ဝေဒနာဖျောက်နည်း

ဝေဒနာဖျောက်နည်း - Property Knowledge in Myanmar from iMyanmarHouse.com
4 Jul 2023 3:03 pm တွင် တင်ခဲ့သည်
731 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

 

တစ်ရံရောအခါက အရှင်အနုရုဒ္ဓါသည် သာဝတ္ထိပြည် အန္ဓဝန တောအုပ်၌ ပြင်းထန်စွာ မမာမကျန်း ဖြစ်နေ၏။ များစွာကုန်သော ရဟန်းတို့သည် အရှင်အနုရုဒ္ဓါထံသို့ ချည်းကပ်ကြ၍ “ကိုယ်၌စွဲကပ်သော ဝေဒနာတို့ကို အဘယ်အနေမျိုးဖြင့် ပယ်ဖျောက်ပါသနည်း”ဟု မေးကြ၏။

အရှင်အနုရုဒ္ဓါက “ငါ့ရှင်တို့ ကိုယ်၌စွဲကပ်သော ဝေဒနာတို့ကို သတိပဋ္ဌာန်တရားလေးပါးတို့ကို ပွားများ အားထုတ်ခြင်း တည်းဟူသော နေခြင်းဖြင့် ပယ်ဖျောက်သည်”ဟု ဖြေတော်မူသည်။ (မဟာဝဂ္ဂသံယုတ်၊၂၆၄)

သတိပဋ္ဌာန်ဟူသည် လွန်စွာတည်သော သတိ၊ ခိုင်မြဲစွာတည်သော သတိဟု အဓိပ္ပာယ်ရသည်။ သက်ဆိုင်ရာ အာရုံထဲ၌ စွဲစွဲမြဲမြဲ သက်ဝင်တည်နေသော သတိစေတသိက်ကို ဆိုလိုသည်။ တရားကိုယ်အားဖြင့် သတိစေတသိက်တပါးတည်း ဖြစ်သော်လည်း အာရုံ (၄) မျိုး၊ ပယ်ခွာခြင်းကိစ္စ (၄) မျိုး ပြားခြင်းကြောင့် သတိပဋ္ဌာန် (၄) မျိုး ပြားရခြင်း ဖြစ်သည်။

သတိပဋ္ဌာန် (၄) မျိုးမှာ-

ကာယာနုပဿနာ သတိပဋ္ဌာန် - ထွက်သက်ဝင်သက်အစရှိသော ကိုယ်အင်္ဂါအစု၌ အရှုအမြင် အထင်စွဲမြဲသော သတိတရား။

ဝေဒနာနုပဿနာ သတိပဋ္ဌာန် - သုခ ဒုက္ခစသော ဝေဒနာအစု၌ အရှုအမြင် အထင်အစွဲ မြဲသော သတိတရား။

စိတ္တာနုပဿနာ သတိပဋ္ဌာန် - သရာဂ, သဒေါသ စသော စိတ်အစု၌ အရှုအမြင် အထင်စွဲမြဲသော သတိတရား။

ဓမ္မာနုပဿနာ သတိပဋ္ဌာန် - ကာမစ္ဆန္ဒ စသောဓမ္မအစု၌ အရှုအမြင် အထင်စွဲမြဲသော သတိတရား တို့ဖြစ်သည်။

၁။ ကာယာနုပဿနာ သတိပဋ္ဌာန်ဟူသည် ထွက်သက် ဝင်သက် အစရှိသော ရူပကာယ၌ ခိုင်မြဲစွာတည်သော သတိဖြစ်သည်၊ တနည်းအားဖြင့် ခန္ဓာကိုယ်၌ (ဝါ) ဆံပင် မွေးညှင်းစသော (၃၂) ကောဋ္ဌာသ၌ အဖန်ဖန် ရှုခြင်းဖြစ်သည်။ ဤသို့ အဖန်ဖန် ရှုသောအခါ အသုဘ (မတင့်တယ် ရွံ့ရှာဖွယ်ဖြစ်သော) အခြင်းအရာ ထင်လာသည်။ ဤသတိပဋ္ဌာန်ဖြင့် ခန္ဓာကိုယ်ကို တင့်တယ်သည်ဟု မှတ်ထင်သော သုဘဝိပလ္လာသ (တင့်တယ်၏ဟု အမြင်မှားနေမှု) ကို ပယ်ရှားနိုင်သည်။

၂။ ဝေဒနာနုပဿနာသတိပဋ္ဌာန်ဟူသည် ဝေဒနာတရားတို့၌ ခိုင်မြဲစွာတည်သော သတိဖြစ်သည်။ တနည်းအားဖြင့် ဝေဒနာတို့ကို ဒုက္ခအခြင်းအရာထင်လာအောင် အဖန်ဖန် ရှုဆင်ခြင်သော သတိဖြစ်သည်။ ဤသတိပဋ္ဌာန်ဖြင့် သုခဝေဒနာ၊ ဒုက္ခဝေဒနာနှင့် ဥပေက္ခာဝေဒနာတို့ကို အဖန်ဖန်ရှုသောအခါ အဖြစ်အပျက်ဒဏ် အမြဲခံရပုံကို မြင်ရသဖြင့် ကြောက်မက်ဖွယ် ဘေးဒုက္ခဟူ၍ ထင်လာသည်။ ဤသတိပဋ္ဌာန်ဖြင့် ရုပ်နာမ်တို့၌ သုခဟု မှတ်ထင်သော သုခဝိပလ္လာသ (ချမ်းသာ၏ဟု အမြင်မှားနေမှု) ကို ပယ်ရှားနိုင်သည်။

၃။ စိတ္တာနုပဿနာသတိပဋ္ဌာန်ဟူသည် သရာဂစိတ် ဝီတရာဂစိတ် အစရှိသော စိတ်အပြား၌ ခိုင်မြဲစွာတည်သော သတိဖြစ်သည်။ တနည်းအားဖြင့် စိတ်ကို အာရုံပြု၍ ဤစိတ်ကား ရာဂစိတ်၊ ဤစိတ်ကား ရာဂကင်းသောစိတ် စသည်ဖြင့် ခွဲခြားလျက် အနိစ္စ အခြင်းအရာ ထင်လာအောင် အဖန်ဖန်ရှုတတ်သော သတိဖြစ်သည်။ ဤသတိပဋ္ဌာန်ဖြင့် စိတ်တို့ကို ခွဲခြားဆင်ခြင်သောအခါ စိတ်အမျိုးမျိုး ပြောင်းလဲပုံကို သေချာစွာ သိရသဖြင့် အနိစ္စအခြင်းအရာ လွန်စွာထင်လာသည်။ ဤသတိပဋ္ဌာန်ဖြင့် နိစ္စဝိပလ္လာသ (မြဲ၏ဟု အမြင်မှားနေမှု) ကို ပယ်ရှားနိုင်သည်။

၄။ ဓမ္မာနုပဿနာသတိပဋ္ဌာန်ဟူသည် နီဝရဏစသော ဓမ္မတို့၌ ခိုင်မြဲစွာတည်သော သတိဖြစ်သည်။ တနည်းအားဖြင့် ရူပက္ခန္ဓာကို ကာယာနုပဿနာဖြင့်၊ ဝေဒနာက္ခန္ဓာကို ဝေဒနာနုပဿနာဖြင့်၊ ဝိညာဏက္ခန္ဓာကို စိတ္တာနုပဿနာဖြင့် ရှုပြီးဖြစ်သောကြောင့် ကြွင်းသော သညာက္ခန္ဓာနှင့် သင်္ခါရက္ခန္ဓာဟူသော ဓမ္မကို အဖန်ဖန်ရှုသော သတိဖြစ်သည်။ ယင်းဓမ္မတို့ကို အနတ္တအခြင်းအရာထင်လာအောင် အဖန်တလဲလဲ အာရုံပြု၍ ရှုသောအခါ အရာရာကိစ္စတို့၌ ပရမတ္ထဓမ္မများသာ ရွက်ဆောင်နေကြောင်း၊ ပရမတ္ထဓမ္မချည်းသာ ထင်ရှားရှိကြောင်းကို သိရ၍ စီမံနိုင်သော အတ္တ (အသက်၊ လိပ်ပြာ၊ ဝိညာဏ်) ကောင် မရှိဟူသော အနတ္တအခြင်းအရာ လွန်စွာထင်လာသည်။ ဤသတိပဋ္ဌာန်ဖြင့် အတ္တဝိပလ္လာသ (အတ္တရှိ၏ဟု အမြင်မှားနေမှု) ကို ပယ်ရှားနိုင်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

[Zawgyi]

 

ေဝဒနာေဖ်ာက္နည္း

တစ္ရံေရာအခါက အရွင္အႏု႐ုဒၶါသည္ သာဝတၳိျပည္ အႏၶဝန ေတာအုပ္၌ ျပင္းထန္စြာ မမာမက်န္း ျဖစ္ေန၏။ မ်ားစြာကုန္ေသာ ရဟန္းတို႔သည္ အရွင္အႏု႐ုဒၶါထံသို႔ ခ်ည္းကပ္ၾက၍ “ကိုယ္၌စြဲကပ္ေသာ ေဝဒနာတို႔ကို အဘယ္အေနမ်ိဳးျဖင့္ ပယ္ေဖ်ာက္ပါသနည္း”ဟု ေမးၾက၏။

အရွင္အႏု႐ုဒၶါက “ငါ့ရွင္တို႔ ကိုယ္၌စြဲကပ္ေသာ ေဝဒနာတို႔ကို သတိပ႒ာန္တရားေလးပါးတို႔ကို ပြားမ်ား အားထုတ္ျခင္း တည္းဟူေသာ ေနျခင္းျဖင့္ ပယ္ေဖ်ာက္သည္”ဟု ေျဖေတာ္မူသည္။ (မဟာဝဂၢသံယုတ္၊၂၆၄)

သတိပ႒ာန္ဟူသည္ လြန္စြာတည္ေသာ သတိ၊ ခိုင္ၿမဲစြာတည္ေသာ သတိဟု အဓိပၸာယ္ရသည္။ သက္ဆိုင္ရာ အာ႐ုံထဲ၌ စြဲစြဲၿမဲၿမဲ သက္ဝင္တည္ေနေသာ သတိေစတသိက္ကို ဆိုလိုသည္။ တရားကိုယ္အားျဖင့္ သတိေစတသိက္တပါးတည္း ျဖစ္ေသာ္လည္း အာ႐ုံ (၄) မ်ိဳး၊ ပယ္ခြာျခင္းကိစၥ (၄) မ်ိဳး ျပားျခင္းေၾကာင့္ သတိပ႒ာန္ (၄) မ်ိဳး ျပားရျခင္း ျဖစ္သည္။

သတိပ႒ာန္ (၄) မ်ိဳးမွာ-

ကာယာႏုပႆနာ သတိပ႒ာန္ - ထြက္သက္ဝင္သက္အစရွိေသာ ကိုယ္အဂၤါအစု၌ အရႈအျမင္ အထင္စြဲၿမဲေသာ သတိတရား။

ေဝဒနာႏုပႆနာ သတိပ႒ာန္ - သုခ ဒုကၡစေသာ ေဝဒနာအစု၌ အရႈအျမင္ အထင္အစြဲ ၿမဲေသာ သတိတရား။

စိတၱာႏုပႆနာ သတိပ႒ာန္ - သရာဂ, သေဒါသ စေသာ စိတ္အစု၌ အရႈအျမင္ အထင္စြဲၿမဲေသာ သတိတရား။

ဓမၼာႏုပႆနာ သတိပ႒ာန္ - ကာမစၦႏၵ စေသာဓမၼအစု၌ အရႈအျမင္ အထင္စြဲၿမဲေသာ သတိတရား တို႔ျဖစ္သည္။

၁။ ကာယာႏုပႆနာ သတိပ႒ာန္ဟူသည္ ထြက္သက္ ဝင္သက္ အစရွိေသာ ႐ူပကာယ၌ ခိုင္ၿမဲစြာတည္ေသာ သတိျဖစ္သည္၊ တနည္းအားျဖင့္ ခႏၶာကိုယ္၌ (ဝါ) ဆံပင္ ေမြးညႇင္းစေသာ (၃၂) ေကာ႒ာသ၌ အဖန္ဖန္ ရႈျခင္းျဖစ္သည္။ ဤသို႔ အဖန္ဖန္ ရႈေသာအခါ အသုဘ (မတင့္တယ္ ႐ြံ႕ရွာဖြယ္ျဖစ္ေသာ) အျခင္းအရာ ထင္လာသည္။ ဤသတိပ႒ာန္ျဖင့္ ခႏၶာကိုယ္ကို တင့္တယ္သည္ဟု မွတ္ထင္ေသာ သုဘဝိပလႅာသ (တင့္တယ္၏ဟု အျမင္မွားေနမႈ) ကို ပယ္ရွားႏိုင္သည္။

၂။ ေဝဒနာႏုပႆနာသတိပ႒ာန္ဟူသည္ ေဝဒနာတရားတို႔၌ ခိုင္ၿမဲစြာတည္ေသာ သတိျဖစ္သည္။ တနည္းအားျဖင့္ ေဝဒနာတို႔ကို ဒုကၡအျခင္းအရာထင္လာေအာင္ အဖန္ဖန္ ရႈဆင္ျခင္ေသာ သတိျဖစ္သည္။ ဤသတိပ႒ာန္ျဖင့္ သုခေဝဒနာ၊ ဒုကၡေဝဒနာႏွင့္ ဥေပကၡာေဝဒနာတို႔ကို အဖန္ဖန္ရႈေသာအခါ အျဖစ္အပ်က္ဒဏ္ အၿမဲခံရပုံကို ျမင္ရသျဖင့္ ေၾကာက္မက္ဖြယ္ ေဘးဒုကၡဟူ၍ ထင္လာသည္။ ဤသတိပ႒ာန္ျဖင့္ ႐ုပ္နာမ္တို႔၌ သုခဟု မွတ္ထင္ေသာ သုခဝိပလႅာသ (ခ်မ္းသာ၏ဟု အျမင္မွားေနမႈ) ကို ပယ္ရွားႏိုင္သည္။

၃။ စိတၱာႏုပႆနာသတိပ႒ာန္ဟူသည္ သရာဂစိတ္ ဝီတရာဂစိတ္ အစရွိေသာ စိတ္အျပား၌ ခိုင္ၿမဲစြာတည္ေသာ သတိျဖစ္သည္။ တနည္းအားျဖင့္ စိတ္ကို အာ႐ုံျပဳ၍ ဤစိတ္ကား ရာဂစိတ္၊ ဤစိတ္ကား ရာဂကင္းေသာစိတ္ စသည္ျဖင့္ ခြဲျခားလ်က္ အနိစၥ အျခင္းအရာ ထင္လာေအာင္ အဖန္ဖန္ရႈတတ္ေသာ သတိျဖစ္သည္။ ဤသတိပ႒ာန္ျဖင့္ စိတ္တို႔ကို ခြဲျခားဆင္ျခင္ေသာအခါ စိတ္အမ်ိဳးမ်ိဳး ေျပာင္းလဲပုံကို ေသခ်ာစြာ သိရသျဖင့္ အနိစၥအျခင္းအရာ လြန္စြာထင္လာသည္။ ဤသတိပ႒ာန္ျဖင့္ နိစၥဝိပလႅာသ (ၿမဲ၏ဟု အျမင္မွားေနမႈ) ကို ပယ္ရွားႏိုင္သည္။

၄။ ဓမၼာႏုပႆနာသတိပ႒ာန္ဟူသည္ နီဝရဏစေသာ ဓမၼတို႔၌ ခိုင္ၿမဲစြာတည္ေသာ သတိျဖစ္သည္။ တနည္းအားျဖင့္ ႐ူပကၡႏၶာကို ကာယာႏုပႆနာျဖင့္၊ ေဝဒနာကၡႏၶာကို ေဝဒနာႏုပႆနာျဖင့္၊ ဝိညာဏကၡႏၶာကို စိတၱာႏုပႆနာျဖင့္ ရႈၿပီးျဖစ္ေသာေၾကာင့္ ႂကြင္းေသာ သညာကၡႏၶာႏွင့္ သခၤါရကၡႏၶာဟူေသာ ဓမၼကို အဖန္ဖန္ရႈေသာ သတိျဖစ္သည္။ ယင္းဓမၼတို႔ကို အနတၱအျခင္းအရာထင္လာေအာင္ အဖန္တလဲလဲ အာ႐ုံျပဳ၍ ရႈေသာအခါ အရာရာကိစၥတို႔၌ ပရမတၳဓမၼမ်ားသာ ႐ြက္ေဆာင္ေနေၾကာင္း၊ ပရမတၳဓမၼခ်ည္းသာ ထင္ရွားရွိေၾကာင္းကို သိရ၍ စီမံႏိုင္ေသာ အတၱ (အသက္၊ လိပ္ျပာ၊ ဝိညာဏ္) ေကာင္ မရွိဟူေသာ အနတၱအျခင္းအရာ လြန္စြာထင္လာသည္။ ဤသတိပ႒ာန္ျဖင့္ အတၱဝိပလႅာသ (အတၱရွိ၏ဟု အျမင္မွားေနမႈ) ကို ပယ္ရွားႏိုင္သည္။

 အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service