တစ်ခါတုန်းက အဖြစ်လေးတွေ (၃၉)

တစ်ခါတုန်းက အဖြစ်လေးတွေ (၃၉) - Property Knowledge in Myanmar from iMyanmarHouse.com
6 Jul 2023 12:25 pm တွင် တင်ခဲ့သည်
368 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

ကိုယ်တစ်ပိုင်းပြတ် သစေ(တစ္ဆေ)ရဲ့ အဆက်..

 

အဲဒီရှေးဟောင်း သုံးထပ်အဆောက်အအုံကြီးရဲ့ မြေညီမှာ ကျွန်တော်တို့ မားကတ်ဖွင့်ဖြစ်တော့ ကျွန်တော်က အိမ်ကို မပြန်တော့ဘဲ ပထမထပ်ရဲ့ လှေကားခွင်မှာ လုပ်ထားတဲ့ အခန်းလေးမှာပဲနေဖြစ်တယ်။

အပေါ်ဆုံး ခေါင်မိုးက အဆောင်နေရာလေးကို သူဌေးရဲ့စားသောက်ဆိုင်မှာလုပ်တဲ့ ဝိတ်တာတွေ နေကြတယ်။ ညဘက်ဆိုရင် သူတို့က အဆောင်ရဲ့ အမိုးအောက်မှာအိပ်သလို၊အမိုးမရှိတဲ့ ကွင်းပြင်ထဲလည်း အိပ်ကြတာပေါ့။

အဲဒီဝိတ်တာထဲမှာ ခပ်မိုက်မိုက်ခပ်ရမ်းရမ်းရှိလှတဲ့ စိန်ကြီးဆိုတဲ့ သူရှိတယ်။သူကတစ်ခါတစ်ရံ အဆောင်ထဲ မအိပ်ဘူး။ ကွင်းပြင်မှာ စက္ကူတွေခံ ပျဉ်ပြားတွေခင်းပြီး အိပ်တတ်တယ်။

တစ်ညတော့ သူခန္ဓာကိုယ်ကို ဆွဲလှုပ်သလို ခံစားရတာကြောင့် အိပ်ချင်မူးတူးနဲ့ နိုးသွားပါရောတဲ့။ ဘေးဘီကြည့်တော့လည်း ဘယ်သူမှ ရှိမနေပါဘူးတဲ့။ဒါပေမဲ့ အဖြူရောင် အဝတ်အစားတွေဝတ်ထားတဲ့ ကုလားဆင်ပုံစံ အမျိုးသမီးတစ်ယောက်ဟာ အဆောင်ရဲ့ အရှေ့ဘက်ဆုံးထိပ်ကနေ မြောက်ဘက်တည့်တည့်သွားပြီး ခါးလည်လောက်အမြင့်ရှိတဲ့ အရံအတားကို ကျော်ပြီး နောက်ဖေးလမ်းကြားထဲ ခုန်ဆင်းသွားတာကို တွေ့လိုက်ရ ပါသတဲ့။အဲဒီညက သူလည်း အပြင်မှာ ဆက်မအိပ်ရဲတော့ဘဲ အဆောင်ထဲက သူငယ်ချင်းတွေကြားထဲ တိုးပြီးအိပ်လိုက်ရပါသတဲ့။

မနက်မိုးလင်းလို့ အဲဒီနေရာသွားကြည့်တော့ လူကောင်းတစ်ယောက်တောင် ကျော်လွှားဖို့ မလွယ်တဲ့နေရာ တစ်ခု ဖြစ်နေတာကို တွေ့ရပါသတဲ့။

အဲဒီလိုအဖြစ်မျိုးတွေ သူတစ်ယောက်ထဲတော့ ကြုံတာမဟုတ်ပါဘူး။သုံးလေးယောက်လောက် ကြုံခဲ့ဖူးကြောင်း သိရတယ်။ထင်ယောင်မိမှားလို့ ပြောချင်လည်း ပြောနိုင်ပါတယ်။

 

 

နောက်တော့ ကျွန်တော်တို့ မားကတ်မှာလုပ်တဲ့ ကရင်လေးတစ်ယောက်လည်း အဲဒီစားသောက်ဆိုင်က ဝိတ်တာတွေနေတဲ့ အပေါ်ဆောင်မှာ ရောနှောနေကြရတယ်။သူဌေးက တစ်ယောက်တည်းကိုး။ မားကတ်ကလူရော၊စားသောက်ဆိုင်ကလူရော ရောနှောပြီးနေကြတာပေါ့။

အဲဒီကောင်လေးလဲ ထင်ယောင်ထင်မှားဖြစ်ရပ်တွေ မြင်တဲ့အကြောင်း ဆိုင်ထဲရောက်ရင် ပြောတတ်တယ်။

သူမြင်တာက အမျိုးသမီးနှစ်ယောက်။ ခေါင်မိုးပေါ်မှာ သွားရခက်ပြီး အရံအတား အကာအကွယ်တွေလုပ်ထားတဲ့ ရေတိုင်ကီနဲ့ အုတ်ကန်ကြီးကြားထဲကနေ အမျိုးသမီးနှစ်ယောက်ဟာ ကျွန်တော်တို့နေတဲ့ အဆောက်အအုံနဲ့ အောင်ဘာလေထီရုံးရဲ့ လမ်းကြားထဲကို ဆင်းသွားတာကို မြင်မြင်နေတယ်ဆိုတဲ့ကြောင်း အပေါ်မှာနေတဲ့ သူ့သူငယ်ချင်းတွေကိုလည်း ပြောတတ်ပါသတဲ့။

ဒီကောင်လေးမှာ ဆေးပြားတွေသောက်တတ်တဲ့အကျင့်၊ ယမကာကို တရားလွန်မှီဝဲတတ်တဲ့ အကျင့်တွေ ရှိတယ်ဆိုတာကို သိထားတော့ အဲဒီအရှိန်တွေကြောင့် ဖြစ်ရတာလို့ပဲ သဘောထားကြတာပေါ့။ အချင်းချင်းတွေ တရားလွန်မဖြစ်အောင် ထိန်းကြဖို့လည်း သတိပေးထားရတယ်။

တစ်ရက်တော့ မိုးလင်းလို့ ဆိုင်ဖွင့်တဲ့ အချိန်ထိသူက သူ့နေရာမှာ ရောက်မလာသေးဘူး။ ဒါနဲ့ သူနဲ့ အတူတူအိပ်တဲ့ကောင်တွေကို မေးတော့ သူတို့အရင်ဆင်းသွားတယ်ထင်တဲ့ အကြောင်းပဲ ပြောကြတယ်။ဒါပေမဲ့ ၁၁ နာရီလောက် အထိပေါ်မလာသေးဘူး။ နေ့လည် ၁၂ နာရီထိုးခါနီးမှ ကျွန်တော်တို့ ဆိုင်နဲ့ ထီရုံးကြီးရဲ့ လမ်းကြားကို ပိတ်ထားတဲ့ သံတံခါးထိပ်မှာဖွင့်ထားတဲ့ ဂျာနယ်ဆိုင်ကကောင်လေးက ဆိုင်ထဲဝင်လာပြီး လမ်းကြားထဲ လူတစ်ယောက်လဲနေတဲ့အကြောင်း လာပြောတယ်။

ဒါနဲ့ အပြင်ကလှမ်းကြည့်တော့ လဲနေတဲ့သူက မှောက်ခုံကြီးဖြစ်နေတယ်။ ရေမြောင်းကိုခွပြီးလဲနေတာ။ဒါနဲ့ လမ်းကြားသော့ယူပြီး ဖွင့်ကြည့်တော့ အဲဒီကရင်လေးဖြစ်နေပါရောလား။ သေနေပါပြီ၊ သူပြုတ်ကျသေဆုံးတဲ့ နေရာနဲ့တည့်တည့်က သူမြင်မြင်နေတဲ့ အမျိုးသမီးနှစ်ယောက်ဆင်းဆင်းသွားတယ်ဆိုတဲ့နေရာနဲ့ တည့်တည့်မှာဖြစ်နေတယ်။ တကယ်တိုးရ ထွက်ရခက်တဲ့ နေရာကနေ သူလည်းကျသေတယ်။နောက်ဆုံးတော့ သူမှီဝဲနေတဲ့ ယမကာနဲ့ ဆေးပြားတွေရဲ့ အစွမ်းတွေကြောင့်လို့ပဲ ထင်ပါတယ်။

 

ဒီဖြစ်စဉ်ရဲ့နောက်မှာ အပေါ်ထပ်ကကောင်တွေ အထုပ်အပိုးတွေဆွဲပြီး ကျွန်တော်နေတဲ့အခန်းထဲ ရောက်လာကြတယ်။ကျွန်တော့်ခြေရင်းက စက္ကူပုံးတွေထားတဲ့ အခန်းထဲမှာ စုပြုံပြီးအိပ်ကြတော့တာပေါ့။ ဒီကောင်တွေ မနက်နှစ်နာရီ သုံးနာရီထိ မအိပ်နိုင်ဘူးဖြစ်နေကြတယ်။

နေ့ခင်းမှာတောင် အဲဒီခေါင်မိုးကို တစ်ယောက်ထဲ မတက်ဝံ့ကြတော့ဘူး။ စားသောက်ဆိုင်က တစ်ယောက်ဆိုရင် ညဆယ့်တစ်နာရီလောက် ဆိုင်ကပြန်လာရင် သူ့ဟာသူတက်မလာရဲတော့ဘူး။ တစ်ယောက်ယောက်က ဆင်းခေါ်မှ။

ရက်မလည်ခင်ထိ သူတို့ နဂိုနေခဲ့တဲ့ အပေါ်ခေါင်မိုးမှာ မအိပ်ရဲကြတော့ဘူး။ရက်လည် မလုပ်ခင်တစ်ရက် အလိုမှာ ကျွန်တော်ဦးဆောင်ပြီး အပေါ်ထပ်နေခဲ့တဲ့ ကောင်လေး လေးငါးယောက်လောက်ခေါ်ပြီး အပေါ်တက်ခဲ့တယ်။သန့်ရှင်းရေးလုပ်ဖို့ပါ။နောက်နေ့နာရေးအတွက် ဆွမ်းကပ် အမျှဝေဖို့ပေါ့။

အပေါ်ရောက်တော့ သန့်ရှင်းလုပ်မယ့်ကောင်တွေက သန့်ရှင်းရေးလုပ် မလုပ်ဘဲ ကျွန်တော်သွားတဲ့နောက် လျှောက်လိုက်နေကြတယ်။

ကျွန်တော်က “ဟာ..ဟိတ်ကောင်တွေ သန့်ရှင်းရေးလုပ်ဟ” လို့ပြောတော့ သူတို့ကြောက်လို့ ကျွန်တော့်နောက်လိုက်နေတယ်ပြောတော့မှ ကျွန်တော်ပါရောပြီး သန့်ရှင်းရေးလုပ်ရတော့တယ်။ 

 

 

အဲဒီအချိန်မှာ သေသွားတဲ့ ကရင်လေးနေခဲ့တဲ့ နေရာနဲ့ အခြားနေရာတွေကို သန့်ရှင်းရေးလုပ်နေတုန်း ရေကျသံကြားလို့ သွားကြည့်တော့ အုတ်ကန်ကြီးရဲ့ ခါးလည်လောက်မှာ တပ်ထားတဲ့ ရေဘားက ဘယ်သူမှ သွားမဖွင့်ဘဲနဲ့ ရေတွေကျနေတာကိုတွေ့လို့ ပြန်ပိတ်ခဲ့လိုက်တယ်။ ဒီဖြစ်ရပ်ကိုသာ အခြားကောင်လေးတွေ ပြောလိုက်လို့ကတော့ သူတို့ ကြောက်စိတ်ဝင်နေရင် ပိုရှုပ်ကုန်မယ်။ဒါနဲ့ သူတို့ကို မပြောဖြစ်တော့ပါဘူး။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

တစ္ခါတုန္းက အျဖစ္ေလးေတြ (၃၉)

 

ကိုယ္တစ္ပိုင္းပ်က္ သေစ(တေစၦ)ရဲ႕ အဆက္..

 

တစ္ခါတုန္းက အျဖစ္ေလးေတြ(၃၉)

ကိုယ္တစ္ပိုင္းျပတ္ သေစ(တေစၦ)ရဲ႕ အဆက္

အဲဒီေရွးေဟာင္း သုံးထပ္အေဆာက္အအုံႀကီးရဲ႕ ေျမညီမွာ ကြၽန္ေတာ္တို႔ မားကတ္ဖြင့္ျဖစ္ေတာ့ ကြၽန္ေတာ္က အိမ္ကို မျပန္ေတာ့ဘဲ ပထမထပ္ရဲ႕ ေလွကားခြင္မွာ လုပ္ထားတဲ့ အခန္းေလးမွာပဲေနျဖစ္တယ္။

အေပၚဆုံး ေခါင္မိုးက အေဆာင္ေနရာေလးကို သူေဌးရဲ႕စားေသာက္ဆိုင္မွာလုပ္တဲ့ ဝိတ္တာေတြ ေနၾကတယ္။ ညဘက္ဆိုရင္ သူတို႔က အေဆာင္ရဲ႕ အမိုးေအာ‌က္မွာအိပ္သလို၊အမိုးမရွိတဲ့ ကြင္းျပင္ထဲလည္း အိပ္ၾကတာေပါ့။

အဲဒီဝိတ္တာထဲမွာ ခပ္မိုက္မိုက္ခပ္ရမ္းရမ္းရွိလွတဲ့ စိန္ႀကီးဆိုတဲ့ သူရွိတယ္။သူကတစ္ခါတစ္ရံ အေဆာင္ထဲ မအိပ္ဘူး။ ကြင္းျပင္မွာ စကၠဴေတြခံ ပ်ဥ္ျပားေတြခင္းၿပီး အိပ္တတ္တယ္။

တစ္ညေတာ့ သူခႏၶာကိုယ္ကို ဆြဲလႈပ္သလို ခံစားရတာေၾကာင့္ အိပ္ခ်င္မူးတူးနဲ႔ ႏိုးသြားပါေရာတဲ့။ ေဘးဘီၾကည့္ေတာ့လည္း ဘယ္သူမွ ရွိမေနပါဘူးတဲ့။ဒါေပမဲ့ အျဖဴေရာင္ အဝတ္အစားေတြဝတ္ထားတဲ့ ကုလားဆင္ပုံစံ အမ်ိဳးသမီးတစ္ေယာက္ဟာ အေဆာင္ရဲ႕ အေရွ႕ဘက္ဆုံးထိပ္ကေန ေျမာက္ဘက္တည့္တည့္သြားၿပီး ခါးလည္ေလာက္အျမင့္ရွိတဲ့ အရံအတားကို ေက်ာ္ၿပီး ေနာက္ေဖးလမ္းၾကားထဲ ခုန္ဆင္းသြားတာကို ေတြ႕လိုက္ရ ပါသတဲ့။အဲဒီညက သူလည္း အျပင္မွာ ဆက္မအိပ္ရဲေတာ့ဘဲ အေဆာင္ထဲက သူငယ္ခ်င္းေတြၾကားထဲ တိုးၿပီးအိပ္လိုက္ရပါသတဲ့။

မနက္မိုးလင္းလို႔ အဲဒီေနရာသြားၾကည့္ေတာ့ လူေကာင္းတစ္ေယာက္ေတာင္ ေက်ာ္လႊားဖို႔ မလြယ္တဲ့ေနရာ တစ္ခု ျဖစ္ေနတာကို ေတြ႕ရပါသတဲ့။

အဲဒီလိုအျဖစ္မ်ိဳးေတြ သူတစ္ေယာက္ထဲေတာ့ ႀကဳံတာမဟုတ္ပါဘူး။သုံးေလးေယာက္ေလာက္ ႀကဳံခဲ့ဖူးေၾကာင္း သိရတယ္။ထင္ေယာင္မိမွားလို႔ ေျပာခ်င္လည္း ေျပာႏိုင္ပါတယ္။

ေနာက္ေတာ့ ကြၽန္ေတာ္တို႔ မားကတ္မွာလုပ္တဲ့ ကရင္ေလးတစ္ေယာက္လည္း အဲဒီစားေသာက္ဆိုင္က ဝိတ္တာေတြေနတဲ့ အေပၚေဆာင္မွာ ေရာေႏွာေနၾကရတယ္။သူေဌးက တစ္ေယာက္တည္းကိုး။ မားကတ္ကလူေရာ၊စားေသာက္ဆိုင္ကလူေရာ ေရာေႏွာၿပီးေနၾကတာေပါ့။

အဲဒီေကာင္ေလးလဲ ထင္ေယာင္ထင္မွားျဖစ္ရပ္ေတြ ျမင္တဲ့အေၾကာင္း ဆိုင္ထဲေရာက္ရင္ ေျပာတတ္တယ္။

သူျမင္တာက အမ်ိဳးသမီးႏွစ္ေယာက္။ ေခါင္မိုးေပၚမွာ သြားရခက္ၿပီး အရံအတား အကာအကြယ္ေတြလုပ္ထားတဲ့ ေရတိုင္ကီနဲ႔ အုတ္ကန္ႀကီးၾကားထဲကေန အမ်ိဳးသမီးႏွစ္ေယာက္ဟာ ကြၽန္ေတာ္တို႔ေနတဲ့ အေဆာက္အအုံနဲ႔ ေအာင္ဘာေလထီ႐ုံးရဲ႕ လမ္းၾကားထဲကို ဆင္းသြားတာကို ျမင္ျမင္ေနတယ္ဆိုတဲ့ေၾကာင္း အေပၚမွာေနတဲ့ သူ႔သူငယ္ခ်င္းေတြကိုလည္း ေျပာတတ္ပါသတဲ့။

ဒီေကာင္ေလးမွာ ေဆးျပားေတြေသာက္တတ္တဲ့အက်င့္၊ ယမကာကို တရားလြန္မွီဝဲတတ္တဲ့ အက်င့္ေတြ ရွိတယ္ဆိုတာကို သိထားေတာ့ အဲဒီအရွိန္ေတြေၾကာင့္ ျဖစ္ရတာလို႔ပဲ သေဘာထားၾကတာေပါ့။ အခ်င္းခ်င္းေတြ တရားလြန္မျဖစ္ေအာင္ ထိန္းၾကဖို႔လည္း သတိေပးထားရတယ္။

တစ္ရက္ေတာ့ မိုးလင္းလို႔ ဆိုင္ဖြင့္တဲ့ အခ်ိန္ထိသူက သူ႔ေနရာမွာ ေရာက္မလာေသးဘူး။ ဒါနဲ႔ သူနဲ႔ အတူတူအိပ္တဲ့ေကာင္ေတြကို ေမးေတာ့ သူတို႔အရင္ဆင္းသြားတယ္ထင္တဲ့ အေၾကာင္းပဲ ေျပာၾကတယ္။ဒါေပမဲ့ ၁၁ နာရီေလာက္ အထိေပၚမလာေသးဘူး။ ေန႔လည္ ၁၂ နာရီထိုးခါနီးမွ ကြၽန္ေတာ္တို႔ ဆိုင္နဲ႔ ထီ႐ုံးႀကီးရဲ႕ လမ္းၾကားကို ပိတ္ထားတဲ့ သံတံခါးထိပ္မွာဖြင့္ထားတဲ့ ဂ်ာနယ္ဆိုင္ကေကာင္ေလးက ဆိုင္ထဲဝင္လာၿပီး လမ္းၾကားထဲ လူတစ္ေယာက္လဲေနတဲ့အေၾကာင္း လာေျပာတယ္။

ဒါနဲ႔ အျပင္ကလွမ္းၾကည့္ေတာ့ လဲေနတဲ့သူက ေမွာက္ခုံႀကီးျဖစ္ေနတယ္။ ေရေျမာင္းကိုခြၿပီးလဲေနတာ။ဒါနဲ႔ လမ္းၾကားေသာ့ယူၿပီး ဖြင့္ၾကည့္ေတာ့ အဲဒီကရင္ေလးျဖစ္ေနပါေရာလား။ ေသေနပါၿပီ၊ သူျပဳတ္က်ေသဆုံးတဲ့ ေနရာနဲ႔တည့္တည့္က သူျမင္ျမင္ေနတဲ့ အမ်ိဳးသမီးႏွစ္ေယာက္ဆင္းဆင္းသြားတယ္ဆိုတဲ့ေနရာနဲ႔ တည့္တည့္မွာျဖစ္ေနတယ္။ တကယ္တိုးရ ထြက္ရခက္တဲ့ ေနရာကေန သူလည္းက်ေသတယ္။ေနာက္ဆုံးေတာ့ သူမွီဝဲေနတဲ့ ယမကာနဲ႔ ေဆးျပားေတြရဲ႕ အစြမ္းေတြေၾကာင့္လို႔ပဲ ထင္ပါတယ္။

ဒီျဖစ္စဥ္ရဲ႕ေနာက္မွာ အေပၚထပ္ကေကာင္ေတြ အထုပ္အပိုးေတြဆြဲၿပီး ကြၽန္ေတာ္ေနတဲ့အခန္းထဲ ေရာက္လာၾကတယ္။ကြၽန္ေတာ့္ေျခရင္းက စကၠဴပုံးေတြထားတဲ့ အခန္းထဲမွာ စုၿပဳံၿပီးအိပ္ၾကေတာ့တာေပါ့။ ဒီေကာင္ေတြ မနက္ႏွစ္နာရီ သုံးနာရီထိ မအိပ္ႏိုင္ဘူးျဖစ္ေနၾကတယ္။

ေန႔ခင္းမွာေတာင္ အဲဒီေခါင္မိုးကို တစ္ေယာက္ထဲ မတက္ဝံ့ၾကေတာ့ဘူး။ စားေသာက္ဆိုင္က တစ္ေယာက္ဆိုရင္ ညဆယ့္တစ္နာရီေလာက္ ဆိုင္ကျပန္လာရင္ သူ႔ဟာသူတက္မလာရဲေတာ့ဘူး။ တစ္ေယာက္ေယာက္က ဆင္းေခၚမွ။

ရက္မလည္ခင္ထိ သူတို႔ နဂိုေနခဲ့တဲ့ အေပၚေခါင္မိုးမွာ မအိပ္ရဲၾကေတာ့ဘူး။ရက္လည္ မလုပ္ခင္တစ္ရက္ အလိုမွာ ကြၽန္ေတာ္ဦးေဆာင္ၿပီး အေပၚထပ္ေနခဲ့တဲ့ ေကာင္ေလး ေလးငါးေယာက္ေလာက္ေခၚၿပီး အေပၚတက္ခဲ့တယ္။သန႔္ရွင္းေရးလုပ္ဖို႔ပါ။ေနာက္ေန႔နာေရးအတြက္ ဆြမ္းကပ္ အမွ်ေဝဖို႔ေပါ့။

အေပၚေရာက္ေတာ့ သန႔္ရွင္းလုပ္မယ့္ေကာင္ေတြက သန႔္ရွင္းေရးလုပ္ မလုပ္ဘဲ ကြၽန္ေတာ္သြားတဲ့ေနာက္ ေလွ်ာက္လိုက္ေနၾကတယ္။

ကြၽန္ေတာ္က “ဟာ..ဟိတ္ေကာင္ေတြ သန႔္ရွင္းေရးလုပ္ဟ” လို႔ေျပာေတာ့ သူတို႔ေၾကာက္လို႔ ကြၽန္ေတာ့္ေနာက္လိုက္ေနတယ္ေျပာေတာ့မွ ကြၽန္ေတာ္ပါေရာၿပီး သန႔္ရွင္းေရးလုပ္ရေတာ့တယ္။

အဲဒီအခ်ိန္မွာ ေသသြားတဲ့ ကရင္ေလးေနခဲ့တဲ့ ေနရာနဲ႔ အျခားေနရာေတြကို သန႔္ရွင္းေရးလုပ္ေနတုန္း ေရက်သံၾကားလို႔ သြားၾကည့္ေတာ့ အုတ္ကန္ႀကီးရဲ႕ ခါးလည္ေလာက္မွာ တပ္ထားတဲ့ ေရဘားက ဘယ္သူမွ သြားမဖြင့္ဘဲနဲ႔ ေရေတြက်ေနတာကိုေတြ႕လို႔ ျပန္ပိတ္ခဲ့လိုက္တယ္။ ဒီျဖစ္ရပ္ကိုသာ အျခားေကာင္ေလးေတြ ေျပာလိုက္လို႔ကေတာ့ သူတို႔ ေၾကာက္စိတ္ဝင္ေနရင္ ပိုရႈပ္ကုန္မယ္။ဒါနဲ႔ သူတို႔ကို မေျပာျဖစ္ေတာ့ပါဘူး။

 အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service