ကျေးရွာမြေငှားဂရန်ထုတ်ပေးခြင်းနှင့်စပ်လျဉ်း၍ သက်ဆိုင်သည့်အကြောင်းအရာများအား ဥပဒေဗဟုသုတအနေဖြင့် ဖော်ပြပေးလိုက်ပါတယ်။

ကျေးရွာမြေငှားဂရန်ထုတ်ပေးခြင်းနှင့်စပ်လျဉ်း၍ သက်ဆိုင်သည့်အကြောင်းအရာများအား ဥပဒေဗဟုသုတအနေဖြင့် ဖော်ပြပေးလိုက်ပါတယ်။ - Property Knowledge in Myanmar from iMyanmarHouse.com
9 Jul 2023 2:43 pm တွင် တင်ခဲ့သည်
927 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

 

ကျေးရွာမြေများမှာ ဦးပိုင်တစ်ခုထဲတွင်တည်ရှိတတ်ပြီး ဝန်ခံကတိပြုချက်-၃(က)ဖြင့် ကျေးရွာ ဂရန်လျှောက်ထားခြင်းအား အုပ်ချုပ်ရေးဦးစီးဌာနက ဆောင်ရွက်ပေးရပါတယ်။ ၃(က)ဖြင့် လျှောက်ထားရရှိထားသော မြေဌားဂရန်ကို ဝယ်ယူသူသည် ဝင်ငွေခွန်၊တံဆိပ်ခေါင်းခွန်၊ ထမ်းဆောင်ပြီး မှတ်ပုံတင် စာချုပ်ချုပ်ဆိုကာ ဂရန်အား မိမိအမည်ပြောင်းဆောင်ရွက်လို့ရပါသည်။

(၁)ဧက အောက်ဖြစ်ပါကခရိုင်အုပ်ချုပ်ရေးမှ ကျေးရွာမြေငှားဂရန်ထုတ်ပေးပြီး (၁)ဧကမှ(၅)ဧက အတွင်းဖြစ်ပါကတိုင်းဒေသကြီး /ပြည်နယ် အုပ်ချုပ်ရေးမှူးထံတွင် လည်းကောင်း၊ (၅)ဧက ကျော်ပါက တိုင်းဒေသကြီး /ပြည်နယ် အုပ်ချုပ်ရေးမှူးရုံးချုပ်တွင်လည်းကောင်း လျှောက်ထားရယူရပါသည်။ မြေခွန်များ အားလည်း သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရမှ သတ်မှတ်ချက်အတိုင်းပေးသွင်းရပါမယ်။

ကျေးရွာဂရန်များအား ထုတ်ပေးခြင်း၊ပယ်ဖျက်ခြင်း၊ ဂရန်ထုတ် ပေးရန်၊ ငြင်းပယ်ခြင်းများမှာ အုပ်ချုပ်ရေးအဖွဲ့အစည်းများကသာ ဆောင်ရွက်ခွင့်ရှိပါသည်။

ဒေါ်အုန်းကြည်နှင့်ညွှန်ကြားရေးမှူးအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)အမှုတွင် မူလအမှု၏ မြေကွက်ပေးကမ်းခြင်း စာချုပ်မှာအတုဖြစ်နေသဖြင့် မူလအနိုင်ဒီဂရီဖြင့် ဂရန်အမည်ပေါက်ရယူခဲ့ခြင်းအား ပယ်ဖျက်ပေးရန် လျှောက်ထားသည့်အမှုဖြစ်ပါသည်။ အဆိုပါအမှုတွင် တရားလိုမှ မူလအမည်ပေါက်ဂရန် ပယ်ဖျက်ပြီး ၎င်းအမည်ဖြင့် ဂရန်ထုတ်ပေးရန် တောင်းဆိုသည်ကို အုပ်ချုပ်ရေးဦးစီးဌာနမှ တရားရုံးအဆုံး အဖြတ်ရရှိမှသာ ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ညွှန်ကြားခဲ့ပါသည်။

ထို့ကြောင့် အမူအား တရားရုံးချုပ်မှ ကျေးရွာဂရန်များ ထုတ်ပေးခြင်း၊ ပယ်ဖျက်ခြင်း၊ ဂရန်ထုတ် ပေးခြင်းမှာ အုပ်ချုပ်ရေးအဖွဲ့အစည်းမှ ဆောင်ရွက်ပိုင်ခွင့်ရှိခြင်းဖြစ်သည်။ ထို့ကြောင့် မူလဂရန်ကို ပယ်ဖျက်ခြင်း၊ဂရန်ထုတ်ပေးခြင်းတို့အား သက်ဆိုင်ရာနည်းဥပဒေ၊လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များ နှင့်အညီ အဆုံးအဖြတ်ပြုရန် အထက်ပါအမှုအရ တရားရုံးချုပ်မှ အာဏာပေးစာချုပ်တော် အမိန့်ထုတ်ဆင့် ထားကြောင်း တွေ့ရှိရပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]


 









 



 

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service