ကံ၏အစွမ်းတားနိုင်စွမ်း

ကံ၏အစွမ်းတားနိုင်စွမ်း - Property Knowledge in Myanmar from iMyanmarHouse.com
13 May 2023 11:26 am တွင် တင်ခဲ့သည်
851 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

 

ကံရဲ့စွမ်းအားဟာ အင်မတန်ကြီးမားပါတယ်တဲ့၊ကံရဲ့စွမ်းအားကို ဘုရားရှင်သော်မှ တွန်းလှန်ခြင်း ငှာမတတ်နိုင်ပါဘူးတဲ့။

ကံရဲ့စွမ်းအားဟာ အင်မတန်ကြီးမားတဲ့အတွက် အကျိုးမပေါ်အောင် ဘယ်သူမှမတားဆီးနိုင်ရုံမကသေးဘူး သည်ကံအကျိုးက လွတ်အောင်တိမ်းရှောင်လို့လည်း မရပါဘူးတဲ့။

ဘုရားရှင်လက်ထက်တော်ကာလက ကျီးတစ်ကောင် ကောင်းကင်မှာပျံရင်း မီးလောင်နေတဲ့ မြက်ကရွတ်ခွေ တစ်ခု မီးတောက်နဲ့လည်ပင်းစွပ်မိလို့ သေရပါသတဲ့။

သမုဒ္ဒရာသွား သင်္ဘောကြီးတစ်စင်းဟာ သွားနေစဉ် ရုတ်တရက် ရပ်တန့်သွားလို့ သူယုတ်စာရေးတံချတဲ့အခါ သင်္ဘောသူကြီး မယားထံ စာရေးတံကျလို့ လည်ပင်းအိုးဆွဲပြီး ရေမြှုပ်ခံရပါသတဲ့။

ဘုရားဖူးလာကြတဲ့ ရဟန်းတော် ခုနစ်ပါးလည်း လိုဏ်ဂူအတွင်း ခုနစ်ရက် အစာရေစာပြတ်ပြီး ခုနစ်ရက်ကလွန်မှ လိုဏ်ဂူကထွက်နိုင်ကြပါသတဲ့။

သည်အကြောင်းဘုရားရှင်ထံ လျှောက်ထားကြတော့ ဘုရားရှင်က “ကျီးဟာ ရှေးဘဝက နွားကျောင်းသား ဖြစ်ခဲ့ဖူးတယ်။နွားကြမ်းရဲ့လည်ပင်းမှာ အမှိုက်စီးပြီး မီးရှို့သတ်ခဲ့ဖူးလို့ ယခုဘဝ ကောင်းကင်မှာ ပျံရင်း မီးကွင်းစွပ်ပြီးသေရတယ်။

သင်္ဘောသူကြီးကတော်ဟာ ရှေးဘဝက ခွေးရဲ့လည်ပင်းမှာ အိုးဆွဲပြီး ရေမြှုပ်သတ်ခဲ့ဖူးတဲ့အတွက် ယခု ဝဋ်ကြွေးမပြေဘဲ ရေမှာအမြှုပ်ခံရတယ်။

ရဟန်းခုနစ်ပါးဟာ ရှေးဘဝက ဖွတ်တို့ကို တွင်းထဲ ခုနစ်ရက်ပိတ်ထားပြီး ခုနစ်ရက်ကြာမှ ဖွင့်လွှတ်ခဲ့တဲ့အတွက် ယခုလို လိုဏ်ပိတ်ခံရတယ်လို့ မိန့်တော်မူပြီး-

- ကောင်းကင်မှာနေလည်း မကောင်းမှုအကျိုး မလွတ်ဘူး။

- သမုဒ္ဒရာရဲ့ အလယ်မှာ နေသော်လည်း မကောင်းမှုအကျိုး မလွတ်ဘူး။

- တောင်အခေါင်းတွင်းဝင်နေသော်လည်း မကောင်းမှုအကျိုးက မလွတ်ဘူး။

- လောကမှာ မကောင်းမှုအကျိုးက လွတ်တဲ့နေရာရယ်လို့ ဘယ်မှာမှမရှိဘူးလို့ ဓမ္မပဒပါဠိမှာဟောတော်မူပါတယ်။

ထီးချိုင့်ဆရာတောဘုရားကြီး၏ သတ္တဝါအစဖြစ်ပုံစာအုပ်မှ

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]


 









 











ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service