို မီးပူတိုက်ပါ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref:Take a rain check: Dos and don’ts for a healthy monsoon(Hindustantimes.com)
[Zawgyi]
ရေဓာတ်ရှိနေပါစေ။
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
THADAR CONDOMINIUM
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service