တောင်သူလယ်သမားများ၏ အခွင့်အရေး၊အကျိုးခံစားခွင့်နှင့်ပတ်သက်ပြီး သိရှိထားသင့်သည့်အချက်အလက်များ
တောင်သူလယ်သမားများ၏ အခွင့်အရေး၊အကျိုးခံစားခွင့်နှင့်ပတ်သက်ပြီး သိရှိထားသင့်သည့်အချက်အလက်များ - Property Knowledge in Myanmar from iMyanmarHouse.com
2 Jul 2023 1:37 pm တွင် တင်ခဲ့သည်
882 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
လယ်ယာမြေတွင် နိုင်ငံအကျိုးစီးပွားတိုးတက်စေရန်၊ ဆန်စပါးဖြစ်ထွန်းစေရန် ထွန်ယက်စိုက်ပျိုးနေသော တောင်သူ လယ်သမားကြီးများ၏ အကျိုးစီးပွားအတွက် ရှေးရှုကာ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ (၂၀၁၆)ခုနှစ်တွင် ထွက်ရှိထားပါသည်။
ထိုဥပဒေ၌ တောင်သူလယ်သမားများ၏ အခွင့်အရေးများမှာ....
- ဆန်စပါးစိုက်ပျိုးမှုအား မထိခိုက်စေဘဲ လယ်မြေပေါ်တွင် သီးနှံများလွတ်လပ်စွာ စိုက်ပျိုးခွင့်ရရှိရန်၊
- စိုက်ပျိုးစရိတ်အတွက် သင့်လျှော်သောချေးငွေရရှိစေရန်၊သီးနှံများနှင့်ထွက်ကုန်များအား လွတ်လပ်စွာ သယ်ယူရောင်းချခွင့်ရှိစေရန်၊
- လယ်ယာမြေထွက်ကုန်များအား အာမခံထားရှိခွင့်ရစေရန်၊
- တည်ဆဲဥပဒေများနှင့်အညီတောင်သူလယ်သမား အသင်းအဖွဲ့(သို့)အဖွဲ့အစည်းများအား ဖွဲ့စည်းဆောင်ရွက်ခွင့် အခွင့်အရေးများဖြစ်ပါသည်။
ဦးဆောင်အဖွဲ့သည် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် တာဝန်ယူ ဆောင်ရွက်ပေးပါသည်။
တောင်သူလယ်သမားအတွက် ဦးဆောင်အဖွဲ့မှ ဦးစီးကာ
- တောင်သူလယ်သမား၏ အခွင့်အရေးကို ဥပဒေနှင့်အညီ ဆက်စပ်ဆောင်ရွက်ပေးရန်။
- တောင်သူလယ်သမားလိုအပ်သည့်သွင်းအားစုများ ရရှိစေရန်နှင့် မြေယာနှင့်သက်ဆိုင်သော အကျိုးခံစားခွင့်များရရှိစေရန်။
- ကောက်ပဲသီးနှံများအား ဈေးကွက်နှင့်အညီသင့်တင့်မျှတသော ဈေးနှုန်းရရှိစေရေးအတွက်ဆောင်ရွက်ပေးခြင်း။
- တည်ဆဲဥပဒေနှင့်ညီညွတ်မှုမရှိသော မြေယာသိမ်းဆည်းခြင်းမှုမဖြစ်ပေါ်ရန်အတွက် ကာကွယ်ပေးရေး။
- လယ်ယာလုပ်သားများ ရထိုက်ခွင့်ရှိသော အခွင့်အရေးများ အပြည့်အဝရရှိစေရေး စီစဉ်ဆောင်ရွက်ပေးပါသည်။
ထို့ပြင် စိုက်ပျိုးရေးချေးငွေများရရှိရေးနှင့်ချေးငွေများအား သင့်တင့်သောအတိုးနှုန်း၊ပြန်ဆပ်ရမည့်ကာလများကို စည်းကမ်းသတ်မှတ်ပေးခြင်းတို့လဲ ဦးဆောင်အဖွဲ့မှ ဆောင်ရွက်ပေးပါသည်။ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရည်အသွေးပြည့်မှီသော မျိုးစေ့များကူညီဆောင်ရွက်ပေးခြင်း၊ နည်းပညာပိုင်းကူညီဆောင်ရွက်ပေးခြင်း၊ ပိုးမွှားများရန်မှ ကာကွယ်မှုရရှိနိုင်ရန်ကူညီပေးခြင်း၊ဈေးကွက်ရှိ ပေါက်ဈေး အချက်အလက်များ မျှဝေပေးခြင်း၊ လယ်ယာသုံးစက်ပစ္စည်းများရရှိနိုင်ရန် သက်ဆိုင်ရာငွေရေးကြေးရေး အဖွဲ့အစည်းများဖြင့် ညှိနှိုင်းပေးခြင်းတို့ ဆောင်ရွက်ခြင်းတို့ကိုလဲ ဦးဆောင်အဖွဲ့မှ ဆောင်ရွက်ပေးပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service