ဘဝပေးမလှပကြပါသော်လည်း ရှေ့ဆက်ဖို့ကြိုးစားကြပါတယ် ......

ဘဝပေးမလှပကြပါသော်လည်း ရှေ့ဆက်ဖို့ကြိုးစားကြပါတယ် ...... - Property Knowledge in Myanmar from iMyanmarHouse.com
12 Jan 2023 3:42 pm တွင် တင်ခဲ့သည်
539 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

 

အတိတ်ကပြုခဲ့တဲ့ ကံအကြောင်းတရားတွေဟာ လက်ရှိဘဝမှာရော နောင်လာမယ့် ဘဝတွေမှာပါ အကျိုးပေးတတ်တယ်ဆိုတာ လက်ခံကြလိမ့်မယ်လို့ထင်ပါတယ်။

တချို့က အတိတ်ကံအကြောင်းတရားတွေကို သိပ်မယုံကြည်တာလည်းရှိပါတယ်။မရှိဘူးလို့ ဇွတ်ငြင်းကောင်း ငြင်းနေကြပေမယ့် အခုဒါလုပ်ရင် တော်ကြာ ဘာဖြစ်မယ်ဆိုတာကိုတော့ လက်ခံနေမိတတ်တယ်။

လွယ်လွယ်စဉ်းစားမယ်ဆိုရင် သစ်စေ့လေးတစ်စေ့ကို ဒီနေ့မြေချပြီးပျိုးလိုက်ရင် အပင်မျိုးစိတ်ရဲ့ သက်မှတ်ချက်နေ့ကိုရောက်ရင် အပင်အဖြစ်စတင်ဖြစ်လာမှာပါ။ဒီအပင်လေး ဆက်လက်ရှင်သန်ဖို့နဲ့ ပွင့်သီးဝေဆာဖို့မှာ အားကြီးတဲ့ အကြောင်းတွေက ရေလောင်းပေါင်းသင်၊မြေဆီဖြည့်တင်းပေးခြင်းဆိုတဲ့ ပြုစုပျိုးထောင်ခြင်းတွေ မှန်ကန်ရပါမယ်။

ဒီနေ့ပြုခဲ့လိုက်တဲ့ အကြောင်းတရားတွေဟာလည်း စေတနာအားကြီးမှုအပေါ်မှာ မူတည်ပြီး လာမယ့်နေ့ရက်တွေအပြင် အနာဂတ်ဘဝတွေအထိ အကျိုးပေးတတ်တယ်ဆိုတာ နှိုင်းယှဉ်မိရင် သိကြမှာပါပဲ။

အတိတ်ကဆိုးဆိုးဝါးဝါးကံတွေကို ဘယ်လိုတွေ ဘယ်လောက်တောင် ပြုခဲ့ကြသလဲ။ပြုခဲ့တဲ့ ဝဋ်ကြွေးတွေအရ လက်ရှိမှာ ခံနေရတဲ့မြင်ကွင်းတွေက စိတ်ကိုမသက်မသာ ဖြစ်ရပါတယ်။အတိတ်က ပြုခဲ့တဲ့ ကံအကြောင်း တရားတွေရှိခဲ့လို့ အခုလိုဖြစ်လာတယ်လို့ သူတို့သိကောင်းမှသိမှာပါ။သိချင်လည်းသိပါလိမ့်မယ်။

အတိတ်ကံအကြောင်းတရားတွေ ပြဋ္ဌာန်းလိုက်လို့ အမိဝမ်းတွင်းက ကျွတ်အတည်းက ကိုယ်လက်အင်္ဂါတွေ မစုံလင်ဘဲ ဘဝတွေဖန်တီးဖြစ်တည်လာခဲ့ရတယ်။သူတို့ဟာ ဆိုးဝါးစွာရလာတဲ့ ဘဝတွေကို လက်လျော့မနေဘဲ လက်ခံသိမ်းပိုက်ပြီး ရှင်သန်ဖို့ ရပ်တည်ရဲခဲ့ကြတာကိုလည်း တွေရပါတယ်။

 

ကိုယ်ထံပြန်လာတဲ့ ပြုပြီးသားကံတွေကိုတော့ ပြင်ဖျက်လို့ မရတဲ့အတွက် ဒါတွေကို လက်ခံရမယ့်သူတွေဟာ မဖြစ်မနေ လက်ခံကြရမှာပါပဲ။

ဝဋ်ကြွေးကံကြောင့် ဘဝပေးမလှကြသော်လည်း ရှင်သန်မှုဖြစ်စဉ်မှာတော့ လှပအောင်ကြိုးစားကြတာကို တွေ့ရပါတယ်။ ဘဝပေးကချို့ယွင်းလို့ နိမ့်ကျစိုးရွံ့ပြီးမနေကြပါဘူး။ကိုယ်လက်အင်္ဂါပြည့်စုံတဲ့ သူတွေလိုပါပဲ ကိုယ့်မိသားစု အသိုက်အဝန်းလေးနဲ့ ပျော်ရွှင်နှစ်လိုဖွယ်ကောင်းအောင် နေထိုင်ရှင်သန်နေကြတာကိုလည်းတွေ့ ရပါတယ်။

အနေအထားတစ်ခုပျက်ယွင်းခဲ့လို့ ပုံမှန်လူတွေလို သွားလာရုန်းကန်ရတာ အဆင်မပြေကြပေမယ့် မိသားစုအတွက် ရင်အုပ်မကွာ လုပ်နိုင်ကြတာကို တွေ့ကြရပါတယ်။ကိုယ်အိမ်ထောင် ကိုယ့်သားသမီး တွေကိုလည်း သူတို့မှာပါလာတဲ့ အင်္ဂါအစိတ်အပိုင်းတွေနဲ့ပဲ ပြုစုပေးကြပါတယ်။ ချီးကြူးဖို့ကောင်းလှပါတယ်။

 

 

ဘဝမလှခဲ့လို့ ကိုယ်တစ်ယောက်တည်းရှင်သန်ဖို့ ခက်ခဲလှတာတောင်မှ မိသားစု အသိုက်အဝိုင်းလေးအဖြစ်နဲ့ပါ ရှေ့ခရီးကို ဆက်နေကြတဲ့မိသားစုတွေကိုတွေ့ရတာဟာ အလွန်ပဲအားတက်စရာကောင်းလှပါတယ်။

အခုလိုကာလမှာ ရှင်သန်ဖို့ လက်လျော့ကြတော့မယ့် သူတွေအတွက် ချို့ယွင်းမှုတွေနဲ့ မွေးဖွားလာပြီး ရှေ့ဆက်ဖို့ကြိုးစားနေသူတွေကိုကြည့်ပြီး နည်းယူကြဖို့ကောင်းလှပါကြောင်း မေတ္တာရှေ့ထားလိုက်ရပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

Credit to Photo - Simple ideas

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

 


 















 




 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
Mingalar Market
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service