မိုးလေးတဖွဲဖွဲ ရာသီမှာ သီးပင်များစွာ စိုက်ပျိုးပါ....

မိုးလေးတဖွဲဖွဲ ရာသီမှာ သီးပင်များစွာ စိုက်ပျိုးပါ.... - Property Knowledge in Myanmar from iMyanmarHouse.com
14 May 2023 1:26 pm တွင် တင်ခဲ့သည်
2250 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ခြောက်သွေ့ပူလောင်တဲ့နေ့ရက်တွေအပြီးမှာတော့ မိုးလေးတဖွဲဖွဲနဲ့ ဆွေးလို့ကောင်းတဲ့ မိုးရာသီသို့ချဉ်းကပ်ရောက်ရှိလာပါပြီ။ အိမ်တွင်းဥယျာဉ်ခြံစိုက်ပျိုးခြင်းစိတ်ဝင်စားတဲ့သူတွေအတွက် မိုးရာသီအတွင်း မိုးရေအလုံအလောက်နဲ့စိုက်ပျိုးလို့ရနိုင်တဲ့ သီးပင်စားပင်လေးများကို ဒီတစ်ခေါက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။ မိုးရွာတုန်းရေခံဆိုသလိုပဲ ဒီတစ်ခေါက်မှာတော့ မိုးရွာတုန်းအပင်စိုက်ကြစို့.....။

 

စိုက်ပျိုးလွယ်ကူပေါများ ရေကြိုက်တဲ့ ကိုသခွား....

 

 

ငပိရည်ပျစ်ပျစ် လေးထဲတို့ရင် မြန်မာ့ပါးစပ်ထဲ ရှယ်စားလို့ကောင်းမယ့်တို့စရာလေးဟင်းသီးဟင်းရွက်တစ်မျိုးကတော့ သခွားသီးပါပဲ။ ရေကြိုက်တဲ့သခွားသီးများဟာ စိုက်ပျိုးတဲ့နေရာမှာလည်း စင် လေးထိုးပြီး စိုက်ပျိုးနိုင်တာမို့ နေရာမယူတဲ့အပင်မျိုးဖြစ်ပါတယ်။

 

 

နေရောင်ခြည်နဲ့ ရေကိုကြိုက်တဲ့အပင်ဖြစ်ပြီး 16-32° C အတွင်းစိုက်ပျိုးနိုင်တာမို့ အပူချိန်နည်းတဲ့မိုးရာသီမှာ အကောင်းဆုံးစိုက်ပျိုးသင့်တဲ့အပင်မျိုးပဲဖြစ်ပါတယ်။

 

 

အရောင်အသွေးစုံလင် အသုံးဝင်တဲ့ ခရမ်းချဉ်....

 

 

မီးဖိုချောင်အတွက် တစ်နည်းမဟုတ် တစ်နည်းအသုံးဝင်တဲ့ ခရမ်းချဉ်သီးပင်လေးတွေဟာ စိုစွတ်တဲ့မြေဆီလွှာပေါ်မှာ အလွယ်တကူပေါက်ရောက်နိုင်ပြီး နေရောင်ခြည်လည်းလိုအပ်တာမို့ မိုးရွာပြီးစ စိုစွတ်နေတဲ့မြေပေါ်မှာ အလွယ်တကူစိုက်ပျိုးနိုင်ပါတယ်။

 

 

 

စိုက်ပျိုးရလွယ်လွန်းပြီးရာသီမရွေးခြံမြေထဲမှာတင်မက အိမ်တွင်းစိုက်ပျိုးလို့ရနိုင်တဲ့ စူပါအပင်လေးကတော့ ခရမ်းချဉ်သီးပင်လေးပါပဲ။

 

 

မိုးအေးအေးလေးထဲ ခရမ်းသီးမီးဖုတ် သုပ်စားကြမလား ....

 

 

 

သံဓာတ်၊ ကယ်လ်စီယမ်၊ အမျှင်ဓာတ် လုံလောက်ကြွယ်ဝစွာပါဝင်တဲ့ ခရမ်းသီး အပင်လေးတွေကို ခြံထွက် အော်ဂဲနစ်စစ်စစ် စားသုံးချင်သူများအတွက် ခရမ်းသီးဟာ မိုးရာသီမှာ စိုက်ပျိုးလို့ရတဲ့အပင်လေးဖြစ်တဲ့အကြောင်းလက်တို့ပါရစေ။

 

 

မိုးတွင်းအေးအေးလေးထဲ ခရမ်းသီးမီးဖုတ်သုပ်လေးနဲ့ အပြီလွေးချင်တယ်ဆိုရင်တော့ ချက်ချင်းလက်ငင်းခြံဝင်းလေးထဲ မြေတူးစိုက်ထားလိုက်တော့နော်။ စွတ်စိုတဲ့မြေပေါ် နေရောင်ကောင်းစွာရတဲ့နေရာလေးထဲစိုက်ပျိုးလို့ရနိုင်ပြီး မိုးတွင်းရောက်တော့မှာမို့အမြန်သာစိုက်ပျိုးလိုက်ပါတော့နော်။

 

ငရုပ်သီးတောင့်လေးများရဲ့ ရာသီ ....

 

 

မိုးရာသီပါပဲရှင့်။ မိုးရာသီရောက်တော့မှာမို့ ကိုယ့်ရဲ့ခြံအလွတ်လေးထဲ ငရုပ်သီးပင်လေးများကိုစိုက်ပျိုးနိုင်ပါတယ်။ အစပ်လေးများမပါရင် ထမင်းမမြိန်ဘူးဆိုတဲ့မြန်မာပါးစပ်နဲ့အကိုက် ငရုပ်သီးများကို အကြိုက်ခူးစားနိုင်ဖို့ ငရုပ်သီးပင်လေးကို ခြံဝင်းလေးထဲအခုပဲစိုက်ပျိုးလိုက်ပါတော့နော်။

 

 

မကြာမီရောက်ရှိလာတော့မယ့်မိုးရာသီကာလတွင်းစိုက်ပျိုးလို့ရနိုင်တဲ့အပင်လေးများကိုစုစည်းတင်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်။ လုံခြုံနွေးထွေး ရောဂါကင်းဝေးတဲ့မိုးတွင်းလေးဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်နော်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

မိုးေလးတဖြဲဖြဲ ရာသီမွာ သီးပင္မ်ားစြာ စိုက္ပ်ိဳးပါ....

 

ေျခာက္ေသြ႕ပူေလာင္တဲ့ေန႔ရက္ေတြအၿပီးမွာေတာ့ မိုးေလးတဖြဲဖြဲနဲ႔ ေဆြးလို႔ေကာင္းတဲ့ မိုးရာသီသို႔ခ်ဥ္းကပ္ေရာက္႐ွိလာပါၿပီ။ အိမ္တြင္းဥယ်ာဥ္ျခံစိုက္ပ်ိဳးျခင္းစိတ္ဝင္စားတဲ့သူေတြအတြက္ မိုးရာသီအတြင္း မိုးေရအလုံအေလာက္နဲ႔စိုက္ပ်ိဳးလို႔ရႏိုင္တဲ့ သီးပင္စားပင္ေလးမ်ားကို ဒီတစ္ေခါက္မွာတင္ဆက္ေပးလိုက္ပါတယ္ေနာ္။ မိုး႐ြာတုန္းေရခံဆိုသလိုပဲ ဒီတစ္ေခါက္မွာေတာ့ မိုး႐ြာတုန္းအပင္စိုက္ၾကစို႔.....။

စိုက္ပ်ိဳးလြယ္ကူေပါမ်ား ေရႀကိဳက္တဲ့ ကိုသခြား....

ငပိရည္ပ်စ္ပ်စ္ ေလးထဲတို႔ရင္ ျမန္မာ့ပါးစပ္ထဲ ႐ွယ္စားလို႔ေကာင္းမယ့္တို႔စရာေလးဟင္းသီးဟင္း႐ြက္တစ္မ်ိဳးကေတာ့ သခြားသီးပါပဲ။ ေရႀကိဳက္တဲ့သခြားသီးမ်ားဟာ စိုက္ပ်ိဳးတဲ့ေနရာမွာလည္း စင္ ေလးထိုးၿပီး စိုက္ပ်ိဳးႏိုင္တာမို႔ ေနရာမယူတဲ့အပင္မ်ိဳးျဖစ္ပါတယ္။

အေရာင္အေသြးစုံလင္ အသုံးဝင္တဲ့ ခရမ္းခ်ဥ္

မီးဖိုေခ်ာင္အတြက္ တစ္နည္းမဟုတ္ တစ္နည္းအသုံးဝင္တဲ့ ခရမ္းခ်ဥ္သီးပင္ေလးေတြဟာ စိုစြတ္တဲ့ေျမဆီလႊာေပၚမွာ အလြယ္တကူေပါက္ေရာက္ႏိုင္ၿပီး ေနေရာင္ျခည္လည္းလိုအပ္တာမို႔ မိုး႐ြာၿပီးစ စိုစြတ္ေနတဲ့ေျမေပၚမွာ အလြယ္တကူစိုက္ပ်ိဳးႏိုင္ပါတယ္။ စိုက္ပ်ိဳးရလြယ္လြန္းၿပီးရာသီမေ႐ြးျခံေျမထဲမွာတင္မက အိမ္တြင္းစိုက္ပ်ိဳးလို႔ရႏိုင္တဲ့ စူပါအပင္ေလးကေတာ့ ခရမ္းခ်ဥ္သီးပင္ေလးပါပဲ။

မိုးေအးေအးေလးထဲ ခရမ္းသီးမီးဖုတ္ သုတ္စားၾကမလား

 

သံဓာတ္၊ ကယ္လ္စီယမ္၊ အမွ်င္ဓာတ္ လုံေလာက္ႂကြယ္ဝစြာပါဝင္တဲ့ ခရမ္းသီး အပင္ေလးေတြကို ျခံထြက္ ေအာ္ဂဲနစ္စစ္စစ္ စားသုံးခ်င္သူမ်ားအတြက္ ခရမ္းသီးဟာ မိုးရာသီမွာ စိုက္ပ်ိဳးလို႔ရတဲ့အပင္ေလးျဖစ္တဲ့အေၾကာင္းလက္တို႔ပါရေစ။

မိုးတြင္းေအးေအးေလးထဲ ခရမ္းသီးမီးဖုတ္သုပ္ေလးနဲ႔ အၿပီေလြးခ်င္တယ္ဆိုရင္ေတာ့ ခ်က္ခ်င္းလက္ငင္းျခံဝင္းေလးထဲ ေျမတူးစိုက္ထားလိုက္ေတာ့ေနာ္။ စြတ္စိုတဲ့ေျမေပၚ ေနေရာင္ေကာင္းစြာရတဲ့ေနရာေလးထဲစိုက္ပ်ိဳးလို႔ရႏိုင္ၿပီး မိုးတြင္းေရာက္ေတာ့မွာမို႔အျမန္သာစိုက္ပ်ိဳးလိုက္ပါေတာ့ေနာ္။

င႐ုပ္သီးေတာင့္ေလးမ်ားရဲ႕ ရာသီ

မိုးရာသီပါပဲ႐ွင့္။ မိုးရာသီေရာက္ေတာ့မွာမို႔ ကိုယ့္ရဲ႕ျခံအလြတ္ေလးထဲ င႐ုပ္သီးပင္ေလးမ်ားကိုစိုက္ပ်ိဳးႏိုင္ပါတယ္။ အစပ္ေလးမ်ားမပါရင္ ထမင္းမၿမိန္ဘူးဆိုတဲ့ျမန္မာပါးစပ္နဲ႔အကိုက္ င႐ုပ္သီးမ်ားကို အႀကိဳက္ခူးစားႏိုင္ဖို႔ င႐ုပ္သီးပင္ေလးကို ျခံဝင္းေလးထဲအခုပဲစိုက္ပ်ိဳးလိုက္ပါေတာ့ေနာ္။

မၾကာမီေရာက္႐ွိလာေတာ့မယ့္မိုးရာသီကာလတြင္းစိုက္ပ်ိဳးလို႔ရႏိုင္တဲ့အပင္ေလးမ်ားကိုစုစည္းတင္ဆက္ေပးလိုက္တာပဲျဖစ္ပါတယ္။ လုံျခဳံေႏြးေထြး ေရာဂါကင္းေဝးတဲ့မိုးတြင္းေလးျဖစ္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းအပ္ပါတယ္ေနာ္။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service