နွေရာသီတွင်း အလှပျက်မှာ စိုးရိမ်နေတာ အခု ရပ် !!!
နွေရာသီတွင်း အလှပျက်မှာ စိုးရိမ်နေတာ အခု ရပ် !!! - Property Knowledge in Myanmar from iMyanmarHouse.com
9 Apr 2023 1:51 pm တွင် တင်ခဲ့သည်
588 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
ရည်မှန်းချက်တစ်ခုအတွက် မြို့ပြလမ်းမထက် လှုပ်ရှားသွားလာနေရတဲ့ လေဒီတို့ရဲ့ အလှကို ပူလောင်အိုက်စပ်တဲ့ နေရောင်ခြည်က ဖျက်စီးနေတယ်လေ။ နေရောင်ခြည်အောက်မှာ တောက်ပနေတဲ့ နွေမင်းသမီးလေးဖြစ်စေဖို့ရာ ပျိုမေတိုင်း သိထားသင့်တဲ့ နွေရာသီတွင်း ဆောင်ရန် ရှောင်ရန် အလှအပရေးရာ အချက်လေးတွေကို ပြောပြပေးသွားမယ်နော်။
ပူတဲ့နွေမှာ အသားအရည် ပက်ကြားမအက်ဖို့ရာ ရေသောက်ပါ။
ရေသောက်ပါ။ ရေသောက်ပါ။ နွေရာသီမှာ ရေသောက်ပါဆိုတဲ့စကားတွေကြားရတာ ရိုးနေတဲ့ ပျိုမေတို့အတွက် ဒီကလည်း ရေသောက်ဖို့ရာ ထပ်ပြောချင်ပါတယ်။ ပူပြင်းတဲ့နွေရက်တွေအောက် ရုန်းကန်ရတဲ့ခန္ဓာကိုယ်တွင်း အေးမြလန်းဆန်းတက်ကြွစေဖို့နဲ့ အသားအရည်စိုပြေစေဖို့ တစ်နေတာအတွက် လုံလောက်တဲ့ရေပမာဏသောက်သုံးဖို့ လိုအပ်ပါတယ်။ ပုံမှန်နေ့ရက်တွေအတွက် ရေနှစ်လီတာပမာဏနဲ့ လုံလောက်ပေမယ့် နွေနေ့ရက်တွေမှာတော့ နှစ်လီတာခွဲ ဝန်းကျင်သောက်သုံးသင့်ပါတယ်။ ဒါမှသာ နွေနေ့ရက်တွေမှာ ပျိုမေတို့ရင်ဆိုင်နေရတဲ့ အသားအရည်ခြောက်သွေ့ခြင်းပြဿနာကို ကာကွယ်စေနိုင်မှာပါ။
နေရောင်ခြည်အောက် တောက်ပတဲ့ဆံကေသာ ဖြစ်စေဖို့
Air Con ဒဏ်၊ နေရောင်ခြည်ဒဏ် ပူအိုက်တဲ့လေထုဒဏ်ကို ခံရတဲ့ ဆံနွယ်လေးတွေဟာ ခြောက်သွေ့နွမ်းနယ်နေလောက်ရောပေါ့။ ဒီလို မဖြစ်ရလေအောင် နွေရာသီတွင်း အပြင်ထွက်တဲ့အခါ ဦးထုပ်အဆောင်း သို့မဟုတ် UV ပါတဲ့ ခေါင်းစည်းပုဝါနဲ့ ဆံပင်ကို ကွယ်ကာထားဖို့လိုပါမယ်။ ညရောက်တဲ့အခါမှာ ရေဓာတ်ဖြည့်အဆီတစ်မျိုးမျိုးကို ဆံနွယ်အဖျားအနားလေးတွေမှာ လိမ်းကျံပြီး အိပ်ရင် မနက်အိပ်ရာထတာနဲ့ သန်စွမ်းတဲ့ဆံပင်ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
မရှိမဖြစ် Sun Cream
နွေရာသီမှမဟုတ်ပါဘူး။ အပြင်ထွက်ရတဲ့နေ့ရက်တိုင်းမှာ Sun Cream ကို မဖြစ်မနေလိမ်းပေးဖို့ လိုအပ်ပါတယ်။ နူးညံ့တဲ့ မျက်နှာပြင်နဲ့ နေရောင်ခြည်တိုက်ရိုက်ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်တွေ ထိတွေ့မှုများလာတဲ့အခါမှာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုနဲ့ မျက်နှာပေါ် အရေးအကြောင်းတွေ ထင်းလာတတ်ပါတယ်။ ဒါကြောင့်မို့ အပြင်ထွက်ရတိုင်း Spf ပမာဏ 30 နှင့်အထက်ပါဝင်တဲ့ Sun Cream ကို မျက်နှာပြင် နဲ့ ခန္ဓာကိုယ်ပေါ်မှာ လိမ်းကျံသွားသင့်ပါတယ်။ တစ်ခြား UV ပါဝင်တဲ့ Body Lotion တွေကိုလည်း နေလောင်ဒဏ်ကာကွယ်ဖို့ရာ အသုံးပြုနိုင်ပြီး နွေရာသီမှာ ပိုလို့ ပိုလို့ လိုအပ်ပါတယ်နော်။
Floral Dress တွေရဲ့ ရာသီ
နွေရာသီပါပဲ။ ပျိုမေတို့ တစ်နှစ်တာပတ်လုံး စုဆောင်းထားသမျှ Floral ဂါဝန်ကားကားလေးတွေနဲ့ နွေရာသီ ရဲ့ လမ်းမထက်မှ ကြွကြွရွရွ အလှဘုရင်မ လုပ်လိုက်ပါတော့။ နွေရာသီမှာ သက်တောင့်သက်သာနဲ့ အေးမြလှတဲ့ ချည်သား၊ စပန့်သား ဝမ်းဆက်လေးတွေ ဝတ်ဆင်သင့်ပြီး ပူလောင်ကျပ်ထုတ်တဲ့ ဂျင်းဘောင်းဘီတွေထက်စာရင် Style Pants ပျော့ပျော့အေးအေး လေးတွေကို ချည်သားအကျီ နဲ့ တွဲဝတ်ဆင်သင့်ပါတယ်။ အပူစုပ်တဲ့ အမဲရောင်ကို မရွေးချယ်ပဲ နွေရာသီနဲ့လိုက်ဖက်မယ့် ခရမ်းနု၊ အပြာလွင့်လွင့် နဲ့ အစိမ်းရောင်များကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။
အရည်ရွှမ်းရွှမ်း သစ်သီးဝလံများနဲ့ နွေရာသီကို အံတုမယ်။
လှုပ်ရှားရုန်းကန်ရသမျှ ဆုံးရှုံးသွားတဲ့ ရေဓာတ်ကိုပြန်လည်ဖြည့်တင်းဖို့ရာအတွက် ရေဓာတ်ဖြည့်တဲ့နေရာမှာ ထိပ်ဆုံးကနာမည်ကြီးတဲ့ ဖရဲသီး၊ စတော်ဘယ်ရီ၊ လိမ္မော်၊ သရက်၊ ပန်းသီး စတဲ့ အသီးများကို မကြာခဏစားပေးဖို့လိုအပ်ပါတယ်။ အသားစားခြင်းဟာ ခန္ဓာကိုယ်တွင်းပူလောင်စေတာမို့ အသားထက်ပဲများများ စားသုံးသင့်ပါတယ်။ Antioxidant ၊ အမျှင်ဓာတ်နဲ့ Vitamin ပါဝင်မှုများပြားတဲ့ သခွား၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ် စတဲ့ ဟင်းသီးဟင်းရွက်များကိုလည်း စားသုံးပေးသင့်ပါတယ်။
နွေရာသီမှာ အလှထိန်းဖို့ ရယ်ဒီပဲ ဆိုတဲ့ နွေနတ်သမီး လေးများအတွက် နွေရာသီတွင်း ဆောင်ရန် ရှောင်ရန် အလှအပအချက်လေးများကို တင်ဆက်ပေးလိုက်ပါတယ်။ ပျိုမေများ အားလုံးပဲ တက်ကြွလှပတဲ့ နွေနေ့လေးများကို ပိုင်ဆိုင်နိုင်ကြပါစေ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
မရှိမဖြစ် Sun Cream
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
imyanmarmarket
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service