လယ်ယာမြေအား တရားဝင်လူနေထိုင်ခွင့်မြေအမျိုးအစားအဖြစ် ပြောင်းလဲလိုပါက အောက်ပါအချက်အလက်များ သိရှိထားသင့်ပါသည်။
လယ်ယာမြေအား တရားဝင်လူနေထိုင်ခွင့်မြေအမျိုးအစားအဖြစ် ပြောင်းလဲလိုပါက အောက်ပါအချက်အလက်များ သိရှိထားသင့်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
5 Jul 2023 11:35 am တွင် တင်ခဲ့သည်
2028 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
၁။ ပထမဦးစွာ မြေအမျိုးအစားများကို ခွဲခြားဖော်ပြရမည်ဆိုပါက လယ်ယာမြေ၊ ဥယျာဉ်ခြံမြေ၊ မြေပိုင်မြေ (ဘိုးဘွားပိုင်မြေ)၊ဂရန်မြေ၊လိုင်စင်မြေ၊ပါမစ်မြေ၊စကွာတာမြေ၊ကျူးကျော်မြေနှင့်သာသနာပိုင်မြေဟူ၍ သီးခြားစီရှိကြပါတယ်။ ထိုအထဲမှ လူနေထိုင်ခွင့်ရှိသော မြေ  အမျိုးအစားများအား ခွဲခြားဖော်ပြရလျှင် မြေပိုင်မြေ(ဘိုးဘွားပိုင်မြေ)၊ ဂရန်မြေ၊လိုင်စင်မြေ၊ ပါမစ်မြေ၊ စကွာတာမြေတို့ဖြစ်ကြတယ်။
၂။ လယ်မြေဆိုသည်မှာ စပါးသီးနှံများစိုက်ပျိုးရန်အတွက်ဖြစ်ပြီး လယ်ယာမြေဆိုသည်မှာ နှစ်ရှည်ပင်များ စိုက်ပျိုးသီးနှံများ ထုတ်လုပ်ရန်အတွက် သတ်မှတ်ထားသောမြေအမျိုးအစားပင်ဖြစ်သည်။
၃။ ၂၀၁၂ ခုနှစ်၊လယ်ယာမြေဥပဒေအရ လယ်ယာမြေလုပ်ကိုင်နေသူများနှင့် လယ်ယာမြေလုပ်ကိုင်လိုသူများသည် လယ်ယာမြေလုပ်ကိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇) ကိုရယူရန် မြေပုံမြေရာဇဝင် ၁၀၅/၁၀၆ လျှောက်ထား ပြီး သက်ဆိုင်ရာရပ်ကွက်(သို့)ကျေးရွာအုပ်စုမှ တဆင့်မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြ လျှောက်ထားရပါတယ်။
၄။ အမည်ပေါက်လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ(၇) ချမှတ်ပေးထားသည့်လယ်ယာမြေအား (၆) လအတွင်း သတ်မှတ်နည်းလမ်းများအတိုင်း စိုက်ပျိုးထုတ်လုပ်အသုံးပြုမှု မစတင်သေးပါက ဗဟိုလယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့မှ ပြန်လည်သိမ်းယူမည်ဖြစ်တယ်။
၅။ ၂၀၁၂ ခုနှစ်၊လယ်ယာမြေဥပဒေ-၁၂(ဂ) အရ လယ်ယာမြေအား ရောင်းချခြင်း၊ပေါင်နှံခြင်း၊ငှားရမ်းခြင်း၊ လဲလှယ်ခြင်း၊ပေးကမ်းခြင်းတို့ပြုနိုင်ပြီး သက်ဆိုင်ရာမြို့နယ်ဦးစီးဌာနတွင် မှတ်ပုံတင်ခပေးဆောင်၍ တံဆိပ်ခွန်ထမ်းဆောင်ကာ လယ်ယာမြေလုပ်ကိုင်ခွင့်ပုံစံ(၇)အား တရားဝင်အမည်ပေါက်ပြောင်းလဲခြင်း ပြုနိုင်ပါတယ်။
၆။ လယ်ယာမြေအား သတ်မှတ်ချက်အတိုင်းမဟုတ်ဘဲ အခြားနည်းသုံးစွဲလိုပါက ပုံစံ-(၁၄)ဖြင့် ပြောင်းလဲ သုံးစွဲလိုသည့်အကြောင်းအရာကိုဖော်ပြပြီး မြို့နယ်ဦးစီးဌာနရုံးသို့ တင်ပြလျှောက်ထားရပါမယ်။ လယ်ယာမြေဆိုပါက တိုင်းဒေသကြီး(သို့)ပြည်နယ်မှ သဘောထားမှတ်ချက်များနှင့်အတူ စီစစ်ပြီး ခွင့်ပြုပါက ပုံစံ-(၁၅-က)ဖြင့် အခြားနည်းအသုံးပြုခွင့် လ/ယ ၃၀ ထုတ်ပေးပါတယ်။အခြားနည်း သုံးစွဲခွင့်ခွင့်ပြုမိန့်ရရှိပြီး (၆)လအတွင်း သတ်မှတ်ခွင့်ပြုလုပ်ငန်းများ အကောင်အထည်မဖော်ပါက ခွင့်ပြုမိန့်ကို ပယ်ဖျက်ပြီး လယ်ယာမြေ ကို ပြန်လည်သိမ်းယူခြင်းအထိ ခံရနိုင်ပါတယ်။
၇။ ထိုအခြားနည်းသုံးစွဲခွင့် ခွင့်ပြုပြီးသား လယ်ယာမြေအား လူနေထိုင်ခွင့်ရရှိရန် ဂရန်မြေမြေအမျိုးအစား ပြောင်းလဲလိုပါက သတ်မှတ်ပုံစံများနှင့်အညီ မြေပုံမြေရာဇဝင်လျှောက်ထားပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာနသို့ လျှောက်ထားရမှာဖြစ်ပါတယ်။
၈။ (၁) ဧကအထိ မြေငှားဂရန်များအား ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ စီစစ်ကာ မြေခွန်ပေးဆောင်စေ၍ ဂရန်ထုတ်ပေးပြီး (၁) ဧကမှ (၅ )ဧကအထိ မြေငှားဂရန်များအား တိုင်းဒေသကြီး/ ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှစီစစ်ပြီး (၅) ဧကအထက်ဆိုပါက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးချုပ်မှ စီစစ်ကာ ခရိုင်အုပ်ချုပ်ရေးဦးစီးဌာနက ဂရန်ထုတ်ပေးပါသည်။စက်မှု/စီးပွား မြေငှားဂရန်များအဖြစ် လျှောက်ရယူခြင်းများလဲရှိပြီး သတ်မှတ်ချက်များနှင့်အညီ နည်းလမ်းတကျလျှောက်ထားရယူရန် အရေးကြီးပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service