မြင်ကွင်းတစ်ခု၊အတွေးတစ်စ၊ကဗျာစသည်
မြင်ကွင်းတစ်ခု၊အတွေးတစ်စ၊ကဗျာစသည် - Property Knowledge in Myanmar from iMyanmarHouse.com
12 Dec 2022 12:11 pm တွင် တင်ခဲ့သည်
463 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by နှင်းအိခင်
[Unicode]
စာရေးချင်တဲ့သူတွေဟာ ဘယ်ကိုသွားသွား ဘာပဲလုပ်လုပ် ကြုံလိုက်ရတဲ့ မြင်ကွင်း၊ကြားလိုက်ရတဲ့အသံ တို့နဲ့အတူ လျှပ်တစ်ပြက်အတွင်း သူ့စိတ်အစဉ်မှာ ခံစားမှုတို့ဖြစ်လာပြီး အဲဒီခံစားမှုတွေကို စာကဗျာတွေအဖြစ် စိတ်နဲ့တေးလို့ ရေးမိတတ်ပါတယ်။
တွေ့လိုက်မြင်လိုက်ရတဲ့ ဖြစ်ပျက်အစဉ်တွေအပေါ်မှာ စာရေးချင်သူဟာ သူ့အတွေးအမျှင်လေးပျောက်မသွားဖို့ သူပြောချင်တဲ့ကိစ္စရပ်တစ်ခုကို သူအားသန်တဲ့ပုံစံလေးနဲ့ချပြနိုင်ဖို့ ကြိုးစားကြရပါတယ်။
ကဗျာနဲ့ပုံစံနဲ့ပြောမလား၊အခြားပုံစံတွေနဲ့ တင်ပြကြမလား။သူအားသန်တဲ့ ပုံစံလေးနဲ့သူ့ခံစားရတဲ့ အကြောင်းလေးတွေကို အခြားသူတွေကိုတင်ပြဖို့ကို အတွေးတွေဟာရှေးပြေးဖြစ်ကြရပါတယ်။
သိပ်ကိုတော်ကြတဲ့ စာရေးဆရာကြီးတွေဟာ သူတို့မြင်မိ၊ကြားမိ၊ဖတ်မိလိုက်တဲ့ အကြောင်းလေးတွေကနေ တစ်ဆင့် သူတို့အတွက် ဝတ္ထုကောင်းကြီးတွေကို ဖန်တီးတဲ့အထိ ဖြစ်သွားတတ်ကြပါတယ်။
စာရေးချင်တဲ့သူတွေမှာ တစ်ခါတစ်ရံ သိပ်ကိုကောင်းတဲ့ အတွေးလေးတွေဟာ သူတို့ရဲ့ စိတ်အစဉ်မှာ ဖြစ်ပေါ်လာတတ်တယ်။ဒါတွေကိုမပျောက်သွားဖို့ အနီးအနားမှာ ရေးမှတ်စရာမရှိရင် စိတ်မှာပဲ အပြန်ပြန် အလှန်လှန်မှတ်မိနေအောင် လုပ်ရပါတယ်။ဒါတောင်အဲဒီလိုလုပ်နေရင်း အခြားသော အကြောင်းအရာတွေက လာနှောက်လိုက်ရင် ခုနကတွေးမိတဲ့ အတွေးကောင်းလေးတွေဟာ ရုတ်တရက် ပျောက်ပျောက်သွားတတ်လို့ နှမြောတသဖြစ်ရတာတွေလည်း မကြာခဏရှိတတ်ပါတယ်။
အိပ်တော့မယ့်အချိန်၊ကားစီးနေတဲ့အချိန်၊အပေါ့အလေးသွားနေတဲ့ အချိန်တွေမှာလည်း စိတ်ရဲ့ဖြစ်စဉ်အရ အတွေးတို့ကပေါ်လာတတ်ပါတယ်။ဒီအချိန်မှာ ဖြစ်ပေါ်လာတဲ့ အဲဒီအတွေးတွေကို မှတ်စရာမရှိဘဲနဲ့ မပျောက်အောင်လုပ်ရတဲ့ ကိစ္စဟာ မလွယ်ပါဘူး။
အတွေးတစ်စဟာ ကဗျာတစ်ပုဒ်ဖြစ်နိုင်သလို၊ဝတ္ထုတစ်ပုဒ် စာတစ်အုပ်ကြီးလည်းဖြစ်နိုင်ပါတယ်။ ကိုယ်နှစ်သက် မိတဲ့ အတွေးကောင်းတွေ ပျောက်သွားလို့ ပြန်တွေးပြီးရှာရတာတွေလည်းအမောပါပဲ။စာရေးချင်သူတိုင်း ဒီလိုဖြစ်ရပ်လေးတွေ ရှိကြမယ်လို့လည်း ထင်ပါတယ်။
ကောင်းတဲ့အတွေးလေးတွေ ဆုံးရှုံးမအသွားရအောင် စာရေးချင်သူတွေဟာ ဘယ်သွားသွား၊ဘယ်လာလာ မှတ်စရာလေးတွေ အဆင်သင့်လုပ်ထားရပါတယ်။ကားစီးတဲ့အခါမှာပဲဖြစ်ဖြစ်၊အပေါ့အလေးစွန့်တဲ့အခါနဲ့ အိပ်ခါနီး အချိန်တွေမှာတောင် အိပ်ရာဘေးမှာ မှတ်စရာစာအုပ်လေးတွေထားရပါတယ်။
အတွေးလေးတွေမှတ်ဖို့အတွက် ရှက်ဖို့မလိုပါဘူး။လမ်းလျှောက်နေရင်း လမ်းမှာပေါ်လာတဲ့အတွေးတွေကို ရပ်တန့်ပြီးမှတ်ရပါလိမ့်မယ်။
အိပ်ရာထဲရောက်မှတွေးမိတဲ့ အတွေးတွေကို ထပြီးမှတ်ဖို့လည်းလိုပါလိမ့်မယ်။အိမ်သာတက်မယ်ဆိုရင်တောင် မှတ်စရာတစ်ခုခုတော့ ယူသွားမှဖြစ်ပါလိမ့်မယ်။နောက်မှမှတ်မယ်ကွာလို့ဆိုရင်တော့ အတွေးဟာ အတွေးသာဖြစ်ပြီး မရေမရာနဲ့ပျောက်ပျက်သွားတော့တာပါပဲ။
အတွေးဆိုတာ နေရာဒေသ အချိန်ကာလမရွေး တွေးနေသမျှ ဖြစ်နေတာမို့လား။ဘယ်တော့မှတွေးမယ်၊ ဘယ်အချိန်မှာမှတွေးမယ်လို့ လုပ်လို့မရဘူးလေ။မြင်လိုက်တဲ့ခဏ၊ ကြားလိုက်တဲ့ခဏအတွင်း ဖြစ်ပျက်အစဉ်တို့ ပြောင်းပြီး အတွေးတို့ကဖြစ်သွားပါတယ်။ဒီအပေါ်မှာ ပြောလိုတဲ့အကြောင်းအရာတွေကို တွေးဖြစ်သွားပါတယ်။
ဒါတွေကိုပဲ အရအမိဆုပ်ကိုင်ပြီး စာရေးချင်သူက အလုပ်လုပ်ကြရတာပါ။ပြောချင်တဲ့အတွေးတစ်စကို မပျောက်မပျက် ရမိပြီဆိုရင် အဲဒီအတွေးလေးရဲ့နောက်မှာမှ ချဲ့ထွင်ပြီး ဆင့်ပွားအတွေးတွေနဲ့ ကဗျာတွေ၊ စာတွေ ဖွဲ့သီကြရတာပါ။
ဒီတော့ စာရေးချင်သူတွေဟာ ကာလဒေသ ပယောဂတွေကနေ အတွေးအစလေးတွေဖြစ်လာရင် မလွတ်တမ်း အရအမိဖမ်းလို့ စာကောင်းပေမွန်များဖန်တီးနိုင်ကြပါစေဟု ရည်ရွယ်လျက်။ ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: ကိုမေတ္တာ (တောင်ပေါ်သား)
[Zawgyi]
မြင်ကွင်းတစ်ခု၊အတွေးတစ်စ၊ကဗျာစသည် - Property Knowledge in Myanmar from iMyanmarHouse.com
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
imyanmarmarket
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service