အနုပညာရှင်၏ သစ္စာ

အနုပညာရှင်၏ သစ္စာ - Property Knowledge in Myanmar from iMyanmarHouse.com
26 May 2023 4:20 pm တွင် တင်ခဲ့သည်
743 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

ဒီရက်အတွင်း လူမှုကွန်ရက်တွင် ပန်းချီအနုပညာရှင်တစ်ယောက်၏ သစ္စာကို သိခွင့်၊တွေ့ခွင့်ရခဲ့သည်။ လုပ်နိုင်ခဲသည်ကို လုပ်ခဲ့သူတစ်ယောက်ဖြစ်၍ ချီးကျူးမိသည်။

သူ့လိုမျိုး ကျွန်တော့်မှာကြုံလာခဲ့လျှင် ကျွန်တော်ရော သူ့လိုမျိုးလုပ်နိုင်ပါ့မလားလို့ ကိုယ့်စိတ်ကိုယ်တောင် သံသယဖြစ်မိသည်။သူ့ဇနီးက ရိုးရိုးလူမဟုတ်။ဆယ်နှစ်ကျော်ကြာ အိပ်ရာထဲလဲနေသည့် လေဖြတ်ဝေဒနာ သည်။ ဒီလိုဖြစ် သေးကလူး ချေးကလူး ဖြစ်နေနိုင်သည့် ဇနီးသည်ကို မညည်းမညူ ကြည်ကြည်ဖြူဖြူ စောင့်ရှောက်ရင်း ဘဝကိုဖြတ်သန်းဝံ့သူ။

ကြည်ကြည်ဖြူဖြူဟု ကျွန်တော်ဘာကြောင့်သုံးရသနည်းဟူမူ ဒီလိုဝေဒနာသည်ကို ဒီလိုအသက်ရှည်အောင် ထားနိုင်ဖို့ဆိုသည်က ငွေထက်၊ချစ်ခင်ခြင်း၊ကြင်နာခြင်း၊ယုယခြင်း၊ညှာတာခြင်းတွေ မရှိဘဲနဲ့တော့ ကာလရှည် အသက်ရှင်ဖြတ်သန်းဖို့ မလွယ်လှကြောင်း တွေးကြည့်ယုံနဲ့ သိနိုင်ပါလိမ့်မည်။

အချို့ငွေကြေးအရ ပြောစရာမရှိကြပါဘဲ တအူတုံဆင်း ဆွေမျိုးချင်းတောင်မှ ယုယညှာတာမှု ချစ်ခင်မှုမရှိကြ သဖြင့် အမုန်းတို့နှင့် အဆုံးသတ်ကုန်ကြသည်။ဝန်တိုခြင်းများဖြင့် ကြည့်မရနိုင်အောင်တွေ ရှိနေကြသည်။

ယခုအနုပညာရှင်ကား ငွေကြေးပြေလည်မှု ရှိမရှိဆိုတာ မြင်ကွင်းအရ သိသာလှသည်။ ငွေရှာသူ အနုပညာသမားအနေနှင့် ကျန်းကျန်းမာမာနှင့် နေ့စဉ်အလုပ်လုပ်နိုင်ပါမှ စားဖို့သောက်ဖို့ အကြောင်းသင့်ပါလိမ့်မည့်။အစစ အဆင်မပြေမှုတွေရှိနေပါလျက် တော်တော်တန်တန် စိတ်လောက်နဲ့တော့ ဒီလောက်ကာလကြာအောင် လုပ်နိုင်ဖို့မလွယ်ကူ။

ယခုလိုကာလကြီးတွင် တော်ရုံလူတောင် ပိုလို့ရှာဖွေရခက်နေသဖြင့် နေစဉ်တက်နေသည့် အသုံးစရိတ်တို့ ကြောင့် လူ့လောကကြီးမှာ နေချင်စိတ်တို့ ကုန်ခန်းကုန်ပြီး လူ့လောကကနေ စောစောစီးစီး ထွက်သွားနေကြသည်။

ဒီအနုပညာရှင်ကတော့ ရဲဝံ့ပါပေ၏။ဝေဒနာသည် ဇနီးသည်သည် ချစ်သူမဟုတ်ခဲ့ကြောင်း သူရှင်းပြထားသည်။ ချစ်သူမဟုတ်ပါသော ဝေဒနာရှင်ဇနီးသည်ကို ကိုယ်လွတ်ရုန်းပြီး မထားခဲ့။ စားဝတ်နေရေး အပူများနှင့် ဝေဒနာ သည်၏ အပူကိုလည်းခံယူရင်း သူ့ရဲ့ ဘဝသစ္စာပန်းချီကားကို သူအရောင်တွေတင်နေမှန်းသူသိပါ့မလား။

ယခုတော့ ဒီသစ္စာတရားကပင် သူ့ကို အထောက်အမပြုလေပြီ။သူ့အကြောင်းသိကုန်ကြသည့် သူများနှင့် အခြားသော အနုပညာရှင်များက သူ့ရဲ့သစ္စာကို အသိအမှတ်ပြုကုန်ကြရပြီဖြစ်သည်။မျက်နှာလွှဲလို့ မနေနိုင်ကြတော့ပေ။ သူ့ရဲ့ ပြဿနာတွေကို ညည်းတွားပြီး အလှူမခံ၊ သူတတ်သည့် ပညာရပ်ဖြင့် ရေးဆွဲထားသော ပန်ချီကားတို့ကိုသာ အားပေးဝယ်ယူကြဖိုသာ သူကဆိုလိုက်သေးသည်။

ဘာပဲပြောပြော အခုတော့ မီဒီယာတစ်ခုရဲ့ကျေးဇူးကြောင့် သူ့ရဲ့ သစ္စာပန်ချီကားတစ်ချပ်ကို ကျွန်တော်တို့မြင်ခွင့်ရခဲ့ပါပြီတည်း။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Photo Credit:  MC

မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

 

အနုပညာရှင်၏ သစ္စာ

 










 




Photo Credit: MC



 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service