မြေကွက်ခွဲစိတ်ခြင်းများ ဆောင်ရွက်ခြင်းအတွက် လိုအပ်သည့်အချက်အလက်များ ပြောပြပေးစေလိုပါတယ်ဆရာ။

မြေကွက်ခွဲစိတ်ခြင်းများ ဆောင်ရွက်ခြင်းအတွက် လိုအပ်သည့်အချက်အလက်များ ပြောပြပေးစေလိုပါတယ်ဆရာ။ - Property Knowledge in Myanmar from iMyanmarHouse.com
30 Apr 2023 4:59 pm တွင် တင်ခဲ့သည်
721 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ဂရန်မြေ၊ မြေပိုင်မြေ၊ ဂရန် ရှိမြေပိုင်မြေ၊Bမြေပိုင်မြေ၊ Bလ/န ၃(ခ)မြေ၊ Bလ/န ၃၉မြေ၊ လယ်ယာမြေအား ဝန်ခံချက်လက်မှတ်ရရှိပြီးသောမြေ၊(သို့) ၃(ခ)ရရှိပြီးသောအိမ်ယာမြေများကို မြို့ကွက်မြေပုံနှင့်မြို့ မြေစာရင်းတွင် ခွဲစိတ်ပေးနိုင်ပြီး အောက်ပါအချက်အလက်များပါဝင်ပြီး မြေကွက်ခွဲစိတ်နိုင်သည်။

- ခွဲစိတ်ရန် လျှောက်ထားသောမြေကွက်အတိုင်းအတာသည် မျက်နှာစာ အနည်းဆုံးပေ၂၀ရှိရမည်ဖြစ်ပြီး ကျန် ရှိမြေကွက်မျက်နှာစာမှာလည်း အနည်းဆုံးပေ၂၀ရှိရမည်။

- စုစုပေါင်းဧရိယာအနည်းဆုံးစတုရန်ပေ-၁၂၀၀ ရှိရမည်။လမ်းမရှိပါက အနည်းဆုံး ၁၀ချန်လှပ်သည့်လမ်း ပါရမည်။မြေကွက်ခွဲစိတ်စည်းမျဉ်းနှင့် အဆောက်အဦးမြေပြင်တွင် ကင်းလွတ်ရမည်။

မြေငှါး ဂရန်အမျိုးအစားမှ အပ ကျန်မြေများအား ၁၂၀၀စတုရန်းပေမပြည့်သော်လည်း ခွဲစိတ်ပေးနိုင်သည်။ စက်မှုဇုံမြေများအတွက် ဧရိယာအနည်းဆုံးမြေကွက် ဧရိယာပြည့်မှသာခွဲစိတ်ပေးနိုင်သည်။မြေကွက်ခွဲစိတ်ခြင်း လျှောက်ထားလိုသူသည် လျှောက်လွှာနှင့်အတူ အောက်ပါ အချက်အလက်များ တင်ပြရမည်။

- မေငှါးစာချုပ်(ဂရန်)၊အမည်ပေါက်စာချုပ်(သို့)မှတ်ပုံတင်ထားသော စာချုပ်စာတမ်းများ၊

- မြေပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး တရားရုံးမှ ချမှတ်ထားသည့် စီရင်ချက်အမိန့်နှင့်ဒီဂရီ

- နိုင်ငံသားစီစစ်ရေးကတ်ပြား

- မြေငှါးကြွေးကျန်ကင်းရှင်းကြောင်းထောက်ခံချက်ပြေစာ။

- တစ်နှစ်အတွင်းမှန်ကန်ကြောင်း သက်သေခံနိုင်သည့်မြေကွက် ခွဲစိတ်မြေပုံ၊မြေရာဇဝင်မူရင်းနှင့် အတိုင်းအတာပါသည့် မြေတိုင်းမြေပုံမိတ္တူ၊

- အသိအမှတ်ပြုလိုင်စင်ရ အင်ဂျင်နီယာရေးဆွဲထားသည့် မြေကွက်ခွဲစိတ်အတည်ပြုပုံစံ(၃)စုံမူရင်း။

ထို့သို့ မြေကွက်ခွဲစိတ် လျှောက်ထားပါက ဌာနမှ မှုရင်းများနှင့်တိုက်ဆိုင်စစ်ဆေးကာ မြေရာဇဝင်များအားလဲ စီစစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

MyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

 


 

















ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service