တစ်ခါတုန်းက အဖြစ်လေးတွေ (၄၃)

တစ်ခါတုန်းက အဖြစ်လေးတွေ (၄၃) - Property Knowledge in Myanmar from iMyanmarHouse.com
14 Jul 2023 12:35 pm တွင် တင်ခဲ့သည်
631 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

ကျေးဇူးတင်ပါတယ် ဆရာတို့

 

ဒီကနေ့ အတွေးတွေမတော့ အမကကျောင်းသားဘဝက ကျွန်တော်တို့ကို စာသင်ပေးခဲ့တဲ့ ဆရာတွေကို အတွေးရောက်ပြီး သတိရနေမိတယ်။

အမကကျောင်းသားဘဝက ကျွန်တော်တို့ကို သင်ကြားပေးခဲ့တဲ့ ဆရာမတွေက ဆရာမညိုညို၊ ဆရာမကြင်ကြင်တို့ဖြစ်ပါတယ်။ ဆရာကြီးတွေကတော့ ဆရာကြီးဦးပြေဌေး၊ ဆရာကြီးဦးအောင်ဘီ၊ ဆရာဦးတင်ဌေးတို့ကို အမှတ်ရနေမိတယ်။

ဆရာကြီးဦးအောင်ဘီက ကျွန်တော်တို့ အမကတက်တုန်းကလည်းဆရာပေါ့။လေးတန်းအောင်လို့ ကျွန်တော်တို့ အထက်တန်းကျောင်း ပြောင်းတက်ရတဲ့နှစ်မှာပဲ သူလည်းအလယ်တန်းပြအနေနဲ့ အထက်တန်းကျောင်းကို ရာထူးတက်ပြီးပြောင်းခဲ့ရတော့ ပြန်တွေ့ခဲ့ရပါတယ်။အလယ်တန်းကျောင်းအနေနဲ့ သီးခြားမရှိပါဘူး။ လေးတန်းအောင်လို့ ငါးတန်းကနေ ဆယ်တန်းထိကို အထက မြောင်ကျောင်းမှာပဲ တက်ကြရတယ်။

ကျွန်တော်တို့ကို စာသင်ပေးတဲ့ ဆရာတွေဟာ တိုရေရှားရေ လူစားမျိုးတွေတော့ မဟုတ်ကြပါဘူး။ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေ ကိုယ်စီရှိကြပါတယ်။

ဆရာကြီးဦးအောင်ဘီဆိုရင် သူ့အိမ်ဝိုင်းထဲမှာ ဆီးပင်တွေ စိုက်ထားသလား၊ဆီးခြံထဲမှာ သူ့အိမ်ဆောက်ထား သလား မပြောတတ်ပါဘူး။ဆီးပင်အတော်များများကို စီးပွားဖြစ်ကို စိုက်ထားတာပါ။ ကိုင်းကူးကိုင်းဆက် စိုက်ပျိုးနည်းတွေနဲ့ စိုက်ထားတာပါ။ဆီးချဉ်သီးတွေမဟုတ်ပါဘူး။အခု ရန်ကုန်မှာရောင်းနေတဲ့ ဆီးချိုသီးမျိုး တွေပေါ့။

သူအိမ်မှာ အပိုစာသင်ချိန်တွေ သွားတက်တော့ ဆီးပင်ရိပ်မှာပဲ ကျွန်တော်တို့စာသင်ခဲ့ရဖူးပါတယ်။စာသင်ရင်းနဲ့ လက်လှမ်းမီတဲ့ ဆီးသီးတွေဆိုတာ ကျွန်တော်တို့ကျောင်းသားတွေလက်ကနေ ပြေးမလွတ်ပါဘူး။ အခြားအပင်တွေမှာ အသီးတွေ ပြွတ်နေသလောက် စာသင်တဲ့ အနားက ဆီးပင်တွေမှာတော့ အသီးနုကလွဲပြီး ရင့်တဲ့အသီးတွေက မရှိသလောက်ဖြစ်ကုန်တာပါပဲ။

တစ်ခါများတော့ ဆရာကြီးက ဒီရက်အတွင်း ဆီးသီးတွေ ခူးမစားကြနဲ့လို့တားပါတယ်။ ဆရာကြီးကလည်း သူ့ဆီးသီးများတွန့်တိုလိုက်တာလို့ အတွေးတွေတောင် ဖြစ်လိုက်ပါသေးတယ်။

ကျောင်းသားဆိုတဲ့ အမျိုးက သိတယ်မို့လား၊မလုပ်ပါနဲ့ မစားပါနဲ့ ဆိုတာမျိုး တားလာရင်ကို ပိုလုပ်ချင် တတ်ကြတယ်မို့လား။ဒါနဲ့ ဆရာအလစ်မှာ ဆီးသီးတွေခူးပြီး တွယ်ကြတော့တာပေါ့။နောက်ရက် ချီး(ချေး)တွေပန်းလို့ သူ့အချိန်ပို သင်တန်းကို မတက်နိုင်ကြတော့ဘူး ဖြစ်ကုန်ပါရောလား။

ဆရာကြီးက သိတာပေါ့။ သူ့အချိန်ပို သင်တန်းမတက်တဲ့ကောင်တွေဆိုတာ မနေ့က ဆီးသီးခိုးစားတဲ့ ကောင်တွေဆိုတာကို သိလိုက်ပါတော့တယ်။

နောက်တစ်ပတ် သူ့အတန်းတက်တော့ မင်းတို့ကို ဆေးတွေဖြန်းထားလို့မစားခိုင်းတာကို မင်းတို့ကောင်တွေ မရှောင်တော့ ချီးတွေပန်းကုန်ရောမို့လားလို့ ဆရာကြီးကပြောတော့ ဆရာကြီးကလည်း ဆေးဖြန်းထားရင်လည်း ဖြန်းထားတယ်ပြောရောပေါ့လို့ အမှားမဟုတ်သလိုနဲ့ အတွန့်တက်ခဲ့ကြပါသေးတယ်။ဆရာနဲ့ တပည့်တွေဟာ ဒီလိုကိုပေါင်းသင်းကြပါတယ်။

ဆရာကြီးဦးပြေဌေးကတော့ မြောင်-ပရိမ္မကားလမ်းကြီး နဲ့ အရှေ့အနောက်ဈေးလမ်းကြီးရဲ့ တောင်ဘက်လမ်းဆုံထောင့်နေရာမှာ သူတို့အိမ်ရှိပါတယ်။ သားတစ်ယောက်သမီးတစ်ယောက်ရှိတယ်။ သားအကြီးကောင်က ကျွန်တော်နဲ့ မတိမ်းမယိမ်း နာမည်တော့မေ့နေပါပြီ။သမီးနာမည်က ဂျက်မ(မိဂျက်)လို့ ခေါ်တယ်ထင်ပါ့။

ဆရာကြီးက သူ့အိမ်မှာ စက်ဘီးပစ္စည်းဆိုင်နဲ့ ဓာတ်ပုံရိုက်ကူးရေးလုပ်ငန်းလည်း ရှိပါတယ်။ ကျောင်းဆရာလခထက် ပြေလည်တဲ့ စီးပွားရေးလုပ်ငန်းရှိပါရက်နဲ့ စာသင်တာကို ဝါသနာပါတာကြောင့်ကို ကျောင်းဆရာအလုပ်ကို ကျန်းမာရေးကောင်းတဲ့အထိ လက်မလွှတ်ခဲ့ပါဘူး။ နောက်ပိုင်းသိရတာကတော့ ဆရာကြီးလေဖြတ်သွားပြီးတဲ့ နောက်မှပဲ ကျောင်းဆရာဘဝက ရပ်နားလိုက်ရပါသတဲ့။

ကျွန်တော်တို့တုန်းက လေးတန်းဆိုတာ အစိုးရစာမေးပွဲစစ်တယ်။အခုများတော့ အဆက်ပြတ်နေတော့ မသိပါဘူး။ အစိုးရစစ်ဖြစ်တော့ အရေးကြီးတာပေါ့။စာမေးပွဲ မဖြေခင်တစ်လလောက်အလို ကတည်းက ဆရာကြီးဦးပြေဌေးက သူ့အိမ်မှာ ညအိပ်လာခိုင်းပြီး အချိန်ပို ထပ်ပြီးသင်ပေးပါတယ်။

ကျွန်တော်တို့တုန်းက ဆရာတွေဟာ စေတနာထားပြီး အဲဒီလိုသင်ပေးကြတယ်။အိမ်မှာ ချီး(ချေး)ရှုပ်၊ သေးရှုပ် ခံပြီးကို သင်ပေးကြတယ်။ဘာအဖိုးစားနားမှလည်း မပေးရဘူး။ ညပိုင်းအိပ်ငိုက်မှာစိုးလို့ လက်ဖက်များတောင် သုပ်ကျွေးကြပါသေးရဲ့။

ဆရာကြီး ဦးပြေဌေးအိမ်က နှစ်ထပ်အိမ်ပါ။ မိန်းကလေးတွေကို အပေါ်ထပ်ထားပြီး ယောက်ျားလေးတွေ ကိုတော့ အောက်ထပ်မှာ နေစေပါတယ်။ညဦးပိုင်းကနေ သန်းခေါင်ဝန်းကျင်အထိကိုတော့ ယောက်ျားလေးနဲ့ မိန်းကလေး အတူတူ စာကိုလုပ်ကြရပါတယ်။ သန်းခေါင်နားနီးတော့ အိပ်ကြရပါတယ်။ မနက်လေးနာရီမှာ ပြန်ထကြရပြီး စာထပ်လုပ်ကြရပါတယ်။ စာမေးပွဲ အတွက်မို့ကြောင့်သာ။ ဒီအရွယ်တွေက အအိပ်မက်တဲ့ အရွယ်တွေမို့လား။

အဲဒီမှာလည်း ကြုံရတဲ့အဖြစ်လေးတွေက အမှတ်တရပါပဲ။ အပေါ်ထပ်မိန်းကလေးထဲက ဘယ်သူသေးပေါက်ချ တယ်ရယ်မသိပါဘူး။အောက်က အိပ်နေကြတဲ့ ယောက်ျားလေးတွေအပေါ်ကို သေးတွေကျလာတော့ ဝရုန်းသုန်းကား ဖြစ်ကုန်ကြတာ အမှတ်ရပါသေးတယ်။

တစ်ရက် မနက်လေးနာရီထိုးလို့ စာထကျက်တော့ ရာသီဥတုက အေးနေသလိုရှိတော့ မီးဖိုထားတာပေါ့။ မီးဖိုကြီးဝိုင်းပတ်ပြီး ယောက်ျားလေးတစ်ဝိုင်း မိန်းကလေးတစ်ဝိုင်း အိမ်အပြင်ဘက်နောက်ဖေးမှာ စာကျက်ရတာပေါ့။

အဲဒီအချိန်မှာ အချမ်းပြေဖို့ လုပ်ထားတဲ့ မီးဖိုထဲ ထမိန်စက ရောက်သွားပုံရပါတယ်။ ထမိန်ကို မီးလောင်ပါလေရော။

ပထမတော့ လက်နဲ့ ပုတ်ပြီးမီးငြှိမ်းနေသေးတယ်၊မငြိမ်းဘဲ မီးတောက်ကောင်းလာတော့ လူပါမီးကူးမှာ ကြောက်ပြီး မရှက်နိုင်တော့ဘဲ ထမိန်ကို ကွင်းလုံးချွတ်လိုက်ရပါတယ်။ ကျန်တဲ့ မိန်းကလေးတွေက အမြန်ပဲ အဲဒီကောင်မလေးရှေ့ကနေ မတ်တတ်ရပ်ပြီး ကာပေးကြလိုက်တဲ့အတွက် အရှက်တရားတို့ မကွဲခဲ့ရပါဘူး။ အခြားတစ်ယောက်က ထမိန်တစ်ထည်သွားယူပေးလိုက်လို့ လုံခြုံသွားပါတော့တယ်။

‌ဪ..ငယ်ဘဝက အဖြစ်လေးတွေမှာ ကျောင်းသားတွေအပေါ်မှာ ဒီလိုစေတနာထားကြတဲ့ ဆရာတွေနဲ့ ကျွန်တော်တို့ကျောင်းသားတွေရဲ့ ဗရုတ်ဗရက် အဖြစ်လေးတွေလည်း ကြုံခဲ့ဖူးရပါကြောင်း…။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

တစ္ခါတုန္းက အျဖစ္ေလးေတြ (၄၃)

 

ေက်းဇူးတင္ပါတယ္ ဆရာတို႔

 

ဒီကေန႔ အေတြးေတြမေတာ့ အမကေက်ာင္းသားဘဝက ကြၽန္ေတာ္တို႔ကို စာသင္ေပးခဲ့တဲ့ ဆရာေတြကို အေတြးေရာက္ၿပီး သတိရေနမိတယ္။

အမကေက်ာင္းသားဘဝက ကြၽန္ေတာ္တို႔ကို သင္ၾကားေပးခဲ့တဲ့ ဆရာမေတြက ဆရာမညိဳညိဳ၊ ဆရာမၾကင္ၾကင္တို႔ျဖစ္ပါတယ္။ ဆရာႀကီးေတြကေတာ့ ဆရာႀကီးဦးေျပေဌး၊ ဆရာႀကီးဦးေအာင္ဘီ၊ ဆရာဦးတင္ေဌးတို႔ကို အမွတ္ရေနမိတယ္။

ဆရာႀကီးဦးေအာင္ဘီက ကြၽန္ေတာ္တို႔ အမကတက္တုန္းကလည္းဆရာေပါ့။ေလးတန္းေအာင္လို႔ ကြၽန္ေတာ္တို႔ အထက္တန္းေက်ာင္း ေျပာင္းတက္ရတဲ့ႏွစ္မွာပဲ သူလည္းအလယ္တန္းျပအေနနဲ႔ အထက္တန္းေက်ာင္းကို ရာထူးတက္ၿပီးေျပာင္းခဲ့ရေတာ့ ျပန္ေတြ႕ခဲ့ရပါတယ္။အလယ္တန္းေက်ာင္းအေနနဲ႔ သီးျခားမ႐ွိပါဘူး။ ေလးတန္းေအာင္လို႔ ငါးတန္းကေန ဆယ္တန္းထိကို အထက ေျမာင္ေက်ာင္းမွာပဲ တက္ၾကရတယ္။

ကြၽန္ေတာ္တို႔ကို စာသင္ေပးတဲ့ ဆရာေတြဟာ တိုေရ႐ွားေရ လူစားမ်ိဳးေတြေတာ့ မဟုတ္ၾကပါဘူး။ ကိုယ္ပိုင္စီးပြားေရး လုပ္ငန္းေတြ ကိုယ္စီ႐ွိၾကပါတယ္။

ဆရာႀကီးဦးေအာင္ဘီဆိုရင္ သူ႕အိမ္ဝိုင္းထဲမွာ ဆီးပင္ေတြ စိုက္ထားသလား၊ဆီးျခံထဲမွာ သူ႕အိမ္ေဆာက္ထား သလား မေျပာတတ္ပါဘူး။ဆီးပင္အေတာ္မ်ားမ်ားကို စီးပြားျဖစ္ကို စိုက္ထားတာပါ။ ကိုင္းကူးကိုင္းဆက္ စိုက္ပ်ိဳးနည္းေတြနဲ႔ စိုက္ထားတာပါ။ဆီးခ်ဥ္သီးေတြမဟုတ္ပါဘူး။အခု ရန္ကုန္မွာေရာင္းေနတဲ့ ဆီးခ်ိဳသီးမ်ိဳး ေတြေပါ့။

သူအိမ္မွာ အပိုစာသင္ခ်ိန္ေတြ သြားတက္ေတာ့ ဆီးပင္ရိပ္မွာပဲ ကြၽန္ေတာ္တို႔စာသင္ခဲ့ရဖူးပါတယ္။စာသင္ရင္းနဲ႔ လက္လွမ္းမီတဲ့ ဆီးသီးေတြဆိုတာ ကြၽန္ေတာ္တို႔ေက်ာင္းသားေတြလက္ကေန ေျပးမလြတ္ပါဘူး။ အျခားအပင္ေတြမွာ အသီးေတြ ႁပြတ္ေနသေလာက္ စာသင္တဲ့ အနားက ဆီးပင္ေတြမွာေတာ့ အသီးႏုကလြဲၿပီး ရင့္တဲ့အသီးေတြက မ႐ွိသေလာက္ျဖစ္ကုန္တာပါပဲ။

တစ္ခါမ်ားေတာ့ ဆရာႀကီးက ဒီရက္အတြင္း ဆီးသီးေတြ ခူးမစားၾကနဲ႔လို႔တားပါတယ္။ ဆရာႀကီးကလည္း သူ႕ဆီးသီးမ်ားတြန္႔တိုလိုက္တာလို႔ အေတြးေတြေတာင္ ျဖစ္လိုက္ပါေသးတယ္။

ေက်ာင္းသားဆိုတဲ့ အမ်ိဳးက သိတယ္မို႔လား၊မလုပ္ပါနဲ႔ မစားပါနဲ႔ ဆိုတာမ်ိဳး တားလာရင္ကို ပိုလုပ္ခ်င္ တတ္ၾကတယ္မို႔လား။ဒါနဲ႔ ဆရာအလစ္မွာ ဆီးသီးေတြခူးၿပီး တြယ္ၾကေတာ့တာေပါ့။ေနာက္ရက္ ခ်ီး(ေခ်း)ေတြပန္းလို႔ သူ႕အခ်ိန္ပို သင္တန္းကို မတက္ႏိုင္ၾကေတာ့ဘူး ျဖစ္ကုန္ပါေရာလား။

ဆရာႀကီးက သိတာေပါ့။ သူ႕အခ်ိန္ပို သင္တန္းမတက္တဲ့ေကာင္ေတြဆိုတာ မေန႔က ဆီးသီးခိုးစားတဲ့ ေကာင္ေတြဆိုတာကို သိလိုက္ပါေတာ့တယ္။

ေနာက္တစ္ပတ္ သူ႕အတန္းတက္ေတာ့ မင္းတို႔ကို ေဆးေတြျဖန္းထားလို႔မစားခိုင္းတာကို မင္းတို႔ေကာင္ေတြ မေ႐ွာင္ေတာ့ ခ်ီးေတြပန္းကုန္ေရာမို႔လားလို႔ ဆရာႀကီးကေျပာေတာ့ ဆရာႀကီးကလည္း ေဆးျဖန္းထားရင္လည္း ျဖန္းထားတယ္ေျပာေရာေပါ့လို႔ အမွားမဟုတ္သလိုနဲ႔ အတြန္႔တက္ခဲ့ၾကပါေသးတယ္။ဆရာနဲ႔ တပည့္ေတြဟာ ဒီလိုကိုေပါင္းသင္းၾကပါတယ္။

ဆရာႀကီးဦးေျပေဌးကေတာ့ ေျမာင္-ပရိမၼကားလမ္းႀကီး နဲ႔ အေ႐ွ႕အေနာက္ေဈးလမ္းႀကီးရဲ႕ ေတာင္ဘက္လမ္းဆုံေထာင့္ေနရာမွာ သူတို႔အိမ္႐ွိပါတယ္။ သားတစ္ေယာက္သမီးတစ္ေယာက္႐ွိတယ္။ သားအႀကီးေကာင္က ကြၽန္ေတာ္နဲ႔ မတိမ္းမယိမ္း နာမည္ေတာ့ေမ့ေနပါၿပီ။သမီးနာမည္က ဂ်က္မ(မိဂ်က္)လို႔ ေခၚတယ္ထင္ပါ့။

ဆရာႀကီးက သူ႕အိမ္မွာ စက္ဘီးပစၥည္းဆိုင္နဲ႔ ဓာတ္ပုံ႐ိုက္ကူးေရးလုပ္ငန္းလည္း ႐ွိပါတယ္။ ေက်ာင္းဆရာလခထက္ ေျပလည္တဲ့ စီးပြားေရးလုပ္ငန္း႐ွိပါရက္နဲ႔ စာသင္တာကို ဝါသနာပါတာေၾကာင့္ကို ေက်ာင္းဆရာအလုပ္ကို က်န္းမာေရးေကာင္းတဲ့အထိ လက္မလႊတ္ခဲ့ပါဘူး။ ေနာက္ပိုင္းသိရတာကေတာ့ ဆရာႀကီးေလျဖတ္သြားၿပီးတဲ့ ေနာက္မွပဲ ေက်ာင္းဆရာဘဝက ရပ္နားလိုက္ရပါသတဲ့။

ကြၽန္ေတာ္တို႔တုန္းက ေလးတန္းဆိုတာ အစိုးရစာေမးပြဲစစ္တယ္။အခုမ်ားေတာ့ အဆက္ျပတ္ေနေတာ့ မသိပါဘူး။ အစိုးရစစ္ျဖစ္ေတာ့ အေရးႀကီးတာေပါ့။စာေမးပြဲ မေျဖခင္တစ္လေလာက္အလို ကတည္းက ဆရာႀကီးဦးေျပေဌးက သူ႕အိမ္မွာ ညအိပ္လာခိုင္းၿပီး အခ်ိန္ပို ထပ္ၿပီးသင္ေပးပါတယ္။

ကြၽန္ေတာ္တို႔တုန္းက ဆရာေတြဟာ ေစတနာထားၿပီး အဲဒီလိုသင္ေပးၾကတယ္။အိမ္မွာ ခ်ီး(ေခ်း)႐ႈပ္၊ ေသး႐ႈပ္ ခံၿပီးကို သင္ေပးၾကတယ္။ဘာအဖိုးစားနားမွလည္း မေပးရဘူး။ ညပိုင္းအိပ္ငိုက္မွာစိုးလို႔ လက္ဖက္မ်ားေတာင္ သုပ္ေကြၽးၾကပါေသးရဲ႕။

ဆရာႀကီး ဦးေျပေဌးအိမ္က ႏွစ္ထပ္အိမ္ပါ။ မိန္းကေလးေတြကို အေပၚထပ္ထားၿပီး ေယာက်္ားေလးေတြ ကိုေတာ့ ေအာက္ထပ္မွာ ေနေစပါတယ္။ညဦးပိုင္းကေန သန္းေခါင္ဝန္းက်င္အထိကိုေတာ့ ေယာက်္ားေလးနဲ႔ မိန္းကေလး အတူတူ စာကိုလုပ္ၾကရပါတယ္။ သန္းေခါင္နားနီးေတာ့ အိပ္ၾကရပါတယ္။ မနက္ေလးနာရီမွာ ျပန္ထၾကရၿပီး စာထပ္လုပ္ၾကရပါတယ္။ စာေမးပြဲ အတြက္မို႔ေၾကာင့္သာ။ ဒီအ႐ြယ္ေတြက အအိပ္မက္တဲ့ အ႐ြယ္ေတြမို႔လား။

အဲဒီမွာလည္း ၾကဳံရတဲ့အျဖစ္ေလးေတြက အမွတ္တရပါပဲ။ အေပၚထပ္မိန္းကေလးထဲက ဘယ္သူေသးေပါက္ခ် တယ္ရယ္မသိပါဘူး။ေအာက္က အိပ္ေနၾကတဲ့ ေယာက်္ားေလးေတြအေပၚကို ေသးေတြက်လာေတာ့ ဝ႐ုန္းသုန္းကား ျဖစ္ကုန္ၾကတာ အမွတ္ရပါေသးတယ္။

တစ္ရက္ မနက္ေလးနာရီထိုးလို႔ စာထက်က္ေတာ့ ရာသီဥတုက ေအးေနသလို႐ွိေတာ့ မီးဖိုထားတာေပါ့။ မီးဖိုႀကီးဝိုင္းပတ္ၿပီး ေယာက်္ားေလးတစ္ဝိုင္း မိန္းကေလးတစ္ဝိုင္း အိမ္အျပင္ဘက္ေနာက္ေဖးမွာ စာက်က္ရတာေပါ့။

အဲဒီအခ်ိန္မွာ အခ်မ္းေျပဖို႔ လုပ္ထားတဲ့ မီးဖိုထဲ ထမိန္စက ေရာက္သြားပုံရပါတယ္။ ထမိန္ကို မီးေလာင္ပါေလေရာ။

ပထမေတာ့ လက္နဲ႔ ပုတ္ၿပီးမီးၿငႇိမ္းေနေသးတယ္၊မၿငိမ္းဘဲ မီးေတာက္ေကာင္းလာေတာ့ လူပါမီးကူးမွာ ေၾကာက္ၿပီး မ႐ွက္ႏိုင္ေတာ့ဘဲ ထမိန္ကို ကြင္းလုံးခြၽတ္လိုက္ရပါတယ္။ က်န္တဲ့ မိန္းကေလးေတြက အျမန္ပဲ အဲဒီေကာင္မေလးေ႐ွ႕ကေန မတ္တတ္ရပ္ၿပီး ကာေပးၾကလိုက္တဲ့အတြက္ အ႐ွက္တရားတို႔ မကြဲခဲ့ရပါဘူး။ အျခားတစ္ေယာက္က ထမိန္တစ္ထည္သြားယူေပးလိုက္လို႔ လုံျခဳံသြားပါေတာ့တယ္။

‌ဪ..ငယ္ဘဝက အျဖစ္ေလးေတြမွာ ေက်ာင္းသားေတြအေပၚမွာ ဒီလိုေစတနာထားၾကတဲ့ ဆရာေတြနဲ႔ ကြၽန္ေတာ္တို႔ေက်ာင္းသားေတြရဲ႕ ဗ႐ုတ္ဗရက္ အျဖစ္ေလးေတြလည္း ၾကဳံခဲ့ဖူးရပါေၾကာင္း…။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service