ဘဝတွေပြောင်းလောက်အောင် အနုပညာကြေးမကြီးပါ
ဘဝတွေပြောင်းလောက်အောင် အနုပညာကြေးမကြီးပါ - Property Knowledge in Myanmar from iMyanmarHouse.com
6 Oct 2022 1:20 pm တွင် တင်ခဲ့သည်
1495 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
ဂျမ်းတော၊ဘုံပိပိ၊အပွားလေး တို့ရဲ့ ကုန်ပစ္စည်းကြော်ငြာ ဗီဒီယိုလေးတွေ လူမှုကွန်ရက်စာမျက်နှာမှာ တွေ့လာရပါတယ်။တကယ်တော့ သူတို့ကလေးတွေရဲ့ အနုပညာကြေးက ဘယ်လောက်မှရှိမည်မထင်။သူတို့ရဲ့ လတ်တလော ထင်ပေါ်မှုကိုယူပြီး စီးပွားရေးသမားများက အသုံးချသွားမှာပါပဲ။ ဒီထင်ပေါ်မှုလေးတွေနဲ့ လုပ်နိုင်တုန်း အခကြေးငွေရမှာပေါ့။သနားသူတွေက လှူဒါန်းမှုတွေရှိကောင်းရှိမယ်ပေါ့။ သူတို့ဘဝရှေ့ရေးအတွက်ကိုတော့ ဘယ်သူ့မှာမှတာဝန်မရှိ။သူ့တို့ရဲ့ကံကြမ္မာအတိုင်းသာ။
ပစ္စည်းတစ်ခုကြော်ငြာဖို့အတွက် နာမည်ကြီး အနုပညာရှင်တစ်ယောက်ကို ငှားပြီးအသုံးပြုရင် ကုန်ကျစရိတ်တွေ က အရမ်းများပါတယ်။ဒီတော့လုပ်ငန်းရှင်တွေအနေနဲ့ လက်တလော လူမှုကွန်ရက်မှာ ထင်ပေါ်နေတဲ့၊ အနုပညာရှင် မဟုတ်တဲ့သူတွေကို အသုံးချဖို့ဖြစ်လာပါတယ်။
လာဘ်မြင်မြင်လုပ်စားတတ်သူက လုပ်စားသွားကြတတ်ကြတာ ဓမ္မတာပါပဲ။ အပြစ်ပြောစရာမရှိ။ ကလေးတွေအနေနဲ့ လတ်တလောထင်ပေါ်မှုကြောင့် ရလာတဲ့ ငွေကြေးကို သူတို့ဘယ်လိုဖန်တီးကြမလဲ။ ဒီအရွယ်လေးတွေနဲ့ ဒါတွေသူတို့ သိမှာမဟုတ်ပါ။ရလာတာကို သုံးကြစွဲကြမယ်၊ ဝယ်ကြချမ်းကြလုပ်မှာပေါ့။ ပြီးတော့ အဖက်မတင်ဘဲကုန်သွားပါလိမ့်မယ်။ဘဝတွေက ဒုံရင်းဒုံရင်းနဲ့ နဂိုအတိုင်း ပြန်ပြီးရုန်းကန်ရတဲ့ ဘဝတွေကို ရောက်ကုန်ကြပါလိမ့်မယ်။ရလာတဲ့ငွေကြေးက သူတို့ဘဝကိုဘယ်လောက်ကြီး ပြောင်းလဲသွား နိုင်မှာလဲ။ သတိထားရမဲ့ အချက်ပါ။
လတ်တလောထင်ပေါ်မှုက အနုပညာမဟုတ်ပါဘူး။အနုပညာသည်တွေ မဟုတ်တဲ့အတွက် ရေရှည်မှာ ဒီလိုမျိုးလုပ်ပြီး ငွေရှာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ကလေးငယ်တွေဖြစ်နေတာရယ်၊ဟန်သိပ်မဆောင်တတ်တဲ့ အပြုအမူကလေးတွေရယ်၊ချစ်စရာကောင်းတဲ့ ဟန်အမူအရာလေးတစ်ခုတလေကြောင့် အပြစ်ဖြစ်ခဲ့ရင်တောင် ပရိသတ်က ခွင့်လွှတ်ပြီး ချစ်လိုက်ကြပါတယ်။မုဒိတာပွားလိုက်ကြပါတယ်။
အဓိကက ဆင်းရဲခြင်းကို စာနာသနား တတ်ကြတဲ့ ပရိသတ်က သူတို့ဘဝ ဒီလိုလေးတွေဖြစ်လာတာကို လူမှုကွန်ရက်မှာ မျှဝေကြ၊ချီးမွမ်းကြ၊မုဒိတာ ပွားကြ လုပ်ရင်းနဲ့ထင်ပေါ်မှုစခဲ့တာပါ။ ဘဝရပ်တည်ဖို့က ဒီလောက်နဲ့မလွယ်ပါဘူး။
ဒီတော့သူတို့ဘဝလေးတွေကို အမှန်တကယ် မြင့်စေ၊တင့်စေ ဖြစ်စေလိုကြရင် ရိုးရိုးလှူဒါန်းမှုမလုပ်ကြပဲ တတ်သိသူတွေက သူတို့အတွက် ရန်ပုံငွေတစ်ရပ်ထူထောင်ပြီး ပညာရေး၊ကျန်းမာရေးကအစ ရေရှည်ဘဝရပ်တည်ရေးကို ဖန်တီးပေးနိုင်ကြစေဖို့ ရည်ရွယ်ရေးသားလိုက်ရပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
imyanmarmarket
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service