ဆောင်းချယ်ရီ နွေပိတောက် (ချယ်ရီပွင့်ရာ တောင်ကြီးမြေ)
ဆောင်းချယ်ရီ နွေပိတောက် (ချယ်ရီပွင့်ရာ တောင်ကြီးမြေ) - Property Knowledge in Myanmar from iMyanmarHouse.com
3 Nov 2022 1:35 pm တွင် တင်ခဲ့သည်
1943 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်က သူ့ရဲ့ဝတ္ထုတွေထဲမှာ ဇာတ်အိမ်တည်ရာ ဒေသတွေရဲ့ အလှတရားတွေကို အလွန်ပဲဖွဲ့နွဲ့ပေးခဲ့ပါတယ်။
ဆရာကြီးဟာပန်းတိုင်းကိုချစ်ပါလိမ့်မယ်။တခုတ်တရနဲ့ အဖွဲ့များတာကတော့ ပိတောက်ပန်းကို အဖွဲများခဲ့ ပါတယ်။ဆရာကြီးရဲ့ဝတ္ထုတွေမှာတောင် “ပိတောက်ပွင့်ဆဲ လသာဆဲဝယ်” “ပိတောက်နှင့်ကြိုပါမည် မာရီယာ” “ပိတောက်နှောင်းကိုရေမလောင်းပါ”တို့ဆိုပြီး ခေါင်းစဉ်တို့တပ်ပြီး ပိတောက်ကိုဖွဲ့နွဲ့ခဲ့ပါသေးတယ်။
ဒါ့အပြင် တောင်ကြီးတက္ကသိုလ်မှာတာဝန်ထမ်းဆောင်တော့ တောင်ကြီးမြေရဲ့အလှတွေနဲ့ဖန်တီးခဲ့တဲ့ ဝတ္ထုတွေကလည်း ပေါ်ထွက်လာခဲ့ပါတယ်။ “လွမ်းပါလေရစ်သည်သောင်ငွေဦး” “မျက်ရည်လောက၏ ဟိုမှာဘက်” ဆိုတဲ့ ဝတ္ထုတွေမှာ တောင်ကြီးမြေမှာ ရှင်သန်ပေါက်ရောက်ကြတဲ့ ချယ်ရီနဲ့ စိန်ပန်းပြာတို့ရဲ့ အလှတွေကိုလည်း မှတ်မှတ်ရရ အမွှန်းတင်ခဲ့ပါတယ်။
ဆရာကြီးရဲ့ အဖွဲ့နွဲ့တွေက ကိုယ်ကိုယ်တိုင် ဝတ္ထုထဲကဇာတ်ကောင် ဖြစ်သွားပြီး ဇာတ်အိမ်တည်ရာက ဒေသအလှတွေနဲ့ ကျေနပ်ကျင်လည်နေမိသည်အထိ ဖြစ်ရပါတယ်။
အခုတော့ ချယ်ရီနဲ့စိန်ပန်းပြာတို့က တောင်ကြီးမြေကို အလှတို့ဆင်မြန်းပေးနေပါသေးရဲ့လား။တချို့သော တောင်ကြီးချစ်သူတို့က ယခင်ကထက် ချယ်ရီတွေလျော့ပါးသွားလို့ ထိန်းသိမ်းသင့်ကြပြီဆိုတဲ့ အကြောင်းတွေနဲ့ သတိပေးမှုတွေ တွေ့နေရတော့ ဝတ္ထုထဲကပုံရိပ်တွေနဲ့ မြင်ခွင့်ချစ်ခွင့်ရတဲ့တောင်ကြီးမြေရဲ့ အလှသရုပ်ကို မလျော့ပါးစေဘဲ ရှိစေချင်မိပါတယ်။
ချယ်ရီတွေဟာ နှစ်စဉ် ဒီဇင်ဘာ၊ဇန်နဝါရီနဲ့ဖေဖေါ်ဝါရီလများအတွင်း ဖူးပွင့်တတ်ကြတယ်လို့ သိရပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ လမ်းချဲ့တာနဲ့ တောမီးရှို့တာတွေကြောင့် ချယ်ရီပင်တွေ လျော့ပါး သွားတယ်လို့လည်း သိရပါတယ်။အဲဒါတွေလုပ်တဲ့ အခါမှာ သဘာဝကပေးတဲ့ မိမိတို့ဒေသရဲ့ ဂုဏ်ကိုဆောင်နေတဲ့ အလှတရားတွေကို မပျက်စီးအောင်လည်း သတိထားလုပ်ကြရမယ့် ကိစ္စတွေပါပဲ။
အဲဒါအပြင် ပန်းကိုမင်လို့ ကိုင်းချိုးကာ ပန်ဆင်သူတွေကြောင့်လည်း ချယ်ရီပင်တွေဟာ ပျက်စီးမှုရှိကြောင်းလည်း သိရပါတယ်။လှပါစေ အပင်မှာပဲလှပါစေ။
ချယ်ရီတွေ ပိတောက်တွေဟာ အပင်ပေါ်မှာ တစ်ဆုပ်တစ်ခဲနဲ့ ပိုပြီးလှပါတယ်။ဒီလိုအပင်ပေါ်မှာတောင် အလှသက်တမ်း မရှည်ကြပါဘူး။ခူးပြီးခဏမှာပဲ ညှိုးလျော်သွားပါတယ်။အပင်မှာပဲ အလှတို့ဝင့်ကြွားတာကို ကျွန်တော်တို့ ဂုဏ်ယူမြတ်နိူးတတ်ရပါလိမ့်မယ်။ဒါမှကိုယ်ဒေသရဲ့ အမှတ်တရအလှကိုဖော်ဆောင်ပေးတဲ့ ပုံရိပ်တို့ မပျောက်ပျက် မဆိတ်သုဉ်းမှာပေါ့။
ချယ်ရီတွေပေါက်ရောက်ရှင်သန် ပွင့်ဖူးကြတဲ့ အခြားနိုင်ငံတွေကတော့ ဒီအပင်တွေရဲ့ပန်းပွင့်ရာသီမှာ ပန်းတွေကို မခူးကြပဲ ပန်းပွဲတော်လုပ်ပြီးလာကြည့်ကြတဲ့အထိ တန်ဖိုးထားကြပါတယ်။ကျွန်တော်တို့လည်း တန်ဖိုးထားကြရပါလိမ့်မယ်။
မကြာခင်ရောက်လာတော့မယ့် ဒီဇင်ဘာမှာ ချယ်ရီပန်းတွေပွင့်မယ့် တောင်ကြီးမြေကို အလည်အပတ် သွားနိုင်ကြဖို့ နှိုးဆော်မှုနဲ့အတူ ဒီဆောင်းပါးလေးကိုရေးရခြင်းပါ။
ဒီတော့ဗျာ ချယ်ရီပန်းချစ်သူတွေ တင်ထားတဲ့ ပုံရိပ်လေးတွေကို မြတ်နိုးတန်ဖိုးထားတာနဲ့ အတူ အခြားသူတွေကိုလည်း ခံစားတန်ဖိုးထားစေချင်လို့ ပုံရိပ်ပိုင်ရှင်တွေကို အသိအမှတ်ပြုပြီး ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
Mingalar Market
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service