အဝတ်လျှော်စက်များကို သန့်ရှင်းရေးမပြုလုပ်ဘဲ နှစ်ရှည်လများ ထားလိုက်မယ်ဆိုရင်......

အဝတ်လျှော်စက်များကို သန့်ရှင်းရေးမပြုလုပ်ဘဲ နှစ်ရှည်လများ ထားလိုက်မယ်ဆိုရင်...... - Property Knowledge in Myanmar from iMyanmarHouse.com
7 Jan 2023 12:31 pm တွင် တင်ခဲ့သည်
1062 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

လူသားတို့ရဲ့ နေထိုင်မှုအဆင့်အတန်းမြင့်မားလာတာနဲ့အမျှ စက်ပစ္စည်းကိရိယာများအကူအညီနဲ့ သက်သောင့်သက်သာ နေထိုင်နိုင်လာကြပါတယ်။ နေအိမ်တိုင်းလိုလိုမှာလည်း အဝတ်အထည်များကို လျှော်ဖွပ်ဖို့ အဝတ်လျှော်စက်များ သုံးစွဲလာကြပါတယ်။ အဝတ်လျှော်စက်များကြောင့် အချိန်ကုန်လူပမ်း မဖြစ်တော့ဘဲ အလုပ်ပြီးမြောက်လာပါတယ်။

ဒါပေမယ့် သတိပြုရမယ့်တချက်ကတော့ အဝတ်လျှော်စက်များမှာ ဘက်တီးရီးယားများ ကပ်ငြိနေနိုင်တယ်ဆိုတာပါပဲ။ များသောအားဖြင့် အဝတ်လျှော်စက်များကို သန့်ရှင်းရေးမပြုလုပ်ဘဲ နှစ်ရှည်လများ ထားလိုက်ရင် ဘက်တီးရီးယားပိုးတွေ ပေါက်ပွားလာနိုင်ပါတယ်။ သိပ္ပံပညာရှင်အချို့ကတော့ အဝတ်လျှော်စက်တွေမှာ ဘက်တီးရီးယားတွေ ကပ်ငြိနေနိုင်ပေမယ့် လူကို အန္တရာယ်ဖြစ်စေနိုင်လောက်တဲ့ ပမာဏ မရှိဘူးလို့ ဆိုကြပါတယ်။

အဝတ်လျှော်စက်တွေမှာ ဘက်တီးရီးယားတွေရှိကြောင်း စတင်သတိထားမိခဲ့တာက ဂျာမနီကလေးဆေးရုံတစ်ခုရဲ့ မွေးကင်းစအဆောင်က အဝတ်အထည်တွေမှာ ရောဂါပိုးတွေ့ရှိရာကနေ အစပြုပါတယ်။ ဆေးရုံအဆောင်တွေမှာ ရောဂါပိုးသတ်ခြင်းကို အစီအစဉ်တကျလုပ်ဆောင်ပေမယ့် ရောဂါပိုးတွေ တွေ့ရှိနေမြဲဖြစ်တာကြောင့် စစ်ဆေးမှုတွေတိုးမြှင့်လုပ်ဆောင်ရာကနေ နောက်ဆုံးမှာ အဝတ်လျှော်စက်တွေကနေ ပြန့်ပွားနေကြောင်း သိရှိခဲ့ရခြင်း ဖြစ်ပါတယ်။

ဒါဆိုရင် အိမ်သုံးအဝတ်လျော်စက်တွေမှာရော ဘက်တီးရီးယားအန္တရာယ် ရှိနေပြီလား။

ပုံမှန်အားဖြင့်တော့ သိပ်ပြီးစိုးရိမ်စရာ မလိုပါဘူး။ ဒါပေမယ့် ဆေးရုံဆေးခန်း (သို့) ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာ လုပ်ကိုင်နေသူတွေ မိသားစုဝင်အတွင်း ရှိနေရင် သတိပြုရပါမယ်။ ဆေးရုံဆေးခန်းသုံး အဝတ်အထည်တွေကို သီးသန့်လျှော်ဖွပ်ခြင်း၊ ရေနွေး နဲ့လျှော်ခြင်း ပြုလုပ်သင့်ပါတယ်။ နေအိမ်မှာ ကူးစက်ရောဂါတခုခု ခံစားရသူရှိနေရင်လည်း လူနာရဲ့ အဝတ်အစားတွေကို ရေနွေးနဲ့လျှော်ခြင်း၊ သီးသန့်လျှော်ဖွပ်ခြင်း ပြုလုပ်သင့်ပါတယ်။

အဓိကအားဖြင့် ဘက်တီးရီးယားများ ကပ်ငြိကျန်တဲ့ နေရာဟာ ရာဘာကွင်းအပိတ်မှာ ဖြစ်ပါတယ်။ တစ်ကြိမ်ကပ်ငြိထားပြီး နောက်ထပ်လျှော်ဖွပ်တဲ့အခါ လျှော်ကန်အတွင်း ပျံ့နှံ့သွားတတ်ပါတယ်။

 

 

အန္တရာယ်ရှိသလား…….

များသောအားဖြင့်တော့ အန္တရာယ်မပေးတတ်ကြပါဘူး။

နယူးယောက် နော့ရှိုးတက္ကသိုလ်ဆေးရုံရဲ့ ကူးစက်ရောဂါပါရဂူ ဒေါက်တာ ဘရုစ်ဟက်က ‘‘ကျွန်တော်တို့အနေနဲ့ ဘယ်လိုပဲလျှော်လျှော်၊ အဝတ်အထည်တွေမှာ ဘက်တီးရီးယားတွေ ကပ်ငြိပြီး ကျန်နေနိုင်ပါတယ်။ များသောအားဖြင့်တော့ ဒုက္ခမပေးတတ်ပါဘူး။ ဘက်တီးရီးယားတွေနဲ့ ထိတွေ့နေလျက်နဲ့တောင် နေထိုင်မကောင်းမဖြစ်ဘဲ နေနိုင်ပါတယ်။ ဒါပေမယ့် မသားစုဝင်တွေထဲမှာ ဆေးရုံကို အချိန်ကြာကြာတက်ခဲ့ရသူတွေ၊ ကူးစက်ရောဂါဖြစ်ပွားသူတွေရှိရင် ရေနွေးပါသုံးပြီး လျှော်သင့်သလို ကြာကြာလည်း အခြောက်ခံသင့်ပါတယ်’’ လို့ ဆိုပါတယ်။

 

ဘယ်လိုအခြေအနေမှာ ပိုဂရုပြုသင့်သလဲ….

မိသားစုဝင်တွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ မွေးကင်းစကလေးငယ်တွေရှိရင် ပိုပြီး ဂရုပြုရပါမယ်။ သူတို့ဟာ ကိုယ်ခံအားနည်းပါးပြီး ရောဂါပိုးကူးစက်လွယ်လို့ ဖြစ်ပါတယ်။ အဆုတ်ရောင်ရောဂါ၊ အရေပြားရောဂါ၊ ဗိုက်အောင့်ဗိုက်နာခြင်း စတာတွေကိုဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားပိုးတွေဟာ သာမန်ကိုယ်ခံအားရှိသူတွေအတွက် သိပ်မထိရောက်ပေမယ့် ကိုယ်ခံအားနည်းပါးနေသူတွေဆိုရင် ထိုးဖောက်ဝင်ရောက်ပြီး အန္တရာယ်ပေးတတ်ပါတယ်။

 

ဘာတွေလုပ်ဆောင်သင့်သလဲ….

ကောင်းတာကတော့ အဝတ်လျှော်စက်ကို ၃လတခါလောက် ပုံမှန်သန့်ရှင်းရေး ပြုလုပ်ပေးဖို့ ဖြစ်ပါတယ်။ သန့်ရှင်းရေးပြုလုပ်ရာမှာ ဆပ်ပြာမှုန့်/ရည်ထည့်တဲ့ အံဆွဲပါရင် ၎င်းအံဆွဲကိုပါဖြုတ်ပြီး သန့်ရှင်းရေးလုပ်ရပါမယ်။ လျှော်စက်အဖုံးတွေကိုလည်း သန့်ရှင်းရေးလုပ်ပါ။

စက်ထဲကို အဝတ်မထည့်ဘဲ ရေနွေးပူပူထည့်ပြီး လှည့်ပေးရင် ဘက်တီးရီးယားနဲ့မှိုတွေ ပေါက်ပွားတာကို ကာကွယ်နိုင်ပါတယ်။ လျှော်ကန်အောက်ခြေက ရာဘာအဖုံးကိုပါ ဖွင့်ပြီး သန့်ရှင်းရေးပြုလုပ်သင့်ပါတယ်။ မိမိရဲ့ အဝတ်လျှော်စက်အလိုက် သန့်ရှင်းရေးဘယ်လိုပြုလုပ်သင့်တယ်ဆိုတာကို လမ်းညွှန်ကတ်တလောက် စာအုပ်မှာဖြစ်စေ၊ youtube မှာဖြစ်စေ ရှာဖွေလေ့လာနိုင်ပါတယ်။ သန့်ရှင်းရေးပြုလုပ်ရာမှာ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်၊ 10% အစွန်းချွတ်ဆေး စတာတွေသုံးပြီး သန့်ရှင်းရေးပြုလုပ်နိုင်ပါတယ်။

 

အဝတ်များလျှော်ဖွတ်ပြီးချိန်မှာလည်း နေရောင်အောက်မှာ အခြောက်ခံသင့်ပါတယ်။ နေရောင်ခြည်ဟာ အကောင်းဆုံးပိုးသတ်ပစ္စည်းတမျိုးလို့ ပညာရှင်များက ဆိုကြပါတယ်။ အဝတ်များလျှော်ဖွပ်ပြီးချိန်မှာ စက်ကိုအဖုံးဖွင့်ထားပေးရင် လေဝင်လေထွက်ရှိစေပြီး ဘက်တီးရီးယားနဲ့ မှိုတချို့ ပေါက်ပွားမှုကနေ ကာကွယ်ပေးပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

 

[Zawgyi]

အဝတ္ေလွ်ာ္စက္မ်ားကို သန္႔႐ွင္းေရးမျပဳလုပ္ဘဲ ႏွစ္႐ွည္လမ်ား ထားလိုက္မယ္ဆိုရင္......

လူသားတို႔ရဲ႕ ေနထိုင္မႈအဆင့္အတန္းျမင့္မားလာတာနဲ႔အမွ် စက္ပစၥည္းကိရိယာမ်ားအကူအညီနဲ႔ သက္ေသာင့္သက္သာ ေနထိုင္ႏိုင္လာၾကပါတယ္။ ေနအိမ္တိုင္းလိုလိုမွာလည္း အဝတ္အထည္မ်ားကို ေလွ်ာ္ဖြပ္ဖို႔ အဝတ္ေလွ်ာ္စက္မ်ား သုံးစြဲလာၾကပါတယ္။ အဝတ္ေလွ်ာ္စက္မ်ားေၾကာင့္ အခ်ိန္ကုန္လူပမ္း မျဖစ္ေတာ့ဘဲ အလုပ္ၿပီးေျမာက္လာပါတယ္။

ဒါေပမယ့္ သတိျပဳရမယ့္တခ်က္ကေတာ့ အဝတ္ေလွ်ာ္စက္မ်ားမွာ ဘက္တီးရီးယားမ်ား ကပ္ၿငိေနႏိုင္တယ္ဆိုတာပါပဲ။ မ်ားေသာအားျဖင့္ အဝတ္ေလွ်ာ္စက္မ်ားကို သန္႔႐ွင္းေရးမျပဳလုပ္ဘဲ ႏွစ္႐ွည္လမ်ား ထားလိုက္ရင္ ဘက္တီးရီးယားပိုးေတြ ေပါက္ပြားလာႏိုင္ပါတယ္။ သိပၸံပညာ႐ွင္အခ်ိဳ႕ကေတာ့ အဝတ္ေလွ်ာ္စက္ေတြမွာ ဘက္တီးရီးယားေတြ ကပ္ၿငိေနႏိုင္ေပမယ့္ လူကို အႏၲရာယ္ျဖစ္ေစႏိုင္ေလာက္တဲ့ ပမာဏ မ႐ွိဘူးလို႔ ဆိုၾကပါတယ္။

အဝတ္ေလွ်ာ္စက္ေတြမွာ ဘက္တီးရီးယားေတြ႐ွိေၾကာင္း စတင္သတိထားမိခဲ့တာက ဂ်ာမနီကေလးေဆး႐ုံတစ္ခုရဲ႕ ေမြးကင္းစအေဆာင္က အဝတ္အထည္ေတြမွာ ေရာဂါပိုးေတြ႕႐ွိရာကေန အစျပဳပါတယ္။ ေဆး႐ုံအေဆာင္ေတြမွာ ေရာဂါပိုးသတ္ျခင္းကို အစီအစဥ္တက်လုပ္ေဆာင္ေပမယ့္ ေရာဂါပိုးေတြ ေတြ႕႐ွိေနၿမဲျဖစ္တာေၾကာင့္ စစ္ေဆးမႈေတြတိုးျမႇင့္လုပ္ေဆာင္ရာကေန ေနာက္ဆုံးမွာ အဝတ္ေလွ်ာ္စက္ေတြကေန ျပန္႔ပြားေနေၾကာင္း သိ႐ွိခဲ့ရျခင္း ျဖစ္ပါတယ္။ ဒါဆိုရင္ အိမ္သုံးအဝတ္ေလ်ာ္စက္ေတြမွာေရာ ဘက္တီးရီးယားအႏၲရာယ္ ႐ွိေနၿပီလား။

ပုံမွန္အားျဖင့္ေတာ့ သိပ္ၿပီးစိုးရိမ္စရာ မလိုပါဘူး။ ဒါေပမယ့္ ေဆး႐ုံေဆးခန္း (သို႔) က်န္းမာေရးေစာင့္ေ႐ွာက္မႈလုပ္ငန္းေတြမွာ လုပ္ကိုင္ေနသူေတြ မိသားစုဝင္အတြင္း ႐ွိေနရင္ သတိျပဳရပါမယ္။ ေဆး႐ုံေဆးခန္းသုံး အဝတ္အထည္ေတြကို သီးသန္႔ေလွ်ာ္ဖြပ္ျခင္း၊ ေရေႏြး နဲ႔ေလွ်ာ္ျခင္း ျပဳလုပ္သင့္ပါတယ္။ ေနအိမ္မွာ ကူးစက္ေရာဂါတခုခု ခံစားရသူ႐ွိေနရင္လည္း လူနာရဲ႕ အဝတ္အစားေတြကို ေရေႏြးနဲ႔ေလွ်ာ္ျခင္း၊ သီးသန္႔ေလွ်ာ္ဖြပ္ျခင္း ျပဳလုပ္သင့္ပါတယ္။

အဓိကအားျဖင့္ ဘက္တီးရီးယားမ်ား ကပ္ၿငိက်န္တဲ့ ေနရာဟာ ရာဘာကြင္းအပိတ္မွာ ျဖစ္ပါတယ္။ တစ္ႀကိမ္ကပ္ၿငိထားၿပီး ေနာက္ထပ္ေလွ်ာ္ဖြပ္တဲ့အခါ ေလွ်ာ္ကန္အတြင္း ပ်ံ႕ႏွံ႔သြားတတ္ပါတယ္။

 

အႏၲရာယ္႐ွိသလား…….

မ်ားေသာအားျဖင့္ေတာ့ အႏၲရာယ္မေပးတတ္ၾကပါဘူး။

နယူးေယာက္ ေနာ့႐ိႈးတကၠသိုလ္ေဆး႐ုံရဲ႕ ကူးစက္ေရာဂါပါရဂူ ေဒါက္တာ ဘ႐ုစ္ဟက္က ‘‘ကြၽန္ေတာ္တို႔အေနနဲ႔ ဘယ္လိုပဲေလွ်ာ္ေလွ်ာ္၊ အဝတ္အထည္ေတြမွာ ဘက္တီးရီးယားေတြ ကပ္ၿငိၿပီး က်န္ေနႏိုင္ပါတယ္။ မ်ားေသာအားျဖင့္ေတာ့ ဒုကၡမေပးတတ္ပါဘူး။ ဘက္တီးရီးယားေတြနဲ႔ ထိေတြ႕ေနလ်က္နဲ႔ေတာင္ ေနထိုင္မေကာင္းမျဖစ္ဘဲ ေနႏိုင္ပါတယ္။ ဒါေပမယ့္ မသားစုဝင္ေတြထဲမွာ ေဆး႐ုံကို အခ်ိန္ၾကာၾကာတက္ခဲ့ရသူေတြ၊ ကူးစက္ေရာဂါျဖစ္ပြားသူေတြ႐ွိရင္ ေရေႏြးပါသုံးၿပီး ေလွ်ာ္သင့္သလို ၾကာၾကာလည္း အေျခာက္ခံသင့္ပါတယ္’’ လို႔ ဆိုပါတယ္။

 

ဘယ္လိုအေျခအေနမွာ ပိုဂ႐ုျပဳသင့္သလဲ….

မိသားစုဝင္ေတြထဲမွာ သက္ႀကီး႐ြယ္အိုေတြ၊ ေမြးကင္းစကေလးငယ္ေတြ႐ွိရင္ ပိုၿပီး ဂ႐ုျပဳရပါမယ္။ သူတို႔ဟာ ကိုယ္ခံအားနည္းပါးၿပီး ေရာဂါပိုးကူးစက္လြယ္လို႔ ျဖစ္ပါတယ္။ အဆုတ္ေရာင္ေရာဂါ၊ အေရျပားေရာဂါ၊ ဗိုက္ေအာင့္ဗိုက္နာျခင္း စတာေတြကိုျဖစ္ေစႏိုင္တဲ့ ဘက္တီးရီးယားပိုးေတြဟာ သာမန္ကိုယ္ခံအား႐ွိသူေတြအတြက္ သိပ္မထိေရာက္ေပမယ့္ ကိုယ္ခံအားနည္းပါးေနသူေတြဆိုရင္ ထိုးေဖာက္ဝင္ေရာက္ၿပီး အႏၲရာယ္ေပးတတ္ပါတယ္။

 

ဘာေတြလုပ္ေဆာင္သင့္သလဲ….

ေကာင္းတာကေတာ့ အဝတ္ေလွ်ာ္စက္ကို ၃လတခါေလာက္ ပုံမွန္သန္႔႐ွင္းေရး ျပဳလုပ္ေပးဖို႔ ျဖစ္ပါတယ္။ သန္႔႐ွင္းေရးျပဳလုပ္ရာမွာ ဆပ္ျပာမႈန္႔/ရည္ထည့္တဲ့ အံဆြဲပါရင္ ၎အံဆြဲကိုပါျဖဳတ္ၿပီး သန္႔႐ွင္းေရးလုပ္ရပါမယ္။ ေလွ်ာ္စက္အဖုံးေတြကိုလည္း သန္႔႐ွင္းေရးလုပ္ပါ။

စက္ထဲကို အဝတ္မထည့္ဘဲ ေရေႏြးပူပူထည့္ၿပီး လွည့္ေပးရင္ ဘက္တီးရီးယားနဲ႔မိႈေတြ ေပါက္ပြားတာကို ကာကြယ္ႏိုင္ပါတယ္။ ေလွ်ာ္ကန္ေအာက္ေျခက ရာဘာအဖုံးကိုပါ ဖြင့္ၿပီး သန္႔႐ွင္းေရးျပဳလုပ္သင့္ပါတယ္။ မိမိရဲ႕ အဝတ္ေလွ်ာ္စက္အလိုက္ သန္႔႐ွင္းေရးဘယ္လိုျပဳလုပ္သင့္တယ္ဆိုတာကို လမ္းၫႊန္ကတ္တေလာက္ စာအုပ္မွာျဖစ္ေစ၊ youtube မွာျဖစ္ေစ ႐ွာေဖြေလ့လာႏိုင္ပါတယ္။ သန္႔႐ွင္းေရးျပဳလုပ္ရာမွာ ဟိုက္ဒ႐ိုဂ်င္ပါေအာက္ဆိုဒ္၊ 10% အစြန္းခြၽတ္ေဆး စတာေတြသုံးၿပီး သန္႔႐ွင္းေရးျပဳလုပ္ႏိုင္ပါတယ္။

အဝတ္မ်ားေလွ်ာ္ဖြတ္ၿပီးခ်ိန္မွာလည္း ေနေရာင္ေအာက္မွာ အေျခာက္ခံသင့္ပါတယ္။ ေနေရာင္ျခည္ဟာ အေကာင္းဆုံးပိုးသတ္ပစၥည္းတမ်ိဳးလို႔ ပညာ႐ွင္မ်ားက ဆိုၾကပါတယ္။ အဝတ္မ်ားေလွ်ာ္ဖြပ္ၿပီးခ်ိန္မွာ စက္ကိုအဖုံးဖြင့္ထားေပးရင္ ေလဝင္ေလထြက္႐ွိေစၿပီး ဘက္တီးရီးယားနဲ႔ မိႈတခ်ိဳ႕ ေပါက္ပြားမႈကေန ကာကြယ္ေပးပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
Magical World
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service