ဟင်းချက်ပြီးတိုင်း အနံ့တွေစွဲမကျန်စေဖို့......

ဟင်းချက်ပြီးတိုင်း အနံ့တွေစွဲမကျန်စေဖို့...... - Property Knowledge in Myanmar from iMyanmarHouse.com
8 Oct 2022 1:50 pm တွင် တင်ခဲ့သည်
832 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

မီးဖိုချောင်ထဲကနေထွက်လာတဲ့ မွှေးပျံ့တဲ့ ဟင်းလျာအနံ့လေးတွေက ထမင်းဝိုင်းအတွက်တော့ တကယ့်ကိုမွှေးရနံ့ပါပဲ။ ဒါပေမဲ့ ဒီဟင်းနံ့တွေက အဝတ်အစား၊ အသုံးအဆောင်နဲ့ ဧည့်ခန်း၊ အိပ်ခန်းတွေထဲမှာရှိနေမယ်ဆိုရင်တော့ အဆင်မပြေတော့ပါဘူးနော်။ ဒါကြောင့် ကိုယ်က ဟင်းချက်တော့မယ်ဆိုရင် ဟင်းနံ့တွေ ဟိုစွဲဒီစွဲမကျန်ရစ်စေဖို့ ဒီအချက်လေးတွေကို လုပ်ဆောင်နိုင်ပါတယ်။

ကြိုတင်ဖယ်ရှားပါ

ကိုယ့်ရဲ့မီးဖိုခန်းနဲ့ အိပ်ခန်း၊ဧည့်ခန်းတွေကို တံခါးသီးသန့်ခြားမထားဘူးဆိုရင် ဟင်းနံ့တွေကသေချာပေါက် အခန်းတွေထဲကိုဝင်လာမှာပါ။ အထူးသဖြင့် မျှစ်ချဉ်ဟင်း၊ မဆလာပါတဲ့ဟင်း၊ အသားငါးဟင်းတွေ ချက်တဲ့အခါအနံ့တွေက ပိုစွဲကျန်တတ်ပါတယ်။ ဒါကြောင့် အနံ့စုပ်ယူလွယ်တဲ့ မျက်နှာသုတ်ပဝါတွေ၊ ချည်ထည်အကျီတွေစတဲ့ တွဲလောင်းချိတ်ထားတဲ့ အဝတ်အစားတွေကို အရင်သိမ်းဆည်းပေးပါ။

သစ်ကြံပိုးခေါက်၊ နာနတ်ပွင့်နဲ့ သံပရိုကွင်း

မီးဖိုခန်းထဲမှာ စွဲကျန်နေတဲ့အနံ့တွေအတွက် မီးဖိုချောင်ထဲမှာရှိနေတဲ့ ပစ္စည်းတွေနဲ့ပဲဖယ်ရှားလို့ရပါတယ်။ လွယ်ကူတဲ့နည်းတစ်နည်းကတော့ သစ်ကြံပိုးခေါက်၊နာနတ်ပွင့်နဲ့ သံပရိုကွင်းတွေကို ရေနွေးဆူဆူထဲထည့်ပြုတ်ခြင်းပါပဲ။ ဒီပြုတ်အိုးဆူဆူကို အဖုံးဖွင့်ပြီး ၁၀ မိနစ်လောက်ထားလိုက်မယ်ဆိုရင် အနံ့တွေလည်းပျောက်သလို ခြင်တွေကိုလည်းဝေးဝေးပြေးစေပါသေးတယ်နော်။

ကြိတ်ထားတဲ့ ကော်ဖီစေ့

ကော်ဖီရဲ့မွှေးရနံ့ကလည်း ဟင်းနံ့တွေကိုစုပ်ယူဖယ်ရှားပေးပါတယ်။ ဒါကြောင့် အနံ့တွေဖယ်ရှားဖို့ ကော်ဖီမှုန့်ကိုအခုလိုအသုံးချနိုင်ပါတယ်။ ကြိတ်ထားတဲ့ကော်ဖီမှုန့် ဒါမှမဟုတ် အသင့်သုံးကော်ဖီမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်းခန့်ယူပါ။ ဒယ်အိုးထဲထည့်ပြီး မီးပြင်းပြင်းနဲ့လှော်ပေးပါ။ ပြီးရင်တော့ ရေနည်းနည်းထည့်လိုက်ပါ။ ဒီလိုထည့်လိုက်ချိန်မှာ ထွက်လာတဲ့အငွေ့က အခန်းထဲမှာရှိတဲ့ဟင်းနံ့တွေအားလုံးကိုဖယ်ရှားပြီး လတ်ဆတ်မွှေးပျံ့မှုကိုပြန်ရရှိပါလိမ့်မယ်။ ဒီဒယ်အိုးလေးကိုကိုင်ပြီး ဧည့်ခန်း၊ အိပ်ခန်းတွေထဲသွားလိုက်ရင် တစ်အိမ်လုံးလတ်ဆတ်မွှေးပျံ့သွားမှာဖြစ်ပါတယ်။

ရှာလကာရည်

ရှာလကာရည်(ဗီနီဂါ) ကလည်း မီးဖိုချောင်ထဲကအစွမ်းထက်ဘုရင်တစ်ပါးပါပဲနော်။ ရှာလကာရည်ကို အနံ့တွေဖယ်ရှားဖို့အတွက်လည်း သုံးနိုင်ပါသေးတယ်။ အိုးထဲကို ရှာလကာရည်အနည်းငယ်ထည့်ပြီး ပွက်ပွက်ဆူလာအောင်တည်ပေးပါ။ အိုးအဖုံးဖွင့်ပြီး ၁၅ မိနစ်ခန့်တည်ထားလိုက်မယ်ဆိုရင် ဟင်းနံ့တွေအားလုံးပျောက်ကင်းသွားပါလိမ့်မယ်။

ဖယောင်းတိုင်

အနံ့တွေကိုစုပ်ယူဖယ်ရှားပေးတဲ့ ဖယောင်းတိုင်လေးတွေကိုလည်း ဒီလိုအချိန်မှာသုံးနိုင်ပါတယ်နော်။ မီးဖိုချောင်မှာသုံးတဲ့ Chef’s Candle လေးတွေကို Online ကနေတဆင့်မှာယူသုံးစွဲနိုင်ပါတယ်။ ဒီဖယောင်းတိုင်လေးတွေကတော့ သုံးစွဲရလွယ်ကူသလို လတ်ဆတ်တဲ့ရနံ့ကျန်စေဖို့ ထိရောက်တဲ့နည်းလမ်းတစ်ခုပါပဲ။ ဖယောင်းတိုင်ထွန်းပြီး မေ့မထားမိဖို့တော့ ဂရုစိုက်ပါနော်။ ဒီဖယောင်းတိုင်လေးတွေကိုပင်စိမ်း၊ သနပ်ပင်၊ စပါးလင် စတဲ့အနံ့ဆိုးဖယ်ရှားနိုင်တဲ့ သဘာဝပစ္စည်းတွေနဲ့ထုတ်လုပ်လေ့ရှိကြပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: howtocook

 

 

 

[Zawgyi]

ဟင္းခ်က္ၿပီးတိုင္း အနံ႔ေတြစြဲမက်န္ေစဖို႔......

 

မီးဖိုေခ်ာင္ထဲကေနထြက္လာတဲ့ ေမႊးပ်ံ႕တဲ့ ဟင္းလ်ာအနံ႔ေလးေတြက ထမင္းဝိုင္းအတြက္ေတာ့ တကယ့္ကိုေမႊးရနံ႔ပါပဲ။ ဒါေပမဲ့ ဒီဟင္းနံ႔ေတြက အဝတ္အစား၊ အသုံးအေဆာင္နဲ႔ ဧည့္ခန္း၊ အိပ္ခန္းေတြထဲမွာ႐ွိေနမယ္ဆိုရင္ေတာ့ အဆင္မေျပေတာ့ပါဘူးေနာ္။ ဒါေၾကာင့္ ကိုယ္က ဟင္းခ်က္ေတာ့မယ္ဆိုရင္ ဟင္းနံ႔ေတြ ဟိုစြဲဒီစြဲမက်န္ရစ္ေစဖို႔ ဒီအခ်က္ေလးေတြကို လုပ္ေဆာင္ႏိုင္ပါတယ္။

ႀကိဳတင္ဖယ္႐ွားပါ

ကိုယ့္ရဲ႕မီးဖိုခန္းနဲ႔ အိပ္ခန္း၊ဧည့္ခန္းေတြကို တံခါးသီးသန္႔ျခားမထားဘူးဆိုရင္ ဟင္းနံ႔ေတြကေသခ်ာေပါက္ အခန္းေတြထဲကိုဝင္လာမွာပါ။ အထူးသျဖင့္ မွ်စ္ခ်ဥ္ဟင္း၊ မဆလာပါတဲ့ဟင္း၊ အသားငါးဟင္းေတြ ခ်က္တဲ့အခါအနံ႔ေတြက ပိုစြဲက်န္တတ္ပါတယ္။ ဒါေၾကာင့္ အနံ႔စုပ္ယူလြယ္တဲ့ မ်က္ႏွာသုတ္ပဝါေတြ၊ ခ်ည္ထည္အက်ီေတြစတဲ့ တြဲေလာင္းခ်ိတ္ထားတဲ့ အဝတ္အစားေတြကို အရင္သိမ္းဆည္းေပးပါ။

သစ္ၾကံပိုးေခါက္၊ နာနတ္ပြင့္နဲ႔ သံပ႐ိုကြင္း

မီးဖိုခန္းထဲမွာ စြဲက်န္ေနတဲ့အနံ႔ေတြအတြက္ မီးဖိုေခ်ာင္ထဲမွာ႐ွိေနတဲ့ ပစၥည္းေတြနဲ႔ပဲဖယ္႐ွားလို႔ရပါတယ္။ လြယ္ကူတဲ့နည္းတစ္နည္းကေတာ့ သစ္ၾကံပိုးေခါက္၊နာနတ္ပြင့္နဲ႔ သံပ႐ိုကြင္းေတြကို ေရေႏြးဆူဆူထဲထည့္ျပဳတ္ျခင္းပါပဲ။ ဒီျပဳတ္အိုးဆူဆူကို အဖုံးဖြင့္ၿပီး ၁၀ မိနစ္ေလာက္ထားလိုက္မယ္ဆိုရင္ အနံ႔ေတြလည္းေပ်ာက္သလို ျခင္ေတြကိုလည္းေဝးေဝးေျပးေစပါေသးတယ္ေနာ္။

ႀကိတ္ထားတဲ့ ေကာ္ဖီေစ့

ေကာ္ဖီရဲ႕ေမႊးရနံ႔ကလည္း ဟင္းနံ႔ေတြကိုစုပ္ယူဖယ္႐ွားေပးပါတယ္။ ဒါေၾကာင့္ အနံ႔ေတြဖယ္႐ွားဖို႔ ေကာ္ဖီမႈန္႔ကိုအခုလိုအသုံးခ်ႏိုင္ပါတယ္။ ႀကိတ္ထားတဲ့ေကာ္ဖီမႈန္႔ ဒါမွမဟုတ္ အသင့္သုံးေကာ္ဖီမႈန္႔ စားပြဲတင္ဇြန္း ၂ ဇြန္းခန္႔ယူပါ။ ဒယ္အိုးထဲထည့္ၿပီး မီးျပင္းျပင္းနဲ႔ေလွာ္ေပးပါ။ ၿပီးရင္ေတာ့ ေရနည္းနည္းထည့္လိုက္ပါ။ ဒီလိုထည့္လိုက္ခ်ိန္မွာ ထြက္လာတဲ့အေငြ႕က အခန္းထဲမွာ႐ွိတဲ့ဟင္းနံ႔ေတြအားလုံးကိုဖယ္႐ွားၿပီး လတ္ဆတ္ေမႊးပ်ံ႕မႈကိုျပန္ရ႐ွိပါလိမ့္မယ္။ ဒီဒယ္အိုးေလးကိုကိုင္ၿပီး ဧည့္ခန္း၊ အိပ္ခန္းေတြထဲသြားလိုက္ရင္ တစ္အိမ္လုံးလတ္ဆတ္ေမႊးပ်ံ႕သြားမွာျဖစ္ပါတယ္။

႐ွာလကာရည္

႐ွာလကာရည္(ဗီနီဂါ) ကလည္း မီးဖိုေခ်ာင္ထဲကအစြမ္းထက္ဘုရင္တစ္ပါးပါပဲေနာ္။ ႐ွာလကာရည္ကို အနံ႔ေတြဖယ္႐ွားဖို႔အတြက္လည္း သုံးႏိုင္ပါေသးတယ္။ အိုးထဲကို ႐ွာလကာရည္အနည္းငယ္ထည့္ၿပီး ပြက္ပြက္ဆူလာေအာင္တည္ေပးပါ။ အိုးအဖုံးဖြင့္ၿပီး ၁၅ မိနစ္ခန္႔တည္ထားလိုက္မယ္ဆိုရင္ ဟင္းနံ႔ေတြအားလုံးေပ်ာက္ကင္းသြားပါလိမ့္မယ္။

ဖေယာင္းတိုင္

အနံ႔ေတြကိုစုပ္ယူဖယ္႐ွားေပးတဲ့ ဖေယာင္းတိုင္ေလးေတြကိုလည္း ဒီလိုအခ်ိန္မွာသုံးႏိုင္ပါတယ္ေနာ္။ မီးဖိုေခ်ာင္မွာသုံးတဲ့ Chef’s Candle ေလးေတြကို Online ကေနတဆင့္မွာယူသုံးစြဲႏိုင္ပါတယ္။ ဒီဖေယာင္းတိုင္ေလးေတြကေတာ့ သုံးစြဲရလြယ္ကူသလို လတ္ဆတ္တဲ့ရနံ႔က်န္ေစဖို႔ ထိေရာက္တဲ့နည္းလမ္းတစ္ခုပါပဲ။ ဖေယာင္းတိုင္ထြန္းၿပီး ေမ့မထားမိဖို႔ေတာ့ ဂ႐ုစိုက္ပါေနာ္။ ဒီဖေယာင္းတိုင္ေလးေတြကိုပင္စိမ္း၊ သနပ္ပင္၊ စပါးလင္ စတဲ့အနံ႔ဆိုးဖယ္႐ွားႏိုင္တဲ့ သဘာဝပစၥည္းေတြနဲ႔ထုတ္လုပ္ေလ့႐ွိၾကပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: howtocook

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service