အတုယူမှားလေတော့၊အပြုအမူတွေမှားလေတော့
အတုယူမှားလေတော့၊အပြုအမူတွေမှားလေတော့ - Property Knowledge in Myanmar from iMyanmarHouse.com
4 Nov 2022 12:11 pm တွင် တင်ခဲ့သည်
652 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
တစ်နှစ်မှာတစ်ခါပဲမို့လို့ အလွန်ပဲပျော်လိုက်မယ်ဆိုပြီး အပျော်တွေလွန်လိုက်ကြတာ။အခုတော့တန်ဖိုးရှိတဲ့ အသက်တွေ အနာဂတ်အတွက် ငယ်ရွယ်သူတွေ အများအပြားသေကြပါရောလား။
တောင်ကိုရီးယားနိုင်ငံရဲ့ ဟောလိုးဝင်းပွဲဖြစ်ရပ်က တန်ဖိုးရှိလှတဲ့ လူပေါင်းများစွာရဲ့ အသက်တို့ဆုံးရှုံးခဲ့ရ ပါတယ်။အကျိုးမဲ့ အချည်းအနှီးဆုံးရှုံးမှုပါပဲ။တိုင်းနိုင်ငံပြည်သူအတွက် တစ်စက်မှမပါပဲ ဆုံးရှုံးသွားခဲ့ကြတာပါ။
နားလည်ရခက်ပါတယ်။တစ်ခါတစ်ခါ လူ့အသိုင်းအဝိုင်းတွေဟာ အခြားနိုင်ငံတွေရဲ့ယဉ်ကျေးမှုတွေကို လက်ခံလိုက်တဲ့အခါမှာ ဘာတွေအကျိုးရှိသွားသလဲဆိုတာတော့ သိကြဖို့ကောင်းပါတယ်။ကျွန်တော်ကတော့ ယဉ်ကျေးမှုမဟုတ်တဲ့ အပြုအမူရိုင်းတွေကို လက်ခံလိုက်တယ်လို့တောင်ပြောချင်ပါတယ်။
လူတွေဟာ အရိုင်းစိတ်ခံတွေက မွေးကတဲက ပါလာပါတယ်။ပြုပြင်သင်ကြားမှုတွေကြောင့်သာ ယဉ်ကျေးဖွယ် ဖြစ်လာကြတာပါ။ဒါတောင်မှ မယဉ်ကျေးဖွယ်သော ပွဲလမ်းသဘင် အပြုအမူ လုပ်ဆောင်မှု(အပြုအမူရိုင်း) တွေကို လက်ခံလိုက်ပြီးတဲ့နောက်မှာ အသိစိတ်နဲ့ဖိနှိပ်ထားတဲ့ အရိုင်းငုတ်တွေက ရုန်းထသောင်းကျန်း လာပါတယ်။
တစ်ခဏတာ အချိန်အတွင်းမှာပဲ ပြင်မရတဲ့အမှားတွေဖြစ်သွားကြတယ်။တန်ဖိုးရှိရှိရလာတဲ့ လူဘဝလေးတွေ အချိန်တိုအတွင်း အချည်းအနှီးဆုံးရှုံးသွားရတယ်။
သူတို့နိုင်ငံမှာမှ မဟုတ်ပါဘူး။ကျွန်တော်နိုင်ငံမှာလည်း ယဉ်ကျေးမှုပွဲတော်တွေမှာတောင် အသက်ဆုံးရှုံးမှု တွေက ကြားလို့မြင်လို့ မကောင်းအောင်ဖြစ်ခဲ့ကြသေးပါတယ်။သင်္ကြန်လိုပွဲတွေပေါ့။
ပူပြင်းလှတဲ့နွေရာသီမှာ တစ်ပါးသူတွေ အေးမြချမ်းသာစေဖို့ ရေချမ်းရေအေးသွန်းဖြန်းပေးကြဖို့၊ သက်ကြီး ရွယ်အိုတွေကိုပြုစုဖို့နဲ့ ဘုရားကျောင်းကန်တွေမှာ ကုသိုလ်ပြုကြဖို့ဆိုတဲ့ ယဉ်ကျေးသောရည်ရွယ်ချက်တွေနဲ့ ရှိခဲ့တာပါ။
အခုတော့ ဒီရည်ရွယ်ချက်တွေဟာ ပျောက်ကွယ်သွားပြီး။တစ်နှစ်လုံးထိန်းသိမ်းလာခဲ့သမျှ ဒီအချိန်တို ကာလလေးအတွင်းမှာ အစွမ်းကုန်ရူးမိုက်ခြင်းတွေနဲ့သောင်းကျန်းတော့တာပါပဲ။ဒီလိုပြောတော့ မကြိုက်သူတွေရှိကောင်းတာပေါ့။မတတ်နိုင်ပါဘူး။အကျိုးလိုလို့ ပြောရခြင်းပါ။
သင်္ကြန်မတိုင်ခင် ဆေးရုံတွေ အဆင်သင့်ပြင်ထားရခြင်းက သက်သေပါပဲ။အဲဒီကာလမှာ မူးရူးသောင်းကျန်းပြီး သည်းခံခြင်းဆိုတဲ့ လောကပါလ တရားတွေ ပျောက်ဆုံးလို့ ထစ်ကနဲဆို ရိုက်ကြနှက်ကြပြန်ပြီ၊ကျိုးကြ ပဲ့ကြ ပြန်ပြီ။
အဆိုးဆုံးကတော့ တန်ဖိုးရှိလှတဲ့ ကိုယ်လက်အင်္ဂါတွေနဲ့ အသက်တွေ ဆုံးရှုံးကြရတာပါပဲ။
လွဲမှားတဲ့အတုယူမှုတွေနဲ့ အပြုအမူမှားတွေက မူရင်းအနှစ်သာရတို့ ပျောက်ဆုံးကုန်တော့တာပါပဲ။
တန်ဆောင်မုန်းလအတွင်းမှာပဲ သူခိုးနက္ခက်အားကောင်းလို့ လူငယ်တွေ၊လူလတ်ပိုင်းတွေကို ကင်းစောင့်စေတဲ့ သဘောနဲ့ အပျော်ပွဲလေးတွေလုပ်ပေးတာကို အခွင့်ကောင်းယူပြီး ကိုယ်တိုင်ပဲ ပစ္စည်းတွေခိုးဝှက်ကြတယ်။ ကြက်တွေခိုးပြီး ချက်ပြုတ်စားသောက်ကြတယ်။အပြုအမူတွေ မှားကြတာပေါ့။
နောက်လက်ခံလိုက်တဲ့ ယဉ်ကျေးမှုတစ်ခုက ဗလင်တိုင်းဒေး(ချစ်သူများနေ့)တဲ့။ဒီယဉ်ကျေးမှုကလည်း အနောက်နိုင်ငံတွေက ဆင်းသက်လက်ခံခဲ့ရတဲ့ ကိစ္စရပ်တစ်ခုပါပဲ။အချို့က အဟုတ်တွေမှတ်လို့ အပျိုရည်အပျက်ခံပြီး ချစ်သက်သေထူကြတယ်။ချစ်ကြပါ ။ဒီရက်မှာမှ တအားကြီးလွှတ်ချစ်နေကြတာဟာ တည်းခိုခန်းတွေ အခန်းပြည့်ဖြစ်လောက်အောင်တော့ ယဉ်ကျေးမှုတွေဟာ မကောင်းဘူးလို့ထင်ပါတယ်။
သူတို့နိုင်ငံမှာလည်း မူရင်းက ဒီရည်ရွယ်ချက်တွေ ရှိလိမ့်မယ်မထင်ပါဘူး။တစ်ဆင့်ခံသူတွေရဲ့ မှားယွင်တဲ့ အပြုအမူတွေကြောင့် မူရင်းရသဟာ ပျက်ခဲ့ကြရပါပြီ။
ဒီတော့ဗျာ ယဉ်ကျေးမှု ကူးလူးဆက်တာတွေမြန်တဲ့ အခုအခါမှာ အတုယူမှားတာတွေ၊အပြုအမူမှားတာတွေ ကိုတော့ ကိုယ့်အမိန့်ကို ကိုယ့်ဟာကိုယ်ပေးပြီးသာတားကြဖို့ပဲရှိပါတော့တယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
Mingalar Market
Magical World
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service