လမ်းခွဲကြမလား အတွဲခွဲဘုရားကျောင်းကိုသွား

လမ်းခွဲကြမလား အတွဲခွဲဘုရားကျောင်းကိုသွား - Property Knowledge in Myanmar from iMyanmarHouse.com
7 Oct 2022 12:12 pm တွင် တင်ခဲ့သည်
854 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

 

အခြားသောနိုင်ငံတွေရဲ့ ထူးခြားတဲ့နေရာလေးတွေကလည်း စိတ်ဝင်စားစရာပါပဲ။

တစ်နေ့ Neo Mars International ကတင်တဲ့ သတင်းလေးက စိတ်ဝင်စားစရာပါပဲ။ဒီသတင်းလေးက ဂျပန်ပြည်က အဖြစ်အပျက်ပါပဲ။သစ်ပင်ကို တံစဉ်တွေစိုက်ပြီး ဆုတောင်းကြတဲ့ကိစ္စပါ။

နဂိုအစကတော့ ဒီသစ်ပင်ကြီးရဲ့ပင်စည်ကို တံစဉ်နဲ့စိုက်ကာ ဆုတောင်းခဲ့တဲ့သူက စစ်သူကြီးတစ်ဦးပါတဲ့။အဲဒီလို တံစဉ်နဲ့စိုက်ပြီး ဆုတောင်ခဲ့တဲ့အတွက် စစ်သူကြီးဟာ တိုက်ပွဲကို အောင်မြင်အောင် တိုက်ခိုက်နိုင်ခဲ့ပါတယ်တဲ့။

အဲဒီအောင်မြေနေရာနဲ့ သစ်ပင်ကြီးဟာ ဘေးဒဏ်ကြောင့် ပျက်စီးခဲ့ရာကနေ ပြန်ကောင်းလာခဲ့တယ်လို့လည်း သိရပါတယ်။

နောက်ပိုင်းတော့ ပုဂ္ဂလိကခံစားချက်တွေနဲ့ လူတွေဟာဆုတောင်းမှုတွေလုပ်လာကြပါတယ်တဲ့။ ဆုတောင်း ကြသူ အများစုကတော့ အချစ်နဲ့ပတ်သက်ပြီး ကံမကောင်းကြသူတွေပါတဲ့။ အချစ်ကို မပိုင်ဆိုင်ရလို့ မဟုတ်ဘဲ ပိုင်ဆိုင်ပြီးမှ အချစ်စစ်မဟုတ်မှန်း သိသွားကြတဲ့သူတွေက ဆုတောင်းကြတာများပါတယ်တဲ့။

အချစ်လို့ထင်ပြီးပေါင်းဖက်ခဲ့ကြပေမဲ့ အချိန်ကြလာတဲ့အခါ အပေါ်ယံအချစ်တို့လွင့်ပျောက်သွားပြီး အပြစ်တို့သာ တွေ့လာကြပါတယ်တဲ့။အဲဒီလိုလူတွေအတွက် လမ်းခွဲကြတာဟာ နှစ်ဦးနှစ်ဘက်အကောင်းဆုံး အခြေအနေ တစ်ရပ်ဖြစ်လာမယ်လို့ ယူဆမိကြသူတွေလည်း ရှိပါလိမ့်မယ်တဲ့။

ဒီလိုအခြေအနေမှာ ဒီသစ်ပင်ကြီးဟာ အတွဲခွဲလိုသူတွေအတွက် ဆုတောင်းပြည့်ရာ အောင်မြေဖြစ်လာပါတယ်။အဲဒီအတွဲခွဲ ဘုရားကျောင်းကတော့ Kamahachiman လို့ အမည်လို့သိရပြီး အိုဆာကာမှာပါတဲ့။

ဂျပန်လို Kama ဆိုတာကတော့ တံစဉ်ပါတဲ့၊ တံစဉ်ဆိုတာက ကောက်ပင်တွေကို ရိတ်လှီးပစ်တာတင်မကဘဲ ရိတ်လှီးပြီးတဲ့နောက် နုနုထွတ်ထွတ် အဖူးအညွန့်လေးတွေ ပြန်ထွက်လာမယ့် မြေပြင်ကြီးကို တမ်းတခြင်းကို ရည်ရွယ်တာပါတဲ့။

အချစ်ဟောင်းတွေဖြတ် အချစ်နုသစ်တွေထွက်ဖို့ အဲဒီနေရာကိုသွားသွားပြီးဆုတွေတောင်းကြရာမှာ လက်ရှိအချစ်ဟောင်းအပေါ်ဘယ်လောက်စိတ်ကုန်ပြီး အချစ်သစ်အတွက် ဆုတောင်းရာမှာ ဆုတောင်းမပြည့်မှာစိုးလို့ထင်ပါရဲ့တဲ့ တံစဉ်ပေါက်ချက်မှာ အားအပြည့်ထည့်သုံးထားချက်က နက်နက်နဲနဲရှိလှပါတယ်လို့ဆိုထားပါရဲ့။

ဒီသစ်ပင်ကြီးအပေါ်မှာ အားသွန်ခွန်စိုက် တံစဉ်တွေကိုထိုးစိုက်နေကြတာဟာ  ကျိန်စာတိုက်ခြင်းလို့ ယူဆစရာရှိပေမဲ့ တကယ်တော့ မဟုတ်ပါဘူး။ဒီလိုလုပ်ခြင်းဟာ အချစ်စစ်ကိုနောက်တစ်ဖန်ပြန်ရလိုတဲ့ ဆုတောင်းပြည့်စေဖို့ပါပဲတဲ့။

ဆုတောင်းချင်တဲ့ သူတွေအတွက်လည်း လမ်းညွှန်လိပ်စာလေးထည့်ပေးထားပါသေးတယ်။ 4-2 Karakiyocho, Tennoji Ward, Osaka, 543-0018, Japan မှာပါတဲ့။

မြန်မာပြည်မှာများဒီလိုမျိုးသစ်ပင်ရှိရင် တစ်ပင်ထဲနဲ့လောက်ပါ့မလားလို့ တွေးမိရင်မခက်လားဗျာ။

 

 

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: original writer

မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]


 



















 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
CarsDB
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service