ဩကာသဘုရား ရှိခိုးထဲမှ ကျွန်တော်မသိသေးသော “တဆယ့်ခြောက်ပါးသော ဥပဒ္ဒဝေါ”
ဩကာသဘုရား ရှိခိုးထဲမှ ကျွန်တော်မသိသေးသော “တဆယ့်ခြောက်ပါးသော ဥပဒ္ဒဝေါ” - Property Knowledge in Myanmar from iMyanmarHouse.com
14 Jun 2023 3:32 pm တွင် တင်ခဲ့သည်
834 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by နှင်းအိခင်
[Unicode]
ယခင်ရက်က ရေးခဲ့သည့် “ဘုရားရှိခိုးထဲမှ ကျွန်တော်မသိသေးသော အချက်များ” ပါဝင်ခဲ့ရာ ကျွန်တော့်လို မသိသေးသော သူများအတွက် ရည်စူး၍ ထပ်မံဖော်ပြလိုက်ရပါသည်။
ယခုဖော်ပြမည်က “ဥပဒ္ဒဝေါ” ဖြစ်ပါသည်။ဥပဒ္ဒဝေါကား နှိပ်စက်ညှဉ်းပန်းမှု။ဘေးအန္တရာယ်ကိုဆိုသည်။ဤသည်တို့ကား-
၁။ ကြိမ်းမောင်းဆဲရေးခံရခြင်း၊
၂။ ထိပ်တုံးဖြင့် နှောင်ဖွဲ့ခံရခြင်း၊
၃။ ကြိုးနှင့် တုပ်နှောင်ခံရခြင်း၊
၄။ သံခြေကျင်းဖြင့် နှောင်ဖွဲ့ခံရခြင်း၊
၅။ ကြိမ်နှင့် ချည်နှောင်၍ တုပ်နှောင်ခံရခြင်း၊
၆။ နွယ်ကြိုးဖြင့် တုပ်နှောင် ခံရခြင်း၊
၇။ တိုက်တွင်းလှောင်၍ တုပ်နှောင်ခံရခြင်း၊
၈။ ကျုံးရံ၍ နှောင်ဖွဲ့ခံရခြင်း
၉။ ရွာနှောင်ဖွဲ့ ခံရခြင်း၊
၁၀။ နိဂုံး နှောင်ဖွဲ့ ခံရခြင်း၊
၁၁။ မြို့နှောင်ဖွဲ့ ခံရခြင်း၊
၁၂။ တိုင်းနှောင်ဖွဲ့ ခံရခြင်း၊
၁၃။ ဇနပုဒ် နှောင်ဖွဲ့ ခံရခြင်း၊
၁၄။ မိမိနေရာမှ အရပ်တပါးသို့ မသွားရဟု နှောင်ဖွဲ့ခံရခြင်း၊
၁၅။ မိမိ ဥစ္စာတို့ကို သိမ်းယူခံရခြင်း၊
၁၆။ အထက်ပါ အကြောင်း တစ်ပါးပါးကြောင့် ဒေါမနဿဒုက္ခ ဖြစ်ရခြင်း။
စလင်းဆရာတော် ပရိတ်ကြီးနိဿယတွင်မူ တစ်ဆယ့်ခြောက်ပါးသော ဥပဒ္ဒဝေါကို အောက်ပါအတိုင်း ဆိုထား၏။
၁။ ဖြစ်ခြင်းဟူသော ဇာတိဥပဒ္ဒဝေါ၊
၂။ အိုခြင်းဟူသော ဇရာဥပဒ္ဒဝေါ၊
၃။ နာခြင်းဟူသော ဗျာဓိဥပဒ္ဒဝေါ၊
၄။ အင်္ဂါကြီးငယ် ဆွေမျိုးဥစ္စာ သီလပျက်စီးခြင်းဟူသော ဝိပတ္တိဥပဒ္ဒဝေါ၊
၅။ မင်းဘေးဟူသော ဥပဒ္ဒဝေါ၊
၆။ ခိုးသူဘေးဟူသော ဥပဒ္ဒဝေါ၊
၇။ ရေဘေးဟူသော ဥပဒ္ဒဝေါ၊
၈။ လေဘေးဟူသော ဥပဒ္ဒဝေါ၊
၉။ မီးဘေးဟူသော ဥပဒ္ဒဝေါ၊
၁၀။ ငါးရဲဘေးဟူသော ဥပဒ္ဒဝေါ၊
၁၁။ လိပ်ကျောက်ဘေးဟူသော ဥပဒ္ဒဝေါ၊
၁၂။ မိကျောင်းဘေးဟူသော ဥပဒ္ဒဝေါ၊
၁၃။ မိမိကြောင့်ဖြစ်သော စွပ်စွဲကဲ့ရဲ့ခြင်းဟူသော ဥပဒ္ဒဝေါ၊
၁၄။ သူတပါးကြောင့်ဖြစ်သော စွပ်စွဲကဲ့ရဲ့ခြင်းဟူသော ဥပဒ္ဒဝေါ၊
၁၅။ အနာဟောင်း မြုံခြင်းဟူသော ဥပဒ္ဒဝေါ၊
၁၆။ သေလျှင် အပါယ်လားရခြင်းဟူသော ဥပဒ္ဒဝေါတို့ဖြစ်သည်။
ဆယ်ပါးသောဒဏ်၊ ရှစ်ပါးသော အပြစ်တို့ကို ဆက်ပါဦးမည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
၇။ ရေဘေးဟူသော ဥပဒ္ဒဝေါ၊
၈။ လေဘေးဟူသော ဥပဒ္ဒဝေါ၊
၉။ မီးဘေးဟူသော ဥပဒ္ဒဝေါ၊
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service