ခေးမေမေတိုင်း သိထားသင့်တဲ့အရာ ကလေးအခန်းလေးဖန်တီးတဲ့အခါ...

ခေးမေမေတိုင်း သိထားသင့်တဲ့အရာ ကလေးအခန်းလေးဖန်တီးတဲ့အခါ... - Property Knowledge in Myanmar from iMyanmarHouse.com
30 Apr 2023 10:30 am တွင် တင်ခဲ့သည်
864 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

 

စူးစမ်းစ၊ သင်ယူစ ငါးနှစ်ခြောက်နှစ်အရွယ် ကလေးငယ်ငယ်ရဲ့ဖွံ့ဖြိုးမှုကို တိုးမြှင့်ပေးဖို့ အိပ်စက်ရာအခန်းငယ်လေးက ထိပ်ဆုံးက အရေးပါလွန်းတယ်နော်။ သင်ယူတတ်စ ကလေးငယ်အတွက် ကိုယ်ပိုင်အခန်းငယ်ထားရှိပေးခြင်းဟာ ကလေးငယ်ရဲ့ကိုယ်ပိုင်လွတ်လပ်မှု ၊ တာဝန်ယူတတ်တဲ့ စိတ်ကို တိုးမြှင့်ပေးနိုင်တယ်လို့ စစ်တမ်းတွေအရသိရှိရပါတယ်။ ကိုယ်ပိုင်အခန်းငယ်လေးပြင်ဆင်ဖို့ရာ ခေးမေမေတိုင်းသိထားသင့်တဲ့ အချက်ကလေးများကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။

 

အရောင်စုံစုံ အခန်းငယ်လေး ကလေးငယ်အတွက် ဖန်တီးပေး

 

 

ကလေးငယ်လေးတွေ အကြိုက်ဆုံးက အရောင်လေးတွေပါပဲ။ ဒါပေမယ့်အရောင်ရွေးချယ်မှုမှန်ဖို့တော့လိုမယ်နော်။ ကိုယ့်ကလေးကြိုက်တဲ့အရောင်တွေဟာ နေ့စဉ်နဲ့အမျှကွဲပြားနေတတ်တာမို့ ရောင်စုံကာလာလေးများရွေးချယ်ပြီး အခန်းငယ်ကို ပြင်ဆင်နိုင်ပါတယ်။

 

ဒါမှသာ ကလေးငယ်ဟာ လန်းဆန်းတက်ကြွမှုအပြည့်နဲ့ သူ့ရဲ့ရောင်စုံအခန်းလေးထဲမှာအချိန်များစွာကုန်ဆုံးမှာပါ။

 

 

ကစားခန်းတဖြစ်လဲ ကလေးအခန်းငယ်

 

 

သင့်ကလေးကြိုက်နှစ်သက်မယ့် အခန်းလေးတစ်ခုကိုဖန်တီးတဲ့အခါ မရှိမဖြစ်ထည့်သွင်းသင့်တာကတော့ သူသဘောကျတဲ့ကစားစရာလေးတွေပါ။ သားသားလေးဆိုရင်လည်း စက်ရုပ်လေးတွေ၊ မီးမီးလေးဆိုရင်လည်း ဘာဘီအရုပ်လေးတွေပေါ့။

 

 

 

တီထွင်ဆောက်လုပ်ခြင်းကို တိုးတက်စေဖို့ အရုပ်အိမ်လေးတွေများနဲ့ တစ်ခြားကလေးအခန်းတွင်းကစားလို့ရနိုင်တဲ့ စီးဆော၊လျှောငယ် လေးများကိုဆင်ထားနိုင်ပါတယ်။

 

ကလေးငယ်ဖတ်ဖို့ ဗဟုသုတစာအုပ်စင်

 

 

နွေးထွေးလွန်းတဲ့ကလေးအိပ်ရာလေးဘေးမှာ ထားရှိသင့်တာတော့ စာအုပ်စင်သို့မဟုတ် စာကြည့်စားပွဲလေးပါပဲ။ အရွယ်အစားသေးသေးလေးပေါ့။ ထိုစာအုပ်စင်လေးပေါ်မှာအရောင်ခြယ်နိုင်မယ့် ရောင်စုံစာအုပ်လေးများ၊ ကာတွန်းပုံပြင်စာအုပ်များနဲ့ သင်ကြားရေးစာအုပ်လေးများကို ထည့်သွင်းပေးထားနိုင်ပါတယ်။

 

 

ကလေးတွေ ဉာဏ်ရည်ဉာဏ်သွေးမြှင့်ဖို့ရာအတွက် အခန်းထဲက စာအုပ်စင်လေးဟာလည်း မပါမဖြစ်လို့ပြောနိုင်ပါတယ်။

 

သင်ယူဖွယ်ပြည့်နှက်နေတဲ့ ကလေးအခန်းငယ်

 

ကစားဖို့ပြည့်နှက်နေသလိုပဲ ကလေးရဲ့အခန်းဟာ သင်ယူစရာလဲပြည့်နှက်နေသင့်ပါတယ်။ အခန်းနံရံမှာ ကမ္ဘာမြေပုံလိုမျိုး သင်ယူစရာဗဟုသုတပုံများချိတ်ဆွဲထားနိုင်သလို အက္ခရာပုံလေးများစတဲ့ လွယ်လွယ်ကူကူ သင်ယူစရာလေးများကို ထည့်သွင်းထားသင့်ပါတယ်။ ဒီလိုမျိုးသင်ယူစရာလေးတွေနဲ့ ရင်းနှီးပေးလိုက်တဲ့အခါ အသစ်တဖန်ထပ်မံသင်ကြားစရာမလိုအပ်ပဲ ကလေးရဲ့ အသိဉာဏ်က အလိုလိုကြွယ်ဝလာမှာပဲဖြစ်ပါတယ်။

 

 

သင်ယူစရာအပြည့်၊ ပျော်ရွင်မှုအပြည့်နဲ့ ချစ်စရာကလေးငယ်အခန်းလေး ပြင်ဆင်ရတာ စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သားသားမီးမီးအခန်းလေးများကို အလှပဆုံးပြင်ဆင်နိုင်ဖို့ သိသင့်တဲ့ အချက်လေးများကို ခေးမေမေများအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

ေခးေမေမတိုင္း သိထားသင့္တဲ့အရာ ကေလးအခန္းေလးဖန္တီးတဲ့အခါ...

 

စူးစမ္းစ၊ သင္ယူစ ငါးႏွစ္ေျခာက္ႏွစ္အ႐ြယ္ ကေလးငယ္ငယ္ရဲ႕ဖြံ႕ၿဖိဳးမႈကို တိုးျမႇင့္ေပးဖို႔ အိပ္စက္ရာအခန္းငယ္ေလးက ထိပ္ဆုံးက အေရးပါလြန္းတယ္ေနာ္။ သင္ယူတတ္စ ကေလးငယ္အတြက္ ကိုယ္ပိုင္အခန္းငယ္ထား႐ွိေပးျခင္းဟာ ကေလးငယ္ရဲ႕ကိုယ္ပိုင္လြတ္လပ္မႈ ၊ တာဝန္ယူတတ္တဲ့ စိတ္ကို တိုးျမႇင့္ေပးႏိုင္တယ္လို႔ စစ္တမ္းေတြအရသိ႐ွိရပါတယ္။ ကိုယ္ပိုင္အခန္းငယ္ေလးျပင္ဆင္ဖို႔ရာ ေခးေမေမတိုင္းသိထားသင့္တဲ့ အခ်က္ကေလးမ်ားကို ေ႐ြးခ်ယ္တင္ဆက္ေပးလိုက္ပါတယ္။

 

အေရာင္စုံစုံ အခန္းငယ္ေလး ကေလးငယ္အတြက္ ဖန္တီးေပး

ကေလးငယ္ေလးေတြ အႀကိဳက္ဆုံးက အေရာင္ေလးေတြပါပဲ။ ဒါေပမယ့္အေရာင္ေ႐ြးခ်ယ္မႈမွန္ဖို႔ေတာ့လိုမယ္ေနာ္။ ကိုယ့္ကေလးႀကိဳက္တဲ့အေရာင္ေတြဟာ ေန႔စဥ္နဲ႔အမွ်ကြဲျပားေနတတ္တာမို႔ ေရာင္စုံကာလာေလးမ်ားေ႐ြးခ်ယ္ၿပီး အခန္းငယ္ကို ျပင္ဆင္ႏိုင္ပါတယ္။ ဒါမွသာ ကေလးငယ္ဟာ လန္းဆန္းတက္ႂကြမႈအျပည့္နဲ႔ သူ႕ရဲ႕ေရာင္စုံအခန္းေလးထဲမွာအခ်ိန္မ်ားစြာကုန္ဆုံးမွာပါ။

 

ကစားခန္းတျဖစ္လဲ ကေလးအခန္းငယ္

သင့္ကေလးႀကိဳက္ႏွစ္သက္မယ့္ အခန္းေလးတစ္ခုကိုဖန္တီးတဲ့အခါ မ႐ွိမျဖစ္ထည့္သြင္းသင့္တာကေတာ့ သူသေဘာက်တဲ့ကစားစရာေလးေတြပါ။ သားသားေလးဆိုရင္လည္း စက္႐ုပ္ေလးေတြ၊ မီးမီးေလးဆိုရင္လည္း ဘာဘီအ႐ုပ္ေလးေတြေပါ့။ တီထြင္ေဆာက္လုပ္ျခင္းကို တိုးတက္ေစဖို႔ အ႐ုပ္အိမ္ေလးေတြမ်ားနဲ႔ တစ္ျခားကေလးအခန္းတြင္းကစားလို႔ရႏိုင္တဲ့ စီးေဆာ၊ေလွ်ာငယ္ ေလးမ်ားကိုဆင္ထားႏိုင္ပါတယ္။

 

ကေလးငယ္ဖတ္ဖို႔ ဗဟုသုတစာအုပ္စင္

ေႏြးေထြးလြန္းတဲ့ကေလးအိပ္ရာေလးေဘးမွာ ထား႐ွိသင့္တာေတာ့ စာအုပ္စင္သို႔မဟုတ္ စာၾကည့္စားပြဲေလးပါပဲ။ အ႐ြယ္အစားေသးေသးေလးေပါ့။ ထိုစာအုပ္စင္ေလးေပၚမွာအေရာင္ျခယ္ႏိုင္မယ့္ ေရာင္စုံစာအုပ္ေလးမ်ား၊ ကာတြန္းပုံျပင္စာအုပ္မ်ားနဲ႔ သင္ၾကားေရးစာအုပ္ေလးမ်ားကို ထည့္သြင္းေပးထားႏိုင္ပါတယ္။ ကေလးေတြ ဉာဏ္ရည္ဉာဏ္ေသြးျမႇင့္ဖို႔ရာအတြက္ အခန္းထဲက စာအုပ္စင္ေလးဟာလည္း မပါမျဖစ္လို႔ေျပာႏိုင္ပါတယ္။

 

သင္ယူဖြယ္ျပည့္ႏွက္ေနတဲ့ ကေလးအခန္းငယ္

ကစားဖို႔ျပည့္ႏွက္ေနသလိုပဲ ကေလးရဲ႕အခန္းဟာ သင္ယူစရာလဲျပည့္ႏွက္ေနသင့္ပါတယ္။ အခန္းနံရံမွာ ကမ႓ာေျမပုံလိုမ်ိဳး သင္ယူစရာဗဟုသုတပုံမ်ားခ်ိတ္ဆြဲထားႏိုင္သလို အကၡရာပုံေလးမ်ားစတဲ့ လြယ္လြယ္ကူကူ သင္ယူစရာေလးမ်ားကို ထည့္သြင္းထားသင့္ပါတယ္။ ဒီလိုမ်ိဳးသင္ယူစရာေလးေတြနဲ႔ ရင္းႏွီးေပးလိုက္တဲ့အခါ အသစ္တဖန္ထပ္မံသင္ၾကားစရာမလိုအပ္ပဲ ကေလးရဲ႕ အသိဉာဏ္က အလိုလိုႂကြယ္ဝလာမွာပဲျဖစ္ပါတယ္။

သင္ယူစရာအျပည့္၊ ေပ်ာ္႐ြင္မႈအျပည့္နဲ႔ ခ်စ္စရာကေလးငယ္အခန္းေလး ျပင္ဆင္ရတာ စိတ္လႈပ္႐ွားစရာေကာင္းပါတယ္။ သားသားမီးမီးအခန္းေလးမ်ားကို အလွပဆုံးျပင္ဆင္ႏိုင္ဖို႔ သိသင့္တဲ့ အခ်က္ေလးမ်ားကို ေခးေမေမမ်ားအတြက္ တင္ဆက္ေပးလိုက္ပါတယ္ေနာ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

 

 

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service