မြေငှားစာချုပ်အသစ်ထုတ်ပေးခြင်းများနှင့် စပ်လျဉ်း၍ ဖော်ပြရေးသားပေးလိုက်ပါတယ်။

မြေငှားစာချုပ်အသစ်ထုတ်ပေးခြင်းများနှင့် စပ်လျဉ်း၍ ဖော်ပြရေးသားပေးလိုက်ပါတယ်။ - Property Knowledge in Myanmar from iMyanmarHouse.com
17 Jun 2023 2:24 pm တွင် တင်ခဲ့သည်
862 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

 

မြေယာစီမံခန့်ခွဲမှုအဖွဲ့သည် ကာလပိုင်းခြား စည်းကမ်းသတ်မှတ်ချက်များဖြင့် အောက်ပါမြေအမျိုးအစားများကို ဂရန်လျှောက်ထားသူများအား နှစ်ရှည်၊နှစ်တိုမြေငှားဂရန်များ ထုတ်ပေးလေ့ရှိပါသည်။ကော်မတီက စီမံခန့်ခွဲ ပိုင်ခွင့်ရှိသောမြေ၊လိုင်စင်မြေ၊ပါမစ်မြေ၊ စကွာတာမြေ၊ စနစ်တကျမြို့ကွက်ဖော်ထုတ်ထားသည့် လူနေရပ်ကွက်အတွင်းရှိ ကျူးလွန်ခြင်းမြေ၊ဂရန်ပေးစီမံချက်မြေတို့ကို ဂရန်မြေလျှောက်ထားလျှင် စီစစ်ပြီး မြေငှားဂရန်စာချုပ်ချုပ်ဆို ပေးပါတယ်။

ထိုသို့လျှောက်ထားရာတွင် မြေငှားစာချုပ်ချုပ်မည့်သူသည် (၁၈)နှစ်ပြည့်ပြီး အရွယ်ရောက်သူဖြစ်ရမည်။ စိတ်ပေါ့သွပ်သူများ မြေငှားစာချုပ်ချုပ်ဆိုခွင့်မရှိပါ။ ထို့ပြင် နိုင်ငံသားဖြစ်သူသာ လျှောက်ထားနိုင်ပြီး သတ်မှတ်ထား သော မြေငှားခကို ပေးဆောင်နိုင်သူလဲဖြစ်ရပါမယ်။

ဂရန်လျှောက်ထားလိုသူသည် လျှောက်ထားရာ၌ မြေပိုင်ဆိုင်မှုစာရွက်စာတမ်းများ၊ မှတ်ပုံတင်ကတ်ပြား၊ မြေငှားခကြွေးကျန်ကင်းရှင်းကြောင်းထောက်ခံချက်၊ မြေငှားခပြေစာ စာရွက်စာတမ်းများပါဝင်ကာ လျှောက်ထား ရပါမယ်။

စကွာတာမြေအား ဂရန်လျှောက်ထားလာပါက ဌာနမှ အောက်ပါအချက်အလက်များစီစစ်မှုပြုပါတယ်။

ပိုင်ဆိုင်မှု အထောက်အထားစာရွက်စာတမ်းများအား စစ်ဆေးခြင်း၊မြေငှားခကြွေးကျန်ရှိမရှိ စစ်ဆေးခြင်း၊ မြေတိုင်းမှ မြေရာဇဝင်အစီရင်ခံခြင်း၊ပိုင်ဆိုင်မှုမှာ မြေစာရင်းရှိ အချက်အလက်များနှင့် ကိုက်ညီမှုရှိမရှိ အဆင့်ဆင့်စီစစ် စစ်ဆေးပါသည်။

ထို့ပြင် မြေရာဇဝင်ပါ အချက်အလက်များအား စစ်ဆေးရာတွင်လဲ မြေသိမ်းရှိမရှိ၊ မြေတန်ဖိုးမှတ်ချက်၊ တားမြစ်ချက်ရှိမရှိ၊တားဝရမ်း(သို့)ဘဏ်ကန့်ကွက်ချက်ရှိမရှိနှင့် အခြားကန့်ကွက်ချက်များ ရှိမရှိ၊ ဂရန်စည်းကမ်းပျက် မှတ်ချက်ရှိမရှိ၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တားမြစ်ချက်ရှိမရှိ တို့ စီစစ်ပါသည်။

ထို့နောက် ကန့်ကွက်ရန်ရှိမရှိ ကြေငြာစာထုတ်ပြန်ပေးခြင်းနှင့် သတင်းစာကြေငြာခြင်းများ ဆောင်ရွက်ပြီး ပါက ကန့်ကွက်သူလဲမရှိပါက ဝန်ဆောင်ခပေးသွင်းစေ၍ မြေပုံရေးဆွဲကာ ဂရန်စာချုပ်ချုပ်ဆိုစေပြီး ဂရန် ထုတ်ပေးပါတယ်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 [Zawgyi]

 


 












ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service