သပ္ပုရိသဒါန

သပ္ပုရိသဒါန - Property Knowledge in Myanmar from iMyanmarHouse.com
19 Jun 2023 4:49 pm တွင် တင်ခဲ့သည်
1733 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

 

သပ္ပုရိသ ဆိုသည်ကား သူတော်ကောင်းကို ဆိုသည်။ ဒါနဆိုသည်ကား ပေးလှူခြင်းဖြစ်သည်။

သပ္ပုရိသဒါန ဆိုသည်ကား သူတော်ကောင်းတို့လှူသော အလှူဟု ဆိုရမည်ထင်သည်။ သူတော်ကောင်းတို့ ပေးလှူသော အလှူငါးပါးရှိသည်။သပ္ပုရိသဒါန ၅ ပါးဟုခေါ်သည်။

ထို သပ္ပုရိသဒါန ၅-ပါးကို မင်းကွန်းဆရာဘုရားကြီးအောက်ပါအတိုင်း ဆိုထားသည်။

(၁) သဒ္ဓါဒါန။ ။(ကံနှင့် ကံ၏အကျိုးတရားတို့၌ သက်ဝင်ယုံကြည်မှု သဒ္ဓါတရား ထက်ထက်မြက်မြက်ထား၍ လှူဒါန်းခြင်း။)

(၂) သက္ကစ္စ ဒါန။ ။(လှူဖွယ်ဝတ္ထုကို သပ်သပ်ရပ်ရပ် ပြု၍လည်းကောင်း၊ အလှူခံပုဂ္ဂိုလ်ကို အရိုအသေပြု၍ လည်းကောင်း လှူဒါန်းခြင်း။)

 

 

(၃) ကာလ ဒါန။ ။(သူ့အခါနှင့်သူ သိ၍ လှူဒါန်းခြင်း။ ဥပမာ- ရဟန်း သံဃာအား နံနက်အခါဖြစ်လျှင် ဆွမ်း ခဲဖွယ် ဘောဇဉ်ကို လှူဒါန်းခြင်း၊ မွန်းလွဲအခါဖြစ်လျှင် အဖျော်ယာမကာ စတုမဓု စသည်ကို လှူဒါန်းခြင်းမျိုး ဖြစ်သည်။)

(၄) အနဂ္ဂဟိတဒါန။ ။(လှူဖွယ်ဝတ္ထု၌ ငြိတွယ်သောစိတ် လုံးဝမရှိဘဲ မုတ္တစာဂ လွတ်လွတ် စွန့်ကြဲသော စေတနာ ရှေ့သွားပြု၍ လှူဒါန်းခြင်း။)

(၅) အနုပဟစ္စဒါန။ ။(မိမိ-သူတစ်ပါး နှစ်ဦးသားတို့ကို မထိပါးမူ၍ လှူဒါန်းခြင်း။)

 

လောက၌ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည် ပြိုင်ဘက် ရှိတတ်သည်။ ထို လောကီစီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည်တို့၌ အပြိုင်အဆိုင်စိတ် ထားမှလည်း တိုးတက်ကြီးပွားနိုင်သည်။ ဒါနကောင်းမှု ကုသိုလ်ပြုရာ၌ကား ထို လောကီ အပြိုင်စိတ်ကို ဖယ်ရှားထားရမည်။

အကယ်၍ ဒါနကောင်းမှု မိမိကပြုသောအခါ “ငါနှင့် စီးပွားပြိုင်ဘက် ငဖြူ ငါလိုလှူနိုင်သေးရဲ့လား” ဤသို့ စသည်ဖြင့် အောက်မေ့ နှလုံးသွင်း၍ လှူဒါန်းလျှင် မိမိကိုယ်ကိုကား မြှောက်ပင့်ခြင်း အတ္တုက္ကံသနလောဘ ဖြင့် ထိပါး၍ လှူသည်မည်၏။

ဤကဲ့သို့ မအောက်မေ့ဘဲ “ငါသည် ဥစ္စာစီးပွား၏ အနှစ်သာရ ဒါနကောင်းမှုကို ပြုရပေပြီ” ဤသို့ စသည်ဖြင့် အောက်မေ့၍ လှူလျှင် မထိမပါး လှူသည် မည်၏။

ထိုကဲ့သို့သော အလှူမျိုးကို လှူရမည်ဟု ဆိုလို၏။ ထိုသပ္ပုရိသဒါန

(၅)ပါး၏ အချုပ် လင်္ကာကား-

၁။ သဒ္ဓါကြည်ညို၊ ၂။ ရိုသေလှစွာ၊ ၃။ အခါကိုသိ၊ ၄။ မစွန်းငြိဘဲ၊ ၅။ မထိမပါး၊ လှူတုံငြား၊ ငါးပါးသပ္ပုရိသ မြတ်ဒါန။

ထိုသပ္ပုရိသ ဒါနအရာ၌ လှူဒါန်းခြင်းကြောင့် စီးပွား ဥစ္စာ ပေါများသော မင်း၊ ပုဏ္ဏား၊ သဌေး သူကြွယ် ဖြစ်ရ၏။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ဇော်ပိုင်ဦး (မြန်မာပြည်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

သပၸဳရိသဒါန

 

သပၸဳရိသ ဆိုသည္ကား သူေတာ္ေကာင္းကို ဆိုသည္။ ဒါနဆိုသည္ကား ေပးလွဴျခင္းျဖစ္သည္။

သပၸဳရိသဒါန ဆိုသည္ကား သူေတာ္ေကာင္းတို႔လွဴေသာ အလွဴဟု ဆိုရမည္ထင္သည္။ သူေတာ္ေကာင္းတို႔ ေပးလွဴေသာ အလွဴငါးပါးရွိသည္။သပၸဳရိသဒါန ၅ ပါးဟုေခၚသည္။

ထို သပၸဳရိသဒါန ၅-ပါးကို မင္းကြန္းဆရာဘုရားႀကီးေအာက္ပါအတိုင္း ဆိုထားသည္။

(၁) သဒၶါဒါန။ ။(ကံႏွင့္ ကံ၏အက်ိဳးတရားတို႔၌ သက္ဝင္ယံုၾကည္မႈ သဒၶါတရား ထက္ထက္ျမက္ျမက္ထား၍ လွဴဒါန္းျခင္း။)

(၂) သကၠစၥ ဒါန။ ။(လွဴဖြယ္ဝတၳဳကို သပ္သပ္ရပ္ရပ္ ျပဳ၍လည္းေကာင္း၊ အလွဴခံပုဂၢိဳလ္ကို အရိုအေသျပဳ၍ လည္းေကာင္း လွဴဒါန္းျခင္း။)

(၃) ကာလ ဒါန။ ။(သူ႔အခါႏွင့္သူ သိ၍ လွဴဒါန္းျခင္း။ ဥပမာ- ရဟန္း သံဃာအား နံနက္အခါျဖစ္လ်ွင္ ဆြမ္း ခဲဖြယ္ ေဘာဇဥ္ကို လွဴဒါန္းျခင္း၊ မြန္းလြဲအခါျဖစ္လ်ွင္ အေဖ်ာ္ယာမကာ စတုမဓု စသည္ကို လွဴဒါန္းျခင္းမ်ိဳး ျဖစ္သည္။)

(၄) အနဂၢဟိတဒါန။ ။(လွဴဖြယ္ဝတၳဳ၌ ၿငိတြယ္ေသာစိတ္ လံုးဝမရွိဘဲ မုတၱစာဂ လြတ္လြတ္ စြန္႔ႀကဲေသာ ေစတနာ ေရွ႕သြားျပဳ၍ လွဴဒါန္းျခင္း။)

(၅) အႏုပဟစၥဒါန။ ။(မိမိ-သူတစ္ပါး ႏွစ္ဦးသားတို႔ကို မထိပါးမူ၍ လွဴဒါန္းျခင္း။)

ေလာက၌ စီးပြားေရး၊ လူမႈေရး၊ ပညာေရး စသည္ ၿပိဳင္ဘက္ ရွိတတ္သည္။ ထို ေလာကီစီးပြားေရး၊ လူမႈေရး၊ ပညာေရး စသည္တို႔၌ အၿပိဳင္အဆိုင္စိတ္ ထားမွလည္း တိုးတက္ႀကီးပြားႏိုင္သည္။ ဒါနေကာင္းမႈ ကုသိုလ္ျပဳရာ၌ကား ထို ေလာကီ အၿပိဳင္စိတ္ကို ဖယ္ရွားထားရမည္။

အကယ္၍ ဒါနေကာင္းမႈ မိမိကျပဳေသာအခါ “ငါႏွင့္ စီးပြားၿပိဳင္ဘက္ ငျဖဴ ငါလိုလွဴႏိုင္ေသးရဲ႕လား” ဤသို႔ စသည္ျဖင့္ ေအာက္ေမ့ ႏွလံုးသြင္း၍ လွဴဒါန္းလ်ွင္ မိမိကိုယ္ကိုကား ေျမွာက္ပင့္ျခင္း အတၱဳကၠံသနေလာဘ ျဖင့္ ထိပါး၍ လွဴသည္မည္၏။

ဤကဲ႔သို႔ မေအာက္ေမ့ဘဲ “ငါသည္ ဥစၥာစီးပြား၏ အႏွစ္သာရ ဒါနေကာင္းမႈကို ျပဳရေပၿပီ” ဤသို႔ စသည္ျဖင့္ ေအာက္ေမ့၍ လွဴလ်ွင္ မထိမပါး လွဴသည္ မည္၏။

ထိုကဲ႔သို႔ေသာ အလွဴမ်ိဳးကို လွဴရမည္ဟု ဆိုလို၏။ ထိုသပၸဳရိသဒါန

(၅)ပါး၏ အခ်ဳပ္ လကၤာကား-

၁။ သဒၶါၾကည္ညိဳ၊ ၂။ ရိုေသလွစြာ၊ ၃။ အခါကိုသိ၊ ၄။ မစြန္းၿငိဘဲ၊ ၅။ မထိမပါး၊ လွဴတံုျငား၊ ငါးပါးသပၸဳရိသ ျမတ္ဒါန။

ထိုသပၸဳရိသ ဒါနအရာ၌ လွဴဒါန္းျခင္းေၾကာင့္ စီးပြား ဥစၥာ ေပါမ်ားေသာ မင္း၊ ပုဏၰား၊ သေဌး သူႂကြယ္ ျဖစ္ရ၏။

 အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service