တစ်ခါတုန်းက အဖြစ်လေးတွေ (၁၀)

တစ်ခါတုန်းက အဖြစ်လေးတွေ (၁၀) - Property Knowledge in Myanmar from iMyanmarHouse.com
12 May 2023 2:19 pm တွင် တင်ခဲ့သည်
815 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

“လေနီကြမ်း”

ဒီနေ့ ကိုမျိုးဆွေသန်းရဲ့ ဆောင်းပါးလေးကို သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေ ဖတ်လိုက်ရတော့ တစ်ခါတုန်းက အဖြစ်လေးတွေကို သွားသတိရ လိုက်မိတယ်။သူငယ်စဉ်ကဖျားလို့ သူ့အမေက ချင်းတွင်းမြစ်ကို လှေနဲ့ဖြတ်ကူး နေတုန်း လေနီကြမ်းကြီးလာတဲ့ အကြောင်းရေးထားတာဖတ်ရတော့ အောက်သူအောက်သားတွေကတော့ လေနီကြမ်းဆိုတာ ကြားဖူးကောင်း ကြားဖူးမှာဖြစ်ပေမယ့် ကြုံဖူးချင်မှ ကြုံဖူးကြမှာပါ။

အညာမှာ ကျွန်တော်ငယ်ငယ်ကတော့ နွေရာသီရောက်လာရင် လေနီကြမ်းကြီးတွေကို နှစ်စဉ်ကြုံတွေ့ရတာပါပဲ။ ကြောက်စရာကောင်းတဲ့ လေနီကြမ်းကြီးတွေကို ကလေးဘဝဆိုတော့ ကြောက်ရကောင်းမှန်း မသိခဲ့ကြပါဘူး။ လေနီကြမ်းလာမယ်ဆို ပျော်လို့တောင်နေတယ်။မိဘတွေရဲ့မျက်နှာမှာတော့ စိုးရိမ်စိတ်တွေနဲ့။

ဖေဖေတို့မေမေတို့ကတော့ လေနီကြမ်းအရိပ်အယောင်မြင်ပြီဆိုတာနဲ့ ကျွန်တော်တို့ကို ထမင်းစားခိုင်း တော့တာပါပဲ။ထမင်းစားပြီးရင် အိုးတွေခွက်တွေကို လုံခြုံအောင်ဖုံးအုပ် ထုပ်ပိုးထားကြရပါတယ်။ရှိသမျှ အဝတ်အစားတွေကိုလည်း အုပ်စရာရှိတာတွေကိုအုပ်၊ထုပ်စရာရှိတာတွေကိုထုပ်ကြရတာပေါ့။ နို့မဟုတ်လို့ကတော့ ဖုန်တွေသဲတွေရောတာ စားကြရပါလိမ့်မယ်။

ကျွန်တော်တို့ညီအစ်ကိုတွေကို ပုဆိုးတွေခြုံခိုင်းထားတယ်။ကျွန်တော်တို့ကလည်း ပုဆိုးကွင်းစကို မျက်လုံးနေရာကနေ ခေါင်းနောက်ကို နောက်ပြန်ထုံးပြီး ပုဆိုးတစ်စကိုယူလို့ ခေါင်းပေါ်ကနေ ယူပြီးလှန်ချလိုက်ရင် နင်ဂျာတွေလို၊ကုလားမတွေ ဝတ်ရုံဝတ်ထားသလို မျက်လုံးလေးလောက်ဖော်ပြီး အပေါ်ပိုင်းလုံအောင်လုပ်ထားကြတယ်။ တကယ်လေနီကြမ်းလာရင်တော့ တစ်ကိုယ်လုံးလုံအောင် စောင်တွေပါကိုခြုံရတော့တာပေါ့။ဒီလိုမှ မဟုတ်ရင် ဖုန်တွေသဲတွေကို ရှုလိုက်ရပါလိမ့်မယ်။

ပင်လယ်ကမ်းခြေမှာ ဆော့ဖူးကြတယ်မို့လား။တစ်ခါတစ်ရံ အချင်းချင်း စနောက်ကာ သဲတွေနဲ့ပေါက်ပြီး ဆော့ဖူးကြမှာပေါ့။ သဲနဲ့ဆုပ်ပက်ရင် နာတယ်မဟုတ်လား။ဒီလိုပါပဲ လေနီကြမ်းလာတာကို ဘာမှ အကာအကွယ်ယူမထားရင် လေနီကြမ်းနဲ့ပါလာတဲ့ သဲတွေဖုန်တွေကလည်း လေအရှိန်နဲ့ပါလာပြီး ပစ်ပေါက်နေတဲ့အတိုင်း ခံစားရစေပါတယ်။

ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်တို့ ဆုံတွေ့ကာနီး မြစ်နှစ်ခုကြားထဲမှာရှိတဲ့ ကျွန်တော်တို့မြို့ဟာ ပတ်ပတ်လည်မှာ လယ်ကွင်းယာကွင်းတွေဆိုတာက တပြန့်တပြူးကြီး။ အနောက်နဲ့ အနောက်တောင်ဘက်ကနေ လေနီကြမ်း ဆင်တော့မယ်ဆိုရင် ကောင်ကင်ကြီးဟာ ရဲရဲနီလို့နေတာကို အရင်မြင်တွေ့ရပါတယ်။မြေပြန့်ဖြစ်နေတော့ လေနီကြမ်းကြီးဟာ ဖုန်လုံးတွေ အလိမ့်လိမ့်နဲ့ လှိမ့်ဝင်လာတာကို ခပ်ဝေးဝေးကနေ မြင်တွေ့နေရခြင်းပါပဲ။

လေနီကြမ်းဟာတစ်ခါတစ်ရံ အနည်းငယ်ထိခိုက်ရုံလောက်သာ တိုက်ခတ်သွားတာမျိုးလည်း ကြုံခဲ့ရတယ်။ လေနီကြမ်းဖြတ်သွားပြီးရင် ကျိုးပဲ့ကျန်ရစ်ခဲ့တာတွေလည်းရှိရဲ့၊ရှင်းလိမ့် လင်းပြောင်နေတာတွေလည်း တွေ့ရဲ့။ သစ်နေသယောင်ပေါ့။

လေနီကြမ်းဖြတ်သွားပြီးတဲ့နောက် အိမ်ခေါင်မိုးပေါ်ကို ကြွေကျထားတဲ့ သစ်ရွက်ခြောက်တွေဟာ လေနဲ့အတူ လွင့်ပါ ပျောက်ကွယ်သွားတယ်။သစ်ပင်ပေါ်မှာရှိတဲ့ သစ်ကိုင်းခြောက်တွေကတော့ လေအရှိန်ကြောင့် ကျိုးပြီး မြေပြင်မှာ ကျနေတာတွေကိုလိုက်ကောက်ကြတယ်။သစ်ပင်မှာ တွဲလောင်းကျနေတဲ့ ကိုင်းတွေကိုလည်း ဆွဲချကြရတာပေါ့။ကျွန်တော်တို့ကလေးတွေအတွက် အဲဒီလိုအချိန်ဟာ ပျော်စရာကြီးလိုကို ဖြစ်ခဲ့တာပေါ့။

တစ်ခါတော့ လေနီကြမ်းကြီးဟာ ထင်မှတ်မထားလောက်အောင် ဗြောင်းဆန်အောင် ကျွန်တော်တို့မြို့အပေါ်က ဖြတ်သန်းတိုက်ခတ်သွားပါတယ်။ကျွန်တော်တို့ စက်မှုလယ်ယာရုံးက ဂိုထောင်ခေါင်မိုးဆိုတာ တုတ် တွေ၊ဒိုင်း တွေပါ ပါပြီး အချပ်လိုက်ကြီး လေထဲလွင့်ပြီး ရုံးအရှေ့ဘက်က လူနေရပ်ကွက်ထဲက အိမ်တစ်လုံးရဲ့ ခေါင်မိုးအပေါ် ခါးလယ်လောက်မှာ ပြုတ်ကျသွားတော့ အိမ်ဟာယိုင်နဲ့ ပျက်စီးသွားပါတယ်။

ရုံးဝင်းထဲနဲ့ လူနေခြောက်ခန်းတွဲက သွပ်မိုးတွေဟာလည်း စက္ကူတွေလွှင့်ပစ်လိုက်သလို လေနီကြမ်းကြီးရဲ့ သယ်ဆောင်ရာကို လွင့်ပါကုန်ကြပါတယ်။ကျွန်တော်တို့မြို့ဟာ အဲဒီတစ်ကြိမ်မှာတော့ အတော်ကို ထိခိုက်ခဲ့ပါ တယ်။ လေနီကြမ်းကြီး ဖြတ်သန်းပြီးတော့မှ လွင့်ပါသွားတဲ့ သွပ်တွေကို လိုက်ကောက်ရပါတယ်။

တစ်မြို့လုံးမှာ အပျက်အစီးတွေ မနည်းမနောပါပဲ။ မြို့ရဲ့အရှေ့တောင်ဘက် မြစ်ကမ်းစပ်မှာရှိတဲ့ သက်ရင့်ညောင်ပင်ကြီးတွေနဲ့ လက်ပံပင်ကြီးတွေဆိုတာ ဂျွမ်းပြန်ကုန်တော့တာပါပဲ။အမိုးလန် ဂျွမ်းပြန်နေတဲ့ အနေအထားမှာ ကျွန်တော်တို့ ကလေးတွေလည်း မပျော်ခဲ့ရတော့ပါဘူး။

နောက်တော့ လေနီကြမ်းရဲ့ အထိခိုက်ဆုံးခံစားခဲ့ရတဲ့ နေရာဒေသတွေကို နိုင်ငံခြားဖြစ် လေဘေးထည်တွေ ရောက်လာတော့ မတွေ့ဘူး၊မဝတ်ဘူးတဲ့ အဝတ်အစားတွေကို ဝတ်ကြည့်ပြီး ပျော်ခဲ့ရဘူးပါတယ်။

အခုတော့ ကျွန်တော့်တို့နယ်လေး စစ်ဘေး၊မီးဘေးတွေနဲ့ ကြုံနေရရှာပါတယ်။လေနီကြမ်းဘေးကြီးကိုတော့ ထပ်ဆောင်းမကြုံစေချင်တော့ပါဘူး…။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Unicode]

တစ္ခါတုန္းက အျဖစ္ေလးေတြ (၁၀)

“ေလနီၾကမ္း”

ဒီေန႔ ကိုမ်ိဳးေဆြသန္းရဲ႕ ေဆာင္းပါးေလးကို သူ႕ရဲ႕ေဖ့စ္ဘုတ္စာမ်က္ႏွာကေန ဖတ္လိုက္ရေတာ့ တစ္ခါတုန္းက အျဖစ္ေလးေတြကို သြားသတိရ လိုက္မိတယ္။သူငယ္စဥ္ကဖ်ားလို႔ သူ႕အေမက ခ်င္းတြင္းျမစ္ကို ေလွနဲ႔ျဖတ္ကူး ေနတုန္း ေလနီၾကမ္းႀကီးလာတဲ့ အေၾကာင္းေရးထားတာဖတ္ရေတာ့ ေအာက္သူေအာက္သားေတြကေတာ့ ေလနီၾကမ္းဆိုတာ ၾကားဖူးေကာင္း ၾကားဖူးမွာျဖစ္ေပမယ့္ ၾကဳံဖူးခ်င္မွ ၾကဳံဖူးၾကမွာပါ။

အညာမွာ ကြၽန္ေတာ္ငယ္ငယ္ကေတာ့ ေႏြရာသီေရာက္လာရင္ ေလနီၾကမ္းႀကီးေတြကို ႏွစ္စဥ္ၾကဳံေတြ႕ရတာပါပဲ။ ေၾကာက္စရာေကာင္းတဲ့ ေလနီၾကမ္းႀကီးေတြကို ကေလးဘဝဆိုေတာ့ ေၾကာက္ရေကာင္းမွန္း မသိခဲ့ၾကပါဘူး။ ေလနီၾကမ္းလာမယ္ဆို ေပ်ာ္လို႔ေတာင္ေနတယ္။မိဘေတြရဲ႕မ်က္ႏွာမွာေတာ့ စိုးရိမ္စိတ္ေတြနဲ႔။

ေဖေဖတို႔ေမေမတို႔ကေတာ့ ေလနီၾကမ္းအရိပ္အေယာင္ျမင္ၿပီဆိုတာနဲ႔ ကြၽန္ေတာ္တို႔ကို ထမင္းစားခိုင္း ေတာ့တာပါပဲ။ထမင္းစားၿပီးရင္ အိုးေတြခြက္ေတြကို လုံျခဳံေအာင္ဖုံးအုပ္ ထုပ္ပိုးထားၾကရပါတယ္။႐ွိသမွ် အဝတ္အစားေတြကိုလည္း အုပ္စရာ႐ွိတာေတြကိုအုပ္၊ထုပ္စရာ႐ွိတာေတြကိုထုပ္ၾကရတာေပါ့။ ႏို႔မဟုတ္လို႔ကေတာ့ ဖုန္ေတြသဲေတြေရာတာ စားၾကရပါလိမ့္မယ္။

ကြၽန္ေတာ္တို႔ညီအစ္ကိုေတြကို ပုဆိုးေတြျခဳံခိုင္းထားတယ္။ကြၽန္ေတာ္တို႔ကလည္း ပုဆိုးကြင္းစကို မ်က္လုံးေနရာကေန ေခါင္းေနာက္ကို ေနာက္ျပန္ထုံးၿပီး ပုဆိုးတစ္စကိုယူလို႔ ေခါင္းေပၚကေန ယူၿပီးလွန္ခ်လိုက္ရင္ နင္ဂ်ာေတြလို၊ကုလားမေတြ ဝတ္႐ုံဝတ္ထားသလို မ်က္လုံးေလးေလာက္ေဖာ္ၿပီး အေပၚပိုင္းလုံေအာင္လုပ္ထားၾကတယ္။ တကယ္ေလနီၾကမ္းလာရင္ေတာ့ တစ္ကိုယ္လုံးလုံေအာင္ ေစာင္ေတြပါကိုျခဳံရေတာ့တာေပါ့။ဒီလိုမွ မဟုတ္ရင္ ဖုန္ေတြသဲေတြကို ႐ႈလိုက္ရပါလိမ့္မယ္။

ပင္လယ္ကမ္းေျခမွာ ေဆာ့ဖူးၾကတယ္မို႔လား။တစ္ခါတစ္ရံ အခ်င္းခ်င္း စေနာက္ကာ သဲေတြနဲ႔ေပါက္ၿပီး ေဆာ့ဖူးၾကမွာေပါ့။ သဲနဲ႔ဆုပ္ပက္ရင္ နာတယ္မဟုတ္လား။ဒီလိုပါပဲ ေလနီၾကမ္းလာတာကို ဘာမွ အကာအကြယ္ယူမထားရင္ ေလနီၾကမ္းနဲ႔ပါလာတဲ့ သဲေတြဖုန္ေတြကလည္း ေလအ႐ွိန္နဲ႔ပါလာၿပီး ပစ္ေပါက္ေနတဲ့အတိုင္း ခံစားရေစပါတယ္။

ဧရာဝတီျမစ္နဲ႔ ခ်င္းတြင္းျမစ္တို႔ ဆုံေတြ႕ကာနီး ျမစ္ႏွစ္ခုၾကားထဲမွာ႐ွိတဲ့ ကြၽန္ေတာ္တို႔ၿမိဳ႕ဟာ ပတ္ပတ္လည္မွာ လယ္ကြင္းယာကြင္းေတြဆိုတာက တျပန္႔တျပဴးႀကီး။ အေနာက္နဲ႔ အေနာက္ေတာင္ဘက္ကေန ေလနီၾကမ္း ဆင္ေတာ့မယ္ဆိုရင္ ေကာင္ကင္ႀကီးဟာ ရဲရဲနီလို႔ေနတာကို အရင္ျမင္ေတြ႕ရပါတယ္။ေျမျပန္႔ျဖစ္ေနေတာ့ ေလနီၾကမ္းႀကီးဟာ ဖုန္လုံးေတြ အလိမ့္လိမ့္နဲ႔ လွိမ့္ဝင္လာတာကို ခပ္ေဝးေဝးကေန ျမင္ေတြ႕ေနရျခင္းပါပဲ။

ေလနီၾကမ္းဟာတစ္ခါတစ္ရံ အနည္းငယ္ထိခိုက္႐ုံေလာက္သာ တိုက္ခတ္သြားတာမ်ိဳးလည္း ၾကဳံခဲ့ရတယ္။ ေလနီၾကမ္းျဖတ္သြားၿပီးရင္ က်ိဳးပဲ့က်န္ရစ္ခဲ့တာေတြလည္း႐ွိရဲ႕၊႐ွင္းလိမ့္ လင္းေျပာင္ေနတာေတြလည္း ေတြ႕ရဲ႕။ သစ္ေနသေယာင္ေပါ့။

ေလနီၾကမ္းျဖတ္သြားၿပီးတဲ့ေနာက္ အိမ္ေခါင္မိုးေပၚကို ေႂကြက်ထားတဲ့ သစ္႐ြက္ေျခာက္ေတြဟာ ေလနဲ႔အတူ လြင့္ပါ ေပ်ာက္ကြယ္သြားတယ္။သစ္ပင္ေပၚမွာ႐ွိတဲ့ သစ္ကိုင္းေျခာက္ေတြကေတာ့ ေလအ႐ွိန္ေၾကာင့္ က်ိဳးၿပီး ေျမျပင္မွာ က်ေနတာေတြကိုလိုက္ေကာက္ၾကတယ္။သစ္ပင္မွာ တြဲေလာင္းက်ေနတဲ့ ကိုင္းေတြကိုလည္း ဆြဲခ်ၾကရတာေပါ့။ကြၽန္ေတာ္တို႔ကေလးေတြအတြက္ အဲဒီလိုအခ်ိန္ဟာ ေပ်ာ္စရာႀကီးလိုကို ျဖစ္ခဲ့တာေပါ့။

တစ္ခါေတာ့ ေလနီၾကမ္းႀကီးဟာ ထင္မွတ္မထားေလာက္ေအာင္ ေျဗာင္းဆန္ေအာင္ ကြၽန္ေတာ္တို႔ၿမိဳ႕အေပၚက ျဖတ္သန္းတိုက္ခတ္သြားပါတယ္။ကြၽန္ေတာ္တို႔ စက္မႈလယ္ယာ႐ုံးက ဂိုေထာင္ေခါင္မိုးဆိုတာ တုတ္ ေတြ၊ဒိုင္း ေတြပါ ပါၿပီး အခ်ပ္လိုက္ႀကီး ေလထဲလြင့္ၿပီး ႐ုံးအေ႐ွ႕ဘက္က လူေနရပ္ကြက္ထဲက အိမ္တစ္လုံးရဲ႕ ေခါင္မိုးအေပၚ ခါးလယ္ေလာက္မွာ ျပဳတ္က်သြားေတာ့ အိမ္ဟာယိုင္နဲ႔ ပ်က္စီးသြားပါတယ္။

႐ုံးဝင္းထဲနဲ႔ လူေနေျခာက္ခန္းတြဲက သြပ္မိုးေတြဟာလည္း စကၠဴေတြလႊင့္ပစ္လိုက္သလို ေလနီၾကမ္းႀကီးရဲ႕ သယ္ေဆာင္ရာကို လြင့္ပါကုန္ၾကပါတယ္။ကြၽန္ေတာ္တို႔ၿမိဳ႕ဟာ အဲဒီတစ္ႀကိမ္မွာေတာ့ အေတာ္ကို ထိခိုက္ခဲ့ပါ တယ္။ ေလနီၾကမ္းႀကီး ျဖတ္သန္းၿပီးေတာ့မွ လြင့္ပါသြားတဲ့ သြပ္ေတြကို လိုက္ေကာက္ရပါတယ္။

တစ္ၿမိဳ႕လုံးမွာ အပ်က္အစီးေတြ မနည္းမေနာပါပဲ။ ၿမိဳ႕ရဲ႕အေ႐ွ႕ေတာင္ဘက္ ျမစ္ကမ္းစပ္မွာ႐ွိတဲ့ သက္ရင့္ေညာင္ပင္ႀကီးေတြနဲ႔ လက္ပံပင္ႀကီးေတြဆိုတာ ဂြၽမ္းျပန္ကုန္ေတာ့တာပါပဲ။အမိုးလန္ ဂြၽမ္းျပန္ေနတဲ့ အေနအထားမွာ ကြၽန္ေတာ္တို႔ ကေလးေတြလည္း မေပ်ာ္ခဲ့ရေတာ့ပါဘူး။

ေနာက္ေတာ့ ေလနီၾကမ္းရဲ႕ အထိခိုက္ဆုံးခံစားခဲ့ရတဲ့ ေနရာေဒသေတြကို ႏိုင္ငံျခားျဖစ္ ေလေဘးထည္ေတြ ေရာက္လာေတာ့ မေတြ႕ဘူး၊မဝတ္ဘူးတဲ့ အဝတ္အစားေတြကို ဝတ္ၾကည့္ၿပီး ေပ်ာ္ခဲ့ရဘူးပါတယ္။

အခုေတာ့ ကြၽန္ေတာ့္တို႔နယ္ေလး စစ္ေဘး၊မီးေဘးေတြနဲ႔ ၾကဳံေနရ႐ွာပါတယ္။ေလနီၾကမ္းေဘးႀကီးကိုေတာ့ ထပ္ေဆာင္းမၾကဳံေစခ်င္ေတာ့ပါဘူး…။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ကိုယ်စားလှယ်လွှဲအပ်စာ ခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
ကိုယ်စားလှယ်လွှဲအပ်စာ ခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
မိသားစုစီမံမှုစာချုပ်နှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မိသားစုစီမံမှုစာချုပ်နှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buffett က သူ၏ လက်ဝတ်ရတနာဆိုင်သို့ ခေါ်သွားခဲ့ပြီး ဒေါ်လာ သန်း ၄၀၀ နီးပါးသုံးစွဲကာ စိန်လက်စွပ်ဝယ်ယူရန် တိုက်တွန်းခဲ့သော်လ...

တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

area-one-business-complex
maha

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service