“ဒါ...ရော်နယ်ဒိုပဲလေ”

“ဒါ...ရော်နယ်ဒိုပဲလေ” - Property Knowledge in Myanmar from iMyanmarHouse.com
20 Jun 2023 3:20 pm တွင် တင်ခဲ့သည်
1224 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

 

ဒီရက်အတွင်း လူမှုကွန်ရက်မှာ တက်လာသည့် လူအများ စိတ်ဝင်စားမှုများနေသည့် သတင်းက ကမ္ဘာချစ် ဘောလုံးသမား ရော်နယ်ဒိုခေါ် ဒိုလေးရဲ့အကြောင်းပဲ ဖြစ်သည်။

ဒီအကြောင်းရေးတော့ သူ့ကိုမျက်မုန်းကျိုးနေသူတွေ အနေနဲ့ကတာ့ ကြိုက်ချင်မှ ကြိုက်ပေမည်။ ကျွန်တော်က ရော်နယ်ဒိုကို လေးစားသည်။ချစ်ခင်သည်။အားလည်း အားကျခဲ့သည်။

သူ့အကြောင်းကိုခြေရာကောက်ဖို့မဟုတ်ပါ။ထူးချွန်လိုသူတွေအတွက် ပါရမီဆိုတာကြီးကို မေ့ထားပြီး ထူးထူးချွန်ချွန်လုပ်ဆောင် နိုင်သူတစ်ယောက်ရဲ့ အကြောင်းကို ညွှန်းဆိုဖို့ပဲဖြစ်သည်။

အားကစားသမားတစ်ယောက်အတွက် ကစားနိုင်သော အသက်ကာလအပိုင်းအခြားသည် တိုတောင်းပါသည်။

အချို့သောအားကစားသမားတွေ ဆယ်စုနှစ်တစ်ခုကို ကောင်းကောင်းဖြတ်ကျော်ဖို့ပင် ရုန်းကန်ရသည်က မလွယ်လှပေ။ အားကစားသမားတစ်ယောက် အကောင်းဆုံးတွေစွမ်းဆောင်ပြနိုင်မှ လူတွေစိတ်ဝင်စား ကြသည်။

အချို့သော ဘောလုံးအားကစားသမားတွေ အကောင်းဆုံးတွေ စွမ်းဆောင်ပြကြသော်လည်း ဆယ်စုနှစ် တစ်ခုလောက်ကိုပင် ကောင်းကောင်းမဖြတ်သန်းနိုင်ဘဲ ဘောလုံးလောကကနေ စောစီးစွာ အနားယူသွားကြရ သူများလည်းရှိသည်။

တချို့က ပါရမီရှိပြီး ထူးချွန်ကြသော်လည်း ခန္ဓာကိုယ်ကို မထိန်းသိမ်းကြ။မထိန်းသိမ်းကြသဖြင့် ကောင်းပြီး ကောင်းလျက်နှင့် ဘေးရောက်လို့ ဘုံပျောက်ကြသည်။

အချို့များ သူတို့အကြောင်း ပါးစပ်ဖျားက မချချင်ဘဲ ပြောနေရလောက်အောင် တော်ပါလျက်နှင့် ခန္ဓာကိုယ်ကို ဂရုမစိုက်ကြသဖြင့် ဒဏ်ရာဒဏ်ချက်တို့နှင့် ရုန်းကန်နေရင်း အချိန်ကြာလာသည်နှင့်အမျှ လူတွေရဲ့ မြင်ကွင်းကနေ တဖြည်းဖြည်းပျောက်ပျောက်သွားကြသည်။ လှေလှော်ရင်း တက်ကျိုးခြင်းပင်ဖြစ်သည်။

တချို့က ပါရမီလည်းရှိသည် ထူးချွန်အောင်လည်းကြိုးစားခဲ့ကြသည်။သူတို့နာမည်ကြီးလာသည့်အခါ သူတို့၏နောက်ကလိုက်ပါလာသည့် ငွေကြေးအရှိန်အဝါရဲ့ဒဏ်ကို မခံနိုင်ကြခြင်းပင်ဖြစ်သည်။

မရဖူးသည့် ငွေကြေးများကို ရလာသဖြင့် မလုပ်ဖူးသည့် အားကစားနှင့် မသက်ဆိုင်သည့် အလုပ်များလုပ်မိ ကြခြင်း၊ အားကစားကိုထိခိုက်စေသည့် အလုပ်များကို လုပ်မိခြင်းများလည်း လုပ်လာတတ်ကြသည်။

ဒိုလေးကတော့ ထိုသို့မဟုတ် သူ့ခန္ဓာကိုယ်ကို အထိအခိုက်နည်း အောင်ဂရုစိုက်သလို သူ့စွမ်းဆောင်ရည်ကို ကျမသွားအောင်လည်း ဂရုစိုက်သည်။

ရွန်နီတို့ပုံပျက်ပန်းပျက် ခန္ဓာကို ဖြစ်နေပေမယ့်၊ဒိုလေးကတော့ အနေအထားတို့ကတက်ကြွဆဲ ဂိုးတွေရယူဖို့ ဆာလောင်နေဆဲ။ သူနှင့်သက်တူရွယ်တူသမားတို့ ကစားသမားဘဝက ပျောက်လို့ အခြားနေရာတွေ ဝင်ရောက်သွားကြပေမယ့် သူကတော့ လူငယ်ခြေတက်တို့နှင့်အပြိုင်နွှဲလို့ နိုင်ပွဲတို့ကို ဖန်တီးနေဆဲဖြစ်သည်။

ဘယ်အသင်းရောက်ရောက် အကောင်းဆုံးတို့စွမ်းဆောင်ပြနေနိုင်သေးသည်။ ချဉ်စရာကောင်းသောလုပ်ရပ်တို့ကို လူ့သဘာဝအရလုပ်မိသည့် အကွက်များရှိသော်လည်း ချိုစရာတွေကများသဖြင့် အချဉ်ကို အချိုဖုံးလို့ သူ့အပေါ်နှစ်သက်မှုတို့သာ တိုးခဲ့သည်။

သူ့ကိုချစ်သည့် လူတိုင်းကို လေးစားသမှုရှိခဲ့သည်။လေးလေးစားစား တွေ့ဆုံနှုတ်ဆက်မှုတွေ ပြန်လုပ်ပေးသည်။ ဒီရက်အတွင်း သူနှင့်ပတ်သက်လို့ တက်လာသော ပုံရိပ်နှစ်ခုက ကျွန်တော့်ရင်ကိုလည်း ကြည်နူးမှုဖြစ်ခဲ့ရသည်။

တစ်ခုက ပေါ်တူဂီ-ဘော့စနီးယားပွဲမှာ ပရိသတ်တစ်ဦးက ကွင်းထဲဝင်လာခဲ့ပြီး ရော်နယ်ဒိုနှင့် မရ,ရအောင် တွေ့သွားခဲ့ခြင်းပင်ဖြစ်သည်။ ရိုးရိုးတွေ့ရုံတင်မဟုတ် သူ့ခြေအစုံကို ဦးခေါင်းနှင့်တိုက်ပြီး အလေးအမြတ်ပြုခဲ့ သည်အထိ လေးစားသမှုကိုပြသွားခဲ့သည်။

နောက်တစ်ဦးက ရောနယ်ဒိုနှင့် တွေ့ခွင့်ရချင်သည့် Speed ။ Speed နှင့် ရော်နယ်ဒို တွေ့ခွင့်ရအောင် ကူညီပေးခဲ့သူက အေစီတိုက်စစ်မှူး ရာဖေးလီယာအို ဖြစ်သည်။မျှော်လင့်ထားသူတစ်ယောက်ကို တွေ့ခွင့်ရခဲ့သည့် Speed ရဲ့ ပျော်ရွှင်ခဲ့ရမှုက ကြည့်နေသည့် ကျွန်တော့်ရင်ကို ကြည်နူးမှုနှင့်အတူ အပျော်တို့ ကူးစက်ခဲ့ရသည်။

နာမည်ကြီးသူတစ်ယောက်အတွက် မနာလို အမုန်းကြီးသူတွေလည်း ရှိနိုင်သည်။ချစ်ခင်လေးစားသူတိုင်းက စောင့်နေနိုင်သလို ထိုအထဲတွင် မုန်းသူတွေလည်းရှိနိုင်သည်။ လူတိုင်းကို တွေ့ဖို့က အမုန်းနှင့်စောင့်နေသူ ဖြစ်နေပါက သူ့အတွက်ဘဝနိဂုံးတို့ချုပ်သွားနိုင်သည်။

ဒါပေမဲ့ လက်ရှိအချိန်ထိတော့ ချစ်သူတွေက လေးစားမှုနှင့် ချစ်ခင်ပြသည်တို့ကိုသာ မြင်ရသည့်အတွက် ဒီမြင်ကွင်းတို့ အစဉ်ရှိနေစေဖို့သာ မျှော်လင့်နေမိပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

“ဒါ...ေရာ္နယ္ဒိုပဲေလ”

 

ဒီရက္အတြင္း လူမႈကြန္ရက္မွာ တက္လာသည့္ လူအမ်ား စိတ္ဝင္စားမႈမ်ားေနသည့္ သတင္းက ကမ႓ာခ်စ္ ေဘာလုံးသမား ေရာ္နယ္ဒိုေခၚ ဒိုေလးရဲ႕အေၾကာင္းပဲ ျဖစ္သည္။

ဒီအေၾကာင္းေရးေတာ့ သူ႕ကိုမ်က္မုန္းက်ိဳးေနသူေတြ အေနနဲ႔ကတာ့ ႀကိဳက္ခ်င္မွ ႀကိဳက္ေပမည္။ ကြၽန္ေတာ္က ေရာ္နယ္ဒိုကို ေလးစားသည္။ခ်စ္ခင္သည္။အားလည္း အားက်ခဲ့သည္။

သူ႕အေၾကာင္းကိုေျခရာေကာက္ဖို႔မဟုတ္ပါ။ထူးခြၽန္လိုသူေတြအတြက္ ပါရမီဆိုတာႀကီးကို ေမ့ထားၿပီး ထူးထူးခြၽန္ခြၽန္လုပ္ေဆာင္ ႏိုင္သူတစ္ေယာက္ရဲ႕ အေၾကာင္းကို ၫႊန္းဆိုဖို႔ပဲျဖစ္သည္။

အားကစားသမားတစ္ေယာက္အတြက္ ကစားႏိုင္ေသာ အသက္ကာလအပိုင္းအျခားသည္ တိုေတာင္းပါသည္။

အခ်ိဳ႕ေသာအားကစားသမားေတြ ဆယ္စုႏွစ္တစ္ခုကို ေကာင္းေကာင္းျဖတ္ေက်ာ္ဖို႔ပင္ ႐ုန္းကန္ရသည္က မလြယ္လွေပ။ အားကစားသမားတစ္ေယာက္ အေကာင္းဆုံးေတြစြမ္းေဆာင္ျပႏိုင္မွ လူေတြစိတ္ဝင္စား ၾကသည္။

အခ်ိဳ႕ေသာ ေဘာလုံးအားကစားသမားေတြ အေကာင္းဆုံးေတြ စြမ္းေဆာင္ျပၾကေသာ္လည္း ဆယ္စုႏွစ္ တစ္ခုေလာက္ကိုပင္ ေကာင္းေကာင္းမျဖတ္သန္းႏိုင္ဘဲ ေဘာလုံးေလာကကေန ေစာစီးစြာ အနားယူသြားၾကရ သူမ်ားလည္း႐ွိသည္။

တခ်ိဳ႕က ပါရမီ႐ွိၿပီး ထူးခြၽန္ၾကေသာ္လည္း ခႏၶာကိုယ္ကို မထိန္းသိမ္းၾက။မထိန္းသိမ္းၾကသျဖင့္ ေကာင္းၿပီး ေကာင္းလ်က္ႏွင့္ ေဘးေရာက္လို႔ ဘုံေပ်ာက္ၾကသည္။

အခ်ိဳ႕မ်ား သူတို႔အေၾကာင္း ပါးစပ္ဖ်ားက မခ်ခ်င္ဘဲ ေျပာေနရေလာက္ေအာင္ ေတာ္ပါလ်က္ႏွင့္ ခႏၶာကိုယ္ကို ဂ႐ုမစိုက္ၾကသျဖင့္ ဒဏ္ရာဒဏ္ခ်က္တို႔ႏွင့္ ႐ုန္းကန္ေနရင္း အခ်ိန္ၾကာလာသည္ႏွင့္အမွ် လူေတြရဲ႕ ျမင္ကြင္းကေန တျဖည္းျဖည္းေပ်ာက္ေပ်ာက္သြားၾကသည္။ ေလွေလွာ္ရင္း တက္က်ိဳးျခင္းပင္ျဖစ္သည္။

တခ်ိဳ႕က ပါရမီလည္း႐ွိသည္ ထူးခြၽန္ေအာင္လည္းႀကိဳးစားခဲ့ၾကသည္။သူတို႔နာမည္ႀကီးလာသည့္အခါ သူတို႔၏ေနာက္ကလိုက္ပါလာသည့္ ေငြေၾကးအ႐ွိန္အဝါရဲ႕ဒဏ္ကို မခံႏိုင္ၾကျခင္းပင္ျဖစ္သည္။

မရဖူးသည့္ ေငြေၾကးမ်ားကို ရလာသျဖင့္ မလုပ္ဖူးသည့္ အားကစားႏွင့္ မသက္ဆိုင္သည့္ အလုပ္မ်ားလုပ္မိ ၾကျခင္း၊ အားကစားကိုထိခိုက္ေစသည့္ အလုပ္မ်ားကို လုပ္မိျခင္းမ်ားလည္း လုပ္လာတတ္ၾကသည္။

ဒိုေလးကေတာ့ ထိုသို႔မဟုတ္ သူ႕ခႏၶာကိုယ္ကို အထိအခိုက္နည္း ေအာင္ဂ႐ုစိုက္သလို သူ႕စြမ္းေဆာင္ရည္ကို က်မသြားေအာင္လည္း ဂ႐ုစိုက္သည္။

႐ြန္နီတို႔ပုံပ်က္ပန္းပ်က္ ခႏၶာကို ျဖစ္ေနေပမယ့္၊ဒိုေလးကေတာ့ အေနအထားတို႔ကတက္ႂကြဆဲ ဂိုးေတြရယူဖို႔ ဆာေလာင္ေနဆဲ။ သူႏွင့္သက္တူ႐ြယ္တူသမားတို႔ ကစားသမားဘဝက ေပ်ာက္လို႔ အျခားေနရာေတြ ဝင္ေရာက္သြားၾကေပမယ့္ သူကေတာ့ လူငယ္ေျခတက္တို႔ႏွင့္အၿပိဳင္ႏႊဲလို႔ ႏိုင္ပြဲတို႔ကို ဖန္တီးေနဆဲျဖစ္သည္။

ဘယ္အသင္းေရာက္ေရာက္ အေကာင္းဆုံးတို႔စြမ္းေဆာင္ျပေနႏိုင္ေသးသည္။ ခ်ဥ္စရာေကာင္းေသာလုပ္ရပ္တို႔ကို လူ႕သဘာဝအရလုပ္မိသည့္ အကြက္မ်ား႐ွိေသာ္လည္း ခ်ိဳစရာေတြကမ်ားသျဖင့္ အခ်ဥ္ကို အခ်ိဳဖုံးလို႔ သူ႕အေပၚႏွစ္သက္မႈတို႔သာ တိုးခဲ့သည္။

သူ႕ကိုခ်စ္သည့္ လူတိုင္းကို ေလးစားသမႈ႐ွိခဲ့သည္။ေလးေလးစားစား ေတြ႕ဆုံႏႈတ္ဆက္မႈေတြ ျပန္လုပ္ေပးသည္။ ဒီရက္အတြင္း သူႏွင့္ပတ္သက္လို႔ တက္လာေသာ ပုံရိပ္ႏွစ္ခုက ကြၽန္ေတာ့္ရင္ကိုလည္း ၾကည္ႏူးမႈျဖစ္ခဲ့ရသည္။

တစ္ခုက ေပၚတူဂီ-ေဘာ့စနီးယားပြဲမွာ ပရိသတ္တစ္ဦးက ကြင္းထဲဝင္လာခဲ့ၿပီး ေရာ္နယ္ဒိုႏွင့္ မရ,ရေအာင္ ေတြ႕သြားခဲ့ျခင္းပင္ျဖစ္သည္။ ႐ိုး႐ိုးေတြ႕႐ုံတင္မဟုတ္ သူ႕ေျခအစုံကို ဦးေခါင္းႏွင့္တိုက္ၿပီး အေလးအျမတ္ျပဳခဲ့ သည္အထိ ေလးစားသမႈကိုျပသြားခဲ့သည္။

ေနာက္တစ္ဦးက ေရာနယ္ဒိုႏွင့္ ေတြ႕ခြင့္ရခ်င္သည့္ Speed ။ Speed ႏွင့္ ေရာ္နယ္ဒို ေတြ႕ခြင့္ရေအာင္ ကူညီေပးခဲ့သူက ေအစီတိုက္စစ္မႉး ရာေဖးလီယာအို ျဖစ္သည္။ေမွ်ာ္လင့္ထားသူတစ္ေယာက္ကို ေတြ႕ခြင့္ရခဲ့သည့္ Speed ရဲ႕ ေပ်ာ္႐ႊင္ခဲ့ရမႈက ၾကည့္ေနသည့္ ကြၽန္ေတာ့္ရင္ကို ၾကည္ႏူးမႈႏွင့္အတူ အေပ်ာ္တို႔ ကူးစက္ခဲ့ရသည္။

နာမည္ႀကီးသူတစ္ေယာက္အတြက္ မနာလို အမုန္းႀကီးသူေတြလည္း ႐ွိႏိုင္သည္။ခ်စ္ခင္ေလးစားသူတိုင္းက ေစာင့္ေနႏိုင္သလို ထိုအထဲတြင္ မုန္းသူေတြလည္း႐ွိႏိုင္သည္။ လူတိုင္းကို ေတြ႕ဖို႔က အမုန္းႏွင့္ေစာင့္ေနသူ ျဖစ္ေနပါက သူ႕အတြက္ဘဝနိဂုံးတို႔ခ်ဳပ္သြားႏိုင္သည္။

ဒါေပမဲ့ လက္႐ွိအခ်ိန္ထိေတာ့ ခ်စ္သူေတြက ေလးစားမႈႏွင့္ ခ်စ္ခင္ျပသည္တို႔ကိုသာ ျမင္ရသည့္အတြက္ ဒီျမင္ကြင္းတို႔ အစဥ္႐ွိေနေစဖို႔သာ ေမွ်ာ္လင့္ေနမိပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service