တစ်ခါတုန်းက အဖြစ်လေးတွေ (၄၂)

တစ်ခါတုန်းက အဖြစ်လေးတွေ (၄၂) - Property Knowledge in Myanmar from iMyanmarHouse.com
11 Jul 2023 3:58 pm တွင် တင်ခဲ့သည်
527 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ဒေါ်လှမြိုင်ကြီးလာနေပြီ

ကျွန်တော်တို့ငယ်ငယ် အရွယ် မရောက်တရောက်အချိန်က ခြောက်သွေ့တဲ့ နွေရာသီရောက်ရင် ရပ်ကွက်အလိုက် မီးကင်းစောင့်ကြရတဲ့ ကိစ္စတွေ ရှိခဲ့ဖူးပါတယ်။ စောင့်ဖို့လူမရှိတဲ့ အိမ်တွေအတွက်ဆိုရင်လည်း လူငှားအနေနဲ့ ပိုက်ဆံယူပြီး မီးကင်းစောင့် ပေးကြရတာတွေလည်းရှိတာပေါ့။

ကျွန်တော်တို့အရပ်ဒေသတွေက ရန်ကုန်လိုမဟုတ်ပါဘူး။တချို့များ ညခုနစ်နာရီလောက်ဆို အိပ်ကုန်ကြပြီပေါ့။ ဗီဒီယိုကြည့်တဲ့သူတွေ ပြန်လာချိန် ညကိုးနာရီလောက်ဆို တစ်ရေးနိုးတတ်ကြတယ်။

မီးကင်းစောင့်တဲ့ အဖွဲ့တွေက အဲဒီအချိန်မှာ ရပ်ကွက်ထဲ လှည့်ပြီး လက်ခုပ်ကို ပါးစပ်မှာတေ့ပြီး မီးသတိပေးဖို့ အော်ကြရပါတယ်။

“ရပ်ကွက်အတွင်းမှာ မှီတင်းနေထိုင်ကြကုန်သော မိဖလုပ်သားပြည်သူအပေါင်းတို့ ခင်ဗျား၊မိမိတို့အိမ်မှာနေ့စဉ် သုံးစွဲလျက်ရှိကြသော မီးဖိုမီး၊မီးခွက်မီး၊ဖယောင်းတိုင်မီးများနဲ့ လျှပ်စစ်မီးများကို ရိုရိုသေသေ ငြိမ်းသတ်ပြီးမှ အိပ်ကြပါရန် လမ်းသွားရင်း ဆေးလိပ်မသောက်ဖို့ကိုလည်း တိုက်တွန်းသတိပေးအပ်ပါတယ်ခင်ဗျား…”ဆိုပြီး ကျွန်တော်တို့နေတဲ့ တောင်ရပ်ကွက် တစ်ခုလုံးလှည့်အော်ပြီး မီးသတိပေးကြရပါတယ်။ ဆေးလိပ်မသောက်ခိုင်း တာကလည်း အကြောင်းရှိပါတယ်။

ခြောက်သွေ့တဲ့ ကာလတွေမှာ သစ်ရွက်ခြောက်တွေနဲ့ အမှိုက်သရိုက်တွေက လမ်းဘေးဝဲယာတွေမှာ ရှိနေတော့ ဆေးလိပ်ကို မီးမသတ်ဘဲ လွှင့်ပစ်ခဲ့ရင် မီးလောင်နိုင်တာမို့ ထည့်ပြီး သတိပေးရတာပါ။

ရပ်ကွက်ထဲ မီးကင်းလှည့်ပြီးရင် ပဲ့ဘုရားခြေရင်းနဲ့ ဝက်မစွပ်ကျောင်းရှေ့က ရေကန်ပေါင်က ကင်းတဲမှာ စခန်းချ နားကြပါတယ်။ကင်းတဲက လူငါးယောက်လောက် ထိုင်နိုင်အိပ်နိုင်ပါတယ်။

ကင်းတဲရှိပေမယ့် လသာတဲ့ ညတွေမှာ ပက်လက်ကုလားထိုင်လေးနဲ့ကောင်းကင်ကြီးကြည့်ပြီး ထိုင်ရတာက ပိုပြီးအရသာရှိတော့ ပက်လက်ကုလားထိုင်နဲ့ ထိုင်ချင်သူတွေက ကိုယ့်အိမ်ကနေ ထိုင်ခုံတွေ ယူတဲ့သူတွေလည်း ယူလာကြပါတယ်။

ကင်းစောင့်ရင်း စကားတွေပြောချင်ရာပြောဖြစ်ကြတယ်။ အဓိကကတော့ မအိပ်ချင်အောင် စကားတွေပြောနေရတယ်။

တချို့ ကင်းစောင့်ဖို့ပါတဲ့ သူတွေထဲမှာ ညနေကတည်းက ယမကာမှီဝဲထားတဲ့သူတွေလည်းပါတယ်။သူတို့က ကင်းတဲပေါ်ရောက်ရင် အိပ်မယ်လုပ်တော့တာပါပဲ။အမှတ်လည်းမရှိကြဘူး။ဒေါ်လှမြိုင်ကြီးသာ ညကြီးသန်းခေါင် ထွက်လာလျှင်တော့ ဒုက္ခ။သူတို့က ကျွန်တော့်အားကိုးနှင့် အိပ်ဖို့ပြင်နေကြတယ်။

ကျွန်တော်ကတော့ ဒေါ်လှမြိုင်ကြီး လာမှာကြောက်လို့ အိပ်ငိုက်ချင်စိတ်ကို မနဲပျောက်အောင်လုပ်နေရတယ်။

“ဒေါ်လှမြိုင်ရဲ့ အရိပ်အယောင်တွေ့ရင် ငါ့တို့ကိုနှိုးအုံးကွ”လို့ ပြောပြီး အိပ်ကြတော့တာပါပဲ။

ဒေါ်လှမြိုင်ဆိုတာက ခန္ဓာကိုယ် ခပ်ဝဝရှိပြီး ပုံမှန်ဆိုရင် လူကောင်းတစ်ယောက်လိုဖြစ်နေပေမယ့် စိတ်ဖောက်တဲ့ အချိန်တွေမှာ အင်မတန်အားသန်ပြီး စိတ်ရိုင်းတွေလည်း ဝင်လာတတ်ပါသတဲ့။

ယောက်ျားလေးသုံးလေးယောက် ဖမ်းချုပ်ထားရင်တောင် လွတ်အောင်ရုန်းထွက်နိုင်စွမ်းတဲ့ အားအင်တွေ သူ့ခန္ဓာကိုယ်ကနေ ထွက်လာပါသတဲ့။

ချုပ်ထားတဲ့သူတွေရဲ့ လက်ကနေလွတ်သွားပြီဆိုတာနဲ့ လေးပေကျော်လောက်မြင့်တဲ့ ခြံစည်းရိုးကနေ ခုန်ကျော်ထွက်သွားတတ်ပါသတဲ့။

ဒေါ်လှမြိုင်တို့ အိမ်က ရေကန်ရဲ့ အနောက်မြောက်ထောင့်မှာ ရေဝင်လမ်းကြောင့်ရဲ့မြောက်ဘက် အိမ်တန်းရှည်ရဲ့ အရှေ့ဘက်ထိပ်ဆုံးမှာရှိပါတယ်။ကန်နဲ့ အနီးကပ်ရပ်လို့ ပြောလို့ရတယ်။

ကျွန်တော်တို့ ကင်းစောင့်တဲ့ ကင်းတဲနေရာကနေ သူတို့အိမ်ကိုကြည့်ရင် တန်းပြီး မြင်နေရတာပါ။ သူတို့အိမ်ကနေ ကင်းတဲဘက်ကို လှမ်းကြည့်ရင်လည်း ကျွန်တော်တို့ ဘာလုပ်နေလဲဆိုတာ ကောင်းကောင်းမြင်နိုင်ပါတယ်။

သူတို့မိသားစုလိုက်ပါပဲ တစ်ယောက်မဟုတ် တစ်ယောက်ကတော့ စိတ်ကစင့်ကလျား ဖြစ်နေတတ်တယ်။ ကောင်းတဲ့အခါလည်း ကောင်းနေကြတယ်။ကောင်းနေတဲ့အခါ လူကောင်းတွေလိုပဲ တောသွားပြီး ထွန်ယက်စိုက်ပျိုးတာတွေလည်း လုပ်ကြပါတယ်။စိတ်ဖောက်သွားတဲ့ အချိန်မျိုးတွေကြတော့လည်း ထိန်းမနိုင်သိမ်းမနိုင် ဖြစ်တဲ့အထိ ဖြစ်ပါသတဲ့။မျိုးရိုးလိုက်တယ်ထင်ပါတယ်။

တချို့ပြောကြတာက သူတို့နေတဲ့နေရာက ဘုရားပရဝဏ်နေရာထဲပါနေလို့ လို့လည်းပြောကြတယ်။ ဘုရားစေတီရဲ့ အရိပ်ကျရာနေရာမှာနေပြီး မဟုတ်တာတွေလုပ်လို့ မိသားစုလိုက် ဒီလိုအဖြစ်မျိုးတွေ ခံရတာလို့လည်း ပြောတဲ့ စကားတွေ နားထောင်ခဲ့ရဖူးပါတယ်။

တစ်ခါများ ဒေါ်လှမြိုင်ကြီး စိတ်ဖောက်လို့ အိမ်မှာ ချုပ်ထားတဲ့တစ်ညမှာပေါ့ ဘယ်လိုလွတ်သွားတယ်မသိပါဘူး။ ဒေါ်လှမြိုင်ဟာ ကန်ပေါင်ပေါ်မှာ မီးကင်းစောင်ရင်း အိပ်ပျော်သွားကြတဲ့ သူတွေအနား ရောက်လာပြီး ယောက်ျားလေးတွေရဲ့ ငယ်ပါကိုကိုင်ပြီး ကန်ထဲဆွဲချပါသတဲ့။

အိပ်ပျော်နေတုန်း ငယ်ပါကို ဆုပ်ကိုင်ထားခြင်းခံလိုက်ရတော့ ဘာမှပြန်မလုပ်နိုင်ကြဘဲ ဒေါ်လှမြိုင်ဆွဲခေါ်တဲ့ နောက်လိုက်ခဲ့ရပြီး ကန်ပေါင်နှုတ်ခမ်းရောက်တော့ ကန်ထဲတွန်းချပါရောတဲ့။

တော်ပါသေးတယ်၊ရေထဲတွန်းချလို့ပေါ့။နို့မို့တစ်ခုခုသာ လုပ်လိုက်ရင် မလွယ်ကြောပါဘဲ။

အဲဒီဖြစ်ရပ်နောက်တော့ မီးကင်းစောင့်ရင် အကုန်လုံး အိပ်မနေရဲတော့ပါဘူး။ဒေါ်လှမြိုင်တို့ အိမ်ဘက်က လူရိပ်လူယောင်မြင်ရင် ပြေးဖို့ပြင်ကြရပါတော့တယ်။

အခုလည်း ကျွန်တော့်ကို အစောင့်ထားပြီး တခူးခူး တခေါခေါနဲ့ အတုံးအရုံးကို အိပ်နေကြပါတယ်။

တစ်ယောက်ထဲ ငုတ်တုတ်ဆိုတော့ သန်းခေါင်လည်းကျော်လာရော ကျွန်တော်လည်း အိပ်ချင်လာတော့တာ ပေါ့။ အိပ်နေတဲ့ သူတွေဒီအတိုင်းထားပြီး တိတ်တိတ်လေးအိမ်ပြန်ရင် ကောင်းမလား စဉ်းစားသေးတယ်။

မကောင်းသေးပါဘူးလေဆိုပြီး လက်လျှော့လိုက်တယ်။နောက်တော့ အကြံတစ်ခုရတာနဲ့ လက်တွေ့ လုပ်လိုက်တယ်။

သူ့တို့ရဲ့ ငယ်ပါတွေကို ဆောင့်ဆွဲပြီး “ဒေါ်လှမြိုင်..ဒေါ်လှမြိုင်ကြီး..လာနေပြီ..”ဆိုပြီး အော်လိုက်တာပေါ့။ ဝုန်းဝုန်း..ဝုန်းဝုန်းနဲ့ ကင်းတဲပေါ်က ခုန်ဆင်းပြီး ဖိနပ်လေးတွေ မမေ့မပျောက်ကောက်ပြီး ပုဆိုးကွင်းသိုင်းလို့ ကန်ရဲ့ တောင်ဘက်လမ်းက ပတ်ပြေးကြပါတော့တယ်။

တစ်ယောက်ထဲ ကျန်ခဲ့တဲ့ ကျွန်တော်လည်း ပတ်လက်ကုလားထိုင်ကြီးထမ်းပြီး သူတို့နောက်က အမီပြေးလိုက်ခဲ့ရပါတော့တယ်။ သူတစ်ပါးကိုစပြီး ကိုယ်ကနောက်က ကျန်ရစ်ခဲ့ရတယ်။ မတော်လို့ တကယ်ပဲ ဒေါ်လှမြိုင်ကြီးနဲ့ ပက်ပင်းတိုးမှ….ကျွန်တော့်ရဲ့….။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

တစ္ခါတုန္းက အျဖစ္ေလးေတြ (၄၂)

ေဒၚလွၿမိဳင္ႀကီးလာေနၿပီ

ကၽြန္ေတာ္တုိ႔ငယ္ငယ္ အရြယ္ မေရာက္တေရာက္အခ်ိန္က ေျခာက္ေသြ႔တဲ့ ေႏြရာသီေရာက္ရင္ ရပ္ကြက္အလိုက္ မီးကင္းေစာင့္ၾကရတဲ့ ကိစၥေတြ ရွိခဲ့ဖူးပါတယ္။ ေစာင့္ဖို႔လူမရွိတဲ့ အိမ္ေတြအတြက္ဆိုရင္လည္း လူငွားအေနနဲ႔ ပိုက္ဆံယူၿပီး မီးကင္းေစာင့္ ေပးၾကရတာေတြလည္းရွိတာေပါ့။

ကၽြန္ေတာ္တို႔အရပ္ေဒသေတြက ရန္ကုန္လိုမဟုတ္ပါဘူး။တခ်ိဳ႕မ်ား ညခုနစ္နာရီေလာက္ဆို အိပ္ကုန္ၾကၿပီေပါ့။ ဗီဒီယိုၾကည့္တဲ့သူေတြ ျပန္လာခ်ိန္ ညကိုးနာရီေလာက္ဆို တစ္ေရးႏိုးတတ္ၾကတယ္။

မီးကင္းေစာင့္တဲ့ အဖြဲ႔ေတြက အဲဒီအခ်ိန္မွာ ရပ္ကြက္ထဲ လွည့္ၿပီး လက္ခုပ္ကို ပါးစပ္မွာေတ့ၿပီး မီးသတိေပးဖို႔ ေအာ္ၾကရပါတယ္။

“ရပ္ကြက္အတြင္းမွာ မွီတင္းေနထိုင္ၾကကုန္ေသာ မိဖလုပ္သားျပည္သူအေပါင္းတို႔ ခင္ဗ်ား၊မိမိတို႔အိမ္မွာေန႔စဥ္ သုံးစြဲလ်က္ရွိၾကေသာ မီးဖိုမီး၊မီးခြက္မီး၊ဖေယာင္းတိုင္မီးမ်ားနဲ႔ လွ်ပ္စစ္မီးမ်ားကို ရိုရိုေသေသ ၿငိမ္းသတ္ၿပီးမွ အိပ္ၾကပါရန္ လမ္းသြားရင္း ေဆးလိပ္မေသာက္ဖို႔ကိုလည္း တိုက္တြန္းသတိေပးအပ္ပါတယ္ခင္ဗ်ား…”ဆိုၿပီး ကၽြန္ေတာ္တို႔ေနတဲ့ ေတာင္ရပ္ကြက္ တစ္ခုလုံးလွည့္ေအာ္ၿပီး မီးသတိေပးၾကရပါတယ္။ ေဆးလိပ္မေသာက္ခိုင္း တာကလည္း အေၾကာင္းရွိပါတယ္။

ေျခာက္ေသြ႔တဲ့ ကာလေတြမွာ သစ္ရြက္ေျခာက္ေတြနဲ႔ အမႈိက္သရိုက္ေတြက လမ္းေဘးဝဲယာေတြမွာ ရွိေနေတာ့ ေဆးလိပ္ကို မီးမသတ္ဘဲ လႊင့္ပစ္ခဲ့ရင္ မီးေလာင္ႏိုင္တာမို႔ ထည့္ၿပီး သတိေပးရတာပါ။

ရပ္ကြက္ထဲ မီးကင္းလွည့္ၿပီးရင္ ပဲ့ဘုရားေျခရင္းနဲ႔ ဝက္မစြပ္ေက်ာင္းေရွ႕က ေရကန္ေပါင္က ကင္းတဲမွာ စခန္းခ် နားၾကပါတယ္။ကင္းတဲက လူငါးေယာက္ေလာက္ ထိုင္ႏိုင္အိပ္ႏိုင္ပါတယ္။

ကင္းတဲရွိေပမယ့္ လသာတဲ့ ညေတြမွာ ပက္လက္ကုလားထိုင္ေလးနဲ႔ေကာင္းကင္ႀကီးၾကည့္ၿပီး ထိုင္ရတာက ပိုၿပီးအရသာရွိေတာ့ ပက္လက္ကုလားထိုင္နဲ႔ ထိုင္ခ်င္သူေတြက ကိုယ့္အိမ္ကေန ထိုင္ခုံေတြ ယူတဲ့သူေတြလည္း ယူလာၾကပါတယ္။

ကင္းေစာင့္ရင္း စကားေတြေျပာခ်င္ရာေျပာျဖစ္ၾကတယ္။ အဓိကကေတာ့ မအိပ္ခ်င္ေအာင္ စကားေတြေျပာေနရတယ္။

တခ်ိဳ႕ ကင္းေစာင့္ဖို႔ပါတဲ့ သူေတြထဲမွာ ညေနကတည္းက ယမကာမွီဝဲထားတဲ့သူေတြလည္းပါတယ္။သူတို႔က ကင္းတဲေပၚေရာက္ရင္ အိပ္မယ္လုပ္ေတာ့တာပါပဲ။အမွတ္လည္းမရွိၾကဘူး။ေဒၚလွၿမိဳင္ႀကီးသာ ညႀကီးသန္းေခါင္ ထြက္လာလွ်င္ေတာ့ ဒုကၡ။သူတို႔က ကၽြန္ေတာ့္အားကိုးႏွင့္ အိပ္ဖို႔ျပင္ေနၾကတယ္။

ကၽြန္ေတာ္ကေတာ့ ေဒၚလွၿမိဳင္ႀကီး လာမွာေၾကာက္လို႔ အိပ္ငိုက္ခ်င္စိတ္ကို မနဲေပ်ာက္ေအာင္လုပ္ေနရတယ္။

“ေဒၚလွၿမိဳင္ရဲ႕ အရိပ္အေယာင္ေတြ႔ရင္ ငါ့တို႔ကိုႏိႈးအုံးကြ”လိုု႔ ေျပာၿပီး အိပ္ၾကေတာ့တာပါပဲ။

ေဒၚလွၿမိဳင္ဆိုတာက ခႏၶာကိုယ္ ခပ္ဝဝရွိၿပီး ပုံမွန္ဆိုရင္ လူေကာင္းတစ္ေယာက္လုိျဖစ္ေနေပမယ့္ စိတ္ေဖာက္တဲ့ အခ်ိန္ေတြမွာ အင္မတန္အားသန္ၿပီး စိတ္ရိုင္းေတြလည္း ဝင္လာတတ္ပါသတဲ့။

ေယာက်္ားေလးသုံးေလးေယာက္ ဖမ္းခ်ဳပ္ထားရင္ေတာင္ လြတ္ေအာင္ရုန္းထြက္ႏိုင္စြမ္းတဲ့ အားအင္ေတြ သူ႔ခႏၶာကိုယ္ကေန ထြက္လာပါသတဲ့။

ခ်ဳပ္ထားတဲ့သူေတြရဲ႕ လက္ကေနလြတ္သြားၿပီဆိုတာနဲ႔ ေလးေပေက်ာ္ေလာက္ျမင့္တဲ့ ျခံစည္းရိုးကေန ခုန္ေက်ာ္ထြက္သြားတတ္ပါသတဲ့။

ေဒၚလွၿမိဳင္တို႔ အိမ္က ေရကန္ရဲ႕ အေနာက္ေျမာက္ေထာင့္မွာ ေရဝင္လမ္းေၾကာင့္ရဲ႕ေျမာက္ဘက္ အိမ္တန္းရွည္ရဲ႕ အေရွ႕ဘက္ထိပ္ဆုံးမွာရွိပါတယ္။ကန္နဲ႔ အနီးကပ္ရပ္လို႔ ေျပာလို႔ရတယ္။

ကၽြန္ေတာ္တို႔ ကင္းေစာင့္တဲ့ ကင္းတဲေနရာကေန သူတို႔အိမ္ကိုၾကည့္ရင္ တန္းၿပီး ျမင္ေနရတာပါ။ သူတို႔အိမ္ကေန ကင္းတဲဘက္ကို လွမ္းၾကည့္ရင္လည္း ကၽြန္ေတာ္တို႔ ဘာလုပ္ေနလဲဆိုတာ ေကာင္းေကာင္းျမင္ႏိုင္ပါတယ္။

သူတို႔မိသားစုလိုက္ပါပဲ တစ္ေယာက္မဟုတ္ တစ္ေယာက္ကေတာ့ စိတ္ကစင့္ကလ်ား ျဖစ္ေနတတ္တယ္။ ေကာင္းတဲ့အခါလည္း ေကာင္းေနၾကတယ္။ေကာင္းေနတဲ့အခါ လူေကာင္းေတြလိုပဲ ေတာသြားၿပီး ထြန္ယက္စိုက္ပ်ိဳးတာေတြလည္း လုပ္ၾကပါတယ္။စိတ္ေဖာက္သြားတဲ့ အခ်ိန္မ်ိဳးေတြၾကေတာ့လည္း ထိန္းမႏိုင္သိမ္းမႏိုင္ ျဖစ္တဲ့အထိ ျဖစ္ပါသတဲ့။မ်ိဳးရိုးလိုက္တယ္ထင္ပါတယ္။

တခ်ိဳ႕ေျပာၾကတာက သူတို႔ေနတဲ့ေနရာက ဘုရားပရဝဏ္ေနရာထဲပါေနလို႔ လို႔လည္းေျပာၾကတယ္။ ဘုရားေစတီရဲ႕ အရိပ္က်ရာေနရာမွာေနၿပီး မဟုတ္တာေတြလုပ္လို႔ မိသားစုလိုက္ ဒီလိုအျဖစ္မ်ိဳးေတြ ခံရတာလို႔လည္း ေျပာတဲ့ စကားေတြ နားေထာင္ခဲ့ရဖူးပါတယ္။

တစ္ခါမ်ား ေဒၚလွၿမိဳင္ႀကီး စိတ္ေဖာက္လို႔ အိမ္မွာ ခ်ဳပ္ထားတဲ့တစ္ညမွာေပါ့ ဘယ္လိုလြတ္သြားတယ္မသိပါဘူး။ ေဒၚလွၿမိဳင္ဟာ ကန္ေပါင္ေပၚမွာ မီးကင္းေစာင္ရင္း အိပ္ေပ်ာ္သြားၾကတဲ့ သူေတြအနား ေရာက္လာၿပီး ေယာက်္ားေလးေတြရဲ႕ ငယ္ပါကိုကိုင္ၿပီး ကန္ထဲဆြဲခ်ပါသတဲ့။

အိပ္ေပ်ာ္ေနတုန္း ငယ္ပါကို ဆုပ္ကိုင္ထားျခင္းခံလိုက္ရေတာ့ ဘာမွျပန္မလုပ္ႏိုင္ၾကဘဲ ေဒၚလွၿမိဳင္ဆြဲေခၚတဲ့ ေနာက္လိုက္ခဲ့ရၿပီး ကန္ေပါင္ႏႈတ္ခမ္းေရာက္ေတာ့ ကန္ထဲတြန္းခ်ပါေရာတဲ့။

ေတာ္ပါေသးတယ္၊ေရထဲတြန္းခ်လို႔ေပါ့။ႏို႕မို႔တစ္ခုခုသာ လုပ္လိုက္ရင္ မလြယ္ေၾကာပါဘဲ။

အဲဒီျဖစ္ရပ္ေနာက္ေတာ့ မီးကင္းေစာင့္ရင္ အကုန္လုံး အိပ္မေနရဲေတာ့ပါဘူး။ေဒၚလွၿမိဳင္တို႔ အိမ္ဘက္က လူရိပ္လူေယာင္ျမင္ရင္ ေျပးဖို႔ျပင္ၾကရပါေတာ့တယ္။

အခုလည္း ကၽြန္ေတာ့္ကို အေစာင့္ထားၿပီး တခူးခူး တေခါေခါနဲ႔ အတုံးအရုံးကို အိပ္ေနၾကပါတယ္။

တစ္ေယာက္ထဲ ငုတ္တုတ္ဆိုေတာ့ သန္းေခါင္လည္းေက်ာ္လာေရာ ကၽြန္ေတာ္လည္း အိပ္ခ်င္လာေတာ့တာ ေပါ့။ အိပ္ေနတဲ့ သူေတြဒီအတိုင္းထားၿပီး တိတ္တိတ္ေလးအိမ္ျပန္ရင္ ေကာင္းမလား စဥ္းစားေသးတယ္။

မေကာင္းေသးပါဘူးေလဆိုၿပီး လက္ေလွ်ာ့လိုက္တယ္။ေနာက္ေတာ့ အႀကံတစ္ခုရတာနဲ႔ လက္ေတြ႔ လုပ္လိုက္တယ္။

သူ႔တို႔ရဲ႕ ငယ္ပါေတြကို ေဆာင့္ဆြဲၿပီး “ေဒၚလွၿမိဳင္..ေဒၚလွၿမိဳင္ႀကီး..လာေနၿပီ..”ဆိုၿပီး ေအာ္လိုက္တာေပါ့။ ဝုန္းဝုန္း..ဝုန္းဝုန္းနဲ႔ ကင္းတဲေပၚက ခုန္ဆင္းၿပီး ဖိနပ္ေလးေတြ မေမ့မေပ်ာက္ေကာက္ၿပီး ပုဆိုးကြင္းသိုင္းလို႔ ကန္ရဲ႕ ေတာင္ဘက္လမ္းက ပတ္ေျပးၾကပါေတာ့တယ္။

တစ္ေယာက္ထဲ က်န္ခဲ့တဲ့ ကၽြန္ေတာ္လည္း ပတ္လက္ကုလားထိုင္ႀကီးထမ္းၿပီး သူတို႔ေနာက္က အမီေျပးလိုက္ခဲ့ရပါေတာ့တယ္။ သူတစ္ပါးကိုစၿပီး ကိုယ္ကေနာက္က က်န္ရစ္ခဲ့ရတယ္။ မေတာ္လို႔ တကယ္ပဲ ေဒၚလွၿမိဳင္ႀကီးနဲ႔ ပက္ပင္းတိုးမွ….ကၽြန္ေတာ့္ရဲ႕….။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

 

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service