မိုးရွာသည်ကို သိနှင့်သည့် ရှစ်ပါး
မိုးရွာသည်ကို သိနှင့်သည့် ရှစ်ပါး - Property Knowledge in Myanmar from iMyanmarHouse.com
26 Jun 2023 2:03 pm တွင် တင်ခဲ့သည်
1628 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
စောင်းဆရာနှင့်၊ ယားနာပွေးကွက်၊ ပါဒရက်က၊ ပရွက်ပိလူ၊ အနူပြဒါး၊ ပေါင်းရှစ်ပါး။ ။ (တောင်သူဟောင်းတို့အမှတ်)
၎င်းရှစ်ပါးအနက် “မိုးရွာမရွာ စောင်းဆရာသိနှင့်သည်” ဆိုချက်မှာ ပကတိအားဖြင့် “တင်း” နေသော စောင်းကြိုးများသည် မိုးဓာတ်မိုးနံ့ ရလာသောအခါ အလိုအလျောက် “လျော့”ကုန်လေ၏။ထိုသို့စောင်းကြိုးများ လျော့နေသည်ကို မြင်လျှင် “မိုးရွာတော့မှာပဲ” ဟု စောင်းဆရာက ကြိုတင်သိနှင့်သည်ဟု ဆိုလို၏။
ယားနာ၊ ပွေးနာ၊ ဒူလာ၊ ပါဒရက်တို့ သဘောကား မိုးနံ့ရလာလျှင် ကြွရွပြီး ထ,လာတတ်လေ၏။ မခံမရပ်နိုင်အောင် ယားယံခြင်း၊ အကြောတက်ခြင်းများ ဖြစ်လာတတ်လေ၏။ထို့ကြောင့် ရာသီဥတု သာယာပါလျက်နှင့် ပွေးနာယားနာရှိသူများ မခံမရပ်နိုင်အောင် ယားယံခြင်းဖြစ်လာသောအခါ “မိုးရွာတော့မှပဲ” ဟု ကြိုတင်၍သိနှင့်ကြသည်။
ပါဒရက်သမားများက အကြောအခြဉ်တွေ တင်းလာသည်။သူတို့၏အကြောတက်ခြင်း သည်လည်း မိုးရွာမည့်နိမိတ်ဟု ဆိုလေသည်။
တွင်းအောင်း ပရွက်ဆိတ်များ အုံဖွဲ့၍ တွင်းပြင်သို့ထွက်လာခြင်း၊ပိလူကောင်(ပလူကောင်)များ တခဲနက် တောင်ပို့များမှ အုံဖွဲ့၍ပျံတက်ခြင်းများကို မြင်လျှင်လည်း “မိုးရွာတော့မှာပဲ”ဟု ဦးကြီးတို့ နိမိတ်ဖတ်ကြသည်။
မိုးနံ့ရလျှင် နူနာမျာသည်လည်း ထူလအမ်းအမ်း,ပျဉ်းတွဲတွဲကြီး ကြွလာတတ်၏။ အရည်ရွဲရွဲ အစိုပြန်လာတတ်၏။ ဤသို့ နူနာများ ထူလအမ်းအမ်း ဖြစ်လာခဲ့သော် “မိုးရွာတော့မှာပဲ”ဟု နူနာရှိသူများက ကြိုတင်သိနှင့်ကြသည်။
ပြဒါးတို့၏ သဘောမှာလည်း အပူဓာတ်လွန်ကဲသောအခါ ပြန့်တန့်တန့်ကျဲတဲတဲနေတတ်ပြီး အအေးဓာတ် ရိုက်လာသောအခါသိပ်သိပ်သည်းသည်း “ဝပ်”နေတတ်၏။ထို့ကြောင့် ပြဒါးများ သိပ်သိပ်သည်းသည်း ဖြစ်လာလျှင်လည်း “မိုးရွာတော့မှာပဲ”ဟု သိနှင့်သည်ဟုဆိုသည်။
ဆရာကြီးဒဂုန်ဦးစန်းငွေ၏ “မြန်မာမှု အထွေထွေမှ”
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
THADAR CONDOMINIUM
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service