စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....

စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ..... - Property Knowledge in Myanmar from iMyanmarHouse.com
8 Sep 2022 11:58 am တွင် တင်ခဲ့သည်
571 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

စိတ်ညစ်တယ်တို့၊ စိတ်ဓာတ်ကျတယ်တို့ဖြစ်လာရင် ဘီယာဆိုင်သွားရတာနဲ့၊ မိန်းကလေးတွေဆို ရှော့ပင်ထွက်ရတာနဲ့၊ လျှောက်လည်ကြတာနဲ့ ဖြေဖျောက်ကြတယ်။ တချို့ကျ တစ်ချောင်ချောင်မှာ မှိုင်ပြီး ဘာကို ဘာမှန်းမသိဖြစ်နေတာမျိုး။

အလုပ်ကြောင့်၊ မိသားစုကြောင့်၊ အချစ်ကြောင့်၊ သူငယ်ချင်းကြောင့်စိတ်ဖိစီးနေတာတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ဖြေဖျောက်ကြတယ်မလား။ ခရီးထွက်လိုက်တာ၊ ကော်ဖီဆိုင်ထိုင်တာ၊ စာအုပ်ဖတ်တာ၊ တရားထိုင်တာ စတဲ့တခြားနည်းတွေရှိသေးတယ်။

ဒီတစ်ခါ သုတေသနတွေက တွေ့ရှိလာတဲ့ နည်းတစ်ခုကတော့ အဆန်း။ အိမ်ကအမေတွေ ပျော်မယ့်နည်းလမ်းပေါ့လေ။ အိုးခွက်ပန်းကန်တွေ ဆေးကြောတာက စိတ်ဖိစီးမှုကိုပြေလျော့စေနိုင်တယ်တဲ့။ အိမ်အလုပ်ဝိုင်းမကူတဲ့ သားသမီးတွေကို ဒီသတင်းနဲ့ဆွဲဆောင်လို့ရပြီလေ။

စိတ်ညစ်လာရင် Gym သွား ကစားမယ့်အစား၊ အိမ်မှာ အိုက်တိုးပဂေးဆန်လိုက်ပါ။အိမ်မှာလည်း ကူညီရာရောက် ကိုယ်လည်းအကျိုးရှိပါတယ်။

ဖလော်ရီဒါပြည်နယ်တက္ကသိုလ် သုတေသီတွေက ဒီဆက်နွယ်မှုကို လေ့လာတွေ့ရှိခဲ့တာပါ။

ပူလောင်စေတဲ့ ဖိစီးမှုအတွေးတွေကို လွှင့်ပစ်ပြီး ကိုယ်လုပ်သင့်တာတွေကိုရှင်းရှင်းလင်းလင်းမြင်လာစေတဲ့အထိ ကြည်လင်သွားစေတာက ပန်းကန်ဆေးတဲ့လုပ်ငန်းစဉ်နဲ့ သဘောတရားတူပါတယ်။ ပေကျံမှုတွေကို ဆေးကြောသန့်စင်နေရင်း ကိုယ့်စိတ်ထဲက ပူပန်မှုတွေ၊ ဖိစီးနေတာတွေ ပါ ပေါ့သွားတာ သတိတောင်ထားမိမှာမဟုတ်ပါဘူး။ ဒါက အာရုံပြောင်းနည်းတစ်မျိုးလည်း ဖြစ်ပါတယ်။

လေ့လာမှုမှာ တက္ကသိုလ်ကျောင်းသား (၅၁) ဦးကို နှစ်ဖွဲ့ခွဲပြီး တစ်ဖွဲ့ကို ပန်းကန်ဆေးကြောခြင်းအကြောင်း စာစုတစ်ခုရေးခိုင်းတယ်။ နောက်တစ်ဖွဲ့ကို ပန်းကန်ဆေးကြောခြင်းအကြောင်း လက်တွေ့ကျကျအမြင်စာစုတစ်ခုဖတ်စေတယ်။ အဲဒီစာစုမှာ ကိုယ်လက်ရှိလုပ်နေတဲ့အလုပ်ကိုပဲ စိတ်ကအာရုံထားဖို့ အရေးကြီးကြောင်းအဓိကညွှန်းထားတယ်။

သူတို့ကို ပန်းကန်အနည်းငယ်စီဆေးခိုင်းပြီးတဲ့အခါ သူတို့တွေရဲ့စိတ်အတွေးဘယ်လိုရှိလဲဆိုတာ သုတေသီတွေက လေ့လာဆန်းစစ်ခဲ့ပါတယ်။ နှိုင်းယှဉ်ကြည့်တဲ့အခါ စာစုကို ဖတ်ထားပြီးမှ ပန်းကန်ဆေးတဲ့သူတွေဟာ ဆပ်ပြာရဲ့အနံ့၊ ရေ ရဲ့အပူအအေး၊ ပန်းကန်တွေကို ဆေးကြောလိုက်တဲ့အခါသန့်စင်သွားတာတွေကို အာရုံစိုက် သတိထားပြီးလုပ်တဲ့အတွက် အလုပ်ပြီးချိန်မှာ စိတ်ထဲပိုပေါ့ပါးတာတွေ့ရပါတယ်။

မလုပ်မဖြစ်လို့ အာရုံမရှိဘဲ အိမ်အလုပ်လုပ်တာထက် စိတ်ဖိစီးမှုတွေဖြေဖျောက်ဖို့ ကိုယ့်ရှေ့မှာ၊ ကိုယ့်လက်ထဲမှာရှိနေတဲ့ပန်းကန်ခွက်ယောက်တွေကို အာရုံစိုက်ပြီးသေချာဆေးကြောတာက ပိုထိရောက်ပါလိမ့်မယ်။ ဒီလိုဆေးကြောခြင်းအားဖြင့် ကာယကံရှင်ဟာ နေ့စဉ်ဘဝရဲ့ စိတ်ဖိစီးစရာတွေ၊ ပူလောင်မှုတွေထဲမျောပါနေတဲ့ သောကစိတ်ကို လျော့စေနိုင်ပါတယ်လို့ သုတေသီ Adam Hanley ကပြောပါတယ်။

ညစ်နေတဲ့စိတ်ကိုပါ တစ်ခါတည်းဆေးကြောပစ်လိုက်တာလို့လည်း ခံစားလာရတာဖြစ်နိုင်ပါတယ်။ လက်ရှိပိတ်မိနေတဲ့ စိတ်မသက်သာမှုတွေထဲကနေ ခဏလွတ်မြောက်နေသလို ခံစားမိလာပါလိမ့်မယ်။ ဒီသုတေသနအကြောင်းကို Mindfulness ဂျာနယ်မှာ ဖော်ပြထားတာဖြစ်ပါတယ်။

ကဲ ကြော်ငြာဝင်လို့လည်းပြီးပြီဆိုတော့ အပြင်မှာ စိတ်ဖိစီးလာသမျှ အိမ်ပြန်ရောက်တာနဲ့ အိုက်တိုးပဂေးဆန်လိုက်ပါတော့။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: Yun Sandi Nan Mon

 

 

[Zawgyi]

စိတ္ဖိစီးမႈေတြေျပေပ်ာက္ခ်င္ရင္ အိုးတိုက္ပန္းကန္ေဆးပါ.....

 

စိတ္ညစ္တယ္တို႔၊ စိတ္ဓာတ္က်တယ္တို႔ျဖစ္လာရင္ ဘီယာဆိုင္သြားရတာနဲ႔၊ မိန္းကေလးေတြဆို ေ႐ွာ့ပင္ထြက္ရတာနဲ႔၊ ေလွ်ာက္လည္ၾကတာနဲ႔ ေျဖေဖ်ာက္ၾကတယ္။ တခ်ိဳ႕က် တစ္ေခ်ာင္ေခ်ာင္မွာ မိႈင္ၿပီး ဘာကို ဘာမွန္းမသိျဖစ္ေနတာမ်ိဳး။

အလုပ္ေၾကာင့္၊ မိသားစုေၾကာင့္၊ အခ်စ္ေၾကာင့္၊ သူငယ္ခ်င္းေၾကာင့္စိတ္ဖိစီးေနတာေတြကို ကိုယ့္နည္းကိုယ့္ဟန္နဲ႔ေျဖေဖ်ာက္ၾကတယ္မလား။ ခရီးထြက္လိုက္တာ၊ ေကာ္ဖီဆိုင္ထိုင္တာ၊ စာအုပ္ဖတ္တာ၊ တရားထိုင္တာ စတဲ့တျခားနည္းေတြ႐ွိေသးတယ္။

ဒီတစ္ခါ သုေတသနေတြက ေတြ႕႐ွိလာတဲ့ နည္းတစ္ခုကေတာ့ အဆန္း။ အိမ္ကအေမေတြ ေပ်ာ္မယ့္နည္းလမ္းေပါ့ေလ။ အိုးခြက္ပန္းကန္ေတြ ေဆးေၾကာတာက စိတ္ဖိစီးမႈကိုေျပေလ်ာ့ေစႏိုင္တယ္တဲ့။ အိမ္အလုပ္ဝိုင္းမကူတဲ့ သားသမီးေတြကို ဒီသတင္းနဲ႔ဆြဲေဆာင္လို႔ရၿပီေလ။

စိတ္ညစ္လာရင္ Gym သြား ကစားမယ့္အစား၊ အိမ္မွာ အိုက္တိုးပေဂးဆန္လိုက္ပါ။အိမ္မွာလည္း ကူညီရာေရာက္ ကိုယ္လည္းအက်ိဳး႐ွိပါတယ္။

ဖေလာ္ရီဒါျပည္နယ္တကၠသိုလ္ သုေတသီေတြက ဒီဆက္ႏြယ္မႈကို ေလ့လာေတြ႕႐ွိခဲ့တာပါ။

ပူေလာင္ေစတဲ့ ဖိစီးမႈအေတြးေတြကို လႊင့္ပစ္ၿပီး ကိုယ္လုပ္သင့္တာေတြကို႐ွင္း႐ွင္းလင္းလင္းျမင္လာေစတဲ့အထိ ၾကည္လင္သြားေစတာက ပန္းကန္ေဆးတဲ့လုပ္ငန္းစဥ္နဲ႔ သေဘာတရားတူပါတယ္။ ေပက်ံမႈေတြကို ေဆးေၾကာသန္႔စင္ေနရင္း ကိုယ့္စိတ္ထဲက ပူပန္မႈေတြ၊ ဖိစီးေနတာေတြ ပါ ေပါ့သြားတာ သတိေတာင္ထားမိမွာမဟုတ္ပါဘူး။ ဒါက အာ႐ုံေျပာင္းနည္းတစ္မ်ိဳးလည္း ျဖစ္ပါတယ္။

ေလ့လာမႈမွာ တကၠသိုလ္ေက်ာင္းသား (၅၁) ဦးကို ႏွစ္ဖြဲ႕ခြဲၿပီး တစ္ဖြဲ႕ကို ပန္းကန္ေဆးေၾကာျခင္းအေၾကာင္း စာစုတစ္ခုေရးခိုင္းတယ္။ ေနာက္တစ္ဖြဲ႕ကို ပန္းကန္ေဆးေၾကာျခင္းအေၾကာင္း လက္ေတြ႕က်က်အျမင္စာစုတစ္ခုဖတ္ေစတယ္။ အဲဒီစာစုမွာ ကိုယ္လက္႐ွိလုပ္ေနတဲ့အလုပ္ကိုပဲ စိတ္ကအာ႐ုံထားဖို႔ အေရးႀကီးေၾကာင္းအဓိကၫႊန္းထားတယ္။

သူတို႔ကို ပန္းကန္အနည္းငယ္စီေဆးခိုင္းၿပီးတဲ့အခါ သူတို႔ေတြရဲ႕စိတ္အေတြးဘယ္လို႐ွိလဲဆိုတာ သုေတသီေတြက ေလ့လာဆန္းစစ္ခဲ့ပါတယ္။ ႏိႈင္းယွဥ္ၾကည့္တဲ့အခါ စာစုကို ဖတ္ထားၿပီးမွ ပန္းကန္ေဆးတဲ့သူေတြဟာ ဆပ္ျပာရဲ႕အနံ႔၊ ေရ ရဲ႕အပူအေအး၊ ပန္းကန္ေတြကို ေဆးေၾကာလိုက္တဲ့အခါသန္႔စင္သြားတာေတြကို အာ႐ုံစိုက္ သတိထားၿပီးလုပ္တဲ့အတြက္ အလုပ္ၿပီးခ်ိန္မွာ စိတ္ထဲပိုေပါ့ပါးတာေတြ႕ရပါတယ္။

မလုပ္မျဖစ္လို႔ အာ႐ုံမ႐ွိဘဲ အိမ္အလုပ္လုပ္တာထက္ စိတ္ဖိစီးမႈေတြေျဖေဖ်ာက္ဖို႔ ကိုယ့္ေ႐ွ႕မွာ၊ ကိုယ့္လက္ထဲမွာ႐ွိေနတဲ့ပန္းကန္ခြက္ေယာက္ေတြကို အာ႐ုံစိုက္ၿပီးေသခ်ာေဆးေၾကာတာက ပိုထိေရာက္ပါလိမ့္မယ္။ ဒီလိုေဆးေၾကာျခင္းအားျဖင့္ ကာယကံ႐ွင္ဟာ ေန႔စဥ္ဘဝရဲ႕ စိတ္ဖိစီးစရာေတြ၊ ပူေလာင္မႈေတြထဲေမ်ာပါေနတဲ့ ေသာကစိတ္ကို ေလ်ာ့ေစႏိုင္ပါတယ္လို႔ သုေတသီ Adam Hanley ကေျပာပါတယ္။

ညစ္ေနတဲ့စိတ္ကိုပါ တစ္ခါတည္းေဆးေၾကာပစ္လိုက္တာလို႔လည္း ခံစားလာရတာျဖစ္ႏိုင္ပါတယ္။ လက္႐ွိပိတ္မိေနတဲ့ စိတ္မသက္သာမႈေတြထဲကေန ခဏလြတ္ေျမာက္ေနသလို ခံစားမိလာပါလိမ့္မယ္။ ဒီသုေတသနအေၾကာင္းကို Mindfulness ဂ်ာနယ္မွာ ေဖာ္ျပထားတာျဖစ္ပါတယ္။

ကဲ ေၾကာ္ျငာဝင္လို႔လည္းၿပီးၿပီဆိုေတာ့ အျပင္မွာ စိတ္ဖိစီးလာသမွ် အိမ္ျပန္ေရာက္တာနဲ႔ အိုက္တိုးပေဂးဆန္လိုက္ပါေတာ့။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: Yun Sandi Nan Mon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
Magical World
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service