ခဏခဏ မေ့တတ်နေပြီလား ! ဒါတွေစားပါ........

ခဏခဏ မေ့တတ်နေပြီလား ! ဒါတွေစားပါ........ - Property Knowledge in Myanmar from iMyanmarHouse.com
17 Sep 2022 10:53 am တွင် တင်ခဲ့သည်
1254 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

တစ်နေ့တာမှာ လုပ်စရာရှိတာတွေ လုပ်နေရင်း ဟော …ဘာလေးတော့ မေ့သွားပြန်တယ်။ ဒီနေ့ ဒါလုပ်ရမှာကို သတိထားရက် မေ့ပြန်ပြီ စိတ်ညစ်လိုက်တာဆိုပြီး နေ့တိုင်းလိုလို ညည်းတွားမိနေပြီလား။ မေ့တတ်တာက လူတိုင်းမှာ ဖြစ်တတ်တယ်ဆိုပေမယ့် ခဏခဏ မေ့တတ် တာကတော့ အတော်လေး စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ ဒီတစ်ခေါက်တော့ ခဏခဏ မေ့တတ် ရင် ဘာတွေ စားသုံးပေးသင့်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ခဏခဏ မေ့တတ်တာ ပုံမှန်ပါ

သတိ မေ့တတ် တာက လူတိုင်းလိုလို ဖြစ်တတ်ပါတယ်။ အိပ်ရေးပျက်တာကြောင့် သတိမေ့နိုင်သလို ကိုယ်လက်လှုပ်ရှားမှု နည်းတဲ့ ဘ​ဝနေထိုင်မှု ပုံစံ၊ ပတ်ဝန်းကျင်အခြေအနေတွေကြောင့်လည်း မေ့တတ် ပါတယ်။ ဒီလို မေ့တတ် တာကို အစားအသောက်နဲ့ သက်သာအောင် လုပ်ပေးလို့ ရပါတယ်။

ခဏခဏ မေ့တတ်နေပြီလား! ဒါတွေစားပါ အကြောင်းကတော့ စားသောက်မှု မှန်ကန်မယ်ဆိုရင် ဦးနှောက်ဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေမှာဖြစ်သလို မှတ်ဉာဏ်ကောင်းစေပြီး မေ့တတ်တာကို ကာကွယ်ပေးနိုင်လို့ပါ။ နေ့စဉ်စားသောက်မှုတွေကို မှန်ကန်စွာ စားသောက်ပေးမယ်ဆိုရင် တက်ကြွနိုးကြားစေမှာ အသေအချာပါ။

ခဏခဏ မေ့တတ်နေပြီလား ! ဒါတွေစားပါ

မေ့တာက တစ်နေ့ကို တစ်ခါ ၂ ခါမကဘဲ ခဏခဏ မေ့တတ်နေပြီလား ! ဒါတွေစားပါ ….. ဆိုတော့ ဘာတွေဖြစ်မလဲဆိုတာ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

ဟင်းသီးဟင်းရွက်တွေ စားပါ

လူတိုင်းက နေ့စဉ် စားသုံးမှုမှာ အသီးအရွက် ပါဝင်အောင် စားသုံးဖို့ မေ့နေတတ်ကြပါတယ်။ တကယ်ကတော့ ဦးနှောက်ကျန်းမာပြီး မှတ်ဉာဏ်ကောင်းစေဖို့အတွက် နေ့စဉ် စားသုံးမှုမှာ အသီးအရွက်တွေ ပါဝင်အောင် စားသုံးပေးဖို့ လိုပါမယ်။

အထူးသဖြင့် ဦးနှောက်ကျန်းမာစေဖို့ ထောက်ကူပေးတဲ့ အသီးအရွက်တွေ ဖြစ်တဲ့ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ ဖြစ်ကြတဲ့ ကိုက်လန်၊ မုန်ညှင်းစိမ်း စတာတွေကို စားပေးဖို့ လိုပါမယ်။

ဘယ်ရီသီးတွေ

ဘယ်ရီသီးတွေ ဘလူးဘယ်ရီ၊ ဘလက်ခ်ဘယ်ရီသီးတွေ၊ ချယ်ရီသီးတွေက မှတ်ဉာဏ်ကောင်းစေဖို့ ထောက်ကူပေးတဲ့ anthocyanins နဲ့ အခြား ဖလေဗာနွိုက်တို့ ပါဝင်နေပါတယ်။ တစ်နေ့တာမှာ ဘယ်ရီသီး လက်တစ်ဆုပ်စာ စားပေးတာက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝပြီး ခဏခဏ မေ့တတ် တာကို သက်သာစေမှာပါ။ ပုံမှန်လေး စားပေးဖို့တော့ လိုပါမယ်။

Omega-3 fatty acids ကြွယ်ဝတဲ့ ငါး

Omega-3 fatty acids ကြွယ်ဝတဲ့ အစားအစာတွေက မှတ်ဉာဏ်ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ဦးနှောက်ကျန်းမာပြီး မှတ်ဉာဏ် ကောင်းမွန်စေဖို့ဆိုရင် နေ့စဉ် စားသုံးမှုမှာ Omega-3 fatty acids ကြွယ်ဝတဲ့ ဆယ်လ်မွန်၊ တူနာငါး၊ ဆာဒင်းငါး စတာလေးတွေကို စားပေးပါ။

သစ်ကြားသီး

နှလုံးကျန်းမာစေတဲ့ သစ်ကြားသီးက ဦးနှောက်ကျန်းမာပြီး မှတ်ဉာဏ်ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ သိမြင်မှုစွမ်းရည်ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ အဆာခံနိုင်စေပြီး ပရိုတင်း ကြွယ်ဝတာကြောင့် ခန္ဓာကိုယ်ကို ကျန်းမာစေသလို omega-3 fatty acids ပါဝင်နေမှုကလည်း ခဏခဏ မေ့တတ် တာကို သက်သာစေဖို့ ထောက်ကူပေးပါတယ်။

အနက်ရောင် ချောကလက်

အနက်ရောင် ချောကလက်ကို ကိုးကိုးစေ့ကနေ ထုတ်ထားတာပါ။ ကိုးကိုးစေ့မှာ ဓာတ်ဆိုးဆန့်ကျင်ပစ္စည်း တစ်မျိုးဖြစ်တဲ့ ဖလေဗာနွိုက် ပါဝင်နေပြီး ဦးနှောက် ကျန်းမာစေသလို သိမြင်မှု စွမ်းရည်ကောင်းစေဖို့ ထောက်ကူပေးသလို သတိမေ့တတ်တာကို သက်သာစေနိုင်ပါတယ်။

ဦးနှောက်ဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး ဦးနှောက်ဆဲလ်တွေ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ မှတ်မိနိုင်စွမ်းတိုးစေပြီး အာရုံစူးစိုက်မှု ကောင်းစေဖို့ ထောက်ကူပေးပါတယ်။

ခဏခဏ မေ့တတ် နေတာကို သက်သာစေဖို့ အခုပြောခဲ့တာလေးတွေကို နေ့စဉ် စားသုံးမှုမှာ ပါဝင်အောင် ထည့်သွင်း စားသုံးပေးလို့ ရပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

 

[Zawgyi]

ခဏခဏ ေမ့တတ္ေနၿပီလား ! ဒါေတြစားပါ........

 

တစ္ေန႔တာမွာ လုပ္စရာ႐ွိတာေတြ လုပ္ေနရင္း ေဟာ …ဘာေလးေတာ့ ေမ့သြားျပန္တယ္။ ဒီေန႔ ဒါလုပ္ရမွာကို သတိထားရက္ ေမ့ျပန္ၿပီ စိတ္ညစ္လိုက္တာဆိုၿပီး ေန႔တိုင္းလိုလို ညည္းတြားမိေနၿပီလား။ ေမ့တတ္တာက လူတိုင္းမွာ ျဖစ္တတ္တယ္ဆိုေပမယ့္ ခဏခဏ ေမ့တတ္ တာကေတာ့ အေတာ္ေလး စိတ္အေႏွာင့္အယွက္ျဖစ္ရပါတယ္။ ဒီတစ္ေခါက္ေတာ့ ခဏခဏ ေမ့တတ္ ရင္ ဘာေတြ စားသုံးေပးသင့္လဲဆိုတာကို ေျပာျပေပးခ်င္ပါတယ္။

ခဏခဏ ေမ့တတ္တာ ပုံမွန္ပါ

သတိ ေမ့တတ္ တာက လူတိုင္းလိုလို ျဖစ္တတ္ပါတယ္။ အိပ္ေရးပ်က္တာေၾကာင့္ သတိေမ့ႏိုင္သလို ကိုယ္လက္လႈပ္႐ွားမႈ နည္းတဲ့ ဘ​ဝေနထိုင္မႈ ပုံစံ၊ ပတ္ဝန္းက်င္အေျခအေနေတြေၾကာင့္လည္း ေမ့တတ္ ပါတယ္။ ဒီလို ေမ့တတ္ တာကို အစားအေသာက္နဲ႔ သက္သာေအာင္ လုပ္ေပးလို႔ ရပါတယ္။

ခဏခဏ ေမ့တတ္ေနၿပီလား! ဒါေတြစားပါ အေၾကာင္းကေတာ့ စားေသာက္မႈ မွန္ကန္မယ္ဆိုရင္ ဦးေႏွာက္ဆီ ေသြးစီးဆင္းေရာက္႐ွိမႈ ေကာင္းေစမွာျဖစ္သလို မွတ္ဉာဏ္ေကာင္းေစၿပီး ေမ့တတ္တာကို ကာကြယ္ေပးႏိုင္လို႔ပါ။ ေန႔စဥ္စားေသာက္မႈေတြကို မွန္ကန္စြာ စားေသာက္ေပးမယ္ဆိုရင္ တက္ႂကြႏိုးၾကားေစမွာ အေသအခ်ာပါ။

ခဏခဏ ေမ့တတ္ေနၿပီလား ! ဒါေတြစားပါ

ေမ့တာက တစ္ေန႔ကို တစ္ခါ ၂ ခါမကဘဲ ခဏခဏ ေမ့တတ္ေနၿပီလား ! ဒါေတြစားပါ ….. ဆိုေတာ့ ဘာေတြျဖစ္မလဲဆိုတာ အတူတူ ဆက္ၾကည့္လိုက္ရေအာင္ေနာ္။

ဟင္းသီးဟင္း႐ြက္ေတြ စားပါ

လူတိုင္းက ေန႔စဥ္ စားသုံးမႈမွာ အသီးအ႐ြက္ ပါဝင္ေအာင္ စားသုံးဖို႔ ေမ့ေနတတ္ၾကပါတယ္။ တကယ္ကေတာ့ ဦးေႏွာက္က်န္းမာၿပီး မွတ္ဉာဏ္ေကာင္းေစဖို႔အတြက္ ေန႔စဥ္ စားသုံးမႈမွာ အသီးအ႐ြက္ေတြ ပါဝင္ေအာင္ စားသုံးေပးဖို႔ လိုပါမယ္။

အထူးသျဖင့္ ဦးေႏွာက္က်န္းမာေစဖို႔ ေထာက္ကူေပးတဲ့ အသီးအ႐ြက္ေတြ ျဖစ္တဲ့ ပန္းေဂၚဖီစိမ္း၊ ေဂၚဖီထုပ္၊ အစိမ္းရင့္ေရာင္ ဟင္းသီးဟင္း႐ြက္ေတြ ျဖစ္ၾကတဲ့ ကိုက္လန္၊ မုန္ညႇင္းစိမ္း စတာေတြကို စားေပးဖို႔ လိုပါမယ္။

ဘယ္ရီသီးေတြ

ဘယ္ရီသီးေတြ ဘလူးဘယ္ရီ၊ ဘလက္ခ္ဘယ္ရီသီးေတြ၊ ခ်ယ္ရီသီးေတြက မွတ္ဉာဏ္ေကာင္းေစဖို႔ ေထာက္ကူေပးတဲ့ anthocyanins နဲ႔ အျခား ဖေလဗာႏြိဳက္တို႔ ပါဝင္ေနပါတယ္။ တစ္ေန႔တာမွာ ဘယ္ရီသီး လက္တစ္ဆုပ္စာ စားေပးတာက ဓာတ္တိုးဆန္႔က်င္ပစၥည္း ႂကြယ္ဝၿပီး ခဏခဏ ေမ့တတ္ တာကို သက္သာေစမွာပါ။ ပုံမွန္ေလး စားေပးဖို႔ေတာ့ လိုပါမယ္။

Omega-3 fatty acids ႂကြယ္ဝတဲ့ ငါး

Omega-3 fatty acids ႂကြယ္ဝတဲ့ အစားအစာေတြက မွတ္ဉာဏ္ေကာင္းေစဖို႔ ေထာက္ကူေပးႏိုင္ပါတယ္။ ဒါေၾကာင့္ ဦးေႏွာက္က်န္းမာၿပီး မွတ္ဉာဏ္ ေကာင္းမြန္ေစဖို႔ဆိုရင္ ေန႔စဥ္ စားသုံးမႈမွာ Omega-3 fatty acids ႂကြယ္ဝတဲ့ ဆယ္လ္မြန္၊ တူနာငါး၊ ဆာဒင္းငါး စတာေလးေတြကို စားေပးပါ။

သစ္ၾကားသီး

ႏွလုံးက်န္းမာေစတဲ့ သစ္ၾကားသီးက ဦးေႏွာက္က်န္းမာၿပီး မွတ္ဉာဏ္ေကာင္းေစဖို႔ ေထာက္ကူေပးပါတယ္။ သိျမင္မႈစြမ္းရည္ေကာင္းေစဖို႔ ေထာက္ကူေပးပါတယ္။ အဆာခံႏိုင္ေစၿပီး ပ႐ိုတင္း ႂကြယ္ဝတာေၾကာင့္ ခႏၶာကိုယ္ကို က်န္းမာေစသလို omega-3 fatty acids ပါဝင္ေနမႈကလည္း ခဏခဏ ေမ့တတ္ တာကို သက္သာေစဖို႔ ေထာက္ကူေပးပါတယ္။

အနက္ေရာင္ ေခ်ာကလက္

အနက္ေရာင္ ေခ်ာကလက္ကို ကိုးကိုးေစ့ကေန ထုတ္ထားတာပါ။ ကိုးကိုးေစ့မွာ ဓာတ္ဆိုးဆန္႔က်င္ပစၥည္း တစ္မ်ိဳးျဖစ္တဲ့ ဖေလဗာႏြိဳက္ ပါဝင္ေနၿပီး ဦးေႏွာက္ က်န္းမာေစသလို သိျမင္မႈ စြမ္းရည္ေကာင္းေစဖို႔ ေထာက္ကူေပးသလို သတိေမ့တတ္တာကို သက္သာေစႏိုင္ပါတယ္။

ဦးေႏွာက္ဆီ ေသြးစီးဆင္းေရာက္႐ွိမႈ ေကာင္းေစၿပီး ဦးေႏွာက္ဆဲလ္ေတြ က်န္းမာေစဖို႔ ေထာက္ကူေပးပါတယ္။ မွတ္မိႏိုင္စြမ္းတိုးေစၿပီး အာ႐ုံစူးစိုက္မႈ ေကာင္းေစဖို႔ ေထာက္ကူေပးပါတယ္။

ခဏခဏ ေမ့တတ္ ေနတာကို သက္သာေစဖို႔ အခုေျပာခဲ့တာေလးေတြကို ေန႔စဥ္ စားသုံးမႈမွာ ပါဝင္ေအာင္ ထည့္သြင္း စားသုံးေပးလို႔ ရပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
Mingalar Market
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service