အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။

အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
3 May 2025 10:36 am တွင် တင်ခဲ့သည်
669 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

ကွန်လွန်သူ၏ ပိုင်ဆိုင်မှု ပစ္စည်းများအပေါ်တွင် အကျိုးခံစားခွင့်ရှိသူသည် ကွယ်လွန်သူ၏ အမွေ ပစ္စည်းနှင့် ကြွေးမြီများအပေါ်တွင် တရားဝင်ပြောဆိုနိုင်သည့် အခွင့်အရေးရရှိရန် အမွေဆက်ခံရေး အက် ဥပဒေပုဒ်မ - ၂၁၄ အရ အမွေဆက်ခံခွင့်လက်မှတ် လျှောက်ထားရန် လိုပါသည်။

ကွယ်လွန်သူနေထိုင်ရာ အရပ်ဒေသရှိ ခရိုင်တရာရုံးနှင့် ကွယ်လွန်သူမှာ အတည်တကျ နေထိုင်ခြင်းမရှိလျှင် ကွယ်လွန်သူ၏ အမွေပစ္စည်းအား သက်ဆိုင်ရာ ပြည်နယ်/ တိုင်း/ ခရိုင်တရားရုံးမှ ဒေသတွင်းရှိသော ပစ္စည်းအတွက် အမွေထိန်းစာ လျှောက်ထားနိုင်ပါသည်။

အမွေပစ္စည်းအား စောင့်ရှောက်နိုင်ရန် အမွေထိန်းစာလက်မှတ် လျှောက်ထားရခြင်းဖြစ်ပြီး ပိုင် ဆိုင်ခွင့်ရရှိရန် လျှောက်ထားခြင်းနှင့် မဆိုင်ပါ။ ကွယ်လွန်သူ၏ အမွေစ္စည်းများ ထိန်းသိမ်းစောင့် ရှောက်ရန်၊ မပျောက်ပျက်ရန် ရည်ရွယ်၍ အမွေထိန်းစာ ထုတ်ပေးခြင်း ဖြစ်ပါသည်။ ကွယ်လွန်သူ၏ ကြွေးမြီများကို ကောက်ခံနိုင်ရန်၊ ပေးရန်ရှိများကို စီစဉ်နိုင်ရန် ၊ ဆက်ခံခွင့်ရှိသူများအား ခွဲဝေပေးစေနိုင်ရန် အမွေထိန်းစာ ခန့်အပ်ပေးခြင်း ဖြစ်ပါသည်။ တရားရုံးတွင် ကြွေးမြီများအတွက် တရားစွဲဆို တောင်း ခံခြင်းပြုလျှင်လဲ အမွေ ဆက်ခံခွင့်လက်မှတ် လိုအပ်ပါသည်။

အမွေထိန်းစာ လျှောက်ထားသူအား အမွေပစ္စည်းနှင့် သက်ဆိုင်ခြင်းရှိမရှိ ကြည့်ရှုရမည်ဖြစ်ပြီး အမွေထိန်းအဖြစ် ခန့်အပ်လိုက်ခြင်းမှာ ကန့်ကွက်သူများ (သို့) အခြားအမွေဆိုင်များ၏ အခွင့်အရေးအား ထိခိုက်စေခြင်းလဲမရှိပါ။ အမွေထိန်းစာ လျှောက်ထားမှုအား တရားရုံးမှ ခွင့်ပြုခြင်းမှာ ပိုင်ဆိုင်မှုအတွက် ဆုံးဖြတ်ပေးခြင်းမျိုး မဟုတ်ပါ။ အမွေခံစားခွင့်နည်းခြင်း၊ မနည်းခြင်းနှင့်လဲ မသက်ဆိုင်ပါ။

လျှောက်ထားသူမှာ အမွေနှင့် သက်ဆိုင်ခြင်းရှိမရှိ၊ အမွေထိန်းစာ လက်ခံထိုက်သူများ ဟုတ်မ ဟုတ်သာ ဆုံးဖြတ်မည်ဖြစ်ပါသည်။ ကာလစည်းကမ်း သတ်မှတ်ထားခြင်းမရှိပဲ နှစ်ပေါင်း (၂၀) ကျော်လွန်သည်အခါမှ လျှောက်ထားလျှင် အကြောင်းပြချက် တင်ပြနိုင်ရမည်ဖြစ်ပါသည်။ အာမခံငွေဆိုသည်မှာလဲ ကွယ်လွန်သူ၏ အမွေပစ္စည်း တစ်စိတ်တစ်ဒေသဖြစ်ပြီး ကွယ်လွန်သူ၏ တရားဝင်ကိုယ်စားလှယ်များကိုသာ ပေးအပ်ရန် တာဝန်ရှိပါသည်။

တရားရုံးမှ သင့်လျော်သူဟု ယူဆသူအား အမွေထိန်းစာ ထုတ်ပေးခြင်းဖြစ်ပြီး စင်ပြိုင်လျှောက်ထားမှုတွင် မည်သူကိုမှ ထုတ်မပေးလျှင်လဲ ရပါသည်။ အမွေထိန်းစာရရှိသူမှလဲ တရားမပုံစံ - ၁၃၆ အရ အာမခံခံဝန် ချုပ်ပေးနိုင်ရပါမည်။

အမွေထိန်းလျှောက်ထားသူမှာ အမွေရှင်၏ သေတမ်းစာ အတည်ပြု လက်မှတ် တင်ပြပေးနိုင်ရမည်။ တရားရုံးက အကျဉ်းနည်းစုံစမ်းပြီး လျှောက်ထားသူသည် သေသူ၏ ကြွေးမြီအား တောင်းခံခွင့်ရှိသူ၊ အမွေဆက်ခံခွင့်လက်မှတ် ရထိုက်သည်ဟု ဆုံးဖြတ်လျှင် လျှောက်ထားသူအား ထုတ်ပေးမည်ဖြစ်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service