ကမ္ဘာပေါ်မှာ အချိန်တွေမရှိတော့တဲ့အခါ
ကမ္ဘာပေါ်မှာ အချိန်တွေမရှိတော့တဲ့အခါ - Property Knowledge in Myanmar from iMyanmarHouse.com
4 Jul 2023 2:45 pm တွင် တင်ခဲ့သည်
537 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
ကမ္ဘာပေါ်မှာအချိန်ဆိုတာကြီးပျောက်ကွယ်သွားမယ်ဆိုရင် ကလေးတွေကျောင်းသွားဖို့မလိုတော့ဘူး။ လူကြီးတွေရုံးသွားဖို့မလိုတော့ဘူး။ မနက်အိပ်ရာထစရာလည်းမလိုတော့ဘူး။
ဘာလို့အချိန်ဆိုတာကြီးကိုသတ်မှတ်ခဲ့တာလဲမေးချင်တယ် လူတွေအားလုံးကအချိန်ရဲ့ကျေးကျွန်ဖြစ်လာပြီး အလုပ်တွေသွားနေရတယ်၊ ကျောင်းသွားရတယ်၊ ဘတ်စ်ကားအမီကိုစောင့်ရတယ်။ အချိန်တွေအားလုံးကို မင်း နေရာတိုင်းမှာတွေ့ရလိမ့်မယ် တိုင်တွေပေါ်မှာ ကွန်ပြူတာပေါ်မှာ ဖုန်းပေါ်မှာ လက်ပေါ်မှာ နေရာတိုင်းမှာ အချိန်တွေရှိတယ်။ အချိန်တွေသာမရှိခဲ့ရင် ငါတို့အချိန်မမီတော့ဘူးဆိုတဲ့နေရာမှာ ဘာကိုအစားထိုးပြီးပြောကြမလဲ။ ငါ့အထင်တော့ပြောစရာမလိုတော့ဘူးပဲ။ နေ့ နဲ့ ည လည်ပတ်နေပေမယ့် မနက်ရုံးနောက်ကျမှာမပူရဘူး။ အချိန်မီ နိုးဖို့မပူတော့ဘူး ငါတို့အချင်းချင်းမလွှတ်ချင်သရွေ့ တစ်ညလုံးဖက်ထားလို့ရတော့မယ်။ နင်စဉ်းစားကြည့် ငါတို့မှာအချိန်မှမရှိတော့တာ…  တစ်ခါတစ်လေကျအချိန်ဆိုတာကြီးကိုမုန်းမိတယ် အချိန်တန်ငါအိမ်ပြန်ရတော့မယ် အချိန်တန်နင့်လက်ကိုလွှတ်ပေးရတော့မယ် အချိန်တန်ရင်နင့်ရင်ထဲမှာဆက်အိပ်လို့မရတော့ဘူး အချိန်တန်ရင်နင်နဲ့ခွဲရတော့မယ် အချိန်တန်ရင် အချိန်တန်ရင် ထပ်ပြီးဘာဆက်ဖြစ်မှာလဲ အချိန်တန်ရင် ငါတစ်ယောက်တည်းပြန်ဖြစ်သွားတော့မယ်
ဒီ့ထက်ပိုပြီးအချိန်ရဲ့ကျေးကျွန်ဖြစ်မလာခင် ငါတို့ကမ္ဘာပေါ်ကအချိန်ဆိုတာကြီးဖျောက်ပစ်လိုက်ရအောင် မိသားစုအတွက်အချိန်ပေးရမယ် အလုပ်မှာအချိန်ပေးရမယ် ကလေးတွေအတွက်အချိန်ပေးရမယ် ဒါတွေအကုန်မရှိတော့တဲ့ကမ္ဘာကြီး လူတိုင်းကအချိန်ဆိုတာကိုမေ့နေပြီ။
ကမ္ဘာပေါ်မှာအချိန်ဆိုတာရှိခဲ့မှန်း သူတို့အကုန်မေ့နေပြီ ဘတ်စ်ကားပေါ်မှာထိုင်နေရင်းအချိန်တွေမေ့နေတဲ့သူတို့ကိုကြည့်ပြီးငါရီနေပြီ အမှန်တော့ငါလှောင်နေတာ ကြည့်ပါလား သူတို့အချိန်မရှိပဲနေနိုင်ကြသားပဲ အိမ်ပြန်ဖို့အချိန်ဆိုတာလဲမရှိတော့ဘူး။ လာ... ငါတို့တစ်ညလုံးထိုင်ပြီးဆေးလိပ်သောက်ကြမယ် ငါတို့မှာစိတ်ပူစရာအချိန်တွေမရှိတော့ဘူး။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service