မရှိဒုက္ခ ၊ ရှိဒုက္ခ ၊ မသိဒုက္ခ
မရှိဒုက္ခ ၊ ရှိဒုက္ခ ၊ မသိဒုက္ခ - Property Knowledge in Myanmar from iMyanmarHouse.com
9 Jan 2023 1:30 pm တွင် တင်ခဲ့သည်
703 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
ခန္ဓာကိုယ်ရဲ့ပါစကမီးက အလွန်ပဲတောက်လောင်အားကောင်းသည်။ ရှိခြင်း မရှိခြင်းသူနားမလည်။ သူနားလည်သည်က သူ့အချိန်ရောက်ရင် အချက်ပေးမည်။ပါစကမီးက အချက်ပေးလို့မှ လောင်စာမထည့်နိုင်ရင် ရှိတဲ့အရာတွေကို လောင်မြိုက်ပစ်ရမည်။ဒါကသူ့အလုပ်။
သူ့ကိစ္စ သူလုပ်တတ်တဲ့ ဝမ်းဗိုက်ကို ဂရုမထားပဲနေလိုက်တယ်ဆိုရင် နောက်ဆက်တွဲ ဝေဒနာတွေက လိုက်လာတတ်တယ်။သူ့အချိန်နဲ့ သူပေါ့။မမေ့မလျော့ သတိလေးတွေ ထားပါမှ။
မနက်ပိုင်း အစာတစ်ခုမှ မစားဘဲနေလိုက်မိရင် ခေါင်းတွေဟာ မကြည်မလင် ဖြစ်လာတတ်တယ်။ဒါက မနက်ပိုင်း အချိန်လေးအတွင်းမှာတင်ကို ဖြစ်လာတာ။လောင်မြိုက်စရာ အစာလိုလို့တောင်းတာကို ကော်ဖီပေးလိုက်ရင် ပိုတောင် အနေရအထိုင်ရခက်လောက်အောင် ခြေတုန်လက်တုန်တွေ ဖြစ်လာတတ်ပါတယ်။
ပါစကမီးရဲ့လောင်မြိုက်နိုင်စရာ အစာလေး အရင်ထည့်လိုက်မှ ရှေ့လာမယ့်အချိန်တွေကို အဆင်ပြေပြေ တည်တည်ငြိမ်ငြိမ်လေး ဖြတ်သန်းသွားနိုင်မှာပေါ့။
တချို့က ပါစကမီးအတွက် စားခြင်းသောက်ခြင်းအမှုကို ဂရုစိုက်ချင့်ချိန်တတ်ကြတယ်။အချို့ကြတော့လည်း မလောင်မမြိုက်နိုင်အောင် တနင့်တပိုးထိုးထည့်ကြတယ်။ခန္ဓာကိုယ်နဲ့ သင့်၏မသင့်၏ မစဉ်းစားဘဲ တရားလက်လွတ် လုပ်တတ်တဲ့အတွက် နောက်ဆက်တွဲဆိုးကျိုးတွေ တန်းစီပါလာတတ်ပါရောလား။
ရှိတဲ့သူတွေမှာ လျှာအလိုလေးကို တစိမ့်စိမ့်လိုက်လိုက်ဖြည့်ပေးတတ်တာကြောင့် အဆီအိမ့်တို့တက်ပြီး လူဟာလူနဲ့ မတူအောင် ဖြစ်လာတတ်တယ်။
ဘယ်လောက်ချက်အားကောင်းတဲ့ ပါစကဝမ်းမီးတွေ ကိုယ့်ကိုယ်လောင်မြိုက်နေစေဦးတော့ မရှိတဲ့သူများကတော့ စားချင်ပေမယ့်လည်း နှစ်နပ်ပေါင်းစားရတာနဲ့။နှစ်ရက်ပေါင်းစားရတာနဲ့။ချည့်နဲ့နဲ့ အနေအထားတွေကို တွေ့ခဲ့ရတယ်။
အရိုးမပါတဲ့ အကြောနှစ်ခုရဲ့ အလိုကို မလိုက်နဲ့လို့ ဆရာတော်ကြီးတစ်ပါးက မိန့်ခဲ့ဘူးပါတယ်။ အလိုလိုက်တာရယ် အလိုကို လိုသလောက်တောင် ဖြည့်ဆည်းမပေးနိုင်တာကြောင့် လူတွေဟာ လူရုပ်မပေါ်အောင်ဖြစ်လာတတ်တယ်။ ဒါတွေဟာ မရှိဒုက္ခ ရှိဒုက္ခလို့ ပြောရမယ်ထင်တယ်။
ဝမ်းမီးအပူဟာ အခြားအပူတွေထက် လက်တွေ့မှာ ဆိုးလှပါတယ်။ကောင်းတဲ့အသိစိတ်တွေ နည်းပါးသွားပြီ ဖြစ်တဲ့ အရူးလိုလူတစ်ချို့တောင် ဝမ်းမီးအပူကို ပြေစေဖို့ ရှာဖွေစားသောက်ကြရပါတယ်။ ပေးကမ်းသူရှိလို့ စားရသလို။ ပေးကမ်းလှူဒါန်းသူမရှိတော့လည်း အမှိုက်ပုံးကို လှန်လောပြီး အဆိုးအကောင်းမသိ စားလို့ရတယ်ထင်တဲ့ဟာကို မြိန်ရည်ယှက်ရည် စားတော့တာပါဘဲ။
ဒီလိုလူအတွက်ကတော့ မရှိဒုက္ခ၊ရှိဒုက္ခထက်၊ မသိဒုက္ခ ပိုဆိုးနေပါရောလား။သူ့အတွက်က မသိဒုက္ခတောင် ဟုတ်ပါ့မလား။အသိစိတ်လွတ်နေသူအတွက် ညစ်ပတ်နံစော်နေတဲ့ အမှိုက်ပုံထဲက စားကြွင်းစားကျန်ကိုရရင် နတ်သုဒ္ဓါလို့ ထင်နေရင် ဘယ်သို့ရှိပါ့။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
မရွိဒုကၡ ၊ ရွိဒုကၡ ၊ မသိဒုကၡ
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service