ကြက်သွန်နံ့ကို ဘယ်လိုဖျောက်မလဲ....

ကြက်သွန်နံ့ကို ဘယ်လိုဖျောက်မလဲ.... - Property Knowledge in Myanmar from iMyanmarHouse.com
12 Nov 2022 2:06 pm တွင် တင်ခဲ့သည်
1222 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ကြက်သွန်နီ ကြက်သွန်ဖြူဟာ အစားအသောက်ထဲမှာ အနံ့အရသာကောင်းအောင် ထည့်သွင်းနိုင်တဲ့ စားစရာဖြစ်ပြီး ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း များစွာပေးစွမ်းနိုင်ပါတယ်။ ဒါပေမယ့် ဆိုးတာက အစိမ်းစားလိုက်ရင် အနံ့မကောင်းတော့တာပါပဲ။ သင်စကားပြောရင် ခံတွင်းကနေ အနံ့ဆိုးတွေထွက်နေမှာ အသေအချာပါပဲ။

 

ဒီလိုအနံ့ဆိုးထွက်ရခြင်းဟာ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူမှာ ဆာလဖာပါဝင်တဲ့ ဓာတ်ပစ္စည်းတွေ ရှိနေလို့ ဖြစ်ပါတယ်။ ဒီအနံ့ဟာ နာရီနဲ့ချီပြီး စွဲနေတတ်ပါတယ်။ အဆိုပါအနံ့တွေကို ပျောက်အောင်၊ လျော့ကျအောင်လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ အောက်ပါနည်းလမ်းတွေ ကြိုးစားကြည့်ပါ။

 

 

၁။ ရေသောက်ပါ

အစာစားပြီးချိန်ရေသောက်လိုက်ခြင်းဟာ ခံတွင်းထဲက ကြက်သွန်အကြွင်းအကျန်တွေကို ဖယ်ရှားနိုင်ပါတယ်။ ဒါ့အပြင် တံတွေးထွက်လာအောင်လည်း လှုံ့ဆော်နိုင်တာမို့ ခံတွင်းထဲက အနံ့ထွက်စေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပြီးသား ဖြစ်သွားပါတယ်။

 

 

၂။ သွားတိုက်ပါ၊ သွားကြားထိုးပါ

သွားကြားသွားဖုံးကြားမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားတွေနဲ့ ကြက်သွန်အကြွင်းအကျန်တွေ ထိတွေ့လာရင် အနံ့ပိုဆိုးလာတတ်ပါတယ်။ အစာစားပြီး သွားကြားထိုးခြင်း၊ သွားပွတ်ကြိုးသုံးခြင်းဟာ အနံ့ဆိုးတွေကို လျှော့ချပေးနိုင်ပါလိမ့်မယ်။

၃။ လျှာကို ပွတ်တိုက်သန့်စင်ပါ

 

လူအတော်များများဟာ သွားကြိုသွားကြားကို သန့်ရှင်းရေးလုပ်ဖြစ်ကြပေမယ့် လျှာကို မေ့နေကြပါတယ်။ လျှာရဲ့နောက်ပိုင်းမှာလည်း ဘက်တီးရီးယားတွေ ကပ်ငြိနေနိုင်ပါတယ်။ လျှာပွတ်ဆေးသုံးခြင်း၊ လျှာပွတ်တံသုံးခြင်း စတဲ့နည်းလမ်းတွေနဲ့ လျှာကိုသန့်ရှင်းရေးလုပ်ပေးနိုင်ပါတယ်။

၄။ ခံတွင်းသန့်ဆေးသုံးခြင်း

အနံ့ကောင်းကောင်းပါတဲ့ ခံတွင်းသန့်ဆေးရည်တွေသုံးရင် ကြက်သွန်နီ ကြက်သွန်ဖြူရဲ့ အနံ့တွေကို ဖုံးအုပ်ထားပေးနိုင်ပါတယ်။ သုတေသနတွေအရ ကလိုရင်းဒိုင်အောက်ဆိုဒ်ပါဝင်တဲ့ ခံတွင်းသန့်ဆေးရည်ဟာ ဘက်တီးရီးယားနဲ့ အစာအကြွင်းအကျန်တွေကို ဖယ်ရှားပေးရာမှာ အကောင်းဆုံးဖြစ်ပါတယ်။

 

၅။ လတ်လတ်ဆတ်ဆတ် အသီးအနှံများစားပါ

 

ကြက်သွန်ဖြူ/နီစားချိန် စားပြီးချိန်မှာ လတ်ဆတ်တဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်များ စားသုံးခြင်းဟာ အနံ့ဆိုးတွေကို လျှော့ချပေးနိုင်ပါတယ်။ ဥပမာ ပန်းသီးစားခြင်းဟာ ကြက်သွန်ဖြူနံ့ကို သက်သာစေပါတယ်။

၆။ ပန်းသီးရှာလကာရည်သုံးပါ

အစာမစားမီနဲ့ အစာစားပြီးချိန်မှာ ပန်းသီးရှာလကာရည်တဇွန်းကို ရေနဲ့ရောသောက်ပေးခြင်းဟာ ကြက်သွန်အနံ့ကို သက်သာစေတယ်လို့ သိရပါတယ်။

၇။ Green Tea သောက်ပါ

အစာစားပြီးချိန် green tea သောက်ပေးခြင်းဟာလည်း အနံ့ဆိုးတွေကို ဖုံးကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ခံတွင်းကို သန့်ရှင်းစေတဲ့ အာနိသင်လည်းရှိတယ်လို့ သိရပါတယ်။

၈။ ပီကေဝါးပါ

ပီကေဝါးခြင်းဟာလည်း ခံတွင်းထဲကအနံ့တွေကို လျော့ကျစေနိုင်ပါတယ်။ တံတွေးကိုလည်း ပိုထွက်စေလို့ ဘက်တီးရီးယားနဲ့ အစာအကြွင်းအကျန်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

 

ကြက်သွန်နီ/ကြက်သွန်ဖြူစားခြင်းဟာ ကျန်းမာရေးအတွက်ကောင်းစေတယ်ဆိုပေမယ့် အစိမ်းစားရင်တော့ အနံ့တွေစွဲနေနိုင်ပြီး လူမှုဆက်ဆံရေးနယ်ပယ်မှာ အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။ မိမိကိုယ်တိုင်လည်း ယုံကြည်မှုကျဆင်းနိုင်ပါတယ်။ ဒါကြောင့် အထက်ပါနည်းလမ်းတွေကျင့်သုံးပြီး ခံတွင်းအနံ့တွေကို လျှော့ချရမှာ ဖြစ်ပါတယ်။

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

Credit: hellosayarwon

 

 

 

[Zawgyi]

ၾကက္သြန္နံ႔ကို ဘယ္လိုေဖ်ာက္မလဲ....

ၾကက္သြန္နီ ၾကက္သြန္ျဖဴဟာ အစားအေသာက္ထဲမွာ အနံ႔အရသာေကာင္းေအာင္ ထည့္သြင္းႏိုင္တဲ့ စားစရာျဖစ္ၿပီး က်န္းမာေရး အက်ိဳးေက်းဇူးေတြလည္း မ်ားစြာေပးစြမ္းႏိုင္ပါတယ္။ ဒါေပမယ့္ ဆိုးတာက အစိမ္းစားလိုက္ရင္ အနံ႔မေကာင္းေတာ့တာပါပဲ။ သင္စကားေျပာရင္ ခံတြင္းကေန အနံ႔ဆိုးေတြထြက္ေနမွာ အေသအခ်ာပါပဲ။

ဒီလိုအနံ႔ဆိုးထြက္ရျခင္းဟာ ၾကက္သြန္နီနဲ႔ ၾကက္သြန္ျဖဴမွာ ဆာလဖာပါဝင္တဲ့ ဓာတ္ပစၥည္းေတြ ႐ွိေနလို႔ ျဖစ္ပါတယ္။ ဒီအနံ႔ဟာ နာရီနဲ႔ခ်ီၿပီး စြဲေနတတ္ပါတယ္။ အဆိုပါအနံ႔ေတြကို ေပ်ာက္ေအာင္၊ ေလ်ာ့က်ေအာင္လုပ္ႏိုင္တဲ့ နည္းလမ္းေတြ ႐ွိပါတယ္။ ေအာက္ပါနည္းလမ္းေတြ ႀကိဳးစားၾကည့္ပါ။

၁။ ေရေသာက္ပါ

အစာစားၿပီးခ်ိန္ေရေသာက္လိုက္ျခင္းဟာ ခံတြင္းထဲက ၾကက္သြန္အႂကြင္းအက်န္ေတြကို ဖယ္႐ွားႏိုင္ပါတယ္။ ဒါ့အျပင္ တံေတြးထြက္လာေအာင္လည္း လႈံ႕ေဆာ္ႏိုင္တာမို႔ ခံတြင္းထဲက အနံ႔ထြက္ေစတဲ့ ဘက္တီးရီးယားေတြကို ဖယ္႐ွားၿပီးသား ျဖစ္သြားပါတယ္။

၂။ သြားတိုက္ပါ၊ သြားၾကားထိုးပါ

သြားၾကားသြားဖုံးၾကားမွာ ကပ္ၿငိေနတဲ့ ဘက္တီးရီးယားေတြနဲ႔ ၾကက္သြန္အႂကြင္းအက်န္ေတြ ထိေတြ႕လာရင္ အနံ႔ပိုဆိုးလာတတ္ပါတယ္။ အစာစားၿပီး သြားၾကားထိုးျခင္း၊ သြားပြတ္ႀကိဳးသုံးျခင္းဟာ အနံ႔ဆိုးေတြကို ေလွ်ာ့ခ်ေပးႏိုင္ပါလိမ့္မယ္။

၃။ လွ်ာကို ပြတ္တိုက္သန္႔စင္ပါ

လူအေတာ္မ်ားမ်ားဟာ သြားႀကိဳသြားၾကားကို သန္႔႐ွင္းေရးလုပ္ျဖစ္ၾကေပမယ့္ လွ်ာကို ေမ့ေနၾကပါတယ္။ လွ်ာရဲ႕ေနာက္ပိုင္းမွာလည္း ဘက္တီးရီးယားေတြ ကပ္ၿငိေနႏိုင္ပါတယ္။ လွ်ာပြတ္ေဆးသုံးျခင္း၊ လွ်ာပြတ္တံသုံးျခင္း စတဲ့နည္းလမ္းေတြနဲ႔ လွ်ာကိုသန္႔႐ွင္းေရးလုပ္ေပးႏိုင္ပါတယ္။

၄။ ခံတြင္းသန္႔ေဆးသုံးျခင္း

အနံ႔ေကာင္းေကာင္းပါတဲ့ ခံတြင္းသန္႔ေဆးရည္ေတြသုံးရင္ ၾကက္သြန္နီ ၾကက္သြန္ျဖဴရဲ႕ အနံ႔ေတြကို ဖုံးအုပ္ထားေပးႏိုင္ပါတယ္။ သုေတသနေတြအရ ကလိုရင္းဒိုင္ေအာက္ဆိုဒ္ပါဝင္တဲ့ ခံတြင္းသန္႔ေဆးရည္ဟာ ဘက္တီးရီးယားနဲ႔ အစာအႂကြင္းအက်န္ေတြကို ဖယ္႐ွားေပးရာမွာ အေကာင္းဆုံးျဖစ္ပါတယ္။

၅။ လတ္လတ္ဆတ္ဆတ္ အသီးအႏွံမ်ားစားပါ

ၾကက္သြန္ျဖဴ/နီစားခ်ိန္ စားၿပီးခ်ိန္မွာ လတ္ဆတ္တဲ့ အသီးအႏွံ၊ ဟင္းသီးဟင္း႐ြက္မ်ား စားသုံးျခင္းဟာ အနံ႔ဆိုးေတြကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ ဥပမာ ပန္းသီးစားျခင္းဟာ ၾကက္သြန္ျဖဴနံ႔ကို သက္သာေစပါတယ္။

၆။ ပန္းသီး႐ွာလကာရည္သုံးပါ

အစာမစားမီနဲ႔ အစာစားၿပီးခ်ိန္မွာ ပန္းသီး႐ွာလကာရည္တဇြန္းကို ေရနဲ႔ေရာေသာက္ေပးျခင္းဟာ ၾကက္သြန္အနံ႔ကို သက္သာေစတယ္လို႔ သိရပါတယ္။

၇။ Green Tea ေသာက္ပါ

အစာစားၿပီးခ်ိန္ green tea ေသာက္ေပးျခင္းဟာလည္း အနံ႔ဆိုးေတြကို ဖုံးကြယ္ေပးႏိုင္ပါတယ္။ ဒါ့အျပင္ ခံတြင္းကို သန္႔႐ွင္းေစတဲ့ အာနိသင္လည္း႐ွိတယ္လို႔ သိရပါတယ္။

၈။ ပီေကဝါးပါ

ပီေကဝါးျခင္းဟာလည္း ခံတြင္းထဲကအနံ႔ေတြကို ေလ်ာ့က်ေစႏိုင္ပါတယ္။ တံေတြးကိုလည္း ပိုထြက္ေစလို႔ ဘက္တီးရီးယားနဲ႔ အစာအႂကြင္းအက်န္ေတြကို ဖယ္႐ွားေပးႏိုင္ပါတယ္။

ၾကက္သြန္နီ/ၾကက္သြန္ျဖဴစားျခင္းဟာ က်န္းမာေရးအတြက္ေကာင္းေစတယ္ဆိုေပမယ့္ အစိမ္းစားရင္ေတာ့ အနံ႔ေတြစြဲေနႏိုင္ၿပီး လူမႈဆက္ဆံေရးနယ္ပယ္မွာ အေႏွာင့္အယွက္ျဖစ္ႏိုင္ပါတယ္။ မိမိကိုယ္တိုင္လည္း ယုံၾကည္မႈက်ဆင္းႏိုင္ပါတယ္။ ဒါေၾကာင့္ အထက္ပါနည္းလမ္းေတြက်င့္သုံးၿပီး ခံတြင္းအနံ႔ေတြကို ေလွ်ာ့ခ်ရမွာ ျဖစ္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service