တစ်ခါတုန်းက အဖြစ်လေးတွေ (၃၃)

တစ်ခါတုန်းက အဖြစ်လေးတွေ (၃၃) - Property Knowledge in Myanmar from iMyanmarHouse.com
23 Jun 2023 3:07 pm တွင် တင်ခဲ့သည်
724 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

 [Unicode]

“မအေဘေးလေး လာခဲတာ”

 

အရက်သောက်တဲ့ သူတွေဆိုတာ အတော်များများက ပုလင်းလည်းလဲ လူလည်းလဲ သောက်တတ်တဲ့သူတွေက များတယ်မို့လား။

အချို့တော့လည်း ပုလင်းသာလဲသွားတယ် လူမလဲတဲ့သူတွေလည်းတွေ့ဖူးပါရဲ့။ တချို့များ အန်ဖတ်ဆို့အောင် တောင်သောက်ကြတယ်။

ဦးဆိုးပေလည်း အရက်ကြိုက်တဲ့သူထဲ ထည့်ရမှာပါပဲ။ အရက်ကြိုက်ပေမယ့် သူကစည်းကမ်းတော့ထားပါတယ်။ ရုပ်ပျက်ဆင်းပျက်ကြီးဖြစ်အောင်တော့ ဘယ်တော့မှ မသောက်ပါဘူးတဲ့။

ဘယ်လောက်ပဲ အရက်ပေါတဲ့နေရာရောက်ရောက် ဦးဆိုးပေကတော့ သူသောက်မယ်ဆိုရင် တစ်ပိုင်းပဲ သောက်ပါသတဲ့။ဒီထက်လည်း ပိုမသောက်ပါဘူးတဲ့။ရောက်တဲ့အရပ်မှာ သူ့ဟာသူ မှာသောက်ရင်လည်း တစ်ပိုင်းပဲမှာပါသတဲ့။

တစ်ခါတော့ ချင်းတွင်းမြစ်ရိုးအတိုင်း အောက်အရပ်ကို ရွက်တပ်လှေကြီးနဲ့ ကုန်တွေပို့ဆောင်ဖို့ သွားခဲ့သတဲ့။ မြစ်ကြောင်းတစ်လျှောက်က ရွာတွေကကုန်တွေကို လမ်းမှာအတင်အချ လုပ်ရတာလည်းရှိတာပေါ့။ အခုခေတ်လို စက်တပ်ဆင်ထားတဲ့ လှေတွေဆိုရင်တော့ ခရီးကတွင်မှာပေါ့။

သွားချင်တဲ့ ပန်းတိုင်မြို့ ရောက်ဖို့ဆိုတာ တစ်ရက်ထဲနဲ့ မဖြစ်ပါဘူးတဲ့။ လမ်းကရွာတွေမှာ ကုန်တင်တာနဲ့တင် နေ့တစ်ဝက်ကျိုးချင် ကျိုးတာ၊တစ်နေကုန်ချင်လည်း ကုန်တတ်ပါသတဲ့။

ရောက်တဲ့အရပ် ရောက်တဲ့ရွာတွေမှာ နေကုန်တော့မယ်ဆိုရင်တော့ အရက်ဖိုရှိရင် အရက်ဖိုသွား၊ အရက်ဆိုင်ရှိရင် အရက်ဆိုင်သွားပြီး မှာသောက်တတ်ပါသတဲ့။ သူမှာရင် တစ်ပိုင်းပါပဲတဲ့။ ဆိုင်မှာ သူငယ်ချင်းတွေနဲ့ ဆုံလို့ ထပ်သောက်ဖို့ ဘယ်လောက်တိုက်တွန်း တိုက်တွန်း သူသတ်မှတ်ထားတဲ့ အရေအတွက် သောက်ပြီးသွားရင်တော့ ထပ်မသောက်တော့ပါဘူးတဲ့။

အဲဒီလိုနဲ့ ချင်းတွင်းမြစ်ကနေ ဧရာဝတီမြစ်ထဲဝင်ခဲ့ပါသတဲ့။တစ်ရက်တော့ ဧရာဝတီမြစ် အနောက်ဖက်ကမ်းက အလွန်စည်ကားတဲ့ မြို့ကြီးတစ်မြို့မှာ ကမ်းကပ်ခဲ့ပါသတဲ့။

အဲဒီမြို့ကြီးမှာ ကုန်ချရင်း တစ်နေဝင်ရောဆိုပါတော့။ ဒါနဲ့ ညနေရောက်လို့ အလုပ်နားချိန် မြို့ပေါ်ကို တက်သွားရောဆိုပါတော့။

စည်ကားတဲ့ မြို့ကြီးတွေဆိုတဲ့ အတိုင်းပါပဲ ပွဲရုံတွေ၊ ဈေးဆိုင်တွေနဲ့ပေါ့။ ယမကာကြိုက်တဲ့ သူတွေအတွက်လည်း စားတော်ဆက်တွေ၊ပျော်ပွဲစားရုံတွေကလည်း ကမ်းနားဈေးလမ်းတစ်လျှောက်မှာ ပေါမှပေါဆိုပဲ။

ပျော်ပွဲစားရုံတစ်ခုထဲ ဝင်သွားပြီး မြည်းစရာတစ်ခုနဲ့ အရက်တစ်လုံးမှာပါသတဲ့။ မှာထားတာတွေ မရောက်ခင်မှာ သူ့စားပွဲကနေထပြီး ဆိုင်ဝကို ထွက်သွားပါသတဲ့။ ဆိုင်ဝကနေ ခေါင်းလေးကိုစောင်းလို့ ဟိုကြည့်ဒီကြည့်လုပ်ပြီး “မအေဘေးလေး လာခဲတာကွာ” လို့ ပြောပြီး သူ့စားပွဲ ပြန်လာထိုင်ပါသတဲ့။

မှာထားတာတွေရောက်လို့ အရက်ပုလင်းဖောက်ပြီး တစ်ခွက်ငှဲ့လို့ မသောက်သေးဘဲ ခုနကအတိုင်း ဆိုင်ဝထွက်သွားပြီး “မအေဘေးလေး လာခဲတာကွာ”လို့ လုပ်ပြီး သူ့စားပွဲ ပြန်လာပြီးမှ စောစောကငှဲ့ထားတဲ့ခွက်ကို သောက်ပါသတဲ့။

သူဒီလိုလုပ်နေတာကို ဆိုင်ထဲကသူအချို့ရော စားပွဲထိုးကရော ကြည့်နေပါသတဲ့။

အချိန်ဆွဲသောက်ရင်း တစ်ခွက်ငှဲ့လိုက် “မအေဘေးလေး လာခဲတာကွာ” လုပ်လိုက်နဲ့ ဆိုတော့ သိပ်မထူးဆန်း သလို ဖြစ်သွားတာပေါ့။

စားပွဲထိုး အပါအဝင် လူတိုင်းက သူ့သူငယ်ချင်းမိတ်ဆွေကို စောင့်နေတာလို့ပဲ တွက်လိုက်ကြတာပေါ့။

ဒီလိုနဲ့ သူမှာထားတဲ့ မြည်းကလည်းတစ်ဝက်ကျိုး၊ အရက်တစ်လုံးဟာ တစ်ပိုင်းကုန်သွားပါရောတဲ့။ သူ့ ရေချိန်လည်းပြည့်ရောဆိုပါတော့။ သူကတစ်ပိုင်းသမားကိုး။

ကျန်တဲ့တစ်ပိုင်းထဲက ခွက်ထဲကို တစ်ဝက်လောက်ထည်လိုက်ပြီး ခဏနေတော့ စားပွဲထိုးကို လှမ်းခေါ်လိုက်ပါ သတဲ့။ရောက်လာတဲ့စားပွဲထိုးကို သူက အရက်ပုလင်းကိုပြပြီး “အရက်ပုလင်းထဲမှာ.. ဒီလောက်ရှိသေးတယ် …မင်းမှတ်ထားစမ်းလို့...” ရုပ်တည်ကြီးနဲ့ လုပ်ပါရောတဲ့။

ဦးဆိုးပေဟာ မှင်မောင်းကောင်းတဲ့သူဆိုတော့ ရုတ်တရက် စားပွဲထိုးလည်း ကြောင်သွားပါသတဲ့။

“မင်းအဲဒါကြည့်ထား…တစ်စက်မှမလျော့စေနဲ့…ဟိုမအေဘေးလေးကွာ ဟိုဘက်ဆိုင်မှာခုထိ မလာသေးလို့ ငါသွားခေါ်လိုက်ဦးမယ် ဒီအထုပ်လဲ စောင့်ကြည့်ထား…” သူ့မှာပါလာတဲ့ အထုပ်ကြီးကို သူထိုင်တဲ့ ခုံပေါ်တင်ပြီး ထွက်သွားတာကို စားပွဲထိုးခမျာ ဘာမှ မပြောနိုင်ပဲ စောင့်ကြည့်ရင်း ကျန်ခဲ့ပါတော့သတဲ့။

ငါးမိနစ်လည်းမလာ၊ဆယ်မိနစ်မလာနဲ့ပေါ့။ စားပွဲထိုးခမျာ ဦးဆိုးပေထိုင်ခဲ့တဲ့ စားပွဲလည်း သူများသောက်သွား လေမလားဆိုပြီးကြည့်ရ။အခြားစားပွဲလည်း သွားကူရနဲ့ ဗျာကိုများလို့တဲ့။ မိုးသာချုပ်လို့ ဆိုင်သိမ်းခဲ့ရတယ်။ ဦးဆိုးပေက ပြန်ကို မလာတော့ပါဘူးတဲ့။

စားပွဲထိုးလည်း မဟုတ်တော့ဘူးဆိုပြီး သူ့အထုပ်ဖွင့်ကြည့်တော့ အတိုအထွာ တန်ဖိုးမရှိတာတွေ လျှောက်ထည့်ထားတဲ့ အထုပ်ကြီးဖြစ်နေပါရောတဲ့လားဗျာ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

 

တစ္ခါတုန္းက အျဖစ္ေလးေတြ (၃၃)

 

 

“မေအေဘးေလး လာခဲတာ”

အရက္ေသာက္တဲ့ သူေတြဆိုတာ အေတာ္မ်ားမ်ားက ပုလင္းလည္းလဲ လူလည္းလဲ ေသာက္တတ္တဲ့သူေတြက မ်ားတယ္မို႔လား။

အခ်ိဳ႕ေတာ့လည္း ပုလင္းသာလဲသြားတယ္ လူမလဲတဲ့သူေတြလည္းေတြ႕ဖူးပါရဲ႕။ တခ်ိဳ႕မ်ား အန္ဖတ္ဆို႔ေအာင္ ေတာင္ေသာက္ၾကတယ္။

ဦးဆိုးေပလည္း အရက္ႀကိဳက္တဲ့သူထဲ ထည့္ရမွာပါပဲ။ အရက္ႀကိဳက္ေပမယ့္ သူကစည္းကမ္းေတာ့ထားပါတယ္။ ႐ုပ္ပ်က္ဆင္းပ်က္ႀကီးျဖစ္ေအာင္ေတာ့ ဘယ္ေတာ့မွ မေသာက္ပါဘူးတဲ့။

ဘယ္ေလာက္ပဲ အရက္ေပါတဲ့ေနရာေရာက္ေရာက္ ဦးဆိုးေပကေတာ့ သူေသာက္မယ္ဆိုရင္ တစ္ပိုင္းပဲ ေသာက္ပါသတဲ့။ဒီထက္လည္း ပိုမေသာက္ပါဘူးတဲ့။ေရာက္တဲ့အရပ္မွာ သူ႕ဟာသူ မွာေသာက္ရင္လည္း တစ္ပိုင္းပဲမွာပါသတဲ့။

တစ္ခါေတာ့ ခ်င္းတြင္းျမစ္႐ိုးအတိုင္း ေအာက္အရပ္ကို ႐ြက္တပ္ေလွႀကီးနဲ႔ ကုန္ေတြပို႔ေဆာင္ဖို႔ သြားခဲ့သတဲ့။ ျမစ္ေၾကာင္းတစ္ေလွ်ာက္က ႐ြာေတြကကုန္ေတြကို လမ္းမွာအတင္အခ် လုပ္ရတာလည္း႐ွိတာေပါ့။ အခုေခတ္လို စက္တပ္ဆင္ထားတဲ့ ေလွေတြဆိုရင္ေတာ့ ခရီးကတြင္မွာေပါ့။

သြားခ်င္တဲ့ ပန္းတိုင္ၿမိဳ႕ ေရာက္ဖို႔ဆိုတာ တစ္ရက္ထဲနဲ႔ မျဖစ္ပါဘူးတဲ့။ လမ္းက႐ြာေတြမွာ ကုန္တင္တာနဲ႔တင္ ေန႔တစ္ဝက္က်ိဳးခ်င္ က်ိဳးတာ၊တစ္ေနကုန္ခ်င္လည္း ကုန္တတ္ပါသတဲ့။

ေရာက္တဲ့အရပ္ ေရာက္တဲ့႐ြာေတြမွာ ေနကုန္ေတာ့မယ္ဆိုရင္ေတာ့ အရက္ဖို႐ွိရင္ အရက္ဖိုသြား၊ အရက္ဆိုင္႐ွိရင္ အရက္ဆိုင္သြားၿပီး မွာေသာက္တတ္ပါသတဲ့။ သူမွာရင္ တစ္ပိုင္းပါပဲတဲ့။ ဆိုင္မွာ သူငယ္ခ်င္းေတြနဲ႔ ဆုံလို႔ ထပ္ေသာက္ဖို႔ ဘယ္ေလာက္တိုက္တြန္း တိုက္တြန္း သူသတ္မွတ္ထားတဲ့ အေရအတြက္ ေသာက္ၿပီးသြားရင္ေတာ့ ထပ္မေသာက္ေတာ့ပါဘူးတဲ့။

အဲဒီလိုနဲ႔ ခ်င္းတြင္းျမစ္ကေန ဧရာဝတီျမစ္ထဲဝင္ခဲ့ပါသတဲ့။တစ္ရက္ေတာ့ ဧရာဝတီျမစ္ အေနာက္ဖက္ကမ္းက အလြန္စည္ကားတဲ့ ၿမိဳ႕ႀကီးတစ္ၿမိဳ႕မွာ ကမ္းကပ္ခဲ့ပါသတဲ့။

အဲဒီၿမိဳ႕ႀကီးမွာ ကုန္ခ်ရင္း တစ္ေနဝင္ေရာဆိုပါေတာ့။ ဒါနဲ႔ ညေနေရာက္လို႔ အလုပ္နားခ်ိန္ ၿမိဳ႕ေပၚကို တက္သြားေရာဆိုပါေတာ့။

စည္ကားတဲ့ ၿမိဳ႕ႀကီးေတြဆိုတဲ့ အတိုင္းပါပဲ ပြဲ႐ုံေတြ၊ ေဈးဆိုင္ေတြနဲ႔ေပါ့။ ယမကာႀကိဳက္တဲ့ သူေတြအတြက္လည္း စားေတာ္ဆက္ေတြ၊ေပ်ာ္ပြဲစား႐ုံေတြကလည္း ကမ္းနားေဈးလမ္းတစ္ေလွ်ာက္မွာ ေပါမွေပါဆိုပဲ။

ေပ်ာ္ပြဲစား႐ုံတစ္ခုထဲ ဝင္သြားၿပီး ျမည္းစရာတစ္ခုနဲ႔ အရက္တစ္လုံးမွာပါသတဲ့။ မွာထားတာေတြ မေရာက္ခင္မွာ သူ႕စားပြဲကေနထၿပီး ဆိုင္ဝကို ထြက္သြားပါသတဲ့။ ဆိုင္ဝကေန ေခါင္းေလးကိုေစာင္းလို႔ ဟိုၾကည့္ဒီၾကည့္လုပ္ၿပီး “မေအေဘးေလး လာခဲတာကြာ” လို႔ ေျပာၿပီး သူ႕စားပြဲ ျပန္လာထိုင္ပါသတဲ့။

မွာထားတာေတြေရာက္လို႔ အရက္ပုလင္းေဖာက္ၿပီး တစ္ခြက္ငွဲ႔လို႔ မေသာက္ေသးဘဲ ခုနကအတိုင္း ဆိုင္ဝထြက္သြားၿပီး “မေအေဘးေလး လာခဲတာကြာ”လို႔ လုပ္ၿပီး သူ႕စားပြဲ ျပန္လာၿပီးမွ ေစာေစာကငွဲ႔ထားတဲ့ခြက္ကို ေသာက္ပါသတဲ့။

သူဒီလိုလုပ္ေနတာကို ဆိုင္ထဲကသူအခ်ိဳ႕ေရာ စားပြဲထိုးကေရာ ၾကည့္ေနပါသတဲ့။

အခ်ိန္ဆြဲေသာက္ရင္း တစ္ခြက္ငွဲ႔လိုက္ “မေအေဘးေလး လာခဲတာကြာ” လုပ္လိုက္နဲ႔ ဆိုေတာ့ သိပ္မထူးဆန္း သလို ျဖစ္သြားတာေပါ့။

စားပြဲထိုး အပါအဝင္ လူတိုင္းက သူ႕သူငယ္ခ်င္းမိတ္ေဆြကို ေစာင့္ေနတာလို႔ပဲ တြက္လိုက္ၾကတာေပါ့။

ဒီလိုနဲ႔ သူမွာထားတဲ့ ျမည္းကလည္းတစ္ဝက္က်ိဳး၊ အရက္တစ္လုံးဟာ တစ္ပိုင္းကုန္သြားပါေရာတဲ့။ သူ႕ ေရခ်ိန္လည္းျပည့္ေရာဆိုပါေတာ့။ သူကတစ္ပိုင္းသမားကိုး။

က်န္တဲ့တစ္ပိုင္းထဲက ခြက္ထဲကို တစ္ဝက္ေလာက္ထည္လိုက္ၿပီး ခဏေနေတာ့ စားပြဲထိုးကို လွမ္းေခၚလိုက္ပါ သတဲ့။ေရာက္လာတဲ့စားပြဲထိုးကို သူက အရက္ပုလင္းကိုျပၿပီး “အရက္ပုလင္းထဲမွာ.. ဒီေလာက္႐ွိေသးတယ္ …မင္းမွတ္ထားစမ္းလို႔...” ႐ုပ္တည္ႀကီးနဲ႔ လုပ္ပါေရာတဲ့။

ဦးဆိုးေပဟာ မွင္ေမာင္းေကာင္းတဲ့သူဆိုေတာ့ ႐ုတ္တရက္ စားပြဲထိုးလည္း ေၾကာင္သြားပါသတဲ့။

“မင္းအဲဒါၾကည့္ထား…တစ္စက္မွမေလ်ာ့ေစနဲ႔…ဟိုမေအေဘးေလးကြာ ဟိုဘက္ဆိုင္မွာခုထိ မလာေသးလို႔ ငါသြားေခၚလိုက္ဦးမယ္ ဒီအထုပ္လဲ ေစာင့္ၾကည့္ထား…” သူ႕မွာပါလာတဲ့ အထုပ္ႀကီးကို သူထိုင္တဲ့ ခုံေပၚတင္ၿပီး ထြက္သြားတာကို စားပြဲထိုးခမ်ာ ဘာမွ မေျပာႏိုင္ပဲ ေစာင့္ၾကည့္ရင္း က်န္ခဲ့ပါေတာ့သတဲ့။

ငါးမိနစ္လည္းမလာ၊ဆယ္မိနစ္မလာနဲ႔ေပါ့။ စားပြဲထိုးခမ်ာ ဦးဆိုးေပထိုင္ခဲ့တဲ့ စားပြဲလည္း သူမ်ားေသာက္သြား ေလမလားဆိုၿပီးၾကည့္ရ။အျခားစားပြဲလည္း သြားကူရနဲ႔ ဗ်ာကိုမ်ားလို႔တဲ့။ မိုးသာခ်ဳပ္လို႔ ဆိုင္သိမ္းခဲ့ရတယ္။ ဦးဆိုးေပက ျပန္ကို မလာေတာ့ပါဘူးတဲ့။

စားပြဲထိုးလည္း မဟုတ္ေတာ့ဘူးဆိုၿပီး သူ႕အထုပ္ဖြင့္ၾကည့္ေတာ့ အတိုအထြာ တန္ဖိုးမ႐ွိတာေတြ ေလွ်ာက္ထည့္ထားတဲ့ အထုပ္ႀကီးျဖစ္ေနပါေရာတဲ့လားဗ်ာ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service