တစ်ခါတုန်းက အဖြစ်လေးတွေ (၁၃) - Property Knowledge in Myanmar from iMyanmarHouse.com
744 Views

တစ်ခါတုန်းက အဖြစ်လေးတွေ (၁၃)

Knowledge | Posted by Shwe Zin Win

[Unicode]

 

“ကံဝဋ်ကြွေးတွေကျေပါစေ”

ကိုယ်ပြုတဲ့ကံ ကိုယ်သာခံရမယ်ဆိုတာကလည်း ငယ်တုန်းကတော့ ဘယ်သိပါ့မလဲ။မိဘတွေက သင်မပေးထားလို့လည်း မဟုတ်ပါဘူး။ဒါပေမဲ့ ကိုယ်လုပ်ခဲ့တာကို ပျော်စရာကြီးတစ်ခုလို ထင်ခဲ့မိပြီး အကုသိုလ် အမှုတွေလည်း လုပ်ခဲ့ဘူးပါရဲ့။

နွေရာသီကျောင်းပိတ်ရက်ဟာ ကျွန်တော်တို့ကျောင်သားတွေအဖို့ ပျော်စရာကောင်းသလောက် အနီးပတ်ဝန်းကျင်က သတ္တဝါလေးတွေအဖို့ အဖြစ်ဆိုးတွေ လာတော့မယ်ဆိုတာ ဘယ်လိုလုပ်သိကြပါ့မလဲ။

နွေကျောင်းပိတ်ပြီဆိုတာနဲ့ ကျွန်တော်တို့တစ်တွေ မြို့အရှေ့ဘက် ရေဝင်ရပ်က ရေခန်းသွားလို့ မစိုမခြောက်ကျန်ခဲ့တဲ့ နုန်းခဲကြီးတွေ သွားထမ်းကြပြီး အိမ်ကမသိအောင် ထွန်စက်တွေထားတဲ့ ဝင်းထဲသွားပြီး လောက်စာလုံးတွေ လုံးကြပါတော့တယ်။ နေပြင်းပြင်းပူတော့ လောက်စာလုံးတွေဟာ တစ်နေမကုန်ခင် ခြောက်သွေ့သွားပါတယ်။

စာအုပ်ထည့်တဲ့ လွယ်အိတ်တွေဟာ လောက်စာလုံးနဲ့ ဘတ်ခွတို့ ထည့်စရာဖြစ်လာတယ်။ဘတ်ခွဆိုတာ ကျွန်တော်တို့ အရပ်အခေါ်ပါ။သားရေကြိုးတပ်ပြီး လောက်စာလုံးထည့်ပြစ်ရတဲ့ ခွကိုခေါ်တာပါပဲ။

မနက်ပိုင်း မိဘကူစရာတွေကို ကူလုပ်ပေးပြီး နေ့ခင်းထမင်းစားပြီးတာနဲ့ ကျွန်တော်တို့တွေ ငှက်ပစ်ထွက်ကြ ပါတယ်။ ငှက်လို့သာပြောတာ တွေ့တဲ့အကောင်တွေမှန်သမျှ ပစ်တော့တာပါပဲ။

နွေရာသီဟာ ပြောလို့ပြောတာတော့မဟုတ်ဘူး ကြွေခဲ့ပြီးတဲ့ သစ်ပင်တွေက သစ်ရွက်တွေနဲ့ ဝေလာသလို၊ အပွင့်တွေ မြိုင်မြိုင်ဆိုင်ဆိုင် ပွင့်ကြတဲ့ အပင်တွေလည်း ရှိပါရဲ့။ညောင်ပင်တွေဆိုတာ အသီးတွေမှည့်လို့ လာစားကြတဲ့ငှက်တွေရဲ့ အသံတွေဟာ သောသောကိုညံနေတော့တာပါပဲ။ညောင်သီးစားတဲ့ ဗွတ်ဖင်နီတွေ လောက်စာလုံးစာ ဖြစ်ကုန်တာပေါ့။

လက်ပံပင် ဆက်ရက်ကျတယ်ဆိုတာကလည်း ဒီလိုနွေရာသီမှာပဲပေါ့။ရဲရဲနီနေတဲ့ လက်ပံပွင့်တွေက လှသလို ဆက်ရက်အုပ်ကလည်း ကညာပျိုကိုတွေ့တဲ့ ကာလသားတွေလို မဟားတရားနဲ့ ဣန္ဒြေကို မဆောင်နိုင်ကြ သလိုပါပဲ။ဝတ်ရည်စုပ်ဖို့ သဲသဲရုပ်ရုပ်နဲ့။လက်ပံပင်အောက်ကနေ ဆက်ရက်တွေကို စောင့်ပစ်ရုံပေါ့။

ဝက်မစွပ်ကျောင်းက ဥယျာဉ်အစပ်မှာ ရေတွင်းကြီးရှိတယ်။ရေချိုးထားလို့ ရေအိုင်ဖြစ်နေတဲ့ နေရာမှာ ရေတွေရှိနေတော့ နွေရာသီရဲ့ အပူဒဏ်ကြောင့် ရေငတ်တဲ့ ငှက်တွေဟာ အဲဒီရေလေးတွေကို လာသောက်ကြပါတယ်။ ကျွန်တော်တို့ကလည်း ဒီအခွင့်အရေးကို စောင့်နေကြတာပေါ့။

ဘာမဟုတ်တဲ့ ငှက်ပစ်မုဆိုးလေးတွေဖြစ်တဲ့ ကျွန်တော်တို့က တခြားမှာ ငှက်သွားမရှာဘဲလည်း ရေတွင်းရိပ်က ထိုင်စောင့်ပြီးလည်း ပစ်တယ်။

 

ညောင်ပင်တွေ၊လက်ပံပင်တွေနဲ့ တမာပင်တွေမှာ အစာရှာနေတဲ့၊ နားခိုနေကြတဲ့၊ ငှက်တွေဟာ ကျွန်တော်တို့ရဲ့လောက်စာလုံးတွေမှာ အသက်ထွက်ကုန်ကြရတာပါပဲ။ သစ်ပင်မရှိတဲ့ လယ်ကွင်းတွေထဲ အဖြတ်မှာ တွင်းအပြင်ရောက်နေတဲ့ ပုတက်တွေဟာလည်း ကျွန်တော်တို့လက်က ပြေးမလွတ်သလောက်ပါပဲ။

ပုတက်တွေ့ရင် လေလေးချွန်ပြီး ပုတက်ကို မိန့်မောအောင်လုပ်ထားပြီး ပစ်တာပေါ့။ထိချက်မမှန်လို့ သူ့တွင်းရောက်အောင်ပြေးနိုင်ရင် လတ်တလောတော့ လွတ်သွားတာပေါ့။တူးရွင်းပါရင် တူးရွင်းနဲ့တူးပြီး ဖမ်းပါတယ်။

တူးရွင်းနဲ့တူးရင် တွင်းဝကို အရင်မတူးပါဘူး။ကယ်ပေါက်ဆိုတဲ့နေရာကို အရင်ရှာရပါတယ်။ ပုတက်တွင်းဝနဲ့ မနီးမဝေးမှာရှိတဲ့ မြေပြင်ပတ်ပတ်လည်ကို တူးရွင်းပြားလေးနဲ့ ယှက်ပြီးတူးရပါတယ်။ အဲဒီလိုတူးလိုက်ရင် ကယ်ပေါက်ကိုတွေ့ပါလိမ့်မယ်။ပုတက်ဟာ ကယ်ပေါက်ထိပ်ဝမှာ ရောက်နေတတ်ပါတယ်။ အသာလေး ဖမ်းလိုက်ရုံပါပဲ။

ပုတက်ဖမ်းတဲ့အခါမှာ နောက်တစ်မျိုးရှိပါသေးတယ်။တစ်ထွာကျော်ကျော် ဝါးချွန်ငုတ်မှာ နိုင်လွန်ကြိုးနဲ့ ကွင်းလျှောလုပ်ထားတဲ့ ပုတက်ထောင်တဲ့ ဟာလေးကို သူ့ရဲ့တွင်းဝမှာ ထောင်ထားခဲ့ရတယ်။နောက်နေ့မှ သွားကြည့်ရုံပေါ့။ပုတက်ဟာ တွင်းထဲကပဲထွက်ထွက်၊အပြင်ကပဲပြန်ဝင်ဝင် အဲဒီကွင်းလျှောမှာ မိနေမှာပါပဲ။ ဒီလိုနည်း ပုတက်ဖမ်းတတ်ကြပါတယ်။

ဒီလိုအကုသိုလ် အလုပ်တွေကို လုပ်ဖြစ်ခဲ့ဖူးပါတယ်။ဒါပေမဲ့ ဒီအကုသိုလ်အလုပ်က စားဖို့သောက်ဖို့ အတွက်ဖြစ်သေးတယ်။ငယ်တုန်းကတော့ ကုသိုလ်၊အကုသိုလ်ရယ်လို့ မတွေးမိဘူး ပျော်စရာအလုပ်တစ်ခုလို့ သဘောတွေ့ပြီးလုပ်နေမိပါတယ်။

စားဖို့လည်းဖြစ်မလာပဲ ဘာမှမဟုတ်တဲ့ အကုသိုလ် အလုပ်တွေကို လုပ်မိတာကတော့ အဆိုးဆုံးပါပဲ။ သစ်ပင်တွေပေါ်တက်တက်ပြေးတဲ့ ပုတ်သင်ညိုတွေကိုဖမ်းပါတယ်။အဲဒီ ပုတ်သင်ညိုတွေကို ကွင်းပြောင်ပြောင်မှာ စိုက်ထားတဲ့ငုတ်မှာ လည်ပင်းကြိုးချည်ပြီး တွဲထားပါတယ်။နှစ်ရက်သုံးရက်ကြာတော့ သေပါရောလား။

ဒီဝဋ်ကြွေးတွေဟာ သိလို့ပဲလုပ်ခဲ့လုပ်ခဲ့၊မသိလို့ဘဲ လုပ်ခဲ့လုပ်ခဲ့ ပြုသူဟာ အသစ်ပါပဲ။ စေတနာတွေရဲ့ အားပြင်းခဲ့သလောက်တော့ မနွဲ့ကျစတမ်းပါပဲ။ ဘယ်သူရှောင်လွှဲချင်လို့ရော လွဲရိုးထုံးစံရှိခဲ့လို့လည်း။ တစ်ချိန်ချိန်တော့ အလှည့်ဆိုတာ ရောက်လာမှာပါပဲ။ ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

တစ္ခါတုန္းက အျဖစ္ေလးေတြ (၁၃)

 

“ကံဝဋ္ေႂကြးေတြေက်ပါေစ”

ကိုယ္ျပဳတဲ့ကံ ကိုယ္သာခံရမယ္ဆိုတာကလည္း ငယ္တုန္းကေတာ့ ဘယ္သိပါ့မလဲ။မိဘေတြက သင္မေပးထားလို႔လည္း မဟုတ္ပါဘူး။ဒါေပမဲ့ ကိုယ္လုပ္ခဲ့တာကို ေပ်ာ္စရာႀကီးတစ္ခုလို ထင္ခဲ့မိၿပီး အကုသိုလ္ အမႈေတြလည္း လုပ္ခဲ့ဘူးပါရဲ႕။

ေႏြရာသီေက်ာင္းပိတ္ရက္ဟာ ကြၽန္ေတာ္တို႔ေက်ာင္သားေတြအဖို႔ ေပ်ာ္စရာေကာင္းသေလာက္ အနီးပတ္ဝန္းက်င္က သတၱဝါေလးေတြအဖို႔ အျဖစ္ဆိုးေတြ လာေတာ့မယ္ဆိုတာ ဘယ္လိုလုပ္သိၾကပါ့မလဲ။

ေႏြေက်ာင္းပိတ္ၿပီဆိုတာနဲ႔ ကြၽန္ေတာ္တို႔တစ္ေတြ ၿမိဳ႕အေ႐ွ႕ဘက္ ေရဝင္ရပ္က ေရခန္းသြားလို႔ မစိုမေျခာက္က်န္ခဲ့တဲ့ ႏုန္းခဲႀကီးေတြ သြားထမ္းၾကၿပီး အိမ္ကမသိေအာင္ ထြန္စက္ေတြထားတဲ့ ဝင္းထဲသြားၿပီး ေလာက္စာလုံးေတြ လုံးၾကပါေတာ့တယ္။ ေနျပင္းျပင္းပူေတာ့ ေလာက္စာလုံးေတြဟာ တစ္ေနမကုန္ခင္ ေျခာက္ေသြ႕သြားပါတယ္။

စာအုပ္ထည့္တဲ့ လြယ္အိတ္ေတြဟာ ေလာက္စာလုံးနဲ႔ ဘတ္ခြတို႔ ထည့္စရာျဖစ္လာတယ္။ဘတ္ခြဆိုတာ ကြၽန္ေတာ္တို႔ အရပ္အေခၚပါ။သားေရႀကိဳးတပ္ၿပီး ေလာက္စာလုံးထည့္ျပစ္ရတဲ့ ခြကိုေခၚတာပါပဲ။

မနက္ပိုင္း မိဘကူစရာေတြကို ကူလုပ္ေပးၿပီး ေန႔ခင္းထမင္းစားၿပီးတာနဲ႔ ကြၽန္ေတာ္တို႔ေတြ ငွက္ပစ္ထြက္ၾက ပါတယ္။ ငွက္လို႔သာေျပာတာ ေတြ႕တဲ့အေကာင္ေတြမွန္သမွ် ပစ္ေတာ့တာပါပဲ။

ေႏြရာသီဟာ ေျပာလို႔ေျပာတာေတာ့မဟုတ္ဘူး ေႂကြခဲ့ၿပီးတဲ့ သစ္ပင္ေတြက သစ္႐ြက္ေတြနဲ႔ ေဝလာသလို၊ အပြင့္ေတြ ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ ပြင့္ၾကတဲ့ အပင္ေတြလည္း ႐ွိပါရဲ႕။ေညာင္ပင္ေတြဆိုတာ အသီးေတြမွည့္လို႔ လာစားၾကတဲ့ငွက္ေတြရဲ႕ အသံေတြဟာ ေသာေသာကိုညံေနေတာ့တာပါပဲ။ေညာင္သီးစားတဲ့ ဗြတ္ဖင္နီေတြ ေလာက္စာလုံးစာ ျဖစ္ကုန္တာေပါ့။

လက္ပံပင္ ဆက္ရက္က်တယ္ဆိုတာကလည္း ဒီလိုေႏြရာသီမွာပဲေပါ့။ရဲရဲနီေနတဲ့ လက္ပံပြင့္ေတြက လွသလို ဆက္ရက္အုပ္ကလည္း ကညာပ်ိဳကိုေတြ႕တဲ့ ကာလသားေတြလို မဟားတရားနဲ႔ ဣေႁႏၵကို မေဆာင္ႏိုင္ၾက သလိုပါပဲ။ဝတ္ရည္စုပ္ဖို႔ သဲသဲ႐ုပ္႐ုပ္နဲ႔။လက္ပံပင္ေအာက္ကေန ဆက္ရက္ေတြကို ေစာင့္ပစ္႐ုံေပါ့။

ဝက္မစြပ္ေက်ာင္းက ဥယ်ာဥ္အစပ္မွာ ေရတြင္းႀကီး႐ွိတယ္။ေရခ်ိဳးထားလို႔ ေရအိုင္ျဖစ္ေနတဲ့ ေနရာမွာ ေရေတြ႐ွိေနေတာ့ ေႏြရာသီရဲ႕ အပူဒဏ္ေၾကာင့္ ေရငတ္တဲ့ ငွက္ေတြဟာ အဲဒီေရေလးေတြကို လာေသာက္ၾကပါတယ္။ ကြၽန္ေတာ္တို႔ကလည္း ဒီအခြင့္အေရးကို ေစာင့္ေနၾကတာေပါ့။

ဘာမဟုတ္တဲ့ ငွက္ပစ္မုဆိုးေလးေတြျဖစ္တဲ့ ကြၽန္ေတာ္တို႔က တျခားမွာ ငွက္သြားမ႐ွာဘဲလည္း ေရတြင္းရိပ္က ထိုင္ေစာင့္ၿပီးလည္း ပစ္တယ္။

ေညာင္ပင္ေတြ၊လက္ပံပင္ေတြနဲ႔ တမာပင္ေတြမွာ အစာ႐ွာေနတဲ့၊ နားခိုေနၾကတဲ့၊ ငွက္ေတြဟာ ကြၽန္ေတာ္တို႔ရဲ႕ေလာက္စာလုံးေတြမွာ အသက္ထြက္ကုန္ၾကရတာပါပဲ။ သစ္ပင္မ႐ွိတဲ့ လယ္ကြင္းေတြထဲ အျဖတ္မွာ တြင္းအျပင္ေရာက္ေနတဲ့ ပုတက္ေတြဟာလည္း ကြၽန္ေတာ္တို႔လက္က ေျပးမလြတ္သေလာက္ပါပဲ။

ပုတက္ေတြ႕ရင္ ေလေလးခြၽန္ၿပီး ပုတက္ကို မိန္႔ေမာေအာင္လုပ္ထားၿပီး ပစ္တာေပါ့။ထိခ်က္မမွန္လို႔ သူ႕တြင္းေရာက္ေအာင္ေျပးႏိုင္ရင္ လတ္တေလာေတာ့ လြတ္သြားတာေပါ့။တူး႐ြင္းပါရင္ တူး႐ြင္းနဲ႔တူးၿပီး ဖမ္းပါတယ္။

တူး႐ြင္းနဲ႔တူးရင္ တြင္းဝကို အရင္မတူးပါဘူး။ကယ္ေပါက္ဆိုတဲ့ေနရာကို အရင္႐ွာရပါတယ္။ ပုတက္တြင္းဝနဲ႔ မနီးမေဝးမွာ႐ွိတဲ့ ေျမျပင္ပတ္ပတ္လည္ကို တူး႐ြင္းျပားေလးနဲ႔ ယွက္ၿပီးတူးရပါတယ္။ အဲဒီလိုတူးလိုက္ရင္ ကယ္ေပါက္ကိုေတြ႕ပါလိမ့္မယ္။ပုတက္ဟာ ကယ္ေပါက္ထိပ္ဝမွာ ေရာက္ေနတတ္ပါတယ္။ အသာေလး ဖမ္းလိုက္႐ုံပါပဲ။

ပုတက္ဖမ္းတဲ့အခါမွာ ေနာက္တစ္မ်ိဳး႐ွိပါေသးတယ္။တစ္ထြာေက်ာ္ေက်ာ္ ဝါးခြၽန္ငုတ္မွာ ႏိုင္လြန္ႀကိဳးနဲ႔ ကြင္းေလွ်ာလုပ္ထားတဲ့ ပုတက္ေထာင္တဲ့ ဟာေလးကို သူ႕ရဲ႕တြင္းဝမွာ ေထာင္ထားခဲ့ရတယ္။ေနာက္ေန႔မွ သြားၾကည့္႐ုံေပါ့။ပုတက္ဟာ တြင္းထဲကပဲထြက္ထြက္၊အျပင္ကပဲျပန္ဝင္ဝင္ အဲဒီကြင္းေလွ်ာမွာ မိေနမွာပါပဲ။ ဒီလိုနည္း ပုတက္ဖမ္းတတ္ၾကပါတယ္။

ဒီလိုအကုသိုလ္ အလုပ္ေတြကို လုပ္ျဖစ္ခဲ့ဖူးပါတယ္။ဒါေပမဲ့ ဒီအကုသိုလ္အလုပ္က စားဖို႔ေသာက္ဖို႔ အတြက္ျဖစ္ေသးတယ္။ငယ္တုန္းကေတာ့ ကုသိုလ္၊အကုသိုလ္ရယ္လို႔ မေတြးမိဘူး ေပ်ာ္စရာအလုပ္တစ္ခုလို႔ သေဘာေတြ႕ၿပီးလုပ္ေနမိပါတယ္။

စားဖို႔လည္းျဖစ္မလာပဲ ဘာမွမဟုတ္တဲ့ အကုသိုလ္ အလုပ္ေတြကို လုပ္မိတာကေတာ့ အဆိုးဆုံးပါပဲ။ သစ္ပင္ေတြေပၚတက္တက္ေျပးတဲ့ ပုတ္သင္ညိဳေတြကိုဖမ္းပါတယ္။အဲဒီ ပုတ္သင္ညိဳေတြကို ကြင္းေျပာင္ေျပာင္မွာ စိုက္ထားတဲ့ငုတ္မွာ လည္ပင္းႀကိဳးခ်ည္ၿပီး တြဲထားပါတယ္။ႏွစ္ရက္သုံးရက္ၾကာေတာ့ ေသပါေရာလား။

ဒီဝဋ္ေႂကြးေတြဟာ သိလို႔ပဲလုပ္ခဲ့လုပ္ခဲ့၊မသိလို႔ဘဲ လုပ္ခဲ့လုပ္ခဲ့ ျပဳသူဟာ အသစ္ပါပဲ။ ေစတနာေတြရဲ႕ အားျပင္းခဲ့သေလာက္ေတာ့ မႏြဲ႕က်စတမ္းပါပဲ။ ဘယ္သူေ႐ွာင္လႊဲခ်င္လို႔ေရာ လြဲ႐ိုးထုံးစံ႐ွိခဲ့လို႔လည္း။ တစ္ခ်ိန္ခ်ိန္ေတာ့ အလွည့္ဆိုတာ ေရာက္လာမွာပါပဲ။ ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အဝတ်ဗီရိုမှာ မှိုစွဲနေတာကို ဘယ်လို သန့်ရှင်းမလဲ ?
အဝတ်ဗီရိုမှာ မှိုစွဲနေတာကို ဘယ်လို သန့်ရှင်းမလဲ ?
မူကက်ရှ်အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ချွေးမ ရာဒီကာတို့၏ မင်္ဂလာဆောင်အတွက် ဒူဘိုင်းရှိ ကန်ဒေါ်လာ ၇၇ ဒသမ ၃ သန်းတန် စံအိမ
မူကက်ရှ်အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ချွေးမ ရာဒီကာတို့၏ မင်္ဂလာဆောင်အတွက် ဒူဘိုင်းရှိ ကန်ဒေါ်လာ ၇၇ ဒသမ ၃ သန်းတန် စံအိမ
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ယခုနှစ်အတွင်း အခန်းပေါင်း ၁၉၀၀ ကျော် အငှားချပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ယခုနှစ်အတွင်း အခန်းပေါင်း ၁၉၀၀ ကျော် အငှားချပေးမည်
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အတ္တလန္တိတ်သမုဒ္ဒရာအောက်တွင် အိမ်လုံးငယ်တစ်ခုဖြင့် ၃ လကျော် နေထိုင်ခဲ့သည့်အမျိုးသား ၁၀ နှစ်ကျော် ပိုမိုနုပျိုသွားရာ သိပ္
အတ္တလန္တိတ်သမုဒ္ဒရာအောက်တွင် အိမ်လုံးငယ်တစ်ခုဖြင့် ၃ လကျော် နေထိုင်ခဲ့သည့်အမျိုးသား ၁၀ နှစ်ကျော် ပိုမိုနုပျိုသွားရာ သိပ္
စည်ပင်သာယာရေးကော်မတီ မြို့ပြ မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေအရ မြေယာစီမံခန့်ခွဲမှုပြုသည့် လုပ်ငန်းစဉ်များအကြောင်း
စည်ပင်သာယာရေးကော်မတီ မြို့ပြ မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေအရ မြေယာစီမံခန့်ခွဲမှုပြုသည့် လုပ်ငန်းစဉ်များအကြောင်း
စီးပွားလာဘ်လာဘ ပိတ်စေသဖြင့် အိမ်တွင်မစိုက်ပျိုးသင့်တဲ့ ဆင်စွယ်ဂမုန်း
စီးပွားလာဘ်လာဘ ပိတ်စေသဖြင့် အိမ်တွင်မစိုက်ပျိုးသင့်တဲ့ ဆင်စွယ်ဂမုန်း
အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အ
အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အ
တောင်ဒဂုံမြိုနယ်တွင် အိမ်ရာစီမံကိန်းများကြောင့် မြေကွက် ရင်းနှီးမြှုပ်နှံသူမြင့်တက်လာ
တောင်ဒဂုံမြိုနယ်တွင် အိမ်ရာစီမံကိန်းများကြောင့် မြေကွက် ရင်းနှီးမြှုပ်နှံသူမြင့်တက်လာ
စင်္ကာပူတွင် နေအိမ်အငှားချထားရန် တင်ပြခြင်းမရှိဘဲ အခန်း ၃ ခန်းကို အငှားချကာ ဝင်ငွေရှာသည့် အိမ်ရှင် အမျိုးသမီး စင်္ကာပူဒေ
စင်္ကာပူတွင် နေအိမ်အငှားချထားရန် တင်ပြခြင်းမရှိဘဲ အခန်း ၃ ခန်းကို အငှားချကာ ဝင်ငွေရှာသည့် အိမ်ရှင် အမျိုးသမီး စင်္ကာပူဒေ
shwe-wutthmone
ruby

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service