Luxury လည်း ဆန် ငွေကုန်ကြေးကျ မများ အိပ်ခန်းလှလှလေး ဖန်တီးကြမလား...
Luxury လည်း ဆန် ငွေကုန်ကြေးကျ မများ အိပ်ခန်းလှလှလေး ဖန်တီးကြမလား... - Property Knowledge in Myanmar from iMyanmarHouse.com
9 Jul 2023 4:07 pm တွင် တင်ခဲ့သည်
862 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
သီချင်းလေးတွေထဲကြားဖူးမှာပေါ့... မင်းကိုလွမ်းပြီးငိုနေရတာ မင်းမသိပေမယ့် ငါ့ခေါင်းအုံးလေးကတော့ သိတယ်တဲ့။ ကိုယ်ပိုင်အခန်းငယ်ဆိုတာ တစ်နေ့တာပင်ပန်းသမျှ လျှောချဖြေဖျောက်ပစ်ရာနေရာ၊ စိတ်ခံစားချက်တွေ ပွင့်အံထုတ်ရာ လျှို့ဝှက်အခန်းငယ်လေးဆိုလည်း မမှားပါဘူး။
ဒီကနေ့မှာတော့ ဆယ်ကျော်သက်မိန်းကလေးငယ်လေးများအတွက် ကိုယ်ပိုင်အိပ်ရာနဲ့ အိပ်ခန်းကို စိတ်ဖြေဖျောက်ရာနေရာလေးတစ်ခုအဖြစ် ဖန်တီးပြောင်းလဲဖို့ရာအချက်ကလေးများကို တင်ဆက်ပေးလိုက်ပါတယ်။
ကမ္ဘာသစ်တစ်ခုလို ပြောင်းလဲစေမယ့် အခန်းအရောင်
လေဒီတို့ရဲ့အခန်းသွင်ပြင် တောက်ပလင်းလက်သွားစေဖို့ အသက်သာဆုံးနည်းလမ်းက အခန်းအရောင်လေးပြောင်းလဲလိုက်တာပါပဲ။ အဖြူ၊ အပြာနု၊ အဝါနု၊ ပန်းနုရောင် စတဲ့ဆေးအရောင်လေးတွေဟာ အခန်းကို ပိုကြီးသွားသယောင် ပိုလင်းသွားသယောင်ဖြစ်စေပါတယ်။ နူးညံ့ငြိမ်သက်တဲ့ ခံစားချက်လေးရရှိဖို့ ပန်းနုရောင်ဆေးလေးသုတ်ကြည့်ပါ။ နောက်ပိုင်းနှစ်တွေမှာလည်း ခေတ်အစားဆုံး အိမ်သုတ်ဆေးအရောင်က ပန်းနုရောင်လေးပါပဲ။
ကိုယ်ရောစိတ်ပါ နုပျိုစေမယ့် စွမ်းအားပြည့်အိမ်တွင်းအပင်လေးများ။
အိပ်ခန်းကို အောက်ဆီဂျင်ထုတ်ပေးနိုင်စွမ်းမြင့်တဲ့ အိမ်တွင်းအပင်လေးများနဲ့ တန်ဆာဆင်ပါ။ ကွန်ကရစ်ပန်းအိုးငယ်လေးနဲ့ဖြစ်ဖြစ်၊ ပန်းအိုးလေးတွဲလဲချထားတာပဲဖြစ်ဖြစ် အခန်းထဲအောင်းပြီး အလုပ်လုပ်ရတဲ့နေ့ရက်တွေမှာ စိတ်အာရုံကြည်လင်လန်းဆန်းဖို့နဲ့ မျက်လုံးအေးဖို့ရာအတွက် အိပ်ခန်းတွင်းအပင်ကို မဖြစ်မနေ စိုက်ပျိုးပေးသင့်ပါတယ်။
အိပ်ရာဘေးက စားပွဲပေါ်မှာ မလိုအပ်တာတွေ ဖယ်ထုတ်ပါ။
သင့်အိပ်ရာဘေးက စားပွဲပေါ်မှာ ပုံနေတဲ့ Eye - Cream အပိုင်းအစတွေ နဲ့ ကော်ဖီခွက်တွေကို ရှင်းလင်းလိုက်ပါ။ မျက်စိရှင်းစေမယ့် မီးအိမ်ပုလေးတစ်လုံး၊ စာအုပ်၊ ပန်းအိုးငယ်၊ အနံ့မွှေးမွေးဖယောင်းတိုင်ခွက်လေးတစ်ခွက်တင်ထားလိုက်ပါ။ ဖယောင်းတိုင်က လာတဲ့ စိတ်ငြိမ်စေမယ့် အနံ့သင်းသင်းလေးဟာ ပျိုမေတို့ကိုနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါလိမ့်မယ်။
Recycle ပစ္စည်းများနဲ့ အခန်းတွင်းအလှဆင်ကြမယ်။
အခန်းလေးကို တစ်ဆင့်တစ်ဆင့်ပြင်နေရင်းနဲ့ လက်ထဲပိုက်ဆံပြတ်သွားတယ်ဆိုပါစို့။ ပိုက်ဆံပြတ်သွားလို့ လမ်းပျောက်နေတဲ့သူတွေအတွက် အသုံးပြုပြီးသားပစ္စည်းလေးတွေကို Recycle လုပ် အလှဆင်နိုင်တယ်ဆိုတဲ့အကြောင်းလက်တို့ပါရစေ။ ရေခရားအိုးအကွဲလေးတွေရှိရင် မြေဆွေးလေးနည်းနည်းထည့် ပန်းပင်ငယ်လေးတွေစိုက် အိပ်ခန်းထဲအလှထားလို့ရပါသေးတယ်။
ငွေကုန်ကြေးကျမများဘဲ Luxury ပုံစံ အခန်းငယ်လေးဖန်တီးဖို့အချက်လေးများကိုတင်ဆက်ပေးလိုက်ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
THADAR CONDOMINIUM
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service