လွယ်ကူနွေးထွေး အလှဆင်ပေး အိမ်တွင်းဒန်းကလေး

လွယ်ကူနွေးထွေး အလှဆင်ပေး အိမ်တွင်းဒန်းကလေး - Property Knowledge in Myanmar from iMyanmarHouse.com
2 Jul 2023 2:40 pm တွင် တင်ခဲ့သည်
2116 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

မိုးစက်လေးတွေ တဖွဲဖွဲကျနေတဲ့ မိုးရာသီမှာ ကိုယ့်ရဲ့အဖော်မွန်ကောင်းတွေကတော့ ကော်ဖီပူပူတစ်ခွက်နဲ့ အိမ်တွင်းဒန်းကလေးတစ်ခုပါပဲ။ ဒန်းကလေးလွှဲ ကော်ဖီလေးသောက် အေးစိမ့်နေတဲ့ရာသီမှာ အတွေးယာဉ်ကြောထဲ လွှင့်မျောချင်တယ်ဟုတ်....။ အိမ်တွင်းမှာ အလွယ်တကူ တပ်ဆင်နိုင်တဲ့ ဒန်းအမျိုးအစားလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

နွေးထွေးအေးဆေး သိုးမွှေးဒန်းကလေး...

 

 

အိမ်မှာသိုးမွှေးထိုးတတ်တဲ့သူရှိရင်တော့ ဒီဒန်းလေးကို အပြေးလုပ်ခိုင်းလိုက်တော့နော်။ သိုးမွှေးပျော့ပျော့နဲ့ ထိုးထားတဲ့ လူတစ်ကိုယ်စာ ဒန်းလေးကို ကိုယ့်အခန်းထောင့်မှာ ထားနိုင်ပါတယ်။ အောက်ခံထိုင်ခုံအဝိုင်းလေးပေါ်မှာ ဆိုဖာထည့်ပြီးထိုးရင် မင်းသမီးကာတွန်းကားတွေထဲက ချစ်စရာသိုးမွှေးဒန်းကလေးရလာမှာအသေချာပါပဲ။

 

ပေါ့ပါးတဲ့ ဘရာဇီးပုခက်ဒန်း....

 

 

ပုခက်ဒန်းတွေဟာ ချည်သား၊နိုင်လွန်သားအမျိုးမျိုးနဲ့ သွယ်တန်းဆင်နိုင်ပြီး ကာလာရောင်စုံလေးတွေနဲ့ အခန်းထောင့်တွေမှာ အလှဆင်နိုင်ပါတယ်။ အချိန်အကြာကြီး စီးနိုင်ဖို့အတွက် ခိုင်မြဲတဲ့လွန်းကြိုးများအသုံးပြုသွယ်တန်းနိုင်ပြီး မိုးစက်တွေခိုတွဲကျနေတဲ့ ဝရံတာမှာ ကော်ဖီတစ်ခွက်ဘေးမှာချ စာအုပ်လေးဖတ်အနားယူနိုင်သလို ပုခက်နွေးနွေးပေါ်မှာ တရေးမောအိပ်စက်နိုင်ပါသေးတယ်။

 

အိမ်မှာအလှထား မျက်ဝန်းပုခက်များ

 

 

 

ဘဲဥခြမ်းပုံပုခက်လေးလို့ ပြောရင် မျက်စိထဲပြေးမြင်မယ်ထင်။ မျက်ဝန်းပုခက်လေးတွေဟာ မြန်မာနိုင်ငံမှာကို အလွယ်တကူဝယ်ယူရရှိနိုင်ပြီး လေသာဆောင်၊အိပ်ခန်း၊စာကြည့်ခန်း၊ဝရံတာ လိုနေရာမျိုးမှာ ထားသင့်တဲ့ ပုခက်လေးတွေပါ။ ကြိမ်၊သံ၊စတီး Frame အမျိုးမျိုး အဝိုင်း၊ဘဲဥပုံဒီဇိုင်းအမျိုးမျိုးရှိပြီး ကူရှင်လေးတစ်ခု ဆိုဖာလေးတစ်ခုထည်ထားလိုက်ရင် အခုလိုမိုးအေးလွန်းတဲ့ရာသီမှာတကယ်ကို အနားယူလို့ကောင်းတဲ့ ဒန်းလေးဖြစ်စေမှာပါ။

 

ခြံတွင်းအလှထား ကလေးငယ်များအတွက် ဒန်းပြားလေး

 

 

 

ဒီဒန်းကလေးကိုတော့ ခြံတွင်း သစ်ပင်ကြီးများပေါ်မှာတွဲလောင်းဆင်ထားရင်ပိုအဆင်ပြေပါလိမ့်ယ်။ ဒန်းကြိုးကိုတော့ သိုးမွှေးလက်ရာကလေးများနဲ့အလှဆင်နိုင်ပြီး ငွေကုန်ကြေးကျလဲသိပ်မများ ကလေးတွေအတွက်လဲ ကစားစရာတစ်ခုတိုးစေပါတယ်။ လွှဲဒန်းအမျိုးအစားဖြစ်တဲ့အတွက် အလွယ်တကူမပျက်နိုင်ခိုင်မာတဲ့ ကြိုးအမျိုးအစားကိုတော့ ရွေးချယ်အသုံးပြုဖို့လိုပါမယ်။

အေးစိမ့်စိမ့်မိုးရာသီမှာ အပြင်မထွက်ချင်တဲ့ကိုကိုမမတို့အတွက် အိမ်တွင်းဒန်းကလေးစီးပြီးမိုးရာသီအရသာကိုခံစားဖို့ရာ တပ်ဆင်နိုင်တဲ့ဒန်းအမျိုးအစားများကို တင်ဆက်ပေးလိုက်ပါတယ်။

  (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref:  purewow 

 

 

[Zawgyi]

 

လြယ္ကူေႏြးေထြး အလွဆင္ေပး အိမ္တြင္းဒန္းကေလး

 

မိုးစက္ေလးေတြ တဖြဲဖြဲက်ေနတဲ့ မိုးရာသီမွာ ကိုယ့္ရဲ႕အေဖာ္မြန္ေကာင္းေတြကေတာ့ ေကာ္ဖီပူပူတစ္ခြက္နဲ႔ အိမ္တြင္းဒန္းကေလးတစ္ခုပါပဲ။ ဒန္းကေလးလႊဲ ေကာ္ဖီေလးေသာက္ ေအးစိမ့္ေနတဲ့ရာသီမွာ အေတြးယာဥ္ေၾကာထဲ လႊင့္ေမ်ာခ်င္တယ္ဟုတ္....။ အိမ္တြင္းမွာ အလြယ္တကူ တပ္ဆင္ႏိုင္တဲ့ ဒန္းအမ်ိဳးအစားေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

 

ေႏြးေထြးေအးေဆး သိုးေမႊးဒန္းကေလး...

အိမ္မွာသိုးေမႊးထိုးတတ္တဲ့သူ႐ွိရင္ေတာ့ ဒီဒန္းေလးကို အေျပးလုပ္ခိုင္းလိုက္ေတာ့ေနာ္။ သိုးေမႊးေပ်ာ့ေပ်ာ့နဲ႔ ထိုးထားတဲ့ လူတစ္ကိုယ္စာ ဒန္းေလးကို ကိုယ့္အခန္းေထာင့္မွာ ထားႏိုင္ပါတယ္။ ေအာက္ခံထိုင္ခုံအဝိုင္းေလးေပၚမွာ ဆိုဖာထည့္ၿပီးထိုးရင္ မင္းသမီးကာတြန္းကားေတြထဲက ခ်စ္စရာသိုးေမႊးဒန္းကေလးရလာမွာအေသခ်ာပါပဲ။

 

ေပါ့ပါးတဲ့ ဘရာဇီးပုခက္ဒန္း....

ပုခက္ဒန္းေတြဟာ ခ်ည္သား၊ႏိုင္လြန္သားအမ်ိဳးမ်ိဳးနဲ႔ သြယ္တန္းဆင္ႏိုင္ၿပီး ကာလာေရာင္စုံေလးေတြနဲ႔ အခန္းေထာင့္ေတြမွာ အလွဆင္ႏိုင္ပါတယ္။ အခ်ိန္အၾကာႀကီး စီးႏိုင္ဖို႔အတြက္ ခိုင္ၿမဲတဲ့လြန္းႀကိဳးမ်ားအသုံးျပဳသြယ္တန္းႏိုင္ၿပီး မိုးစက္ေတြခိုတြဲက်ေနတဲ့ ဝရံတာမွာ ေကာ္ဖီတစ္ခြက္ေဘးမွာခ် စာအုပ္ေလးဖတ္အနားယူႏိုင္သလို ပုခက္ေႏြးေႏြးေပၚမွာ တေရးေမာအိပ္စက္ႏိုင္ပါေသးတယ္။

 

အိမ္မွာအလွထား မ်က္ဝန္းပုခက္မ်ား

ဘဲဥျခမ္းပုံပုခက္ေလးလို႔ ေျပာရင္ မ်က္စိထဲေျပးျမင္မယ္ထင္။ မ်က္ဝန္းပုခက္ေလးေတြဟာ ျမန္မာႏိုင္ငံမွာကို အလြယ္တကူဝယ္ယူရ႐ွိႏိုင္ၿပီး ေလသာေဆာင္၊အိပ္ခန္း၊စာၾကည့္ခန္း၊ဝရံတာ လိုေနရာမ်ိဳးမွာ ထားသင့္တဲ့ ပုခက္ေလးေတြပါ။ ႀကိမ္၊သံ၊စတီး Frame အမ်ိဳးမ်ိဳး အဝိုင္း၊ဘဲဥပုံဒီဇိုင္းအမ်ိဳးမ်ိဳး႐ွိၿပီး ကူ႐ွင္ေလးတစ္ခု ဆိုဖာေလးတစ္ခုထည္ထားလိုက္ရင္ အခုလိုမိုးေအးလြန္းတဲ့ရာသီမွာတကယ္ကို အနားယူလို႔ေကာင္းတဲ့ ဒန္းေလးျဖစ္ေစမွာပါ။

ျခံတြင္းအလွထား ကေလးငယ္မ်ားအတြက္ ဒန္းျပားေလး

ဒီဒန္းကေလးကိုေတာ့ ျခံတြင္း သစ္ပင္ႀကီးမ်ားေပၚမွာတြဲေလာင္းဆင္ထားရင္ပိုအဆင္ေျပပါလိမ့္ယ္။ ဒန္းႀကိဳးကိုေတာ့ သိုးေမႊးလက္ရာကေလးမ်ားနဲ႔အလွဆင္ႏိုင္ၿပီး ေငြကုန္ေၾကးက်လဲသိပ္မမ်ား ကေလးေတြအတြက္လဲ ကစားစရာတစ္ခုတိုးေစပါတယ္။ လႊဲဒန္းအမ်ိဳးအစားျဖစ္တဲ့အတြက္ အလြယ္တကူမပ်က္ႏိုင္ခိုင္မာတဲ့ ႀကိဳးအမ်ိဳးအစားကိုေတာ့ ေ႐ြးခ်ယ္အသုံးျပဳဖို႔လိုပါမယ္။

ေအးစိမ့္စိမ့္မိုးရာသီမွာ အျပင္မထြက္ခ်င္တဲ့ကိုကိုမမတို႔အတြက္ အိမ္တြင္းဒန္းကေလးစီးၿပီးမိုးရာသီအရသာကိုခံစားဖို႔ရာ တပ္ဆင္ႏိုင္တဲ့ဒန္းအမ်ိဳးအစားမ်ားကို တင္ဆက္ေပးလိုက္ပါတယ္။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref:  purewow 

 

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service